[ Zawgyi ]
လူ႔အခြင့္အေရး ခ်ိဳးေဖာက္ရက္စက္မႈေတြကို လက္မခံဘူး၊ ဒါေပမဲ့ ဘဂၤါလီေတြကို ဘဂၤါလီလို႔ပဲ ေခၚရပါမယ္
တစ္။ ဘဂၤါလီအေရး ျပည္ေျပးလႈပ္ရွားသူေတြဟာ အခုနက နာရီပိုင္းအတြင္းမွာ ‘၀’ က ထုတ္ျပန္လိုက္တဲ့ ထုတ္ျပန္ခ်က္ကို အေသအခ်ာဖတ္ၾကည့္ၿပီး စာမွာမပါတဲ့အေၾကာင္းအရာေတြကို နဖူးေပၚလက္တင္လို႔ အေသအခ်ာစဥ္းစားၾကည့္ရင္ ကိုယ့္အေျခအေနကို ကိုယ္သေဘာေပါက္ႏိုင္တယ္။
ႏွစ္။ ရခိုင္ေဒသေရာက္ ဘဂၤါလီမ်ားအေရး (အထူးသျဖင့္ နာမည္လိမ္နဲ႔ လူမ်ိဳးသစ္ဖန္တီးမႈ) ဟာ ျမန္မာႏိုင္ငံကို အတင္းအဓမၼ လိမ္ညာ လက္ခံခိုင္းေနတဲ့ကိစၥ ျဖစ္တယ္ ဆိုတာကို ျပည္တြင္းေနမူဆလင္အခ်ိဳ႕ကလြဲၿပီး ျမန္မာတစ္ႏိုင္ငံလံုးက အုပ္စုကြဲ လူမ်ိဳးကြဲေတြက နားလည္သေဘာေပါက္ထားၾကတာ ဆန္႔က်င္ေနၾကတာ ျဖစ္ပါတယ္။
ႏွစ္။ ဘဂၤလာေဒ့ရွ္၀န္ႀကီးခ်ဳပ္ ဟာစီနာက စြန္႔ခြာဘဂၤါလီေတြနဲ႔ စကားေျပာရင္ စကားျပန္မလိုဘဲ တိုက္ရိုက္စကားေျပာႏုိင္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္က သူတို႔နဲ႔စကားေျပာတဲ့အခါ ဘာသာျပန္သူကတစ္ဆင့္ စကားေျပာတယ္။ ဘယ္ဘက္ျခမ္းက လူေတြဆိုတာ ရွင္းေနတဲ့ကိစၥျဖစ္တယ္။ တာ၀န္ရွိသူတစ္ဦးေျပာသလို ဒီအန္ေအ စစ္လိုက္ရင္ ဘဂၤါလီ ဟုတ္မဟုတ္ရွင္းေနတဲ့ကိစၥကို လူမ်ိဳးလိမ္နာမည္ကို အတင္းလက္ခံခိုင္းေနတာဟာ ရခိုင္ျပည္ နဲ႔ ျမန္မာႏိုင္ငံကို စကၠန္႔မလပ္ က်ဴးေက်ာ္ေနတာ ျဖစ္တယ္။
သံုး။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ရက္စက္မႈေတြကို လက္မခံဘူး၊ ဒါေပမဲ့ ဘဂၤါလီေတြကို ဘဂၤါလီလို႔ပဲ ေခၚရပါမယ္။ ရခိုင္ေတြကိုလည္း ရခိုင္ေတြကႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ ေမာ့ဂ္ (mog) ၊ ေမာ္ေဂးမာႏူး လို႔ ဘဂၤါလီေတြက ေခၚေနၾကတာပဲ ျဖစ္တယ္။
ေလး။ ဂမ္ဘီယာႏိုင္ငံရဲ႕ တရားစြဲလႊာနဲ႔ပတ္သက္လို႔ ဥပေဒပညာရွင္ ဆရာႀကီး ဦးေက်ာ္ေအးရဲ႕ မွတ္ခ်က္ကို ဒီေနရာမွာ ကူးယူေဖာ္ျပလိုပါတယ္။ “ျမန္မာႏုုိင္ငံအစုိးရအေနနဲ႔ ျမန္မာႏုိင္ငံမွာ “ရုိဟင္ဂ်ာ” လူမ်ဳိး ဟူ၍ မရွိေၾကာင္း ကမၻာကသိေအာင္ အႀကိမ္ႀကိမ္ေၾကညာထားၿပီးျဖစ္ပါလ်က္ ရခုိင္ဘဂၤါလီေတြကုိ “ရုိဟင္ဂ်ာ” လုိ႔ ဂမ္ဘီယာ၏တရားစြဲြလႊာမွာ ေဖာ္ျပသုံးစြဲထားျခင္းဟာ ျမန္မာႏိုင္ငံကုိ တမင္ေစာ္ကား ရန္စျခင္းျဖစ္တဲ့
အျပင္ ျမန္မာႏုိင္ငံသားေတြကုိလည္း စိိတ္နာေအာင္ တမင္လုပ္ျခင္းျဖစ္” တယ္လို႔ အေသအခ်ာေထာက္ျပဖို႔ လိုအပ္ေၾကာင္း ေျပာထားပါတယ္။
ငါး။ ေလးနက္ေအာင္ ထပ္ဆင့္စကားေျပာရင္ အဲသည္ လူမ်ိဳးလိမ္နာမည္ကို သံုးစြဲေနတာဟာ “ရခိုင္သူ ရခိုင္သားမ်ားကို တမင္ေစာ္ကား ရန္စျခင္းျဖစ္တဲ့အျပင္ ရခိုင္သူ ရခိုင္သားမ်ားကို စိိတ္နာေအာင္ တမင္လုပ္ျခင္းလည္း ျဖစ္တယ္” လို႔ အလားတူ ေျပာၾကားလိုပါတယ္။
ဦးေက်ာ္ေဇာဦး
ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္
၂၀၁၉ ႏို၀င္ဘာလ (၃၀) ရက္
==========
[ Unicode]
လူ့အခွင့်အရေး ချိုးဖောက်ရက်စက်မှုတွေကို လက်မခံဘူး၊ ဒါပေမဲ့ ဘင်္ဂါလီတွေကို ဘင်္ဂါလီလို့ပဲ ခေါ်ရပါမယ်
တစ်။ ဘင်္ဂါလီအရေး ပြည်ပြေးလှုပ်ရှားသူတွေဟာ အခုနက နာရီပိုင်းအတွင်းမှာ ‘၀’ က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ကို အသေအချာဖတ်ကြည့်ပြီး စာမှာမပါတဲ့အကြောင်းအရာတွေကို နဖူးပေါ်လက်တင်လို့ အသေအချာစဉ်းစားကြည့်ရင် ကိုယ့်အခြေအနေကို ကိုယ်သဘောပေါက်နိုင်တယ်။
နှစ်။ ရခိုင်ဒေသရောက် ဘင်္ဂါလီများအရေး (အထူးသဖြင့် နာမည်လိမ်နဲ့ လူမျိုးသစ်ဖန်တီးမှု) ဟာ မြန်မာနိုင်ငံကို အတင်းအဓမ္မ လိမ်ညာ လက်ခံခိုင်းနေတဲ့ကိစ္စ ဖြစ်တယ် ဆိုတာကို ပြည်တွင်းနေမူဆလင်အချို့ကလွဲပြီး မြန်မာတစ်နိုင်ငံလုံးက အုပ်စုကွဲ လူမျိုးကွဲတွေက နားလည်သဘောပေါက်ထားကြတာ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
နှစ်။ ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက စွန့်ခွာဘင်္ဂါလီတွေနဲ့ စကားပြောရင် စကားပြန်မလိုဘဲ တိုက်ရိုက်စကားပြောနိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့နဲ့စကားပြောတဲ့အခါ ဘာသာပြန်သူကတစ်ဆင့် စကားပြောတယ်။ ဘယ်ဘက်ခြမ်းက လူတွေဆိုတာ ရှင်းနေတဲ့ကိစ္စဖြစ်တယ်။ တာဝန်ရှိသူတစ်ဦးပြောသလို ဒီအန်အေ စစ်လိုက်ရင် ဘင်္ဂါလီ ဟုတ်မဟုတ်ရှင်းနေတဲ့ကိစ္စကို လူမျိုးလိမ်နာမည်ကို အတင်းလက်ခံခိုင်းနေတာဟာ ရခိုင်ပြည် နဲ့ မြန်မာနိုင်ငံကို စက္ကန့်မလပ် ကျူးကျော်နေတာ ဖြစ်တယ်။
သုံး။ လူ့အခွင့်အရေး ချိုးဖောက်ရက်စက်မှုတွေကို လက်မခံဘူး၊ ဒါပေမဲ့ ဘင်္ဂါလီတွေကို ဘင်္ဂါလီလို့ပဲ ခေါ်ရပါမယ်။ ရခိုင်တွေကိုလည်း ရခိုင်တွေကကြိုက်ကြိုက် မကြိုက်ကြိုက် မော့ဂ် (mog) ၊ မော်ဂေးမာနူး လို့ ဘင်္ဂါလီတွေက ခေါ်နေကြတာပဲ ဖြစ်တယ်။
လေး။ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲလွှာနဲ့ပတ်သက်လို့ ဥပဒေပညာရှင် ဆရာကြီး ဦးကျော်အေးရဲ့ မှတ်ချက်ကို ဒီနေရာမှာ ကူးယူဖော်ပြလိုပါတယ်။ “မြန်မာနုုိင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ “ရိုဟင်ဂျာ” လူမျိုး ဟူ၍ မရှိကြောင်း ကမ္ဘာကသိအောင် အကြိမ်ကြိမ်ကြေညာထားပြီးဖြစ်ပါလျက် ရခိုင်ဘင်္ဂါလီတွေကို “ရိုဟင်ဂျာ” လို့ ဂမ်ဘီယာ၏တရားစွဲွလွှာမှာ ဖော်ပြသုံးစွဲထားခြင်းဟာ မြန်မာနိုင်ငံကို တမင်စော်ကား ရန်စခြင်းဖြစ်တဲ့
အပြင် မြန်မာနိုင်ငံသားတွေကိုလည်း စိိတ်နာအောင် တမင်လုပ်ခြင်းဖြစ်” တယ်လို့ အသေအချာထောက်ပြဖို့ လိုအပ်ကြောင်း ပြောထားပါတယ်။
ငါး။ လေးနက်အောင် ထပ်ဆင့်စကားပြောရင် အဲသည် လူမျိုးလိမ်နာမည်ကို သုံးစွဲနေတာဟာ “ရခိုင်သူ ရခိုင်သားများကို တမင်စော်ကား ရန်စခြင်းဖြစ်တဲ့အပြင် ရခိုင်သူ ရခိုင်သားများကို စိိတ်နာအောင် တမင်လုပ်ခြင်းလည်း ဖြစ်တယ်” လို့ အလားတူ ပြောကြားလိုပါတယ်။
ဦးကျော်ဇောဦး
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
၂၀၁၉ နိုဝင်ဘာလ (၃၀) ရက်