ဘင်္ဂလာဒေ့ရှ် လွတ်မြောက်ရေးလှုပ်ရှားမှုဟာ ဘင်္ဂါလီ တို့ရဲ့ မိခင်ဘာသာစကားကို အသိအမှတ်ပြု တန်ဖိုးထားကြရေး လှုပ်ရှားမှုကနေ စတင်ခဲ့တယ်။ အနောက်ပါကိစ္စတန် သုံး အူရဒူ ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် အတင်းသတ်မှတ်ရာကနေ ဆန့်ကျင်ဆန္ဒပြမှုတွေ သွေးမြေကျမှုတွေ လူသန်းချီသတ်ဖြတ်ခံရမှုတွေ ကနေတစ်ဆင့် လွတ်လပ်သော ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပေါ်ထွန်းလာခဲ့တယ်။
ဘင်္ဂါလီတို့ရဲ့ မိခင်ဘာသာစကား Bangla ရဲ့ တရားဝင်အသိအမှတ်ပြုခံရမှုအတွက် စတင်တိုက်ပွဲဝင်ရာနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကို ယခုအခါ ကမ္ဘာ့ကုလသမဂ္ဂ က နိုင်ငံတကာ မိခင်ဘာသာစကားနေ့အဖြစ် သတ်မှတ်ထားပါတယ်။
ပူးတွဲပါ ဓာတ်ပုံတွေဟာ အိန္ဒိယနိုင်ငံထဲက ရခိုင်တွေရဲ့ မိခင်ဘာသာစကားနေ့ အခမ်းအနားကို ယနေ့ ကျင်းပနေကြပုံတွေဖြစ်ပါတယ်။
ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား ဆိုတဲ့ လှုပ်ရှားမှုကနေ နိုင်ငံတည်ထောင်ခွင့် ရလာခဲ့ကြသူများအတွက် ဒီကနေ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ သင်ခန်းစာ တစ်ခု ပြောပြချင်ပါတယ်။ အဲဒီ သင်ခန်းစာကို “ပါကိစ္စတန် သင်ခန်းစာ” လို့ပဲ ခေါ်ကြပါစို့။
အဲသည် “ပါကိစ္စတန် သင်ခန်းစာ” က ဘာလဲ ဆိုတော့ . . . မိမိတို့နဲ့အတူ နိုင်ငံကို တွဲဖက် ထူထောင်ကြတဲ့ လူမျိုးတွေရဲ့ ဘာသာစကား နဲ့ ယဉ်ကျေးမှုကို ဖိနှိပ်ချုပ်ချယ်ရင် နိုင်ငံကွဲသွားတတ်တယ် ဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။
ဦးကျော်ဇောဦး
ဖေဖော်ဝါရီလ (၂၁) ရက်၊ ၂၀၂၀
