Arakanese Struggle

[ Unicode Font ]

မြန်မာ့ပြည်တွင်းစစ် သမိုင်း တစ်နည်းအားဖြင့် မြန်မာမဟုတ်သူ တိုင်းရင်းသားများရဲ့ ပုန်ကန်မှု သမိုင်းမှာ ထူးခြားချက်တစ်ခုက – ရခိုင်တွေရဲ့ ပုန်ကန်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ပထဝီအနေအထား ထူးခြားချက်ကြောင့် ဗဟိုအစိုးရဟာ ရေတပ်သင်္ဘောတွေကိုပါ ပူးတွဲ အသုံးချ နှိမ်နင်းတာ ဖြစ်ပါတယ်။

မြန်မာလွတ်လပ်ရေးရခါနီး ဗိုလိချုပ်အောင်ဆန်းဦးဆောင်တဲ့ ကြားဖြတ်အစိုးရက ဘုံဘောက်သာကျော် တပ်တွေကို နှိမ်နင်းရာမှာလည်း ရေတပ်သင်္ဘောတွေကို အသုံးချခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြေပုံမြို့နယ် မြစ်ကြောင်းကနေ အမ်းမြို့နယ်ထဲကို ရေတပ်သင်္ဘောနဲ့ ပစ်ကူဝင်သေးတယ်။

ဒါပေမဲ့ မိမိတို့ထက် အင်အားသာတဲ့ ရေတပ်ကို အင်အားနည်းနည်းနဲ့ ဘယ်လို ချေမှုန်းမလဲ ဆိုတဲ့ အတွေ့အကြုံတွေလည်း ရခိုင်တွေရဲ့သမိုင်းမှာ ရှိပါတယ်။ ဥပမာ မင်းဘာကြီးလက်ထက်မှာ ပေါ်တူဂီရေတပ်ကို ကုလားတန်မြစ်ဝမှာ ချေမှုန်းခဲ့တာမျိုး ဖြစ်ပါတယ်။

အခုတင်ပြထားတဲ့ ဗီဒီယိုကလစ်ဟာ မြန်မာရေတပ်အကြောင်းကို ရုရှားတွေက မှတ်တမ်း documentary ရိုက်ပြီး ရုရှား ဘာသာနဲ့တင်ပြထားတာ ဖြစ်ပါတယ်။ လက်နက်ရောင်းချသူက မားကတ်တင်း လုပ်တဲ့ ဗီဒီယိုလို့ ထင်ရပါတယ်။ ဆင်ဖြူရှင်လို့ အမည်ပေးထားတဲ့ မြန်မာစစ်သင်္ဘောရဲ့ အတွင်းပိုင်း အနေအထားတွေ အပါအဝင် နမူနာပစ်ခတ်မှုတွေကို ပြုလုပ်တင်ဆက်ထားတာကို တွေ့ရပါတယ်။

သူတို့ဟာက ကမ္ဘာစံချိန်နဲ့ ကြည့်ရင် ခေတ်မမီတော့ဘူး ဘာညာပဲဆိုဆို ရခိုင်လူမျိုးတွေကတော့ ကြည့်ထားသင့်တဲ့ ဗီဒီယို ကလစ် ဖြစ်ပါတယ်။

ရခိုင်စစ်ပွဲမှာ ရေတပ်သင်္ဘောတွေရဲ့ အခန်ကဏ္ဍဟာ – ရခိုင်နိုင်ငံရေးသမားတွေအပါအဝင် ရခိုင်ပြည်သူပြည်သားများအားလုံး သိထားရင် အကျိုးရှိတဲ့ အပိုင်းဖြစ်ပါတယ်။

ရခိုင်ရို့၏ ရုန်းကန်လှုပ်ရှားမှု (Arakanese Struggle) မှာ ရေတပ်သင်္ဘောတွေရဲ့ အခန်းကဏ္ဍ ဟာ အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍ (defining factor) လို့ မပြောနိုင်ရင်တောင် အရေးကြီးတဲ့ အားဖြည့်ကဏ္ဍ (contributing factor) အနေနဲ့ ရှိနိုင်ပါတယ်။ ဥပမာ – စစ်တွေမြို့ကို သင်္ဘောပေါ်ကနေ အမြောက်နဲ့ ပစ်နေတာမျိုးပေါ့။

ဘာပဲပြောပြော Arakanese Struggle လို့ နာမည်ပေးထားတဲ့ စစ်သင်္ဘော တစ်စီးစီးကို အိပ်မက် မက်ကြည့်ကြရင် မကောင်းပေဘူးလား။

ကျော်ဇောဦး
၂၀၁၉ ဇူလိုင်လ (၂၁) ရက်

==========================

[ Zawgyi Font ]

Arakanese Struggle
==========

ျမန္​မာ့ျပည္​တြင္​းစစ္​ သမိုင္​း တစ္​နည္​းအားျဖင္​့ ျမန္​မာမဟုတ္​သူ တိုင္​းရင္​းသားမ်ားရဲ႕ ပုန္​ကန္​မႈ သမိုင္​းမွာ ထူးျခားခ်က္​တစ္​ခုက – ရခိုင္​​ေတြရဲ႕ ပုန္​ကန္​မႈနဲ႔ ရင္​ဆိုင္​ရတဲ့အခါ ​ပထဝီအ​ေနအထား ထူးျခားခ်က္​​ေၾကာင္​့ ဗဟိုအစိုးရဟာ ​ေရတပ္​သ​ေဘၤာ​ေတြကိုပါ ပူးတြဲ အသံုးခ် ႏွိမ္​နင္​းတာ ျဖစ္​ပါတယ္​။

ျမန္​မာလြတ္​လပ္​​ေရးရခါနီး ဗိုလိခ်ဳပ္​​ေအာင္​ဆန္​းဦး​ေဆာင္​တဲ့ ၾကားျဖတ္​အစိုးရက ဘံု​ေဘာက္​သာ​ေက်ာ္​ တပ္​​ေတြကို ႏွိမ္​နင္​းရာမွာလည္​း ​ေရတပ္​သ​ေဘၤာ​ေတြကို အသံုးခ်ခဲ့ပါတယ္​။ ၿပီးခဲ့တဲ့ရက္​ပိုင္​းက ​ေျမပံုၿမိဳ႕နယ္​ ျမစ္​​ေၾကာင္​းက​ေန အမ္​းၿမိဳ႕နယ္​ထဲကို ​ေရတပ္​သ​ေဘၤာနဲ႔ ပစ္​ကူဝင္​​ေသးတယ္​။

ဒါ​ေပမဲ့ မိမိတို႔ထက္​ အင္​အားသာတဲ့ ​ေရတပ္​ကို အင္​အားနည္​းနည္​းနဲ႔ ဘယ္​လို ​ေခ်မႈန္​းမလဲ ဆိုတဲ့ အ​ေတြ႔အၾကံဳ​ေတြလည္​း ရခိုင္​​ေတြရဲ႕သမိုင္​းမွာ ႐ွိပါတယ္​။ ဥပမာ ​မင္​းဘာႀကီးလက္​ထက္​မွာ ​ေပၚတူဂီ​ေရတပ္​ကို ကုလားတန္​ျမစ္​ဝမွာ ​ေခ်မႈန္​းခဲ့တာမ်ိဳး ျဖစ္​ပါတယ္​။

အခုတင္​ျပထားတဲ့ ဗီဒီယိုကလစ္​ဟာ ျမန္​မာ​ေရတပ္​အ​ေၾကာင္​းကို ႐ု႐ွား​ေတြက မွတ္​တမ္​း documentary ႐ိုက္​ၿပီး ႐ု႐ွား ဘာသာနဲ႔တင္​ျပထားတာ ျဖစ္​ပါတယ္​။ လက္​နက္​​ေရာင္​းခ်သူက မားကတ္​တင္​း လုပ္​တဲ့ ဗီဒီယိုလို႔ ထင္​ရပါတယ္​။ ဆင္​ျဖဴ႐ွင္​လို႔ အမည္​​ေပးထားတဲ့ ျမန္​မာစစ္​သ​ေဘၤာရဲ႕ အတြင္​းပိုင္​း အ​ေနအထား​ေတြ အပါအဝင္​ နမူနာပစ္​ခတ္​မႈ​ေတြကို ျပဳလုပ္​တင္​ဆက္​ထားတာကို ​ေတြ႔ရပါတယ္​။

သူတို႔ဟာက ကမၻာစံခ်ိန္​နဲ႔ ၾကည္​့ရင္​ ​ေခတ္​မမီ​ေတာ့ဘူး ဘာညာပဲဆိုဆို ရခိုင္​လူမ်ိဳး​ေတြက​ေတာ့ ၾကည္​့ထားသင္​့တဲ့ ဗီဒီယို ကလစ္​ ျဖစ္​ပါတယ္​။

ရခိုင္​စစ္​ပြဲမွာ ​ေရတပ္​သ​ေဘၤ​ာ​ေတြရဲ႕ အခန္​က႑ဟာ – ရခိုင္​ႏိုင္​ငံ​ေရးသမား​ေတြအပါအဝင္​ ရခိုင္​ျပည္​သူျပည္​သားမ်ားအားလံုး သိထားရင္​ အက်ိဳး႐ွိတဲ့ အပိုင္​းျဖစ္​ပါတယ္​။

ရခိုင္​႐ို႔၏ ႐ုန္​းကန္​လႈပ္​႐ွားမႈ (Arakanese Struggle) မွာ ​ေရတပ္​သ​ေဘၤာ​ေတြရဲ႕ အခန္​းက႑ ဟာ အဆံုးအျဖတ္​​ေပးတဲ့ အခန္​းက႑ (defining factor) လို႔ မ​ေျပာႏိုင္​ရင္​​ေတာင္​ အ​ေရးႀကီးတဲ့ အားျဖည္​့က႑ (contributing factor) အ​ေနနဲ႔ ႐ွိႏိုင္​ပါတယ္​။ ဥပမာ – စစ္​​ေတြၿမိဳ႕ကို သ​ေဘၤာ​ေပၚက​ေန အ​ေျမာက္​နဲ႔ ပစ္​​ေနတာမ်ိဳး​ေပါ့။

ဘာပဲ​ေျပာ​ေျပာ Arakanese Struggle လို႔ နာမည္​​ေပးထားတဲ့ စစ္​သ​ေဘၤာ တစ္​စီးစီးကို အိပ္​မက္​ မက္​ၾကည္​့ၾကရင္​ မ​ေကာင္​း​ေပဘူးလား။

​ေက်ာ္​​ေဇာဦး
၂၀၁၉ ဇူလိုင္​လ (၂၁) ရက္

Leave a comment