[ Zawgyi version here ] [ Unicode version below ]
ႏိုင္ငံ၊ လူမ်ဳိးႏွင့္ အခ်ဳပ္အျခာအာဏာကိုေစာင့္ေရွာက္ေသာ ဥပေဒ (အပိုင္း ၂)
၁၉၈၂-ခုႏွစ္ ႏိုင္ငံသားဥပေဒမွာလြတ္ေပါက္ (Loophole) ေတြ ရွိေနသလားလို႔ အေမးရွိလာခဲ့ရင္ (၁၉၄၈ ခုႏွစ္မွာျပ႒ာန္းခဲ့တဲ့) အရင္ဥပေဒအေဟာင္းမွာ လြတ္ေပါက္ေတြ ပါေနတဲ့အတြက္ တတ္ႏိုင္သမွ်မပါေအာင္ ၁၉၇၇ ေလာက္ကစလို႔ လူထုလူတန္းစား အလႊာအသီးသီးရဲ႕ အၾကံျပဳခ်က္ေတြနဲ႔ပညာရွင္ေတြနဲ႔ က်က်နန ပိတ္ပိတ္သိပ္သိပ္ အႏုလံုပဋိလံု ဆင္ျခင္သံုးသပ္ေရးဆြဲခဲ့တာမို႔လို႔ လြတ္ေပါက္ေတြ နည္းႏိုင္သမွ် နည္းေအာင္ေရးဆြဲျပ႒ာန္းႏိုင္ခဲ့တဲ့ ဥပေဒတစ္ခု ျဖစ္ပါတယ္လို႔ ေျဖရပါလိမ့္မယ္။ လြတ္ေပါက္ဖန္တီးသူမ်ားဟာမတရား လိမ္လည္လွည့္ျဖားၿပီး ယခင္ဥပေဒေဟာင္း “၁၉၄၈ ခုႏွစ္ျပည္ေထာင္စုျမန္မာႏိုင္ငံသားျဖစ္မႈ အက္ဥပေဒ” အားျဖင့္ ယခုကာလမွာ ျပဳႏိုင္ငံသားတို႔ႏိုင္ငံသားတို႔ ေပးလို႔ရတယ္ဆိုၿပီး တရားမဲ့ လုပ္ၾကတဲ့အတြက္ မရထိုက္သူေတြကိုႏိုင္ငံသားအေရအတြက္မ်ားစြာ (ဥပမာ တျမန္ႏွစ္က ေျမပံုမွာ) ေပးႏိုင္ခဲ့ၾကျခင္းျဖစ္ပါတယ္။
၈၂ ဥပေဒျဖစ္လာမယ့္ ဥပေဒၾကမ္းကို စတင္ေရးဆြဲၾကစဥ္က အဲဒီတုန္းက ႏိုင္ငံေတာ္သမၼတျဖစ္သူက ဒီလို မွတ္ခ်က္ေပးခဲ့တယ္။ “ယခုေရးဆြဲမည့္ ဥပေဒသည္ တိုင္းျပည္၏ ေသေရးရွင္ေရးတမွ် အေရးႀကီးေၾကာင္း၊ တိုင္းျပည္ တည္ေနသေရြ႕ကာလပတ္လံုး အဓြန္႔ရွည္မည့္ ဥပေဒျဖစ္သျဖင့္ ေရးဆြဲရာတြင္ ျပည့္စံုပိုင္ႏိုင္ျခင္း မရွိပါက တိုင္းျပည္တြင္ အႏၲရာယ္ျဖစ္ႏိုင္ေၾကာင္း” စသည္ျဖင့္ သူက အေလးအနက္ေျပာၾကား အၾကံေပးခဲ့တဲ့ ဥပေဒျဖစ္ပါတယ္။
(၃)
■ လ၀ကရဲ႕ တာ၀န္ယူ တာ၀န္ခံမႈမရွိတဲ့ လက္စြဲစာေစာင္
ၿပီးခဲ့တဲ့ ေျမပံုစိစစ္မႈ မတိုင္ခင္မွာ လူ၀င္မႈႀကီးၾကပ္ေရးဌာနအတြင္းမွာ ဘဂၤါလီေတြကို ႏိုင္ငံသား ဟုတ္ မဟုတ္ စိစစ္တဲ့ေနရာမွာ သံုးစြဲဖို႔ ရည္ရြယ္တဲ့ လမ္းညႊန္လက္စြဲစာေစာင္ တစ္ခုကို ႐ိုက္ႏွိပ္ၿပီး ႏိုင္ငံသားစိစစ္ေရးကို ႀကီးၾကပ္လုပ္ေဆာင္မယ့္ ေကာ္မီတီ၀င္ေတြထံ ျဖန္႔ခ်ိခဲ့တယ္။ ၂၀၁၅ ခုႏွစ္ ေဖေဖာ္၀ါရီ ၅ ရက္စြဲပါ အဲဒီစာေစာင္ရဲ႕အဖံုးမွာ “ျမန္မာႏိုင္ငံသားျဖစ္ျခင္း၊ ဧည့္ႏိုင္ငံသားျဖစ္ျခင္း၊ ႏိုင္ငံသားျပဳခြင့္ရသူျဖစ္ျခင္းဆိုင္ရာ သိသင့္ သိထိုက္ေသာ ဥပေဒပုဒ္မမ်ား”လို႔ နာမည္တပ္ထားပါတယ္။ ဒါေပမဲ့ စာမ်က္ႏွာ ၁၀ မ်က္ႏွာပါ အဲဒီစာေစာင္ငယ္မွာ ဘယ္သူတစ္ဦး တစ္ေယာက္ကမွ် လက္မွတ္ထိုးထားတာ မပါဘူး။ ကန္႔သတ္လို႔ပဲ မ်က္ႏွာဖံုးစာရြက္ရဲ႕ ထိပ္ဘက္မွာ ႐ိုက္ႏွိပ္ထားတယ္။ ဘဂၤါလီေတြကို စိစစ္ရာမွာ ဒီအတိုင္းစိစစ္ရမယ္လို႔ ညႊန္ၾကားခ်က္။ လက္စြဲစာေစာင္ သေဘာမ်ဳိး လိုလိုအေနနဲ႔ ဘဂၤါလီေတြကို စိစစ္ရာမွာ ပါ၀င္ရမယ့္ ျမန္မာႏိုင္ငံသားစိစစ္ေရးေကာ္မတီ၀င္ေတြကို ျဖန္႔ေ၀ေပးထားခဲ့တယ္။
အဲဒီလက္စြဲ စာေစာင္ငယ္မွာ အဓိက လိမ္လည္ခ်က္ ႏွစ္ရပ္ပါရွိတယ္။
(က) ပထမအခ်က္
အဲဒီ လက္စြဲစာေစာင္ရဲ႕ နံပါတ္တစ္ ပင္မလိမ္လည္ခ်က္က ဘာလဲဆိုေတာ့ ၁၉၇၃ ခုႏွစ္ စကားရပ္မ်ားအနက္ အဓိပၸာယ္ဖြင့္ဆိုျခင္း ဥပေဒအရ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒက ပယ္ဖ်က္ထားတဲ့ ႏိုင္ငံသားျဖစ္မႈ ဥပေဒ (ေဟာင္း) ႏွစ္ခုဟာ အသက္၀င္ေနဆဲ ျဖစ္တယ္ ျပန္သံုးလို႔ရတယ္ ဆိုၿပီးသကာလ ဘဂၤါလီေတြကို ႏိုင္ငံသားေပးႏိုင္မယ့္ အေပါက္ေတြကို လိမ္ေဖာက္ထားတာ ျဖစ္ပါတယ္။
၈၂ ဥပေဒအားျဖင့္ ပယ္ဖ်က္ထားတာကို ျပန္သံုးလို႔ ရပါတယ္ဆိုၿပီး သံုးဖို႔ညႊန္းတဲ့ ဥပေဒႏွစ္ခုကေတာ့ –
(၁) ၁၉၄၈ ခုႏွစ္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံသားအျဖစ္ (ေရြးခ်ယ္ေရး) အက္ဥပေဒနဲ႔
(၂) ၁၉၄၈ ခုႏွစ္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံသားျဖစ္မႈ အက္ဥပေဒတို႔ ျဖစ္ပါတယ္။ အဲဒီအထဲက ဒုတိယဥပေဒကို ျပန္သံုးၿပီးေတာ့ ဘဂၤါလီေတြကို ႏိုင္ငံသားတို႔ ျဖစ္ခြင့္ေပးႏိုင္ဖို႔ သူတို႔ စီစဥ္ၾကတာျဖစ္ပါတယ္။
တကယ္ေတာ့ ဒီလုပ္ေဆာင္ခ်က္ဟာ တရားမ၀င္ပါဘူး။ ပယ္ဖ်က္ထားတဲ့ ဥပေဒ ႏွစ္ခုကို သံုးလိုက သံုးဖို႔ရာဆိုၿပီးေတာ့ ေနာက္ပိုင္းက်တဲ့ ဥပေဒျဖစ္တဲ့ ၁၉၈၂ ႏိုင္ငံသားဥပေဒက ခြင့္မေပးထားပါဘူး။ (ေနာက္မွ ျပ႒ာန္းတဲ့ ဥပေဒက ေရွ႕ကဥပေဒကို လႊမ္းမိုးပါတယ္။ ၁၉၇၃ ခုႏွစ္ စကားရပ္မ်ားအနက္ အဓိပၸာယ္ဖြင့္ဆိုခ်က္ ဥပေဒပုဒ္မ ၃ (ဆ) “ေရွ႕က်ေသာ ဥပေဒျပ႒ာန္းခ်က္ တစ္ရပ္ႏွင့္ ေနာက္က်ေသာ ဥပေဒျပ႒ာန္းခ်က္ တစ္ရပ္ရပ္တို႔ ကြဲလြဲဆန္႔က်င္ေနပါက ေနာက္က်ေသာ ဥပေဒျပ႒ာန္းခ်က္သည္ အတည္ျဖစ္ေစရမည္” လို႔ ျပ႒ာန္းထားတယ္။ Lex Posterior Derogat Legi Priori ဆိုတဲ့ ဥပေဒ သေဘာတရားကိုယ္အတိုင္း ျဖစ္ပါတယ္။) ဥပမာ ၁၉၄၈ ဥပေဒမွာ ႏိုင္ငံသားနဲ႔ ႏိုင္ငံသားျပဳခြင့္ရသူလို႔ပဲ ရွိေပမယ့္ ေနာက္က်တဲ့ ၁၉၈၂ ဥပေဒမွာ ႏိုင္ငံသား၊ ႏုိင္ငံသားျပဳခြင့္ရသူနဲ႔ ဧည့္ႏိုင္ငံသားလို႔ သံုးမ်ဳိး ျပ႒ာန္းထားတယ္။ ဧည့္ႏိုင္ငံသားတစ္မ်ဳိး ပိုလာတယ္။ ယခင္က ႏိုင္ငံသား (Citizen by Law) ေလွ်ာက္ထားခဲ့သူေတြကို ေႏွာင္းဥပေဒက အာဏာစက္ ေရာက္လာၿပီဆိုတာနဲ႔ ဧည့္ႏိုင္ငံသားရယ္လို႔သာ သတ္မွတ္ေပးလိုက္ေတာ့တယ္ ဆိုတာဟာ ေနာက္ပိုင္းက်တဲ့ ၁၉၈၂ ဥပေဒက ေရွ႕ပိုင္းက်တဲ့ ၁၉၄၈ ဥပေဒကို လႊမ္းမိုးႏိုင္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။
ေနာက္တစ္ခ်က္က ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒဟာ သက္ဆိုင္ရာနယ္ပယ္တစ္ခုခုကို အထူးျပဳတဲ့ အထူးဥပေဒျဖစ္တယ္။ တစ္ဖက္မွာ ၁၉၇၃ ခုႏွစ္ စကားရပ္မ်ားအနက္ အဓိပၸာယ္ဖြင့္ဆိုခ်က္ ဥပေဒကက်ေတာ့ နယ္ပယ္အားလံုးအတြက္ ေယဘုယ်သေဘာကို ညႊန္းတဲ့ ေယဘုယ်ဥပေဒ ျဖစ္ပါတယ္။ ေယဘုယ်ဥပေဒကို အထူးဥပေဒက လႊမ္းမိုးပါတယ္။ Lex Specialis Derogat Legi Generali ဆိုတဲ့ ဥပေဒသေဘာတရားကိုယ္အတိုင္း ျဖစ္ပါတယ္။ ဥပမာဆိုရရင္ ၁၉၇၃ စကားရပ္ဥပေဒမွာ သားသမီးနဲ႔ ေမြးစားသားသမီးေတြဟာ အတူတူပဲျဖစ္တယ္လို႔ ျပ႒ာန္းထားတယ္။ ဒါေပမဲ့ ႏိုင္ငံသားျပဳခြင့္ရသူေတြက သားသမီးေတြ ေမြးစားတယ္ဆိုၿပီး ႏုိင္ငံသားျဖစ္ ႏိုင္သူေတြ ေဖာင္းပြဖန္တီးမွာ စိုးတဲ့အတြက္ ၁၉၈၂ ႏိုင္ငံသားဥပေဒက သားသမီးအရင္းနဲ႔ ေမြးစားသမီးေတြဟာ အတူတူ မဟုတ္ဘူးလို႔ ျပ႒ာန္းထားတယ္။ ေယဘုယ်ဥပေဒကို သက္ဆိုင္ရာ အထူးနယ္ပယ္မွာ အထူးဥပေဒက လႊမ္းမိုးတဲ့အတြက္ ႏုိင္ငံသားျဖစ္မႈဆိုင္ရာ နယ္ပယ္မွာ ၁၉၈၂ ႏိုင္ငံသားဥပေဒက ျပ႒ာန္းထားခ်က္ျဖစ္တဲ့ ေမြးစားသားသမီးနဲ႔ သားသမီးအရင္းနဲ႔ အတူတူမဟုတ္ဘူး (၀ါ၊ ေမြးစားသားသမီးမ်ားဟာ သားသမီးအရင္းအတိုင္း အခြင့္အေရးမရဘူး) ဆိုတဲ့အခ်က္ကိုပဲ အတည္ယူရပါတယ္။ လိုရင္းခ်ဳပ္ရရင္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈဥပေဒက ၁၉၇၃ ခုႏွစ္ စကားရပ္မ်ား အဓိပၸာယ္ဖြင့္ဆိုခ်က္ ဥပေဒကို လႊမ္းမိုးပါတယ္။
ဒါ့ျပင္ ေနာက္ထပ္တစ္ခ်က္ ရိွေသးတယ္။ ဥပေဒအေဟာင္း တစ္ခုကို ဥပေဒအသစ္ တစ္ခုနဲ႔ ပယ္ဖ်က္လိုက္တဲ့အခါ ဖ်က္လိုက္တဲ့ ဥပေဒအေဟာင္းထဲက တခ်ဳိ႕အပိုင္းတြကို သံုးလိုက သံုးႏိုင္တယ္လို႔ ဥပေဒအသစ္မွာ တစ္ခါတည္း ထည့္သြင္း ျပ႒ာန္းေပးလိုက္တာမ်ဳိး ရွိတတ္ေလ့ရွိပါတယ္။ ရံဖန္ရံခါေပါ့ …။ အဲသလို ျပ႒ာန္းထားရင္ ဥပေဒအေဟာင္း (က ခြင့္ျပဳရာအပိုင္းေတြ) ကို သံုးလိုက သံုးႏိုင္ပါတယ္။ ဥပမာအားျဖင့္ ၂၀၀၀ ျပည့္ႏွစ္ တရားစီရင္ေရးဥပေဒ (အေဟာင္း) ကို ၂၀၁၀ ျပည့္ႏွစ္ တရားစီရင္ေရးဥပေဒ (အသစ္) နဲ႔ အစားထိုးလိုက္တဲ့အခါ ျပ႒ာန္းခ်က္တစ္ခုက ဘယ္လိုပါလာသလဲဆိုေတာ့ ရွိရင္းစြဲ နည္းဥပေဒ၊ လုပ္ထံုးလုပ္နည္း၊ အမိန္႔၊ ညႊန္ၾကားခ်က္၊ အမိန္႔ေၾကာ္ျငာစာ၊ လက္စြဲေတြဟာ ယခုဥပေဒနဲ႔ေသာ္ လည္းေကာင္း၊ ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔ေသာ္ လည္းေကာင္း မဆန္႔က်င္သေရြ႕ ဆက္လက္ အသံုးျပဳႏိုင္တယ္လို႔ ျပ႒ာန္းတဲ့အတြက္ ၂၀၀၀ တရားစီရင္ေရးဥပေဒ (အေဟာင္း)ရဲ႕ တခ်ဳိ႕က႑ေတြကို အခုထက္ထိ သံုးစြဲေနတုန္းပဲ ျဖစ္ပါတယ္။
ဒါေပမဲ့ ၁၉၈၂ ခုႏွစ္ ႏုိင္ငံသားျဖစ္မႈ ဥပေဒမွာက်ေတာ့ အရင္ဥပေဒေဟာင္းႏွစ္ခုကို ပယ္ဖ်က္တယ္လို႔ေျပာၿပီး အဲသည္ဥပေဒေတြထဲက တခ်ဳိ႕အပိုင္းေတြကို သံုးလိုက သံုးႏိုင္ေၾကာင္း ေဖာ္ျပထားျခင္း မရွိတာဟာ အရင္ဥပေဒေတြကို လံုး၀မသံုးနဲ႔ေတာ့လို႔ ဆိုလိုတဲ့သေဘာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ပယ္ဖ်က္ၿပီးသား ႏိုင္ငံသားျဖစ္မႈ ဥပေဒႏွစ္ခုစလံုးနဲ႔ ၁၉၇၃ စကားရပ္မ်ား အဓိပၸာယ္ဖြင့္ဆိုမႈ ဥပေဒတို႔ကို ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈဥပေဒက လႊမ္းမိုးပါတယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံသားစိစစ္မႈ လုပ္ငန္းေတြကို ၁၉၈၂ ႏိုင္ငံသားဥပေဒအတိုင္းသာ မတိမ္းမေစာင္း ၾကပ္ၾကပ္မတ္မတ္ စိစစ္ေဆာင္ရြက္ၾကရမွာ ျဖစ္ပါတယ္။
ႏိုင္ငံသားျဖစ္မႈ ဥပေဒအေဟာင္းကို ဖ်က္သိမ္းၿပီး အသစ္ေရးဆြဲၾကေတာ့မယ္ လုပ္ေတာ့ ဟိုစဥ္က လူႀကီးေတြက စိုးရိမ္ေၾကာင့္ၾကမႈကို ေဖာ္ျပတဲ့စကား ရွိပါတယ္။ “ဥပေဒအေဟာင္းတြင္ ဘိုးဘြားေလးဦးအနက္ တစ္ဦးဦးသည္ တိုင္းရင္းသားျဖစ္ၿပီး ျမန္မာျပည္မွာေမြးလွ်င္ ေျမးျဖစ္သူသည္ တိုင္းရင္းသားအျဖစ္ကို အလိုအေလ်ာက္ ရသည္ဟု ေဖာ္ျပထားေၾကာင္း၊ ေရွးယခင္က အေျခအေနအရ ဥပေဒအေဟာင္းတြင္ ယင္းသို႔ ေဖာ္ျပထားျခင္းကို တစ္မ်ဳိးစဥ္းစားရ (ေတာ့) မည္ျဖစ္ေၾကာင္း၊ … ဘိုးဘြားေလးဦးတြင္ တစ္ဦးတိုင္းရင္းသား ျဖစ္ေသာ္လည္း … က်န္သံုးဦးမွာ ႏိုင္ငံျခားသားမ်ား ျဖစ္ေနသည့္အတြက္ ဒီမိုကေရစီေခတ္ႀကီးတြင္ ေလးေယာက္ တစ္ေယာက္ ျဖစ္ေနသည့္အတြက္ မဲႏွင့္ေရြးလွ်င္ ေျမးျဖစ္သူသည္ မိမိတို႔လူမ်ဳိး မျဖစ္ႏိုင္ေၾကာင္း …” စသည္ျဖင့္ အဲဒီတုန္းက ႏိုင္ငံေတာ္သမၼတျဖစ္သူက ေျပာၾကားခဲ့ဖူးတယ္။ ဒီလိုမ်ဳိး ဥပေဒအေဟာင္းမွာ ေပါက္ေနတဲ့ အေပါက္ေတြကို ျပန္ဖာၿပီး ႏိုင္ငံသားဥပေဒသစ္ကို ေရးဆြဲျပ႒ာန္းခဲ့ၾကတယ္။
(ခ) ဒုတိယအခ်က္
၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒရဲ႕ ပုဒ္မ ၇ မွာ ဒီလို ျပ႒ာန္းထားပါတယ္။ “ႏိုင္ငံေတာ္အတြင္း၌ ျဖစ္ေစ၊ ႏိုင္ငံေတာ္ျပင္ပ၌ ျဖစ္ေစ ေမြးဖြားသည့္ ေအာက္ပါသူတို႔သည္လည္း ႏိုင္ငံသားျဖစ္သည္”လို႔ ျပ႒ာန္းထားတယ္။
ဒီလို ရွင္းရွင္းလင္းလင္း ျပ႒ာန္းထားပါ လ်က္သားနဲ႔ အခုေျပာေနတဲ့ လုပ္ၾကံလက္စြဲ စာေစာင္မွာ “ဤဥပေဒ တည္သည့္ (၁၅-၁၀-၁၉၈၂) ေန႔ေနာက္ပိုင္း ေမြးဖြားသူမ်ား။ ႏိုင္ငံေတာ္အတြင္း၌ ျဖစ္ေစ၊ ႏိုင္ငံေတာ္ျပင္ပ၌ ျဖစ္ေစ ေမြးဖြားသည့္ ေအာက္ပါသူတို႔သည္လည္း ႏိုင္ငံသား ျဖစ္သည္”ဆိုၿပီးေတာ့ အဲဒီေန႔ ေနာက္ပိုင္း ေမြးဖြားသူေတြသာလွ်င္ ဥပေဒ ေဖာ္ျပပါအတိုင္း စဥ္းစားရမယ္လို႔ လုပ္ၾကံခြဲထုတ္ တင္ျပထားတယ္၊ သူတို႔အေပၚကိုသာလွ်င္ ၈၂ ဥပေဒအေနနဲ႔ သက္ေရာက္မႈ ရွိမယ္ဆိုၿပီး လုပ္ၾကံခြဲထုတ္ ေရးသားထားတယ္။
အမွန္ကေတာ့ အဲဒီေန႔ရက္ ေရွ႕ပိုင္းမွာ ေမြးဖြားသူေတြပင္ ျဖစ္ေစကာမူ (ႏိုင္ငံသားလက္မွတ္ ရထားၿပီးသူေတြ မဟုတ္ရင္) ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒအတိုင္း တိတိက်က် ၾကပ္ၾကပ္မတ္မတ္ ထည့္သြင္း စဥ္းစားၾကရမယ့္သူေတြ ျဖစ္ပါတယ္။
ဒီအေၾကာင္းေတြကို ဒီလိုေရးသား တင္ျပေနရတာဟာ ရခုိင္အပါအ၀င္ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြအေနနဲ႔ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒအေၾကာင္းကို အရင္ကထက္ ပိုမို အကြၽမ္းတ၀င္ ရွိလာၿပီးေတာ့ မဟုတ္ကဟုတ္က ဒီလိုမ်ိဳး လိမ္ဆင္အေပါက္ေတြနဲ႔ ဥပေဒကို အေပါက္ေဖာက္ၿပီး တိုင္းျပည္ကို ေရာင္းစားၾကျခင္းမွ ၀ိုင္း၀န္း ကာကြယ္ႏိုင္ေအာင္လို႔ ရည္ရြယ္ေရးသားတာ ျဖစ္ပါတယ္။
၈၂ ဥပေဒပါ ျပ႒ာန္းခ်က္ေတြကို ေဆာင္ရြက္ႏိုင္ဖို႔အတြက္ အစိုးရအဖြဲ႕ဟာ လိုအပ္တဲ့ လုပ္ထံုးလုပ္နည္းေတြကို ႏိုင္ငံေတာ္ေကာင္စီရဲ႕ သေဘာတူညီခ်က္နဲ႔ ထုတ္ျပန္ရမယ္လို႔ ဒီ ၈၂ ဥပေဒရဲ႕ ပုဒ္မ ၇၅ မွာ ျပ႒ာန္းထားတယ္။ ဥပေဒနဲ႔မညီဘဲ ႏိုင္ငံသားကတ္ျပားေတြ ထုတ္ေပးေစျခင္းဟာ ၈၂ ဥပေဒရဲ႕ ပုဒ္မ ၁၉ နဲ႔ ၿငိစြန္းတဲ့အတြက္ ေထာင္ဒဏ္ ခုနစ္ႏွစ္နဲ႔ ေငြက်ပ္ တစ္ေသာင္း က်ခံေစႏိုင္ေၾကာင္း ျပ႒ာန္းထားတဲ့ ျပစ္မႈေျမာက္ပါတယ္။ ဒီျဖစ္စဥ္မွာ ဒီလိုမ်ဳိး လုပ္ၾကံလက္စြဲ စာေစာင္ေတြကို ကိုင္တြယ္သံုးစြဲဖို႔ ဘယ္အရာရွိက ညႊန္ၾကားသလဲဆိုတာကို လိုက္ရွာၿပီးေတာ့ တာ၀န္ရွိ သူေတြကိုေတာင္ ဥပေဒနဲ႔အညီ အေရးယူ အျပစ္ေပးသင့္လွပါတယ္။
(ဂ) ပုဒ္မ ၂၃ ရဲ႕ အေရးပါမႈ
၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈဥပေဒ ပုဒ္မ ၂၃ မွာ ဒီလို ျပ႒ာန္းထားပါတယ္။ “၁၉၄၈ ခုႏွစ္၊ ျပည္ေထာင္စု ျမန္မာႏိုင္ငံသားျဖစ္မႈ အက္ဥပေဒအရ ႏိုင္ငံသားျဖစ္ရန္ ေလွ်ာက္ထားသူမ်ားသည္ သတ္မွတ္ခ်က္မ်ားႏွင့္ အရည္အခ်င္းမ်ားႏွင့္ ကိုက္ညီပါက ဧည့္ႏိုင္ငံသားအျဖစ္ ဗဟိုအဖြဲ႕က သတ္မွတ္ႏိုင္သည္”
သတိ။ ။ ဧည့္ႏိုင္ငံသား ေလွ်ာက္လို႔ရတာ မဟုတ္ဘူးေနာ္၊ ႏိုင္ငံသားေလွ်ာက္တာကို ဧည့္ႏိုင္ငံသားအျဖစ္ “သတ္မွတ္” လိုက္တာ။
အဲဒီ ပုဒ္မ ၂၃ ဟာ ၈၂ ႏုိင္ငံသားဥပေဒမွာ အင္မတန္မွ အေရးပါတဲ့ပုဒ္မ ျဖစ္ပါတယ္။ အဲဒီပုဒ္မကို အႏုလံုပဋိလံု ဆင္ျခင္တဲ့အခါ အဲဒီပုဒ္မက အေရးႀကီးတဲ့ လုပ္ရပ္ႏွစ္ခုကို လုပ္ေၾကာင္းေတြ႕ရပါလိမ့္မယ္။
နံပါတ္တစ္လုပ္ရပ္ – ယခု ၈၂ ဥပေဒအာဏာ မသက္ေရာက္မီ ကာလကပင္ ေလွ်ာက္ထားခဲ့ေသာ္လည္း (ေလွ်ာက္ထားမႈအား စိစစ္မႈလုပ္ငန္းစဥ္) မၿပီးမျပတ္ေသးတဲ့ ေလွ်ာက္ထားသူေတြဟာ တကယ့္တကယ္ကို “ႏိုင္ငံသား” ျဖစ္ႏိုင္တဲ့ အရည္အခ်င္း ရွိပင္ရွိျငားေသာ္လည္း ႏိုင္ငံသားဆိုတာကို မေပးေတာ့ဘဲ ဧည့္ႏိုင္ငံသားဆိုတာကိုပဲ သတ္မွတ္ခ်င္က သတ္မွတ္ႏိုင္တယ္ ဆိုတာကို ျပ႒ာန္းတဲ့လုပ္ရပ္ကို လုပ္ပါတယ္။
နံပါတ္ႏွစ္ လုပ္ရပ္၊ ၁၉၄၈ ခုႏွစ္ ျပည္ေထာင္စုျမန္မာႏိုင္ငံသားျဖစ္မႈ ဥပေဒ (ဥပေဒအေဟာင္း) ကို သံုးၿပီး ႏိုင္ငံသားအျဖစ္ ရရွိခြင့္ ေလွ်ာက္ထားမႈေတြကို ဒီမွာ ရပ္တန္းက ရပ္ၾကေတာ့ဆိုၿပီး ဇာတ္လမ္း ျဖတ္ခ်လိုက္တဲ့ လုပ္ရပ္ကို လုပ္ပါတယ္။ တိုးလိုးတန္းလန္း ျဖစ္ေနတဲ့ ေလွ်ာက္ထားမႈေတြကိုေတာင္ ဒီေလာက္ပဲ ယူေတာ့ကြာဆိုၿပီး ျဖတ္ခ်လိုက္တာဟာ ေရွ႕က မျပတ္ႏိုင္ေသးတဲ့ ဇယားေဟာင္းေတြကို လာလွန္မေနေတာ့လို႔ သက္ေရာက္အဓိပၸာယ္ ေပးတာျဖစ္ပါတယ္။ ဥပေဒအေဟာင္းကို လွည့္ၾကည့္ေနစရာ မလိုေတာ့ဘူးလို႔ ေျပာတာျဖစ္ပါတယ္။
ဒေရာေသာပါးနဲ႔ ေဟာဗ်ာ ေဟာဗ်ာ ကြၽန္ေတာ္တို႔ေတာ့ ေလွ်ာက္ထားဖို႔ က်န္ေသးတယ္ဗ်လို႔ ဆိုရင္ ေနာက္ပိုင္းမွာလာတဲ့ ပုဒ္မ ၄၂ မွာ ေျပာထားတယ္။ ၄၈ ဥပေဒအရ ေလွ်ာက္ဖို႔ က်န္ခဲ့တယ္ဆိုတာကို “ခိုင္လံုေသာ အေထာက္အထားမ်ား” ျပပါတဲ့။ ျပႏိုင္ရင္ေတာ့ ျပဳႏိုင္ငံသားေတာ့ ရခ်င္ရမယ္တဲ့။ ႏုိင္ငံသားေတာ့ မရေတာ့ဘူးတဲ့။
၈၂ ဥပေဒ ပုဒ္မ ၂၃ ရဲ႕ နံပါတ္ႏွစ္ လုပ္ရပ္အားျဖင့္ ၁၉၇၃ ခုႏွစ္ စကားရပ္မ်ားအနက္အဓိပၸာယ္ ဖြင့္ဆိုေရး ဥပေဒပုဒ္မ ၁၄ (ခ) အေနနဲ႔ မိမိကိုလာၿပီး လႊမ္းမိုးမေနနဲ႔၊ မိမိဟာ သင္းကလာၿပီး လႊမ္းမိုးလို႔မရတဲ့ အထူးဥပေဒတစ္ရပ္ ျဖစ္တယ္ဆိုတာကို ျပလိုက္တာျဖစ္ပါတယ္။
၈၂ ဥပေဒကို လိမ္ဆင္ေပါက္ ေဖာက္သူမ်ား သံုးစြဲေလ့ရွိတဲ့ ၁၉၇၃ ခုႏွစ္ စကားရပ္မ်ားအနက္ အဓိပၸာယ္ဖြင့္ဆိုေရး ဥပေဒပုဒ္မ ၁၄(ခ) က ဒီလိုဆိုပါတယ္။ “႐ုပ္သိမ္းခံရေသာ ဥပေဒျပ႒ာန္းခ်က္အရ ရရွိခဲ့သည့္ ရရွိပိုင္ခြင့္ သို႔မဟုတ္ အခြင့္အေရးကို လည္းေကာင္း၊ ေဆာင္ရြက္ခဲ့ရသည့္ တာ၀န္ႏွင့္ ေၾကြးၿမီတို႔ကို လည္းေကာင္း မထိခိုက္ေစရ” လို႔ ဆိုပါတယ္။ အဲဒီစကားကို လိမ္ဆင္အေပါက္ေဖာက္သူေတြက ကုိးကားပါတယ္။
ဒီ ၇၃ စကားရပ္ ဥပေဒပုဒ္မ ၁၄(ခ)က လႊမ္းမိုးတဲ့ ဥပေဒအေဟာင္း၊ အသစ္ အတြဲေတြရွိပါတယ္။ ဥပမာအားျဖင့္ ၁၉၄၇ သြင္းကုန္/ထုတ္ကုန္ဥပေဒ (အေဟာင္း) နဲ႔ ၂၀၁၂ ခု စက္တင္ဘာ ၇ ရက္ေန႔ျပ႒ာန္းတဲ့ ပို႔ကုန္ သြင္းကုန္ ဥပေဒ (အသစ္) တို႔ ျဖစ္ၾကပါတယ္။ ဆိုင္ကယ္ Without စီးရင္ အရင္ ဥပေဒအေဟာင္းအရ ေထာင္ဒဏ္ ခုနစ္ႏွစ္ အျမင့္ဆံုး ခ်မွတ္ႏိုင္ၿပီး ဥပေဒအသစ္အရ အျမင့္ဆံုး ေထာင္ဒဏ္ သံုးႏွစ္ ခ်မွတ္ႏိုင္တယ္။ ဆိုပါေတာ့ … ဆိုင္ကယ္ Without စီးသူတစ္ဦးဟာ ဥပေဒအေဟာင္းကို ႐ုပ္သိမ္းခါနီး စက္တင္ဘာလ ၁ ရက္ေန႔မွာ အဖမ္းခံရတယ္။ အမႈကို တည္ေဆာက္ရင္း ႐ံုးတင္တာ ဘာညာနဲ႔ ဥပေဒအသစ္ကို ျပ႒ာန္းၿပီးတဲ့ စက္တင္ဘာလ ၇ ရက္ေန႔ ေနာက္ပုိင္းက်မွ သူ႔ကို တရားစြဲဆို စီရင္ခ်က္ခ်တာကို လုပ္ႏိုင္တယ္။ ဒါေပမဲ့ သူ႔ဟာ ဥပေဒအေဟာင္း တည္ဆဲကာလမွာ ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္တာျဖစ္လို႔ ဥပေဒအေဟာင္းနဲ႔ပဲ စီရင္ရမွာ ျဖစ္ၿပီး အျမင့္ဆံုး ေထာင္ဒဏ္ ခုနစ္ႏွစ္ဆိုတဲ့ ျပ႒ာန္းခ်က္ အေဟာင္းနဲ႔သာ စီရင္ရမွာျဖစ္ပါတယ္။ စီရင္ခ်က္ခ်ခ်ိန္ လက္ရွိ တည္ဆဲဥပေဒက သူ႕အမႈအေပၚမွာ မသက္ေရာက္ႏိုင္ပါဘူး။
ဒါေပမဲ့ ႏုိင္ငံသားဥပေဒေတြ ၄၈ အေဟာင္းနဲ႔ ၈၂ အသစ္တို႔ရဲ႕ၾကားမွာက အဲသလို မဟုတ္ဘူး။ ပုဒ္မ-၂၃ ရွိတယ္။
႐ုပ္သိမ္းျခင္းျပဳေသာ ဥပေဒ (ဒီေနရာ မွာ ၈၂ ဥပေဒ) မွာ တစ္နည္းတစ္ဖံု ေဖာ္ျပထား (ပုဒ္မ ၂၃ အားျဖင့္ အရင္ေလွ်ာက္ထားၿပီးသား သူေတြကို “ဧည့္ႏိုင္ငံသား” ကိုပဲ ေပးေတာ့မယ္လို႔ ေဖာ္ျပထား) တဲ့အတြက္ ေရွးကကိစၥေတြ ဒီေနရာမွာ ဇာတ္လမ္း ျပတ္ပါတယ္။ “ယင္းသို႔ ေဖာ္ျပထားသည့္အတိုင္းသာ ျဖစ္ရမည္” လို႔ ဆိုထားတာကိုး။ အဲဒီတုန္းက တိုးလိုးတန္းလန္း က်န္ခဲ့သူေတြကိုေတာင္ “ဧည့္ႏိုင္ငံသား” ပဲေပးတာ၊ ယခုအခ်ိန္ ၃၄ႏွစ္ ၾကာၿပီးတဲ့အခါမွ “ဧည့္ႏိုင္ငံသား” ထက္ျမင့္တဲ့ အျပည္အ၀ “ႏိုင္ငံသား” အျဖစ္ကို ေပးလို႔ရတယ္လို႔ ေျပာေနတာဟာ လီဆယ္လုပ္ၾကံလို႔ ေျပာေနတာ ျဖစ္ပါတယ္။
၁၉၇၃ စကားရပ္ ဥပေဒဟာ ၈၂ ဥပေဒ ျပ႒ာန္းတဲ့ ၁၉၈၂ ခုႏွစ္မွာကတည္းက ျပ႒ာန္းၿပီးသား ျဖစ္ေနၿပီးျဖစ္ပါတယ္။ အဲဒီလို ျပ႒ာန္းၿပီးသား ေယဘုယ် ဥပေဒတစ္ရပ္ရဲ႕ ျပ႒ာန္းခ်က္က မိမိဥပေဒကို လာေရာက္လႊမ္းမိုးလို႔ မရေအာင္ ေရွ႕က တိုးလိုးတန္းလန္းေတြကို ဒီလိုအျပတ္ျဖတ္ခ်ရန္ ရည္ရြယ္ၿပီး ပုဒ္မ ၂၃ ကို ထည့္သြင္းျပ႒ာန္းခဲ့တာ ျဖစ္ပါတယ္။
(ဃ) ၾကည္ျပာေရာင္/အစိမ္းေရာင္ ကတ္ျပား
အခုတေလာ ဘဂၤါလီေတြကို ထုတ္ေပးေနတဲ့ အစိမ္းေရာင္ကတ္ျပားရဲ႕ တရား၀င္မႈ မ၀င္မႈ၊ အက်ဳိးအျပစ္ သက္ေရာက္မႈေတြကို အေလးအနက္ ေလ့လာၾကဖို႔လိုပါတယ္။ “ႏိုင္ငံသား စိစစ္ခံရမည့္သူ၏ သက္ေသခံကတ္ျပား” (Identity Card for National Verification) လို႔ ကတ္ျပားအမည္ကို ေရးထိုးထားတဲ့အျပင္ ဤသက္ေသခံကတ္ျပား ကိုင္ေဆာင္ျခင္းျဖင့္ ႏိုင္ငံသားျဖစ္ေၾကာင္း သက္ေသခံပစၥည္း မျဖစ္ေစရဆိုတဲ့သေဘာ ပံုႏွိပ္ေရးသားထားတာကိုလည္း ေတြ႕ရတယ္။
ႏိႈင္းယွဥ္ စဥ္းစားစရာတစ္ခ်က္က အခု ႏိုင္ငံသားျဖစ္သူ ကြၽန္ေတာ္တို႔ ကိုင္ထားၾကတဲ့ ID ကတ္ေတြဟာလည္း ႏိုင္ငံသားစိစစ္ေရး ကတ္ျပားေတြသာလွ်င္ ျဖစ္ၾကတယ္။ ႏုိင္ငံသားကတ္ျပားေတြ မဟုတ္ၾကဘူး။ (ႏိုင္ငံ သား ဟုတ္ မဟုတ္ မစိစစ္ရေသးတဲ့) ဘဂၤါလီေတြကို လြယ္လင့္တကူ ထုတ္ေပးထားတဲ့ ဒီ အစိမ္းေရာင္ ကတ္ျပားေတြရဲ႕ တရား၀င္မႈ အဆင့္အတန္းဟာ ႏိုင္ငံသားျဖစ္သူေတြ ကိုင္ေဆာင္တဲ့ ကတ္ျပားေတြရဲ႕ တရား၀င္မႈအဆင့္အတန္းနဲ႔ တူညီေနခဲ့သည္ရွိေသာ္ … ဒါဟာ ဥပေဒက အပ္ႏွင္းထားတဲ့ အခြင့္အာဏာကို ေက်ာ္လြန္သံုးစြဲ လုပ္ကိုင္ျခင္းျဖစ္ပါတယ္။ ဒီကိစၥကို အေသအခ်ာသံုးသပ္ဖို႔ လိုအပ္ပါတယ္။
■ ဆက္လက္ေဖာ္ျပပါမည္။
Writer: ေက်ာ္ေဇာဦး
Daily Eleven သတင္းစာ
၂၀၁ပ၆-ခုႏွစ္၊ ဇြန္လ (၂၅) ရက္၊ (စေနေန႔)
****************************

[ Unicode version here ]
နိုင်ငံ၊ လူမျိုးနှင့် အချုပ်အခြာအာဏာကို စောင့်ရှောက်သော ဥပဒေ (အပိုင်း ၂)
၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေမှာ လွတ်ပေါက် (Loophole) တွေ ရှိနေသလားလို့ အမေးရှိလာခဲ့ရင် (၁၉၄၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့) အရင်ဥပဒေအဟောင်းမှာ လွတ်ပေါက်တွေ ပါနေတဲ့အတွက် တတ်နိုင်သမျှ မပါအောင် ၁၉၇၇ လောက်ကစလို့ လူထုလူတန်းစား အလွှာအသီးသီးရဲ့ အကြံပြုချက်တွေနဲ့ ပညာရှင်တွေနဲ့ ကျကျနန ပိတ်ပိတ်သိပ်သိပ် အနုလုံပဋိလုံ ဆင်ခြင်သုံးသပ် ရေးဆွဲခဲ့တာမို့လို့ လွတ်ပေါက်တွေ နည်းနိုင်သမျှ နည်းအောင် ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့တဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်လို့ ဖြေရပါလိမ့်မယ်။ လွတ်ပေါက်ဖန်တီးသူများဟာ မတရား လိမ်လည်လှည့်ဖြားပြီး ယခင်ဥပဒေဟောင်း “၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ” အားဖြင့် ယခုကာလမှာ ပြုနိုင်ငံသားတို့ နိုင်ငံသားတို့ ပေးလို့ရတယ်ဆိုပြီး တရားမဲ့ လုပ်ကြတဲ့အတွက် မရထိုက်သူတွေကို နိုင်ငံသားအရေအတွက်များစွာ (ဥပမာ တမြန်နှစ်က မြေပုံမှာ) ပေးနိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။
၈၂ ဥပဒေဖြစ်လာမယ့် ဥပဒေကြမ်းကို စတင်ရေးဆွဲကြစဉ်က အဲဒီတုန်းက နိုင်ငံတော်သမ္မတဖြစ်သူက ဒီလို မှတ်ချက်ပေးခဲ့တယ်။ “ယခုရေးဆွဲမည့် ဥပဒေသည် တိုင်းပြည်၏ သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း၊ တိုင်းပြည် တည်နေသရွေ့ကာလပတ်လုံး အဓွန့်ရှည်မည့် ဥပဒေဖြစ်သဖြင့် ရေးဆွဲရာတွင် ပြည့်စုံပိုင်နိုင်ခြင်း မရှိပါက တိုင်းပြည်တွင် အန္တရာယ်ဖြစ်နိုင်ကြောင်း” စသည်ဖြင့် သူက အလေးအနက်ပြောကြား အကြံပေးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။
(၃)
■ လဝကရဲ့ တာဝန်ယူ တာဝန်ခံမှုမရှိတဲ့ လက်စွဲစာစောင်
ပြီးခဲ့တဲ့ မြေပုံစိစစ်မှု မတိုင်ခင်မှာ လူဝင်မှုကြီးကြပ်ရေးဌာနအတွင်းမှာ ဘင်္ဂါလီတွေကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်တဲ့နေရာမှာ သုံးစွဲဖို့ ရည်ရွယ်တဲ့ လမ်းညွှန်လက်စွဲစာစောင် တစ်ခုကို ရိုက်နှိပ်ပြီး နိုင်ငံသားစိစစ်ရေးကို ကြီးကြပ်လုပ်ဆောင်မယ့် ကော်မီတီဝင်တွေထံ ဖြန့်ချိခဲ့တယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်စွဲပါ အဲဒီစာစောင်ရဲ့အဖုံးမှာ “မြန်မာနိုင်ငံသားဖြစ်ခြင်း၊ ဧည့်နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်းဆိုင်ရာ သိသင့် သိထိုက်သော ဥပဒေပုဒ်မများ”လို့ နာမည်တပ်ထားပါတယ်။ ဒါပေမဲ့ စာမျက်နှာ ၁၀ မျက်နှာပါ အဲဒီစာစောင်ငယ်မှာ ဘယ်သူတစ်ဦး တစ်ယောက်ကမျှ လက်မှတ်ထိုးထားတာ မပါဘူး။ ကန့်သတ်လို့ပဲ မျက်နှာဖုံးစာရွက်ရဲ့ ထိပ်ဘက်မှာ ရိုက်နှိပ်ထားတယ်။ ဘင်္ဂါလီတွေကို စိစစ်ရာမှာ ဒီအတိုင်းစိစစ်ရမယ်လို့ ညွှန်ကြားချက်။ လက်စွဲစာစောင် သဘောမျိုး လိုလိုအနေနဲ့ ဘင်္ဂါလီတွေကို စိစစ်ရာမှာ ပါဝင်ရမယ့် မြန်မာနိုင်ငံသားစိစစ်ရေးကော်မတီဝင်တွေကို ဖြန့်ဝေပေးထားခဲ့တယ်။
အဲဒီလက်စွဲ စာစောင်ငယ်မှာ အဓိက လိမ်လည်ချက် နှစ်ရပ်ပါရှိတယ်။
(က) ပထမအချက်
အဲဒီ လက်စွဲစာစောင်ရဲ့ နံပါတ်တစ် ပင်မလိမ်လည်ချက်က ဘာလဲဆိုတော့ ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဥပဒေအရ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေက ပယ်ဖျက်ထားတဲ့ နိုင်ငံသားဖြစ်မှု ဥပဒေ (ဟောင်း) နှစ်ခုဟာ အသက်ဝင်နေဆဲ ဖြစ်တယ် ပြန်သုံးလို့ရတယ် ဆိုပြီးသကာလ ဘင်္ဂါလီတွေကို နိုင်ငံသားပေးနိုင်မယ့် အပေါက်တွေကို လိမ်ဖောက်ထားတာ ဖြစ်ပါတယ်။
၈၂ ဥပဒေအားဖြင့် ပယ်ဖျက်ထားတာကို ပြန်သုံးလို့ ရပါတယ်ဆိုပြီး သုံးဖို့ညွှန်းတဲ့ ဥပဒေနှစ်ခုကတော့ –
(၁) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေနဲ့
(၂) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတို့ ဖြစ်ပါတယ်။ အဲဒီအထဲက ဒုတိယဥပဒေကို ပြန်သုံးပြီးတော့ ဘင်္ဂါလီတွေကို နိုင်ငံသားတို့ ဖြစ်ခွင့်ပေးနိုင်ဖို့ သူတို့ စီစဉ်ကြတာဖြစ်ပါတယ်။
တကယ်တော့ ဒီလုပ်ဆောင်ချက်ဟာ တရားမဝင်ပါဘူး။ ပယ်ဖျက်ထားတဲ့ ဥပဒေ နှစ်ခုကို သုံးလိုက သုံးဖို့ရာဆိုပြီးတော့ နောက်ပိုင်းကျတဲ့ ဥပဒေဖြစ်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေက ခွင့်မပေးထားပါဘူး။ (နောက်မှ ပြဋ္ဌာန်းတဲ့ ဥပဒေက ရှေ့ကဥပဒေကို လွှမ်းမိုးပါတယ်။ ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေပုဒ်မ ၃ (ဆ) “ရှေ့ကျသော ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်နှင့် နောက်ကျသော ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်တို့ ကွဲလွဲဆန့်ကျင်နေပါက နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်သည် အတည်ဖြစ်စေရမည်” လို့ ပြဋ္ဌာန်းထားတယ်။ Lex Posterior Derogat Legi Priori ဆိုတဲ့ ဥပဒေ သဘောတရားကိုယ်အတိုင်း ဖြစ်ပါတယ်။) ဥပမာ ၁၉၄၈ ဥပဒေမှာ နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူလို့ပဲ ရှိပေမယ့် နောက်ကျတဲ့ ၁၉၈၂ ဥပဒေမှာ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနဲ့ ဧည့်နိုင်ငံသားလို့ သုံးမျိုး ပြဋ္ဌာန်းထားတယ်။ ဧည့်နိုင်ငံသားတစ်မျိုး ပိုလာတယ်။ ယခင်က နိုင်ငံသား (Citizen by Law) လျှောက်ထားခဲ့သူတွေကို နှောင်းဥပဒေက အာဏာစက် ရောက်လာပြီဆိုတာနဲ့ ဧည့်နိုင်ငံသားရယ်လို့သာ သတ်မှတ်ပေးလိုက်တော့တယ် ဆိုတာဟာ နောက်ပိုင်းကျတဲ့ ၁၉၈၂ ဥပဒေက ရှေ့ပိုင်းကျတဲ့ ၁၉၄၈ ဥပဒေကို လွှမ်းမိုးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
နောက်တစ်ချက်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ သက်ဆိုင်ရာနယ်ပယ်တစ်ခုခုကို အထူးပြုတဲ့ အထူးဥပဒေဖြစ်တယ်။ တစ်ဖက်မှာ ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေကကျတော့ နယ်ပယ်အားလုံးအတွက် ယေဘုယျသဘောကို ညွှန်းတဲ့ ယေဘုယျဥပဒေ ဖြစ်ပါတယ်။ ယေဘုယျဥပဒေကို အထူးဥပဒေက လွှမ်းမိုးပါတယ်။ Lex Specialis Derogat Legi Generali ဆိုတဲ့ ဥပဒေသဘောတရားကိုယ်အတိုင်း ဖြစ်ပါတယ်။ ဥပမာဆိုရရင် ၁၉၇၃ စကားရပ်ဥပဒေမှာ သားသမီးနဲ့ မွေးစားသားသမီးတွေဟာ အတူတူပဲဖြစ်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ နိုင်ငံသားပြုခွင့်ရသူတွေက သားသမီးတွေ မွေးစားတယ်ဆိုပြီး နိုင်ငံသားဖြစ် နိုင်သူတွေ ဖောင်းပွဖန်တီးမှာ စိုးတဲ့အတွက် ၁၉၈၂ နိုင်ငံသားဥပဒေက သားသမီးအရင်းနဲ့ မွေးစားသမီးတွေဟာ အတူတူ မဟုတ်ဘူးလို့ ပြဋ္ဌာန်းထားတယ်။ ယေဘုယျဥပဒေကို သက်ဆိုင်ရာ အထူးနယ်ပယ်မှာ အထူးဥပဒေက လွှမ်းမိုးတဲ့အတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ နယ်ပယ်မှာ ၁၉၈၂ နိုင်ငံသားဥပဒေက ပြဋ္ဌာန်းထားချက်ဖြစ်တဲ့ မွေးစားသားသမီးနဲ့ သားသမီးအရင်းနဲ့ အတူတူမဟုတ်ဘူး (၀ါ၊ မွေးစားသားသမီးများဟာ သားသမီးအရင်းအတိုင်း အခွင့်အရေးမရဘူး) ဆိုတဲ့အချက်ကိုပဲ အတည်ယူရပါတယ်။ လိုရင်းချုပ်ရရင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေက ၁၉၇၃ ခုနှစ် စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေကို လွှမ်းမိုးပါတယ်။
ဒါ့ပြင် နောက်ထပ်တစ်ချက် ရှိသေးတယ်။ ဥပဒေအဟောင်း တစ်ခုကို ဥပဒေအသစ် တစ်ခုနဲ့ ပယ်ဖျက်လိုက်တဲ့အခါ ဖျက်လိုက်တဲ့ ဥပဒေအဟောင်းထဲက တချို့အပိုင်းတွကို သုံးလိုက သုံးနိုင်တယ်လို့ ဥပဒေအသစ်မှာ တစ်ခါတည်း ထည့်သွင်း ပြဋ္ဌာန်းပေးလိုက်တာမျိုး ရှိတတ်လေ့ရှိပါတယ်။ ရံဖန်ရံခါပေါ့ …။ အဲသလို ပြဋ္ဌာန်းထားရင် ဥပဒေအဟောင်း (က ခွင့်ပြုရာအပိုင်းတွေ) ကို သုံးလိုက သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ (အဟောင်း) ကို ၂၀၁၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ (အသစ်) နဲ့ အစားထိုးလိုက်တဲ့အခါ ပြဋ္ဌာန်းချက်တစ်ခုက ဘယ်လိုပါလာသလဲဆိုတော့ ရှိရင်းစွဲ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်၊ အမိန့်ကြော်ငြာစာ၊ လက်စွဲတွေဟာ ယခုဥပဒေနဲ့သော် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သော် လည်းကောင်း မဆန့်ကျင်သရွေ့ ဆက်လက် အသုံးပြုနိုင်တယ်လို့ ပြဋ္ဌာန်းတဲ့အတွက် ၂၀၀၀ တရားစီရင်ရေးဥပဒေ (အဟောင်း)ရဲ့ တချို့ကဏ္ဍတွေကို အခုထက်ထိ သုံးစွဲနေတုန်းပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာကျတော့ အရင်ဥပဒေဟောင်းနှစ်ခုကို ပယ်ဖျက်တယ်လို့ပြောပြီး အဲသည်ဥပဒေတွေထဲက တချို့အပိုင်းတွေကို သုံးလိုက သုံးနိုင်ကြောင်း ဖော်ပြထားခြင်း မရှိတာဟာ အရင်ဥပဒေတွေကို လုံးဝမသုံးနဲ့တော့လို့ ဆိုလိုတဲ့သဘော ဖြစ်ပါတယ်။
ဒါကြောင့် ပယ်ဖျက်ပြီးသား နိုင်ငံသားဖြစ်မှု ဥပဒေနှစ်ခုစလုံးနဲ့ ၁၉၇၃ စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုမှု ဥပဒေတို့ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေက လွှမ်းမိုးပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံသားစိစစ်မှု လုပ်ငန်းတွေကို ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်းသာ မတိမ်းမစောင်း ကြပ်ကြပ်မတ်မတ် စိစစ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
နိုင်ငံသားဖြစ်မှု ဥပဒေအဟောင်းကို ဖျက်သိမ်းပြီး အသစ်ရေးဆွဲကြတော့မယ် လုပ်တော့ ဟိုစဉ်က လူကြီးတွေက စိုးရိမ်ကြောင့်ကြမှုကို ဖော်ပြတဲ့စကား ရှိပါတယ်။ “ဥပဒေအဟောင်းတွင် ဘိုးဘွားလေးဦးအနက် တစ်ဦးဦးသည် တိုင်းရင်းသားဖြစ်ပြီး မြန်မာပြည်မှာမွေးလျှင် မြေးဖြစ်သူသည် တိုင်းရင်းသားအဖြစ်ကို အလိုအလျောက် ရသည်ဟု ဖော်ပြထားကြောင်း၊ ရှေးယခင်က အခြေအနေအရ ဥပဒေအဟောင်းတွင် ယင်းသို့ ဖော်ပြထားခြင်းကို တစ်မျိုးစဉ်းစားရ (တော့) မည်ဖြစ်ကြောင်း၊ … ဘိုးဘွားလေးဦးတွင် တစ်ဦးတိုင်းရင်းသား ဖြစ်သော်လည်း … ကျန်သုံးဦးမှာ နိုင်ငံခြားသားများ ဖြစ်နေသည့်အတွက် ဒီမိုကရေစီခေတ်ကြီးတွင် လေးယောက် တစ်ယောက် ဖြစ်နေသည့်အတွက် မဲနှင့်ရွေးလျှင် မြေးဖြစ်သူသည် မိမိတို့လူမျိုး မဖြစ်နိုင်ကြောင်း …” စသည်ဖြင့် အဲဒီတုန်းက နိုင်ငံတော်သမ္မတဖြစ်သူက ပြောကြားခဲ့ဖူးတယ်။ ဒီလိုမျိုး ဥပဒေအဟောင်းမှာ ပေါက်နေတဲ့ အပေါက်တွေကို ပြန်ဖာပြီး နိုင်ငံသားဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ကြတယ်။
(ခ) ဒုတိယအချက်
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ ပုဒ်မ ၇ မှာ ဒီလို ပြဋ္ဌာန်းထားပါတယ်။ “နိုင်ငံတော်အတွင်း၌ ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားဖြစ်သည်”လို့ ပြဋ္ဌာန်းထားတယ်။
ဒီလို ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားပါ လျက်သားနဲ့ အခုပြောနေတဲ့ လုပ်ကြံလက်စွဲ စာစောင်မှာ “ဤဥပဒေ တည်သည့် (၁၅-၁၀-၁၉၈၂) နေ့နောက်ပိုင်း မွေးဖွားသူများ။ နိုင်ငံတော်အတွင်း၌ ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ ဖြစ်စေ မွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသား ဖြစ်သည်”ဆိုပြီးတော့ အဲဒီနေ့ နောက်ပိုင်း မွေးဖွားသူတွေသာလျှင် ဥပဒေ ဖော်ပြပါအတိုင်း စဉ်းစားရမယ်လို့ လုပ်ကြံခွဲထုတ် တင်ပြထားတယ်၊ သူတို့အပေါ်ကိုသာလျှင် ၈၂ ဥပဒေအနေနဲ့ သက်ရောက်မှု ရှိမယ်ဆိုပြီး လုပ်ကြံခွဲထုတ် ရေးသားထားတယ်။
အမှန်ကတော့ အဲဒီနေ့ရက် ရှေ့ပိုင်းမှာ မွေးဖွားသူတွေပင် ဖြစ်စေကာမူ (နိုင်ငံသားလက်မှတ် ရထားပြီးသူတွေ မဟုတ်ရင်) ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း တိတိကျကျ ကြပ်ကြပ်မတ်မတ် ထည့်သွင်း စဉ်းစားကြရမယ့်သူတွေ ဖြစ်ပါတယ်။
ဒီအကြောင်းတွေကို ဒီလိုရေးသား တင်ပြနေရတာဟာ ရခိုင်အပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအကြောင်းကို အရင်ကထက် ပိုမို အကျွမ်းတဝင် ရှိလာပြီးတော့ မဟုတ်ကဟုတ်က ဒီလိုမျိုး လိမ်ဆင်အပေါက်တွေနဲ့ ဥပဒေကို အပေါက်ဖောက်ပြီး တိုင်းပြည်ကို ရောင်းစားကြခြင်းမှ ၀ိုင်းဝန်း ကာကွယ်နိုင်အောင်လို့ ရည်ရွယ်ရေးသားတာ ဖြစ်ပါတယ်။
၈၂ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရအဖွဲ့ဟာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတော်ကောင်စီရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ရမယ်လို့ ဒီ ၈၂ ဥပဒေရဲ့ ပုဒ်မ ၇၅ မှာ ပြဋ္ဌာန်းထားတယ်။ ဥပဒေနဲ့မညီဘဲ နိုင်ငံသားကတ်ပြားတွေ ထုတ်ပေးစေခြင်းဟာ ၈၂ ဥပဒေရဲ့ ပုဒ်မ ၁၉ နဲ့ ငြိစွန်းတဲ့အတွက် ထောင်ဒဏ် ခုနစ်နှစ်နဲ့ ငွေကျပ် တစ်သောင်း ကျခံစေနိုင်ကြောင်း ပြဋ္ဌာန်းထားတဲ့ ပြစ်မှုမြောက်ပါတယ်။ ဒီဖြစ်စဉ်မှာ ဒီလိုမျိုး လုပ်ကြံလက်စွဲ စာစောင်တွေကို ကိုင်တွယ်သုံးစွဲဖို့ ဘယ်အရာရှိက ညွှန်ကြားသလဲဆိုတာကို လိုက်ရှာပြီးတော့ တာဝန်ရှိ သူတွေကိုတောင် ဥပဒေနဲ့အညီ အရေးယူ အပြစ်ပေးသင့်လှပါတယ်။
(ဂ) ပုဒ်မ ၂၃ ရဲ့ အရေးပါမှု
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေ ပုဒ်မ ၂၃ မှာ ဒီလို ပြဋ္ဌာန်းထားပါတယ်။ “၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းများနှင့် ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်”
သတိ။ ။ ဧည့်နိုင်ငံသား လျှောက်လို့ရတာ မဟုတ်ဘူးနော်၊ နိုင်ငံသားလျှောက်တာကို ဧည့်နိုင်ငံသားအဖြစ် “သတ်မှတ်” လိုက်တာ။
အဲဒီ ပုဒ်မ ၂၃ ဟာ ၈၂ နိုင်ငံသားဥပဒေမှာ အင်မတန်မှ အရေးပါတဲ့ပုဒ်မ ဖြစ်ပါတယ်။ အဲဒီပုဒ်မကို အနုလုံပဋိလုံ ဆင်ခြင်တဲ့အခါ အဲဒီပုဒ်မက အရေးကြီးတဲ့ လုပ်ရပ်နှစ်ခုကို လုပ်ကြောင်းတွေ့ရပါလိမ့်မယ်။
နံပါတ်တစ်လုပ်ရပ် – ယခု ၈၂ ဥပဒေအာဏာ မသက်ရောက်မီ ကာလကပင် လျှောက်ထားခဲ့သော်လည်း (လျှောက်ထားမှုအား စိစစ်မှုလုပ်ငန်းစဉ်) မပြီးမပြတ်သေးတဲ့ လျှောက်ထားသူတွေဟာ တကယ့်တကယ်ကို “နိုင်ငံသား” ဖြစ်နိုင်တဲ့ အရည်အချင်း ရှိပင်ရှိငြားသော်လည်း နိုင်ငံသားဆိုတာကို မပေးတော့ဘဲ ဧည့်နိုင်ငံသားဆိုတာကိုပဲ သတ်မှတ်ချင်က သတ်မှတ်နိုင်တယ် ဆိုတာကို ပြဋ္ဌာန်းတဲ့လုပ်ရပ်ကို လုပ်ပါတယ်။
နံပါတ်နှစ် လုပ်ရပ်၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ (ဥပဒေအဟောင်း) ကို သုံးပြီး နိုင်ငံသားအဖြစ် ရရှိခွင့် လျှောက်ထားမှုတွေကို ဒီမှာ ရပ်တန်းက ရပ်ကြတော့ဆိုပြီး ဇာတ်လမ်း ဖြတ်ချလိုက်တဲ့ လုပ်ရပ်ကို လုပ်ပါတယ်။ တိုးလိုးတန်းလန်း ဖြစ်နေတဲ့ လျှောက်ထားမှုတွေကိုတောင် ဒီလောက်ပဲ ယူတော့ကွာဆိုပြီး ဖြတ်ချလိုက်တာဟာ ရှေ့က မပြတ်နိုင်သေးတဲ့ ဇယားဟောင်းတွေကို လာလှန်မနေတော့လို့ သက်ရောက်အဓိပ္ပာယ် ပေးတာဖြစ်ပါတယ်။ ဥပဒေအဟောင်းကို လှည့်ကြည့်နေစရာ မလိုတော့ဘူးလို့ ပြောတာဖြစ်ပါတယ်။
ဒရောသောပါးနဲ့ ဟောဗျာ ဟောဗျာ ကျွန်တော်တို့တော့ လျှောက်ထားဖို့ ကျန်သေးတယ်ဗျလို့ ဆိုရင် နောက်ပိုင်းမှာလာတဲ့ ပုဒ်မ ၄၂ မှာ ပြောထားတယ်။ ၄၈ ဥပဒေအရ လျှောက်ဖို့ ကျန်ခဲ့တယ်ဆိုတာကို “ခိုင်လုံသော အထောက်အထားများ” ပြပါတဲ့။ ပြနိုင်ရင်တော့ ပြုနိုင်ငံသားတော့ ရချင်ရမယ်တဲ့။ နိုင်ငံသားတော့ မရတော့ဘူးတဲ့။
၈၂ ဥပဒေ ပုဒ်မ ၂၃ ရဲ့ နံပါတ်နှစ် လုပ်ရပ်အားဖြင့် ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၁၄ (ခ) အနေနဲ့ မိမိကိုလာပြီး လွှမ်းမိုးမနေနဲ့၊ မိမိဟာ သင်းကလာပြီး လွှမ်းမိုးလို့မရတဲ့ အထူးဥပဒေတစ်ရပ် ဖြစ်တယ်ဆိုတာကို ပြလိုက်တာဖြစ်ပါတယ်။
၈၂ ဥပဒေကို လိမ်ဆင်ပေါက် ဖောက်သူများ သုံးစွဲလေ့ရှိတဲ့ ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၁၄(ခ) က ဒီလိုဆိုပါတယ်။ “ရုပ်သိမ်းခံရသော ဥပဒေပြဋ္ဌာန်းချက်အရ ရရှိခဲ့သည့် ရရှိပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို လည်းကောင်း၊ ဆောင်ရွက်ခဲ့ရသည့် တာဝန်နှင့် ကြွေးမြီတို့ကို လည်းကောင်း မထိခိုက်စေရ” လို့ ဆိုပါတယ်။ အဲဒီစကားကို လိမ်ဆင်အပေါက်ဖောက်သူတွေက ကိုးကားပါတယ်။
ဒီ ၇၃ စကားရပ် ဥပဒေပုဒ်မ ၁၄(ခ)က လွှမ်းမိုးတဲ့ ဥပဒေအဟောင်း၊ အသစ် အတွဲတွေရှိပါတယ်။ ဥပမာအားဖြင့် ၁၉၄၇ သွင်းကုန်/ထုတ်ကုန်ဥပဒေ (အဟောင်း) နဲ့ ၂၀၁၂ ခု စက်တင်ဘာ ၇ ရက်နေ့ပြဋ္ဌာန်းတဲ့ ပို့ကုန် သွင်းကုန် ဥပဒေ (အသစ်) တို့ ဖြစ်ကြပါတယ်။ ဆိုင်ကယ် Without စီးရင် အရင် ဥပဒေအဟောင်းအရ ထောင်ဒဏ် ခုနစ်နှစ် အမြင့်ဆုံး ချမှတ်နိုင်ပြီး ဥပဒေအသစ်အရ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ် ချမှတ်နိုင်တယ်။ ဆိုပါတော့ … ဆိုင်ကယ် Without စီးသူတစ်ဦးဟာ ဥပဒေအဟောင်းကို ရုပ်သိမ်းခါနီး စက်တင်ဘာလ ၁ ရက်နေ့မှာ အဖမ်းခံရတယ်။ အမှုကို တည်ဆောက်ရင်း ရုံးတင်တာ ဘာညာနဲ့ ဥပဒေအသစ်ကို ပြဋ္ဌာန်းပြီးတဲ့ စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းကျမှ သူ့ကို တရားစွဲဆို စီရင်ချက်ချတာကို လုပ်နိုင်တယ်။ ဒါပေမဲ့ သူ့ဟာ ဥပဒေအဟောင်း တည်ဆဲကာလမှာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်တာဖြစ်လို့ ဥပဒေအဟောင်းနဲ့ပဲ စီရင်ရမှာ ဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်ဆိုတဲ့ ပြဋ္ဌာန်းချက် အဟောင်းနဲ့သာ စီရင်ရမှာဖြစ်ပါတယ်။ စီရင်ချက်ချချိန် လက်ရှိ တည်ဆဲဥပဒေက သူ့အမှုအပေါ်မှာ မသက်ရောက်နိုင်ပါဘူး။
ဒါပေမဲ့ နိုင်ငံသားဥပဒေတွေ ၄၈ အဟောင်းနဲ့ ၈၂ အသစ်တို့ရဲ့ကြားမှာက အဲသလို မဟုတ်ဘူး။ ပုဒ်မ-၂၃ ရှိတယ်။
ရုပ်သိမ်းခြင်းပြုသော ဥပဒေ (ဒီနေရာ မှာ ၈၂ ဥပဒေ) မှာ တစ်နည်းတစ်ဖုံ ဖော်ပြထား (ပုဒ်မ ၂၃ အားဖြင့် အရင်လျှောက်ထားပြီးသား သူတွေကို “ဧည့်နိုင်ငံသား” ကိုပဲ ပေးတော့မယ်လို့ ဖော်ပြထား) တဲ့အတွက် ရှေးကကိစ္စတွေ ဒီနေရာမှာ ဇာတ်လမ်း ပြတ်ပါတယ်။ “ယင်းသို့ ဖော်ပြထားသည့်အတိုင်းသာ ဖြစ်ရမည်” လို့ ဆိုထားတာကိုး။ အဲဒီတုန်းက တိုးလိုးတန်းလန်း ကျန်ခဲ့သူတွေကိုတောင် “ဧည့်နိုင်ငံသား” ပဲပေးတာ၊ ယခုအချိန် ၃၄နှစ် ကြာပြီးတဲ့အခါမှ “ဧည့်နိုင်ငံသား” ထက်မြင့်တဲ့ အပြည်အဝ “နိုင်ငံသား” အဖြစ်ကို ပေးလို့ရတယ်လို့ ပြောနေတာဟာ လီဆယ်လုပ်ကြံလို့ ပြောနေတာ ဖြစ်ပါတယ်။
၁၉၇၃ စကားရပ် ဥပဒေဟာ ၈၂ ဥပဒေ ပြဋ္ဌာန်းတဲ့ ၁၉၈၂ ခုနှစ်မှာကတည်းက ပြဋ္ဌာန်းပြီးသား ဖြစ်နေပြီးဖြစ်ပါတယ်။ အဲဒီလို ပြဋ္ဌာန်းပြီးသား ယေဘုယျ ဥပဒေတစ်ရပ်ရဲ့ ပြဋ္ဌာန်းချက်က မိမိဥပဒေကို လာရောက်လွှမ်းမိုးလို့ မရအောင် ရှေ့က တိုးလိုးတန်းလန်းတွေကို ဒီလိုအပြတ်ဖြတ်ချရန် ရည်ရွယ်ပြီး ပုဒ်မ ၂၃ ကို ထည့်သွင်းပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
(ဃ) ကြည်ပြာရောင်/အစိမ်းရောင် ကတ်ပြား
အခုတလော ဘင်္ဂါလီတွေကို ထုတ်ပေးနေတဲ့ အစိမ်းရောင်ကတ်ပြားရဲ့ တရားဝင်မှု မဝင်မှု၊ အကျိုးအပြစ် သက်ရောက်မှုတွေကို အလေးအနက် လေ့လာကြဖို့လိုပါတယ်။ “နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား” (Identity Card for National Verification) လို့ ကတ်ပြားအမည်ကို ရေးထိုးထားတဲ့အပြင် ဤသက်သေခံကတ်ပြား ကိုင်ဆောင်ခြင်းဖြင့် နိုင်ငံသားဖြစ်ကြောင်း သက်သေခံပစ္စည်း မဖြစ်စေရဆိုတဲ့သဘော ပုံနှိပ်ရေးသားထားတာကိုလည်း တွေ့ရတယ်။
နှိုင်းယှဉ် စဉ်းစားစရာတစ်ချက်က အခု နိုင်ငံသားဖြစ်သူ ကျွန်တော်တို့ ကိုင်ထားကြတဲ့ ID ကတ်တွေဟာလည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေသာလျှင် ဖြစ်ကြတယ်။ နိုင်ငံသားကတ်ပြားတွေ မဟုတ်ကြဘူး။ (နိုင်ငံ သား ဟုတ် မဟုတ် မစိစစ်ရသေးတဲ့) ဘင်္ဂါလီတွေကို လွယ်လင့်တကူ ထုတ်ပေးထားတဲ့ ဒီ အစိမ်းရောင် ကတ်ပြားတွေရဲ့ တရားဝင်မှု အဆင့်အတန်းဟာ နိုင်ငံသားဖြစ်သူတွေ ကိုင်ဆောင်တဲ့ ကတ်ပြားတွေရဲ့ တရားဝင်မှုအဆင့်အတန်းနဲ့ တူညီနေခဲ့သည်ရှိသော် … ဒါဟာ ဥပဒေက အပ်နှင်းထားတဲ့ အခွင့်အာဏာကို ကျော်လွန်သုံးစွဲ လုပ်ကိုင်ခြင်းဖြစ်ပါတယ်။ ဒီကိစ္စကို အသေအချာသုံးသပ်ဖို့ လိုအပ်ပါတယ်။
■ ဆက်လက်ဖော်ပြပါမည်။
Writer: ကျော်ဇောဦး
Daily Eleven သတင်းစာ
၂၀၁ပ၆-ခုနှစ်၊ ဇွန်လ (၂၅) ရက်၊ (စနေနေ့)

*************************

[…] […]
LikeLike