ရွှေနဒီ​ရေယာဉ်​ ခရီးစဉ်​အ​ကြောင်း စုံစမ်းချက်

ရွှေနဒီ​ရေယာဉ်​ ခရီးစဉ်​အ​ကြောင်း စုံစမ်းချက်​

​မြန်​မာလက်​နက်​ကိုင်​တပ်​ဖွဲ့ဝင်​ အချို့အား ​အေ​အေတပ်​ဖွဲ့ဝင်​များက ဖမ်​းဆီး​ခေါ်​ဆောင်​သွားသည်​့ မကြာမီရက်​များက ​ရွှေနဒီ​ရေယာဉ်​ ခရီးစဉ်​တွင်​ လိုက်​ပါစီးနင်​းခဲ့သူ ခရီးသည်​အချို့အား ယ​နေ့ ကျွန်​​တော်​​မေးမြန်​းခဲ့ပါသည်​။

တစ်​အချက်​။ ရခိုင်​စကား​ပြော​သော ယူနီ​ဖောင်​းဆင်​တူဝတ်​သူ လက်​နက်​ကိုင်​ ဆယ်​ဦး​ကျော်​ခန်​့က ​​ရွှေနဒီ​ရေယာဉ်​အား ရပ်​တန်​့စစ်​​ဆေးခြင်​းခံခဲ့ရခြင်​း ဖြစ်​သည်​ ဟု ကျွန်​​တော်​့အား ​ပြောပြကြပါသည်​။ ထိုသူတို့၏ အကြီးအကဲဖြစ်​ပုံရသူတစ်​ဦးသာလျှင်​ ယူနီ​ဖောင်​းမဝတ်​ပဲ ပါရှိသည်​ ဟု ဆိုပါသည်​။ ထိုအချက်​မှာ ထွက်​​ပြေးလွတ်​​မြောက်​လာသည်​ဆိုသူ ရဲတပ်​သား စိုင်​းနိုင်​​အောင်​၏ ​ပြောကြားချက်​နှင်​့ ကွဲလွဲ​နေပါသည်​။

စိုင်​းနိုင်​​အောင်​၏ အ​ပြောအရဆိုလျှင်​ တစ်​​ယောက်​ကလွဲပြီး ကျန်​လက်​နက်​ကိုင်​များအားလုံး အားကစား​​​ေ​ဘာင်းဘီ ဝတ်​ထားသည်​ ဟုဆိုရာ သူ၏​အ​ပြောမှာ ​ခရီးသည်​များ၏​ပြောကြားချက်​နှင်​့ ​ပြောင်​းပြန်​ဖြစ်​​နေပါသည်​။

နှစ်​အချက်​။ စစ်​အရာရှိ တစ်​ဦး၏ နာမည်​ကို ​ခေါ်ထုတ်​ပြီးခါမှ အခြားဖမ်​းဆီးခံရသူများကို ခွဲထုတ်​​ခေါ်​ဆောင်​ခြင်​းဖြစ်​သည်​ ဆိုသည်​့ အ​ကြောင်​းကို ​ထုတ်​ပြန်​ချက်​တစ်​ခုတွင်​ ဖတ်​ရပါသည်​။ ထိုအချက်​မှာ ခရီးသည်​များ၏ ​ပြောကြားချက်​နှင်​့ကွဲလွဲ​နေပါသည်​။

ခရီးသည်​များ ​ပြောကြားချက်​အရ သိရသည်​မှာ – ​ရေယာဉ်​ကို ဟန်​့တား ထိန်​းချုပ်​မှုလုပ်​သူ​အေ​အေတပ်​ဖွဲ့ဝင်​များအ​နေဖြင်​့ စစ်​ဖက်​ဝန်​ထမ်​းအချို့ပါသည်​ ဟု သိ​နေသည်​့အတွက်​ ရပ်​တန်​့တားဆီးရခြင်​းဖြစ်​​ကြောင်​း ခရီးသည်​များအား သူတို့က ကနဦး​ပြောသည်​ ဟု ဆိုပါသည်​။ ထို့​နောက်​ ခရီးသည်​များအားလုံးကို ​ရေယာဉ်​​ပေါ်မှ ဆင်​းခိုင်​းသည်​ ဟုဆိုပါသည်​။

ထို့​နောက်​ ​အေ​အေတပ်​ဖွဲ့ဝင်​အချို့က ​ရေယာဉ်​​ပေါ်သို့တက်​ကာ ခရီးသည်​များ၏ အထုပ်​အပိုးများကို ယူငင်​ပြီး​နောက်​ ဖွင်​့ရှာသည်​ ဟု ဆိုပါသည်​။ ထိုအခါ ထိုအဝတ်​အစားများအတွင်​းမှ (ကြယ်​ပွင်​့တပ်​ အစရှိသည်​့) ယူနီ​ဖောင်​းများကို ​တွေ့သည်​့အခါမှ မသင်္ကာသူများကို ခွဲထုတ်​ခြင်​း လုပ်​​ဆောင်​သည်​ ဟု သိရပါသည်​။

သုံးအချက်​။ မြန်​မာပြည်​သူများ သိချင်​​နေကြသည်​မှာ အဖြစ်​မှန်​ကို သိချင်​​နေကြခြင်​း ဖြစ်​ပါသည်​။ ဝါဒဖြန်​့ချိ​ရေးသ​ဘော ဖြည်​့စွက်​ ဇာတ်​ညွှန်​းတို့အားဖြင်​့ ​ညောင်​ဦးဖီး၊ င​ထွေရူး၊ ငလုံးလက်​ဖယ်​တို့​ အ​ကြောင်းတို့ကို သိချင်​​နေကြခြင်​းမဟုတ်​ပါ။

​လေးအချက်​။ အရပ်​သားများအား သ​ဘောရှိ ဖမ်​းဆီးတိုက်​ခိုက်​နိုင်​ရန်​ ဦးတည်​ရွယ်​သည်​့ ဝါဒဖြန်​့ချိ​ရေး လုပ်​​ဆောင်​မှုများကို ကန်​့ကွက်​ပါသည်​။ ဥပမာအားဖြင်​့ ယူနီ​ဖောင်​းဝတ်​ထားသူများအား မြင်​ခဲ့ပါလျက်​ အားကစားဝတ်​စုံ ဝတ်​ထားသည်​ ဟု ​ပြောဆိုခြင်​းမျိုးကို ကန်​့ကွက်​ပါသည်​။

ငါးအချက်​။ လက်​နက်​ကိုင်​ အဖွဲ့အစည်​းတစ်​ရပ်​သည်​ လူမျိုး​ရေးမုန်​းတီးမှုကို ဖြစ်​​ပေါ်​စေနိုင်​သည်​့ ဝါဒဖြန်​့ချိ​ရေး လုပ်​​ဆောင်​ချက်​များကို ရည်​ရွယ်​ချက်​ရှိရှိ လုပ်​​ဆောင်​လျက်​ရှိ​နေပါသည်​။ ထိုလုပ်​​ဆောင်​ချက်​များအား ကန်​့ကွက်​ရှုတ်​ချပါသည်​။

ဦး​ကျော်​​ဇောဦး
ရခိုင်​ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​
၂၀၁၉ ​အောက်​တိုဘာလ (၃၀) ရက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s