(ဆရာမႀကီး ေဒၚေစာသိန္းတန္ ရြတ္ဆို မွတ္တမ္းျပဳသည္။)
မိတ္ဆက္
ယခု ရခိုင္တို႔ေရးသားေနေသာအကၡရာ က မွ အ အထိ ဗ်ဥ္း ၃၃ လုံးသည္ ရခိုင္တို႔၏ကိုယ္ပိုင္အကၡရာ ျဖစ္သည္။ ရကၡဝဏၰအကၡရာဟုေခၚသည္။ ဓညဝတီ၊ ေဝသာလီေခတ္တို႔တြင္ ျဗဟၼီပြါးအကၡရာျဖင့္ ပါဠိ၊ သကၠဋ ဘာသာျဖင့္ေရးထိုးခဲ့သည္။ ယင္းအကၡရာတို႔မွ အဆင့္ဆင့္ေျပာင္းကာ ေလးၿမိဳ႕ေခတ္တြင္ ယခုေခတ္သုံးအကၡရာ ျဖစ္လာသည္။
ဤအကၡရာျဖင့္ အေရြ႕၊ ကဗ်ာ၊ လကၤာ၊ စကားေျပမ်ားေရးသားခဲ့ၾကသည္။ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ စာေရး စာဖတ္ အတြက္အခ်က္ တို႔ကိုသင္ၾကားေပးၾကသည္။ အကၡရာမွစကားလုံးမ်ားျဖစ္ေအာင္ မည္သို႔ရြတ္ဆို ရမည္ကို ရခိုင္ရိုးရာအစိုင္အလာ သင္ပုန္းႀကီးနည္းျဖင့္သင္ပါသည္။ ဤသင္နည္းမ်ိဳးျဖင့္ အကၽြန္၏မိဘဖိုးဖြားမ်ား သင္ၾကားတတ္ေျမာက္ခဲ့ၾကသည္။ အကၽြန္သည္ အကၽြန႔္ မိဘဖိုးဖြားတို႔၏မၾကာခဏ ရြတ္ဖတ္သင္ျပျခင္းမွ ဤသင္ပုန္းႀကီးဆိုနည္းကိုတတ္ေျမာက္ခဲ့ပါသည္။
ရခိုင္စာကိုအေျခခံတတ္ေျမာက္ဖို႔ “သုံးဆယ့္သုံးလုံး သုံးသင္ပုန္း” ကိုတတ္ေအာင္သင္ရပါသည္။
(၁) ပထမသင္ပုန္း
က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ေက၊ ကဲ၊ ေကာ၊ ေကာ္၊ ကံ၊ ကား
ယပင့္-် ၊ ရရစ္ ျ- ၊ ဝဆြဲ -ြ ၊ ဟဆြဲ -ွ၊ ယပင့္ ဝဆြဲ ၽြ ၊ ရရစ္ဝဆြဲ ျ ြ ၊ ဟဆြဲ ဝဆြဲ ႊ ၊
(၂) ဒုတိယသင္ပုန္း
စသတ္ -စ္ ၊ ည သတ္-ည္၊ တသတ္ -တ္၊ နသတ္ -န္ ၊ ပသတ္-ပ္၊ မသတ္ -မ္၊ ယသတ္ -ယ္၊ ဝသတ္ -ဝ္၊ တင္ငင္ ဝသတ္ -ို ဝ္
ဤအသတ္ေသၽွတို႔ျဖင့္ ပထမသင္ပုန္းမွ စာအားလုံးသတ္၍ စာလုံးေပါင္းသည္။
(၃) တတိယသင္ပုန္း – အသတ္ႀကီး
လုံးတင္သတ္ -ိ တ္၊ လုံးတင္နသတ္ -ိန္၊ လုံးတင္မသတ္ -ိမ္
တခ်က္ငင္ တသတ္ -ုတ္
တခ်က္ငင္ နသတ္ -ုန္
တခ်က္ငင္ ပသတ္ -ုပ္
တခ်က္ငင္ မသတ္ -ုမ္
သဝီထိုးေရးခ်ာ ကသတ္ ေ-ာက္
သဝီထိုးေရးခ်ာ ငသတ္ ေ-ာင္
လုံးတင္ ငင္၊ ကသတ္ -ိုက္
လုုံးတင္၊ ငင္၊ ငသတ္၊ -ိုင္
ဤအသတ္ႀကီးတို႔ျဖင့္ ပထမသင္ပုန္းမွ စာအားလုံးကို စာလုံးေပါင္းသည္။
အထက္ပါသုံးသင္ပုန္းကိုတတ္ေျမာက္လၽွင္ ရခိုင္စကားတတ္သူသည္ စာေရးစာဖတ္တတ္ၿပီျဖစ္သည္။
“ကႀကီးရာေလ ခခြဲ၊ ကန႔္ကူခဲေက
လက္ေရးတတ္ေအာင္၊ ဆရာေတာ္ေလ
ခ်စ္ေဖာ္ရို႔ကို သင္ျပပါေႏွာင္း
သုံးဆယ္ကာေလ သုံးလုံး၊ သုံးသင္ပုန္းမွာ
တလုံးမက်န္၊ ဆရာေတာ္ေလ
ခ်စ္ေဖာ္ရို႔ကို သင္ျပပါေႏွာင္း”
ဆရာမႀကီး ေဒၚေစာသိန္းတန္
ဆရာမႀကီး၏ ရွင္းလင္းခ်က္ ႏွင့္ ရြတ္ဆိုမႈပုံစံ လုံးေကာက္စကား စာသား တို႔အား အဆုံးပိုင္းတြင္ ေဖာ္ျပထားပါသည္။
[ standard version here ]
(ဆရာမကြီး ဒေါ်စောသိန်းတန် ရွတ်ဆို မှတ်တမ်းပြုသည်။)
မိတ်ဆက်
ယခု ရခိုင်တို့ရေးသားနေသောအက္ခရာ က မှ အ အထိ ဗျဉ်း ၃၃ လုံးသည် ရခိုင်တို့၏ကိုယ်ပိုင်အက္ခရာ ဖြစ်သည်။ ရက္ခဝဏ္ဏအက္ခရာဟုခေါ်သည်။ ဓညဝတီ၊ ဝေသာလီခေတ်တို့တွင် ဗြဟ္မီပွါးအက္ခရာဖြင့် ပါဠိ၊ သက္ကဋ ဘာသာဖြင့်ရေးထိုးခဲ့သည်။ ယင်းအက္ခရာတို့မှ အဆင့်ဆင့်ပြောင်းကာ လေးမြို့ခေတ်တွင် ယခုခေတ်သုံးအက္ခရာ ဖြစ်လာသည်။
ဤအက္ခရာဖြင့် အရွေ့၊ ကဗျာ၊ လင်္ကာ၊ စကားပြေများရေးသားခဲ့ကြသည်။ ဘုန်းတော်ကြီးကျောင်းများတွင် စာရေး စာဖတ် အတွက်အချက် တို့ကိုသင်ကြားပေးကြသည်။ အက္ခရာမှစကားလုံးများဖြစ်အောင် မည်သို့ရွတ်ဆို ရမည်ကို ရခိုင်ရိုးရာအစိုင်အလာ သင်ပုန်းကြီးနည်းဖြင့်သင်ပါသည်။ ဤသင်နည်းမျိုးဖြင့် အကျွန်၏မိဘဖိုးဖွားများ သင်ကြားတတ်မြောက်ခဲ့ကြသည်။ အကျွန်သည် အကျွန့် မိဘဖိုးဖွားတို့၏မကြာခဏ ရွတ်ဖတ်သင်ပြခြင်းမှ ဤသင်ပုန်းကြီးဆိုနည်းကိုတတ်မြောက်ခဲ့ပါသည်။
ရခိုင်စာကိုအခြေခံတတ်မြောက်ဖို့ “သုံးဆယ့်သုံးလုံး သုံးသင်ပုန်း” ကိုတတ်အောင်သင်ရပါသည်။
(၁) ပထမသင်ပုန်း က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကံ၊ ကား ယပင့်-ျ ၊ ရရစ် ြ- ၊ ဝဆွဲ -ွ ၊ ဟဆွဲ -ှ၊ ယပင့် ဝဆွဲ ျွ ၊ ရရစ်ဝဆွဲ ြ ွ ၊ ဟဆွဲ ဝဆွဲ ွှ ၊
(၂) ဒုတိယသင်ပုန်း စသတ် -စ် ၊ ည သတ်-ည်၊ တသတ် -တ်၊ နသတ် -န် ၊ ပသတ်-ပ်၊ မသတ် -မ်၊ ယသတ် -ယ်၊ ဝသတ် -ဝ်၊ တင်ငင် ဝသတ် -ို ဝ် ဤအသတ်သျှေတို့ဖြင့် ပထမသင်ပုန်းမှ စာအားလုံးသတ်၍ စာလုံးပေါင်းသည်။
(၃) တတိယသင်ပုန်း – အသတ်ကြီး လုံးတင်သတ် -ိ တ်၊ လုံးတင်နသတ် -ိန်၊ လုံးတင်မသတ် -ိမ် တချက်ငင် တသတ် -ုတ် တချက်ငင် နသတ် -ုန် တချက်ငင် ပသတ် -ုပ် တချက်ငင် မသတ် -ုမ် သဝီထိုးရေးချာ ကသတ် ေ-ာက် သဝီထိုးရေးချာ ငသတ် ေ-ာင် လုံးတင် ငင်၊ ကသတ် -ိုက် လုုံးတင်၊ ငင်၊ ငသတ်၊ -ိုင်
ဤအသတ်ကြီးတို့ဖြင့် ပထမသင်ပုန်းမှ စာအားလုံးကို စာလုံးပေါင်းသည်။
အထက်ပါသုံးသင်ပုန်းကိုတတ်မြောက်လျှင် ရခိုင်စကားတတ်သူသည် စာရေးစာဖတ်တတ်ပြီဖြစ်သည်။
“ကကြီးရာလေ ခခွဲ၊ ကန့်ကူခဲကေ လက်ရေးတတ်အောင်၊ ဆရာတော်လေ ချစ်ဖော်ရို့ကို သင်ပြပါနှောင်း သုံးဆယ်ကာလေ သုံးလုံး၊ သုံးသင်ပုန်းမှာ တလုံးမကျန်၊ ဆရာတော်လေ ချစ်ဖော်ရို့ကို သင်ပြပါနှောင်း”
ဆရာမကြီး ဒေါ်စောသိန်းတန်
==========
ဆရာမကြီး၏ ရှင်းလင်းချက် နှင့် ရွတ်ဆိုမှုပုံစံ လုံးကောက်စကား စာသား တို့အား အောက်တွင် ဆက်လက် ဖတ်ရှုကြရန် ဖြစ်ပါသည်။











































