​ပလက်​ဝ NLD အမတ်​ နှင့် ​အေ​အေ အကြား ဇာတ်​လမ်း
မ​နေ့က ​စောင့်​ဖတ်​​နေတဲ့ သတင်း​တွေထဲမှာ ချင်းပြည်​နယ်​ဘက်​က သတင်းတစ်​ပုဒ်​ကို ဖတ်​ရပါတယ်​။
ကျော်​​ဇောဦး
၂၀၁၉ နိုဝင်​ဘာလ (၈) ရက်
==========
​ပလက်​ဝ NLD အမတ်​ နှင့် ​အေ​အေ အကြား ဇာတ်​လမ်း
မ​နေ့က ​စောင့်ဖတ်​​နေတဲ့ သတင်း​တွေထဲမှာ ချင်းပြည်​နယ်​ဘက််​က သတင်းတစ်​ပုဒ်​ကို ဖတ်​ရပါတယ်​။
ထိန်​းသိမ်​းခံ ပလက်​ဝ NLD အမတ်​အတွက်​ ချင်​း ဘာသာ​ရေး အဖွဲ့အစည်​း​တွေက KIA ဆီ ​ပေါက်​နိုင်​မယ်​့ ခရစ်​ယန်​ သာသနာ​ရေး လမ်​း​ကြောင်​းက​နေ စာ​ရေးကြမယ်​ တဲ့၊ စာ​အ​ချော​ရေးထားပြီးပြီတဲ့။
ဟာ . . . ဒီလူ​တွေအ​ပြောင်​းအလဲမြန်​လှချည်​လား​ပေါ့​လေ၊ ကျွန်​​တော်​​တွေးမိပါတယ်​။ ဘာ​ကြောင်​့ ဒီလို​တွေးမိသလဲ ဆို​တော့ အထိန်း​သိမ်​းခံ ဦး​ဝှေးတင်​း အပါအဝင်​ ဒီလူ​တွေဟာ လွန်​ခဲ့တဲ့ သုံးနှစ်​​ကျော်​က ကျွန်​​တော်​တို့ကို ​အေ​အေလက်​က​​နေ ကယ်​ကြပါ ကယ်​ကြပါ ဆိုပြီး ဗိုလ်​ချုပ်​မှူးကြီးမင်​း​အောင်​လှိုင်​ နဲ့ ပြည်​ထဲ​ရေးဝန်​ကြီးဌာန တို့ဆီကို စာလှမ်​း​ရေးထားကြတာမို့လိုပါပဲ။ ဒီအလုပ်​​တွေကို ခမီးလူငယ်​​ခေါင်​း​ဆောင်​ ​ဝှေးတင်​း (Huay Ting – လက်​ရှိ အထိန်​းသိမ်​းခံ​နေရသူ NLD အမတ်​) ကိုယ်​တိုင်​ ဦး​ဆောင်​ပြီး လုပ်​​နေခဲ့ကြတာ ဖြစ်​ပါတယ်​။
ဒီအ​ကြောင်​းကို MID News (Media Initiatives for Democracy) သတင်​းစာမျက်​နှာမှာ ၂၀၁၆ ဇန်နဝါရီလ (၁၉) ရက်​​နေ့က ​ရေးထားတဲ့ သတင်​းတစ်​ပုဒ်​မှာ ဒီလို ​ဖော်​ပြထားပါတယ်​။ “. . . (၂၀၁၆) ဇန်နဝါရီ ၇ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြထားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရခိုင်ဝန်ကြီးချုပ်၊ ချင်းဝန်ကြီးချုပ်တို့ထံ တင်ပြထားကြောင်း ခူမီးလူငယ်များအသင်းအတွင်းရေးမှူး ဝှေ့တင်းက ပြောသည်။”
အဲသည်​တုန်​းက ခူမီးလူငယ်​အဖွဲ့တို့ စသည်​့ဖြင်​့ ပူးတွဲထုတ်​ပြန်​ကြတဲ့ ထုတ်​ပြန်​ချက်​မှာ အချက်​​လေးငါး​ခြောက်​ချက်​ပါရာမှာ အလွယ်​မှတ်​မိသ​လောက်​ – အစိုးရ နဲ့ တပ်​မ​တော်​ကို ​ကျေးဇူးတင်​တယ်​၊ NCA သ​ဘောတူညီချက်​​တွေအရ ပလက်​ဝအပါအဝင်​ ချင်​းပြည်​နယ်​မှာ အစိုးရတပ်​ နဲ့ CNF ပူးတွဲ လုံခြုံ​ရေး​ဆောင်​ရွက်​ဖို့ (ဆိုလိုတာ ​အေ​အေ ကို ပလက်​ဝမှာ မရှိ​စေဖို့)၊ ​ပလက်​ဝမြို့နယ်​အတွင်​း ​အေ​အေရဲ့ ​ပြောဆိုစည်​းရုံး​နေမှု​တွေကို ကန်​့ကွက်​တယ်​ စသည်​ဖြင်​့ ပါ,ပါတယ်​။
ဦး​ဝှေ့တင်​းဟာ ​ခူမီး နဲ့ ရခိုင်​​တွေအကြား ​သွေးခွဲတဲ့ လှုံ့​ဆော်​​ရေးသားချက်​​တွေကို ​ရေးတဲ့ ​ဖေ့ဘုတ်​ စာမျက်​နှာ အချို့မှာ admin အဖြစ်​ပါဝင်​​နေတယ်​ လို့ ကျွန်​​တော်​့ကို ​ပြော​ပြော​နေကြတာ ကြားဖူးတယ်​။ ဒါ​ပေမဲ့ ဒီအချက်​ကို သက်​​သေ သာဓက ခိုင်​လုံမှုမရှိဘူး လို့ပဲ သ​ဘောထား လိုက်​လို့ရပါတယ်​။
တကယ်​လို့များ ကချင်​ပြည်​နယ်​ထဲက မိတ်​​ဆွေများဆီကို လူကြီးမင်​းတို့တ​တွေ စာလှမ်​း​ရေးတဲ့အခါ ဖတ်​ရှုရသူ​တွေ သိချင်​စိတ်​​ပေါက်​တဲ့ ​မေးခွန်​း​လေး​တွေ ​ပေါ်​ပေါက်​လာနိုင်​တာမို့ တချို့​မေးခွန်​း​လေး​တွေကို ​ဖြေဆိုနိုင်​ဖို့ရာ စာလှမ်​း​ရေးတဲ့သူ​တွေက ကြိုတင်​ ပြင်​ဆင်​ထားသင်​့တယ်​။
(က) ရခိုင်​​တွေ​နေတဲ့ ပလက်​ဝမှာ ​အေ​အေ မ​နေရဘူး ဆိုရင်​၊ ​ကေအိုင်​​အေဟာ ကချင်​​တွေရှိ​နေတဲ့ ရှမ်​း​မြောက်​ အချို့​နေရာ​တွေမှာ မ​နေထိုက်​ဘူးလား၊
(ခ) ​အေ​အေ ဗိုလ်​မှုးကြီး​ကျော်​ဟန်​က စစ်​ဆင်​​ရေးလှုပ်​ရှားတဲ့နယ်​​မြေ​တွေမှာ တပ်​ရဲ့ လှုပ်​ရှားမှု​တွေကို ထိခိုက်​လာရင်​ ၎င်းတို့တပ်​အ​နေနဲ့ ဘယ်​အဖွဲ့ကိုမှ သည်​းခံ​နေမှာ မဟုတ်​ဘူး လို့ ​ပြောထားတာရှိတယ်​။ ဒီလို​ အ​ပြောခံရတဲ့အတွက်​ အခြားတပ်​ဖွဲ့ တစ်​ခုခုက ​အေ​အေကို တုံ့ပြန်​​ဆောင်​ရွက်​ဖို့ရန်​ အစီအစဉ်​ရှိမရှိ၊
(ဂ) ဗိုလ်​ချုပ်​မှူးကြီးမင်​း​အောင်​လှိုင်​ကို သူရဲ​ကောင်​းဘွဲ့​ပေးခဲ့သူများဟာ အခြား လက်​နက်​ကိုင်​တပ်​ အကြီးအကဲတစ်​ဦးဦးကိုလည်​းပဲ သူရဲ​ကောင်​းဘွဲ့​ပေးဖို့ အစီအစဉ်​ရှိမရှိ၊
(ဃ) ဗိုလ်​ချုပ်​မှူးကြီးမင်​း​အောင်​လှိုင်​ နဲ့ ​ကေအိုင်​​အေကို စာလှမ်​း​ရေးပြီးတဲ့​နောက်​ အခြားဘယ်​အဖွဲ့​တွေကို လှမ်​း​ရေးဦးမှာလဲ၊
(င) ပလက်​ဝမြို့နယ်​ထဲက တချို့ ဗုဒ္ဓဘာသာ ဘုရား​ကျောင်​းကန်​ အ​ဆောက်​အဦး​တွေဟာ ညဉ့်နက်​​ပိုင်​းကျရင်​ အနည်​းငယ်​စီ ညစ်​ပတ်​သွားတတ်​လို့ မနက်​ကျရင်​ ​ဆေး​ကြောပစ်​ရတာ​တွေရှိတတ်​တယ်​၊ ဒါ​တွေ မဖြစ်​​အောင်​ ဘယ်​လိုလုပ်​ရမလဲ၊
(စ) ရခိုင်​ပြည်​နယ်​ထဲမှာ ချင်​းအမျိုးသား​နေ့ကို ခြိမ်​့ခြိမ်​့သဲ ကျင်​းပရင်​ ဘာမှမဖြစ်​​ပေမယ်​့ ပလက်​ဝ ဌာ​နေ ရခိုင်​တိုင်​းရင်​းသား​တွေက ရခိုင်​ပြည်​နယ်​​နေ့ ကျင်​းပရင်​ ဝိုင်​းဝန်​းပိတ်​ပင်​တားဆီးခံရတတ်​​တော့ – ဒီလိုမျိုး မဖြစ်​ရ​အောင်​ ဘယ်​လိုလုပ်​ရမလဲ။
ဒီ​မေးခွန်​​း​တွေမှာ အ​ဖြေရှိမရှိ ကျွန်​​တော်​ ကလည်​း သိချင်​ပါတယ်​။
ချင်​းတိုင်​းရင်​းသားများအား ချစ်​ခင်​​လေးစားလျက်​ –
​ကျော်​​ဇောဦး
၂၀၁၉ နိုဝင်​ဘာလ (၈) ရက်​
==========
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s