[ Zawgyi version here ] [ Unicode version below ]
=========
ဦးကျော်ဇောဦး
********************************
[ Unicode version here ]
အရိုက်ခံရတဲ့ ကျောက်တော်ကျောင်းသားကိစ္စ မြန်မာစစ်တပ်ပြောတာကို ကျွန်ုပ် မယုံ
==========
ကျောက်တော်မှာ မြန်မာ့တပ်မတော် တပ်ရင်းက မြန်မာစစ်သည်အချို့က ကျောက်တော်ဒေသခံ ဆယ်တန်းဖြေဆိုမယ့် ကျောင်းသားတစ်ဦးကို ခေါ်ယူရိုက်နှုက်တယ် လို့ ပြောဆိုတဲ့ အဲသည်ကျောင်းသားမိဘ ဟာ မဟုတ်မမှန် ပြောတာဖြစ်တဲ့အတွက် မြန်မာ့တပ်မတော်ဘက်က သူတို့ကို အမှုဖွင့်မယ် ဆိုပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူကပြောတယ် လို့ သတင်းတွေမှာ အခုနက တွေ့ပါတယ်။
ဖြစ်ရပ်စဖြစ်ဖြစ်ချင်း citizen journalist တွေက ကျောင်းသားလေးရဲ့အဖေနဲ့ တွေ့ပြီးရိုက်ထားတဲ့ ဗီဒီယိုကလစ်ကို နောက်ထပ်နှစ်ခေါက်ထပ်ကြည့်ပါတယ်။ ကျောင်းသားလေး အဖေရဲ့ မျက်နှာအမူယာ၊ မျက်လုံးတွေ၊ စကားပြောတဲ့လေယူလေသိမ်း စတာတွေအားလုံးက ဘာကို ညွှန်ပြနေသလဲတိုရင် အရိုက်ခံရတဲ့ ကျောင်းသားလေးအဖေဟာ ဟုတ်တိုင်းမှန်ရာ ပြောနေတယ် လို့ ကျွန်တော် ယုံကြည်တယ်။
ကျောင်းသားလေးရဲ့အဖေပြောတာ မမှန်ဘူးလို့ မြန်မာ့တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောတာကို ကျွန်တော် လုံးဝ ယုံကြည်မှု မရှိပါ။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)
၂၀၁၉ ဖေဖော်ဝါရီလ (၂၇) ရက်