ငါတို့သည် ကြီးကျယ်မြင့်မြတ်သူများ ဖြစ်တော်မူကြကုန်၏

[ Zawgyi ]

ငါတို႔သည္ ႀကီးက်ယ္ျမင့္ျမတ္သူမ်ား ျဖစ္ေတာ္မူၾကကုန္၏

==========

( – – – on “class protection” – – – )

ရမ္းၿဗဲၿမိဳ႕နယ္ ေက်းလက္ပိုင္းက ပြဲသဘင္ျဖစ္ပံုရတဲ့ အခင္းအက်င္းတစ္ခုမွာ လူ၀င္ကတဲ့ ကၽြဲရုပ္ႏွစ္ရုပ္မွာ “၀န္ႀကီး” ဆိုတဲ့ စကားလံုးနဲ႔ “အမတ္” ဆိုတဲ့ စကားလံုး ႏွစ္လံုးကို ေရးထိုးၿပီး သရုပ္ေဖာ္မႈ လုပ္ၾကတာေၾကာင့္ အမတ္ေတြ၊ ၀န္ႀကီးေတြရဲ႕ ဂုဏ္သိကၡာကို ထိပါးတယ္လို႔ ယူဆတဲ့အတြက္ ဥပေဒအတိုင္း အေရးယူေဆာင္ရြက္ဖို႔ ညႊန္ၾကားစာတစ္ေစာင္ကို အခုနက ေဖ့စ္ဘုတ္မွာ ဖတ္မိေတာ့ ကၽြန္ေတာ္ ၿပံဳးမိပါတယ္။

တရားစြဲဘာစြဲနဲ႔ ဒီကိစၥကိုသာ ဆက္လုပ္ေနၾကမယ္ ဆိုရင္လည္း လူေပါင္းမ်ားစြာရဲ႕ ၿပံဳးျခင္းကို ေန႔စဥ္ရက္ဆက္ ခံၾကရမွာ ျဖစ္ပါတယ္။ ေထာင္က်အခ်ဳပ္က်တဲ့လူေတြကို ၿပံဳးတာမဟုတ္ဘူး၊ တရားစြဲတဲ့လူေတြကို ၿပံဳးၾကမွာ . . . ။

ငါတို႔အစုအဖြဲ႕ဟာ တစ္ျခားလူ႔အဖြဲ႕အစည္းတစ္ခုလံုးထက္ ပိုလို႔ ျမင့္ျမတ္တယ္ ဆိုတဲ့ ေတြးေခၚေျမာ္ျမင္မႈ ရႈေထာင့္ကေန ကမၻာႀကီးတစ္ခုလံုးကို လွမ္းၾကည့္ေနတဲ့ လူေတြဟာ ျမန္မာ့လူ႔အသိုင္းအ၀ိုင္းနဲ႔ ရခိုင့္လူ႔အသိုင္းအ၀ိုင္းမွာ မေရအတြက္ႏိုင္ေအာင္ ရွိၾကပါတယ္။ ဥပမာေတြ အမ်ားႀကီးပါ။

(က) ေတာင္ပို႔ဟာ ဖြတ္ထြက္သြားတာကို မ်က္စိနဲ႔ ျမင္ေနရရင္ေတာင္မွ ဆက္ကိုးကြယ္ရမယ္လို႔ နဘားသရား ေျပာေနၾကတဲ့ နီေပါေတြ . . .

(ခ) ခင္ဗ်ားတို႔ရဲ႕ ႏိုင္ငံေရးအယူအဆကို တခ်က္ေလာက္ေျပာျပပါ လို႔ ေျပာရင္ “အေမစုကို ကၽြန္ေတာ္ ယံုတယ္ဗ်ာ” ဆိုတဲ့စကားကို ႏွစ္ေပါင္း ဆယ္ႏွစ္ေလာက္ မေျပာင္းမလဲေျပာတဲ့သူေတြ၊ ဟုတ္ၿပီ အေမစုကိုယံုတာဟာ ႏိုင္ငံေရးအယူအဆမဟုတ္ေသးဘူး ခင္ဗ်ားတို႔ရဲ႕ ႏိုင္ငံေရး အယူအဆကို ေျပာပါ ဆိုရင္လည္းပဲ နားမလည္ ႏိုင္တဲ့ အေယာင္ေဆာင္ ပန္းပုဆရာေတြ . . .

(ဂ) အခ်ဳပ္အခ်ာအာဏာဆိုတာ ျပည္နယ္ေတြဆီမွာ ခြဲေ၀သက္ေရာက္လ်က္ရွိေနတဲ့ အေၾကာင္း ရယ္၊ အခ်ဳပ္အခ်ာအာဏာကို ကာကြယ္တာ နဲ႔ လူမ်ားစုလူမ်ိဳးႀကီးရဲ႕ ဗိုလ္က်စိုးမိုးေရး၀ါဒ (hegemony)တို႔ မတူဘူး ဆိုတာရယ္ တို႔ သေဘာမေပါက္တဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းႀကီးနဲ႔တကြ ဆက္စပ္ အသိုင္းအ၀ုိင္းရယ္ . . .

(ဃ) ငါ့ဆရာေတြက လြဲရင္ က်န္တဲ့ ႏိုင္ငံေရးသမားေတြဟာ ငါတို႔ဆဲရမယ့္သူေတြပဲ ဆိုတဲ့ သင္ၾကားခ်က္ကို တေသြမတိမ္း လိုက္နာက်င့္သံုးက်တဲ့ တပ္နီလူငယ္ေတြ . . .

(င) (issue ေပါင္းစံုကို စဥ္းစားရတဲ့ ႏိုင္ငံေရးသမား နဲ႔ issue တစ္ခုခ်င္းကို လုပ္ေဆာင္ၾကတဲ့ activist တို႔ဟာ အမ်ိဳးအစားမတူဘူး၊ ပရဟိတလုပ္သူ နဲ႔ ႏိုင္ငံေရးရာကို ေတြးေခၚေျမာ္ျမင္ လုပ္ကိုင္သူတို႔ရဲ႕ အလုပ္ သဘာ၀၊ အက်ိဳးသက္ေရာက္မႈတို႔ မတူဘူး၊ ‘၀ိုင္းရံသူ’ ဆိုတာလည္းပဲ ႏိုင္ငံေရးကိုနားလည္းခ်င္မွ နားလည္မွာ ျဖစ္တဲ့ supporter ေလာက္ပဲ အဓိပၸါယ္ရတယ္လို႔ မသိပါပဲလ်က္) ႀကီးႀကီးမားမား ႏိုင္ငံေရးသမားတစ္ေယာက္ေယာက္ (ဥပမာ ‘စု’) ကို ၀ိုင္းရံရင္ အမတ္ျဖစ္မွာပဲ သို႔မဟုတ္ အမတ္ေနရာကို ဆက္ၿပီးယူထားႏိုင္မွာပဲ လို႔ အားတက္သေရာျဖစ္လ်က္ “မ၀န္းရံသူ ဒို႔ရန္သူ” လို႔ ေၾကြးေၾကာ္ေနၾကတဲ့ ၀ိုင္းရံသူ ဆိုသူေတြ . . .

(စ) ေဒသအတြက္ လူမ်ိဳးအတြက္ အျခားေနရာေတြမွာ ဘယ္ေလာက္ပဲ အနစ္နာခံလုပ္ေပးေန လုပ္ေပးေန ငါတို႔ဂရုမစိုက္ဘူး ငါတို႔အဖြဲ႕လုပ္ေနတဲ့ အလုပ္ကို ၀င္မကူရင္ (ငါတို႔ကို အေႏွာင့္အယွက္ေပးသည္ျဖစ္ေစ မေပးသည္ျဖစ္ေစ) အဲသည္လူဟာ သစၥာေဖာက္ပဲ လို႔ ေျပာေျပာတတ္တဲ့ ေအာက္ေျခအဆင့္ အဖြဲ႕အစည္း၀င္ေတြ . . .

(ဆ) အာဏာကိုလက္ကိုင္ထားတဲ့ သို႔တည္းမဟုတ္ အာဏာနဲ႔နီးတဲ့လူေတြဟာ သီးျခားအလႊာ တစ္ခုျဖစ္တယ္ အဲသည္လူေတြကို သာမာန္လူေတြက ၿပံဳးရႊင္ရံုေလာက္ကယ္မွ်ေတာင္ တို႔ထိပံုေဖာ္ျခင္း မျပဳလုပ္ရ လို႔ ယူဆသူေတြ . . . .

သူတို႔ဟာ အုပ္စုတူခ်င္မွ တူမယ္၊ ဘက္တူခ်င္မွ တူမယ္၊ ဒါေပမဲ့ ကမၻာႀကီးကို ခြဲျခမ္းယူဆတုန္႔ျပန္တဲ့ နည္းလမ္းမွာေတာ့ စိတ္ေနသေဘာထားအားျဖင့္ တူၾကပါတယ္။ “ဒါက ငါတို႔အုပ္စုေလ၊ က်န္တာေတြကေတာ့ ဖြတ္ခ်ီးပဲ” လို႔ ဆိုတဲ့ အခံကို ရင္ထဲ အသည္းထဲမွာ အေျခခံတည္ေဆာက္ထားၾကတဲ့ သူေတြ ျဖစ္ၾကပါတယ္။ ဒီလိုေနရာမွာ သူတို႔ဟာ သေဘာသဘာ၀ခ်င္းတူပါတယ္။ “တပ္မေတာ္ကို စိတ္နဲ႔ေတာင္ မျပစ္မွားနဲ႔” ဆိုတဲ့စကားနဲ႔ အသြင္တူ အမ်ိဳးအစားတူစကားေတြဟာ ဒီလိုလူေတြ ဆီကေန စီးထြက္လာၿပီး လူ႔အဖြဲ႕အစည္းထဲကို စိမ့္၀င္ပါတယ္။

“ႀကီးက်ယ္ျခင္း” မွာ လကၡဏာမ်ားစြာ အရင္းခံအေၾကာင္းမ်ားစြာ ရွိေပမယ့္ ႀကီးက်ယ္သူေတြမွာ ျပင္ပအေၾကာင္းအခ်က္ေတြက ခ်ိဳးဖ်က္ဖို႔ မလြယ္တဲ့ မိမိကိုယ္ကို ယံုၾကည္ျခင္းကေတာ့ မလြဲမေသြ ရွိတတ္ၾကတယ္ လို႔ ဆိုပါတယ္။ အဲသည္ မိမိကိုယ္ကို ယံုၾကည္မႈကို ဥပေဒနဲ႔ အကာအကြယ္ေပးၿပီး တည္ေဆာက္ထားတာ မဟုတ္ဘူး။

ရမ္းၿဗဲၿမိဳ႕နယ္မွာ တရားစြဲအေရးယူမယ္ဆိုတဲ့ ကိစၥကိုေတာ့ ဥပေဒပိုင္းအရ ဘာမွ မေဆြးေႏြးလိုပါဘူး။ ဒါေပမဲ့ ၿပံဳးမိတယ္။ သံခ်ပ္ထိုး မခံႏိုင္တဲ့ ႏိုင္ငံေရးသမားဟာ ရွက္စရာပါ။ ဒါကို ျမင္းထိန္းငတာေတြက သိခ်င္မွ သိမွာပါ။ ကေလးေတြ ေပ်ာ္ၾကပါေစ၊ ကိုၿငိမ္းေမာင္ လို႔ပဲ ေျပာခ်င္ပါတယ္။

ေက်ာ္ေဇာဦး

၂၀၁၉ ဧၿပီလ (၄) ရက္

*******************************************

[ Unicode ]

ငါတို့သည် ကြီးကျယ်မြင့်မြတ်သူများ ဖြစ်တော်မူကြကုန်၏

( – – – on “class protection” – – – )

ရမ်းဗြဲမြို့နယ် ကျေးလက်ပိုင်းက ပွဲသဘင်ဖြစ်ပုံရတဲ့ အခင်းအကျင်းတစ်ခုမှာ လူဝင်ကတဲ့ ကျွဲရုပ်နှစ်ရုပ်မှာ “ဝန်ကြီး” ဆိုတဲ့ စကားလုံးနဲ့ “အမတ်” ဆိုတဲ့ စကားလုံး နှစ်လုံးကို ရေးထိုးပြီး သရုပ်ဖော်မှု လုပ်ကြတာကြောင့် အမတ်တွေ၊ ဝန်ကြီးတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်လို့ ယူဆတဲ့အတွက် ဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားစာတစ်စောင်ကို အခုနက ဖေ့စ်ဘုတ်မှာ ဖတ်မိတော့ ကျွန်တော် ပြုံးမိပါတယ်။

တရားစွဲဘာစွဲနဲ့ ဒီကိစ္စကိုသာ ဆက်လုပ်နေကြမယ် ဆိုရင်လည်း လူပေါင်းများစွာရဲ့ ပြုံးခြင်းကို နေ့စဉ်ရက်ဆက် ခံကြရမှာ ဖြစ်ပါတယ်။ ထောင်ကျအချုပ်ကျတဲ့လူတွေကို ပြုံးတာမဟုတ်ဘူး၊ တရားစွဲတဲ့လူတွေကို ပြုံးကြမှာ . . . ။

ငါတို့အစုအဖွဲ့ဟာ တစ်ခြားလူ့အဖွဲ့အစည်းတစ်ခုလုံးထက် ပိုလို့ မြင့်မြတ်တယ် ဆိုတဲ့ တွေးခေါ်မြော်မြင်မှု ရှုထောင့်ကနေ ကမ္ဘာကြီးတစ်ခုလုံးကို လှမ်းကြည့်နေတဲ့ လူတွေဟာ မြန်မာ့လူ့အသိုင်းအဝိုင်းနဲ့ ရခိုင့်လူ့အသိုင်းအဝိုင်းမှာ မရေအတွက်နိုင်အောင် ရှိကြပါတယ်။ ဥပမာတွေ အများကြီးပါ။

(က) တောင်ပို့ဟာ ဖွတ်ထွက်သွားတာကို မျက်စိနဲ့ မြင်နေရရင်တောင်မှ ဆက်ကိုးကွယ်ရမယ်လို့ နဘားသရား ပြောနေကြတဲ့ နီပေါတွေ . . .
(ခ) ခင်ဗျားတို့ရဲ့ နိုင်ငံရေးအယူအဆကို တချက်လောက်ပြောပြပါ လို့ ပြောရင် “အမေစုကို ကျွန်တော် ယုံတယ်ဗျာ” ဆိုတဲ့စကားကို နှစ်ပေါင်း ဆယ်နှစ်လောက် မပြောင်းမလဲပြောတဲ့သူတွေ၊ ဟုတ်ပြီ အမေစုကိုယုံတာဟာ နိုင်ငံရေးအယူအဆမဟုတ်သေးဘူး ခင်ဗျားတို့ရဲ့ နိုင်ငံရေး အယူအဆကို ပြောပါ ဆိုရင်လည်းပဲ နားမလည် နိုင်တဲ့ အယောင်ဆောင် ပန်းပုဆရာတွေ . . .
(ဂ) အချုပ်အချာအာဏာဆိုတာ ပြည်နယ်တွေဆီမှာ ခွဲဝေသက်ရောက်လျက်ရှိနေတဲ့ အကြောင်း ရယ်၊ အချုပ်အချာအာဏာကို ကာကွယ်တာ နဲ့ လူများစုလူမျိုးကြီးရဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒ (hegemony)တို့ မတူဘူး ဆိုတာရယ် တို့ သဘောမပေါက်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီးနဲ့တကွ ဆက်စပ် အသိုင်းအဝိုင်းရယ် . . .
(ဃ) ငါ့ဆရာတွေက လွဲရင် ကျန်တဲ့ နိုင်ငံရေးသမားတွေဟာ ငါတို့ဆဲရမယ့်သူတွေပဲ ဆိုတဲ့ သင်ကြားချက်ကို တသွေမတိမ်း လိုက်နာကျင့်သုံးကျတဲ့ တပ်နီလူငယ်တွေ . . .
(င) (issue ပေါင်းစုံကို စဉ်းစားရတဲ့ နိုင်ငံရေးသမား နဲ့ issue တစ်ခုချင်းကို လုပ်ဆောင်ကြတဲ့ activist တို့ဟာ အမျိုးအစားမတူဘူး၊ ပရဟိတလုပ်သူ နဲ့ နိုင်ငံရေးရာကို တွေးခေါ်မြော်မြင် လုပ်ကိုင်သူတို့ရဲ့ အလုပ် သဘာဝ၊ အကျိုးသက်ရောက်မှုတို့ မတူဘူး၊ ‘၀ိုင်းရံသူ’ ဆိုတာလည်းပဲ နိုင်ငံရေးကိုနားလည်းချင်မှ နားလည်မှာ ဖြစ်တဲ့ supporter လောက်ပဲ အဓိပ္ပါယ်ရတယ်လို့ မသိပါပဲလျက်) ကြီးကြီးမားမား နိုင်ငံရေးသမားတစ်ယောက်ယောက် (ဥပမာ ‘စု’) ကို ၀ိုင်းရံရင် အမတ်ဖြစ်မှာပဲ သို့မဟုတ် အမတ်နေရာကို ဆက်ပြီးယူထားနိုင်မှာပဲ လို့ အားတက်သရောဖြစ်လျက် “မဝန်းရံသူ ဒို့ရန်သူ” လို့ ကြွေးကြော်နေကြတဲ့ ၀ိုင်းရံသူ ဆိုသူတွေ . . .
(စ) ဒေသအတွက် လူမျိုးအတွက် အခြားနေရာတွေမှာ ဘယ်လောက်ပဲ အနစ်နာခံလုပ်ပေးနေ လုပ်ပေးနေ ငါတို့ဂရုမစိုက်ဘူး ငါတို့အဖွဲ့လုပ်နေတဲ့ အလုပ်ကို ဝင်မကူရင် (ငါတို့ကို အနှောင့်အယှက်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ) အဲသည်လူဟာ သစ္စာဖောက်ပဲ လို့ ပြောပြောတတ်တဲ့ အောက်ခြေအဆင့် အဖွဲ့အစည်းဝင်တွေ . . .
(ဆ) အာဏာကိုလက်ကိုင်ထားတဲ့ သို့တည်းမဟုတ် အာဏာနဲ့နီးတဲ့လူတွေဟာ သီးခြားအလွှာ တစ်ခုဖြစ်တယ် အဲသည်လူတွေကို သာမာန်လူတွေက ပြုံးရွှင်ရုံလောက်ကယ်မျှတောင် တို့ထိပုံဖော်ခြင်း မပြုလုပ်ရ လို့ ယူဆသူတွေ . . . .

သူတို့ဟာ အုပ်စုတူချင်မှ တူမယ်၊ ဘက်တူချင်မှ တူမယ်၊ ဒါပေမဲ့ ကမ္ဘာကြီးကို ခွဲခြမ်းယူဆတုန့်ပြန်တဲ့ နည်းလမ်းမှာတော့ စိတ်နေသဘောထားအားဖြင့် တူကြပါတယ်။ “ဒါက ငါတို့အုပ်စုလေ၊ ကျန်တာတွေကတော့ ဖွတ်ချီးပဲ” လို့ ဆိုတဲ့ အခံကို ရင်ထဲ အသည်းထဲမှာ အခြေခံတည်ဆောက်ထားကြတဲ့ သူတွေ ဖြစ်ကြပါတယ်။ ဒီလိုနေရာမှာ သူတို့ဟာ သဘောသဘာဝချင်းတူပါတယ်။ “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” ဆိုတဲ့စကားနဲ့ အသွင်တူ အမျိုးအစားတူစကားတွေဟာ ဒီလိုလူတွေ ဆီကနေ စီးထွက်လာပြီး လူ့အဖွဲ့အစည်းထဲကို စိမ့်ဝင်ပါတယ်။

“ကြီးကျယ်ခြင်း” မှာ လက္ခဏာများစွာ အရင်းခံအကြောင်းများစွာ ရှိပေမယ့် ကြီးကျယ်သူတွေမှာ ပြင်ပအကြောင်းအချက်တွေက ချိုးဖျက်ဖို့ မလွယ်တဲ့ မိမိကိုယ်ကို ယုံကြည်ခြင်းကတော့ မလွဲမသွေ ရှိတတ်ကြတယ် လို့ ဆိုပါတယ်။ အဲသည် မိမိကိုယ်ကို ယုံကြည်မှုကို ဥပဒေနဲ့ အကာအကွယ်ပေးပြီး တည်ဆောက်ထားတာ မဟုတ်ဘူး။

ရမ်းဗြဲမြို့နယ်မှာ တရားစွဲအရေးယူမယ်ဆိုတဲ့ ကိစ္စကိုတော့ ဥပဒေပိုင်းအရ ဘာမှ မဆွေးနွေးလိုပါဘူး။ ဒါပေမဲ့ ပြုံးမိတယ်။ သံချပ်ထိုး မခံနိုင်တဲ့ နိုင်ငံရေးသမားဟာ ရှက်စရာပါ။ ဒါကို မြင်းထိန်းငတာတွေက သိချင်မှ သိမှာပါ။ ကလေးတွေ ပျော်ကြပါစေ၊ ကိုငြိမ်းမောင် လို့ပဲ ပြောချင်ပါတယ်။

ကျော်ဇောဦး
၂၀၁၉ ဧပြီလ (၄) ရက်


Leave a comment