မင်းဖူးကျေးရွာ အပြစ်မဲ့ အရပ်သား သေဆုံးရမှုအတွက် ပြင်းထန်စွာ ရှုတ်ချပါတယ်

မင်းဖူးကျေးရွာ အပြစ်မဲ့ အရပ်သား သေဆုံးရမှုအတွက် ပြင်းထန်စွာ ရှုတ်ချပါတယ်

၁။ ဒီကနေ့ ဖေဖော်ဝါရီ (၂၀) ရက်နေ့ ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သူ မိန်းကလေးတစ်ဦး သေဆုံးခဲ့ရပါတယ်။

၂။ မင်းဖူးရွာသူ အပြစ်မဲ့ မိန်းမငယ် မရီရီစိုးရဲ့ ဦးခေါင်းကို ကျည်ဆံဖောက်ဝင်ပြီး သေဆုံးသွားခဲ့ရတာဟာ မြန်မာ့တပ်မတော် တပ်သားတွေက ကျေးရွာအတွင်းမှာ ပစ်ခတ်မှုလုပ်တဲ့အတွက် ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်တယ် ဆိုပြီးတော့ ခိုင်ခိုင်မာမာ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

၃။ အရပ်သားများ ထိခိုက်သေဆုံးအောင် ပစ်ခဲ့မှုတွေပြုလုပ်တဲ့ တိုက်ခိုက်သူတွေ နဲ့ သူတို့ရဲ့ အထက် အဆင့်ဆင့်သော အမိန့်ပေးအရာရှိတွေကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ အပြစ်မဲ့ပြည်သူ တစ်ယောက်ယောက် ထိခိုက်သေဆုံးရတာဟာ ဆိုးညစ်တဲ့ အုပ်ချုပ်သူတွေ သူတို့ရဲ့လက်နက်ကိုင်တပ်တွေကြောင့် ဖြစ်တယ် ဆိုခဲ့ရင် – ထိုသို့ ကျူးလွန်သူအစိုးရတို့ လက်နက်ကိုင်တပ်တို့ရဲ့ တရားဝင်ဖြစ်မှု (legitimacy) ဟာ တစစီ တစစီ လျော့ပါးလျက် ရှိတတ်တယ် ဆိုတာ မငြင်းနိုင်တဲ့ အမှန်တရား ဖြစ်ပါတယ်။

၄။ (က) ပစ်ခတ်မှုအတွက် ဘယ်ဘက်ခြမ်းက ဘယ်တပ်က ကျူးလွန်တယ် ဆိုတာကို တာဝန်ရှိသူတွေက ဖော်ထုတ်ပေးကြဖို့ တောင်းဆိုပါတယ်။

(ခ) အရပ်သားများ ထိခိုက်မှုများ နောက်နောင် လုံးဝမရှိစေအောင် ကြိုးစားလုပ်ဆောင်ကြဖို့အတွက် တောင်းဆို တိုက်တွန်းပါတယ်။

(ဂ) ဒါ့အပြင် စွပ်စွဲမှုတွေရှိနေတဲ့အတိုင်း မင်းဖူးကျေးရွာသူသေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ ဘက်က သေဆုံးသူမိသားစုနဲ့တကွ ရခိုင်ပြည်သူပြည်သားများကို တောင်းပန်ဖို့လိုအပ်ပါတယ်။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၉ ဖေဖော်ဝါရီလ (၂၀) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s