ကုလားတန်၊ ဘင်္ဂလား၊ ယန်စီ နှင့် ဧရာဝတီ

[ Zawgyi font first / Unicode below ]

ကုလားတန္၊ ဘဂၤလား၊ ယန္စီ ႏွင့္ ဧရာ၀တီ

ကုလားတန္ျမစ္ နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔ ဆံုရာ စစ္ေတြၿမိဳ႕ ပြိဳင့္ကမ္းေျခမွာ ဒီဇင္ဘာလ တစ္ရက္ေန႔ မေန႔က ေလ့က်င့္ခန္းလုပ္ လမ္းေလွ်ာက္ေနၾကတဲ့ စစ္ေတြၿမိဳ႕က တရုတ္အဘိုးႀကီးေတြရဲ႕ လူမႈကြန္ရက္ေပၚက ဓါတ္ပံုေတြကိုၾကည့္ရင္ စစ္ေတြၿမိဳ႕က တရုတ္အသိုက္အ၀န္းဟာ သူတို႔ခ်စ္တဲ့ စစ္ေတြၿမိဳ႕မွာ စိတ္ပိုင္းရုပ္ပိုင္း သက္ေတာင့္သက္သာနဲ႔ တသားတည္းျဖစ္ေနၾကတယ္ ဆိုတာကို ျမင္ႏိုင္ပါတယ္။

ရခိုင္ျပည္ကေနတစ္ခါ ထြက္ခြာၿပီး ေရၾကည္ရာျမက္ႏုရာ ႏိုင္ငံတကာမွာ ေရာက္ေနၾကတဲ့ ရခိုင္ဇာတိ တရုတ္အသိုက္အ၀န္း နဲ႔ ႏိုင္ငံတကာေရာက္ ရခိုင္အသိုက္အ၀န္းတို႔ အျပန္အလွန္ ကူညီေနၾကတဲ့ သတင္းေတြၾကားရင္ ၀မ္းေျမာက္၀မ္းသာ ျဖစ္မိရပါတယ္။

ေျပာင္းေရႊ႕၀င္ေရာက္လာသူေတြက အိမ္သစ္ယာသစ္တိုင္းျပည္မွာ အသားက်သြားတဲ့ ျဖစ္စဥ္ကို ႏိုင္ငံတကာမွာ assimilation သို႔မဟုတ္ integration လို႔ ေခၚၾကတယ္။ ဒီ integration ျဖစ္စဥ္ကို အေလးအနက္ထားၿပီး အိမ္ရွင္တိုင္းျပည္ေတြက လုပ္ေပးၾကတယ္။ လုပ္ေဆာင္တတ္ၾကပါတယ္။

assimilation သို႔မဟုတ္ integration ျဖစ္စဥ္ကို ေခါင္းထဲမွာ ဘာမွလည္းမရွိ၊ ရခိုင္ေတြကို ေခါင္းမေဖာ္ႏိုင္ေရးအတြက္ mုလားနဲ႔ တစ္ဖက္လွည့္ကစားထားရမယ္ ဆိုတဲ့အယူအဆကိုပဲ ေခါင္းထဲမွာထည့္ၿပီး ဖဆပလအစိုးလက္ထက္ကေန ဦးသိန္းစိန္အစိုးရလက္ထက္အထိ ျပည္မဗဟိုအစိုးရ အဆက္ဆက္ လုပ္ေဆာင္ခဲ့ၾကတယ္။ (ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရလက္ထက္ကေတာ့ ကိုယ့္အတတ္ကိုယ္စူးတာ သိသိသာသာ ခံစားလာရတဲ့ ကာလေပါ့။ ေဒၚေအာင္ဆန္းစုၾကည္ဟာလည္း ရခိုင္ေဒသအေၾကာင္းကို နားမလည္ခဲ့ဘူး။ အခုလည္း အေရလည္ၿပီလား အေရမလည္ေသးဘူးလားဆိုတာ ကၽြန္ေတာ္လည္း အေသအခ်ာ မေျပာတတ္ေသးဘူး။)

ဖဆပလလက္ထက္ ေရြးေကာက္ပြဲတစ္ခုမွာ မဲႏိုင္ဖို႔အတြက္ ဘူးသီးေတာင္ ေမာင္ေတာ ေဒသခံအမတ္ တစ္ဦးအပါအ၀င္ ဖဆပလေခါင္းေဆာင္မ်ားဟာ ေလွအစီးေပါင္း ရာဂဏန္းေအာက္ ထိုစဥ္အေရွ႕ပါကိစၥတန္ ယေန႔ ဘဂၤလာေဒ့ရွ္ လို႔ေခၚတဲ့ ေနရာကေန နတ္ျမစ္ကိုျဖတ္ ခိုးသြင္း ေနရာခ်ထားေပးၿပီး ေလာေလာလတ္လတ္လုပ္တဲ့ ေရြးေကာက္ပြဲထဲမွာ မဲေပးေစခဲ့တယ္။ ဒီလုပ္ရပ္မွာ ဦးႏုရဲ႕ သိျခင္း မသိျခင္း ညႊန္ၾကားခ်က္ေပးျခင္း မေပးျခင္းကို အေသအခ်ာမေျပာႏိုင္ေပမယ့္ ဦးေက်ာ္ၿငိမ္းကေတာ့ အဲသည္အခ်ိန္က ရခိုင္ေဒသ ဖဆပလေခါင္းေဆာင္ေတြနဲ႔ ပိုစိပ္တဲ့ ထိေတြ႕ဆက္ဆံညႊန္ၾကားမႈေတြ ရွိေနခဲ့တာ ျဖစ္ပါတယ္။

အဲဒါနဲ႔ မနီးမေ၀းကာလမွာ mုလားေတြက ေလာေလာလတ္လတ္ တီထြင္ဖန္တီးလိုက္တဲ့ (မံု၀န္းဗမာ လိုမ်ိဳး) နာမည္တစ္ခုနဲ႔ တိုင္းရင္းသားလူမ်ိဳးတစ္မ်ိဳးအျဖစ္ ျမန္မာ့အသံကေန ကာလတိုတစ္ခု အသံလႊင့္ခြင့္ျပဳခဲ့ပါတယ္။ ဖဆပလ ကာလမွာေပါ့။ ရခိုင္ေတြကို ထိန္းဖို႔ mုလားေမြးထားရမယ္ ဆိုတဲ့ အိုင္ဒီယာလက္ေအာက္ခံ လုပ္ရပ္ျဖစ္ပါတယ္။

ဇာတ္လမ္းေတြကို အရွည္မေျပာလိုတဲ့အတြက္ အက်ဥ္းခ်ံဳးေျပာရရင္ – မည္သို႔မည္ပံုလုပ္လိုက္သည္မသိ မဆလ ေခတ္္အတြင္း ရခိုင္ျပည္ထဲက ရခိုင္-ဗမာျပည္မနယ္ျခားၿမိဳ႕သံုးၿမိဳ႕ ရခိုင္ရိုးမျဖတ္ ေတာင္ၾကားလမ္းသံုးလမ္းရွိရာ ၿမိဳ႕သံုးၿမိဳ႕ျဖစ္တဲ့ အမ္းၿမိဳ႕နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္ နဲ႔ ဂြၿမိဳ႕နယ္တို႔ဟာ mုလားကင္းစင္နယ္ေျမ ျဖစ္သြားတယ္။ အဲသလို mုလားကင္းစင္နယ္ေျမေတြ ျဖစ္သြားတဲ့အတြက္ mုလားေတြ (တစ္နည္း ဘဂၤါလီေတြဟာ) ကုန္းလမ္းျဖတ္ၿပီး ဗမာျပည္မထဲကို ၀င္လို႔မရေတာ့ဘူး။ mုလားေတြကို ရခိုင္ျပည္ထဲမွာ ပိတ္ေလွာင္ထားလိုက္တယ္။ ရခိုင္ေတြနဲ႔ကစားဖို႔ mုလားေတြကို ေမြးထားလိုက္တယ္။ လိုအပ္တဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြေရာက္လာရင္ ရခိုင္ေတြရဲ႕ ေက်းဇူးရွင္အျဖစ္ လူမ်ိဳးႀကီး၀ါဒီေတြက ၀င္ကျပလို႔ရေသးတယ္ ေပါ့ေလ။

ဒါဟာ တကယ့္လုပ္ေဆာင္သင့္တဲ့ လုပ္ရပ္ျဖစ္တဲ့ assimilation / integration ရဲ႕ ေျပာင္းျပန္ လုပ္ေဆာင္တဲ့ မူ၀ါဒအမွားျဖစ္ပါတယ္။

၁၉၈၂ ျမန္မာႏိုင္ငံသားဥပေဒဟာ ႏိုင္ငံအခ်ဳပ္အခ်ာအာဏာနဲ႔ ဆိုင္တဲ့ကိစၥျဖစ္တယ္၊ ဒီဥပေဒနဲ႔ တိတိက်က် အေရးယူေဆာင္ရြက္သင့္တယ္ လို႔ ကၽြန္ေတာ္အၿမဲတမ္း ေျပာခဲ့ပါတယ္။ တကယ္လို႔မ်ား ႏိုင္ငံသားဥပေဒနဲ႔တိုက္ဆိုင္စစ္ေဆးလို႔ ႏိုင္ငံသားျဖစ္ပိုင္ခြင့္မရႏိုင္တဲ့ ဘဂၤါလီေတြကို အစီအစဥ္တစ္ခုအေနနဲ႔ ျမန္မာႏိုင္ငံထဲမွာ ထားရမယ္လို႔ မျဖစ္မေန ျဖစ္လာတယ္ ဆိုရင္ေတာင္မွ ရခိုင္ျပည္နယ္တစ္ခုထဲမွာ မထားဘဲ တိုင္းနဲ႔ ျပည္နယ္ ဆယ့္ေလးခုမွာ အခ်ိဳးက်ျဖန္႔ေ၀ၿပီးေတာ့ ေနရာခ်ထားသင့္တယ္ ဆိုတဲ့အေၾကာင္းကို လြန္ခဲ့တဲ့ ရွစ္ႏွစ္ေလာက္ကတည္းက ကၽြန္ေတာ္ ခဏခဏေျပာပါတယ္။ မိမိပါ၀င္ေနတဲ့ ႏိုင္ငံေရးပါတီ ကေနေသာ္လည္းေကာင္း နီးစပ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တိုက္တြန္းျခင္းအားျဖင့္ ေသာ္လည္းေကာင္း၊ လူမႈအဖြဲ႕အစည္းေတြမွာ ေဆြးေႏြးျခင္းအားျဖင့္ေသာ္လည္းေကာင္း ဒီအယူအဆကို ဆက္တုိက္ ျဖန္႔ေ၀ lobby လုပ္ခဲ့ပါတယ္။

ဒါဟာ assimilation / integration လုပ္ကိုလုပ္ရမယ္ ဆိုတဲ့ အယူအဆကို အေျခခံပါတယ္။ ဘဂၤါလီမဟုတ္တဲ့ လူဦးေရ ႏွစ္သန္းမွ်သာရွိတဲ့ ရခိုင္ျပည္နယ္ဟာ ဘဂၤါလီ လူဦးေရတစ္သန္းကို ဘယ္လိုမွ assimilation / integration မလုပ္ႏိုင္ေတာ့ပါဘူး။ လူဦးေရ (၅၁) သန္းရွိတဲ့ ျမန္မာႏိုင္ငံကသာ အဲသည္လူအုပ္စုကို assimilate လုပ္ႏိုင္ပါလိမ့္မယ္။ အဲသလို assimilate လုပ္မွသာလွ်င္ ျမန္မာႏိုင္ငံကို သစၥာခံတဲ့ ျမန္မာ့စီးပြားေရးစနစ္ထဲမွာ အျခားႏိုင္ငံသားမ်ားနဲ႔အတူ ပူးေပါင္းပါ၀င္ေနတဲ့ ကုန္ထုတ္စြမ္းအားစု ျဖစ္သြားပါလိမ့္မယ္။ အဲသလို assimilate မလုပ္ႏိုင္ရင္ အဲသည္အုပ္စုဟာ သီးျခားအုပ္စုတစ္ခုအျဖစ္ ပံုသ႑ာန္အေနနဲ႔ အားေကာင္းသထက္ အားေကာင္းလာၿပီး ျမန္မာႏိုင္ငံကို ထိုးမယ့္ ဓါးတစ္ေခ်ာင္း ျဖစ္လာပါလိမ့္မယ္။ အခုေတာင္မွ ဓါးခုတ္ခ်က္ေတြ ခ်က္ေကာင္းကိုထိလြန္းလို႔ ေသြးစိမ္းရွင္ရွင္ပန္းေနပါၿပီ။

လြန္ခဲ့တဲ့ ရွစ္ႏွစ္ေလာက္က ရွမ္းႏိုင္ငံေရးသမားလိုလို ပုဂၢိဳလ္တစ္ဦးနဲ႔ အလုပ္သေဘာမပါတဲ့ ဆံုေတြ႕မႈတစ္ခုမွာ ေအးေအးသက္သာ ဆံုမိပါတယ္။ ကၽြန္ေတာ္က ရခိုင္ကပါ လို႔ေျပာေတာ့ ေၾသာ္ ဟုတ္လား ဆိုၿပီး ခဏေနေတာ့ သူက ေျပာပါတယ္။ ခင္ဗ်ားတို႔ ရခိုင္ေတြ mုလားေတြကို ေတာ္ေတာ္မုန္းတာပဲေနာ္ လို႔ သူကေျပာပါတယ္။ ကၽြန္ေတာ္က မမုန္းပါဘူး လို႔ ခ်က္ခ်င္းပဲ ခပ္ေအးေအး ျပန္ေျပာပါတယ္။ သူက အံ့ၾသသြားပံုၿပီး ကၽြန္ေတာ့္မ်က္ႏွာကို ေစ့ေစ့စပ္စပ္ ၾကည့္ပါတယ္။ ေနာက္ေတာ့ ဟိုအေၾကာင္းသည္အေၾကာင္း ေလွ်ာက္ေျပာေနၾကတာေပါ့။ မၾကာမီပဲ စကားအစပ္ တစ္ခုမွာ ကၽြန္ေတာ္ကေျပာပါတယ္။ ကၽြန္ေတာ္တို႔ စစ္ေတြၿမိဳ႕နားမွာ သက္ကယ္ျပင္ဆိုတဲ့ mုလားရြာႀကီး တစ္ရြာရွိတယ္၊ အဲသည္ရြာက mုလားေတြ ဗမာျပည္ဂိတ္ေတြကို ရတဲ့နည္းနဲ႔ေက်ာ္လာၿပီး ခင္ဗ်ားတို႔ ရွမ္းျပည္နယ္ နယ္စပ္မွာဗ် ရြာေတြ ႀကီးႀကီးမားမားတည္ၿပီး ေနၾကတာကို ကၽြန္ေတာ္ေတြ႕ခဲ့တယ္ ရြာနာမည္ကိုေတာင္ သက္ကယ္ျပင္ လို႔ နာမည္ေပးထားၾကသဗ် ဆိုေတာ့ သူအံ့ၾသသြားပါတယ္။ သူ႔မ်က္လံုးေတြ အနည္းငယ္ လင္းလက္သြားပါတယ္။ အနည္းငယ္ေလာက္ေတာ့ သူ႔စိတ္ထဲမွာ ရႈးရႈးွရွားရွား ျဖစ္သြားခဲ့လိမ့္မယ္ လို႔ ထင္ပါတယ္။ ခဏေလးအတြင္းမွာ mုလားမုန္းသူဟာ ဘယ္သူလဲ ဆိုတာ အေျဖေပၚသြားခဲ့တယ္ လို႔ထင္ပါတယ္။

ကၽြန္ေတာ္တို႔ကိုလည္း ရခိုင္ေတြဟာ mုလားမုန္းတယ္ေနာ္ လို႔ ခဏခဏ မေျမွာက္ေပးၾကပါနဲ႔ လို႔ လူမ်ိဳးႀကီး၀ါဒီေတြကို ကၽြန္ေတာ္ေမတၱာရပ္ခံခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ကိုယ့္အႏၱရာယ္ကို ကိုယ္သိၿပီး အေျခအေနနဲ႔ အက်ိဳးနဲ႔ အေၾကာင္းနဲ႔ စဥ္းစားတတ္ၾကသူေတြသာျဖစ္ၾကပါတယ္။

ေနာက္ၿပီးေတာ့ ရခိုင္ေတြကို ေက်းဇူးကန္သူေတြလို႔ မေျပာၾကပါနဲ႔။ မိုဟက္မက္ကို ဆက္ခံသူမ်ားရဲ႕ အစၥလမ္မစ္ ဆူလတန္နိတ္ဟာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ျပန္႔ကားလို႔ အိႏိၵယကိုေရာက္တဲ့အခါ ျဖစ္ထြန္းလာတဲ့ မဂိုအင္ပါယာဟာ အေရွ႕ဘက္ကို တစ္ျဖည္းျဖည္းေရွ႕တိုးလာရာကေန ရခိုင္ႏိုင္ငံနဲ႔ေတြ႕မွ ရပ္သြားတယ္ဆိုတာကို သတိတရနဲ႔ ျပန္ေက်းဇူးတင္သင့္ပါတယ္။ အခုလည္း အဲသည္ အစၥလမ္မစ္ ဆူလတန္နိတ္ဟာ OIC ဆိုတဲ့ ပုံသ႑ာန္ကိုယူၿပီး သည္ရခုိင္နယ္စပ္ကေန ႀကီးက်ယ္လွတဲ့စစ္ဆင္ေရးလုပ္ေနတာကို နည္းမွန္လမ္းမွန္ မခုခံဘဲ ရခိုင္ဆိုတဲ့ လူေသးေသးေလးကို ခ်ီမေပးၿပီး ေရာ့ ထိုး ထိုး နင္တို႔ဓါးနဲ႔ ရခိုင္၀မ္းဗိုက္ကိုထိုး ငါတို႔ကိုေတာ့ မထိုးနဲ႔ ဆိုၿပီးလုပ္ေနတာကို ရပ္သင့္ပါၿပီ။

ဒီစကားကို ခုေနခ်ိန္မွာ ကၽြန္ေတာ္ အေလးအနက္ေျပာပါတယ္။ အလြန္လိမၼာပါးနပ္တယ္လို႔ ကိုယ့္ကိုယ္ကိုထင္ၾကတဲ့ ရခိုင္ေတြကို အၿမဲတမ္းပဲ ခ်ာတိတ္ေတြပါကြာလို႔ ျပည္မႏိုင္ငံေရးသံုးသပ္သူ ျပည္မ ႏိုင္ငံေရးသမားအခ်ိဳ႕ဟာ အခုထက္ထိ အေျခအေနမွန္ကို မျမင္ႏိုင္ၾကေသးပါဘူး။ ဒီဘဂၤါလီျပႆနာဟာ ေဒၚစုကို တိုက္ခိုက္ဖို႔အတြက္ အရင္လူေတြ (immediate predecessor) က အကြက္ဆင္ၿပီး ခ်န္ထားခဲ့တဲ့ ျပႆနာလိုလို၊ ေဒါက္တာေအးေမာင္ကို ဖမ္းတဲ့အတြက္ ရခိုင္ႏိုင္ငံေရးသမားေတြဘက္က သေဘာထားေသးသိမ္ၿပီး ဘဂၤါလီဘက္ကို ပင္းသလိုလို ေျပာေနၾကတာကို ေတြ႕ေနတယ္။ ဒီကေန႕ထက္ထိ အစာအိမ္ေရာဂါျဖစ္ေနမွန္းမသိ၊ ဗိုက္ေအာင့္တယ္ ဆိုတဲ့ အေပၚယံလကၡဏာကို ေျပာျပမိရင္ ေရာ့ ဗို္က္ေပၚ ပရုတ္ဆီလိမ္း ဆိုတဲ့လူေတြဟာ ဒီႏိုင္ငံကို ဦးေဆာင္ဖို႔ေကာ သင့္ေတာ္ပါရဲ႕လား။ ဒီလူေတြရဲ႕ ဦးေဆာင္မႈေအာက္မွာေကာ ကၽြန္ေတာ္တို႔ ရွိေနသင့္ပါသလား။

ရခိုင္ေတြကို နားလည္ခ်င္ရင္ ဒီကေန႔ ရခိုင္ျပည္နယ္ အစိုးရရံုး၀င္းမွာ စိုက္ထူထားတဲ့ မင္းဘာႀကီးရုပ္ထု ေရွ႕မွာ အေသအခ်ာ ရပ္ၿပီး စဥ္းစားၾကပါ။ မင္းဘာႀကီးဟာ အေနာက္ဘက္မွာ မိမိတို႔ထက္ အင္အားႀကီးတဲ့ မဂိုအင္ပါယာ၊ ပင္လယ္ျပင္ကေန ၀င္တိုက္တဲ့ ေပၚတူဂီေရတပ္၊ အေရွ႕ဘက္က ျမန္မာပေဒသရာဇ္ ႏိုင္ငံတို႔ သံုးဘက္သံုးတန္ၾကားမွာ အသိမ္းပိုက္မခံဘဲ အဆိပ္ျပင္းတဲ့ႏိုင္ငံငယ္ အျဖစ္နဲ႔ တည္ရွိႏိုင္ေအာင္ ဦးေဆာင္ခဲ့တယ္။ ရွမ္းတို႔ မြန္တို႔နဲ႔မတူ ရခိုင္ေတြဟာ mုလားဖိအား၊ ဗမာဖိအား နဲ႔ ႏိုင္ငံတကာဖိအားကို ႏွစ္ရာေပါင္းမ်ားစြာ ခံၿပီး ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားၾကသူမ်ား ျဖစ္ပါတယ္။ ဒီကေန႔လည္း ဒီသံုးခုၾကားမွာ ကၽြန္ေတာ္တို႔ရဲ႕ ေသေရးရွင္ေရးကိစၥေတြ အဆံုးျဖတ္ခံေနၾကရတာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး သူမ်ားက၀င္ ဆံုးျဖတ္တာ နည္းႏိုင္သမွ်နည္းၿပီး ကိုယ့္ကိုယ္ကို ဆံုးျဖတ္ႏိုင္တာ မ်ားႏိုင္သမွ်မ်ားေအာင္ တေရြ႕ေရြ႕နဲ႔ လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

ရခိုင္ေတြကို ေက်းဇူးကန္းသူေတြလို႔ မေျပာၾကပါနဲ႔။ ရခိုင္ေတြဆီက သဘာသယံဇာတေတြ ေအာတိုက္ယူထားသမွ် တျပားမွ ျပန္အက်ိဳးခံစားခြင့္မေပးဘဲ ထားတဲ့အထဲက ငါတို႔ကဘာေတြ အက်ိဳးခံစားခြင့္ရေနသလဲ ဆိုတာကို အေသအခ်ာ ျပန္စဥ္းစားပါ။

ရခိုင္ေတြကို ေက်းဇူးကန္းသူေတြလို႔ မေျပာၾကပါနဲ႔။ ျမန္မာစာေပမွာ အေစာဆံုးရတုဟာ ရခိုင္ေတြ ေရးခဲ့တဲ့ သိန္ကန္မိန္တြင္ ရတု၊ အေစာဆံုး ပ်ိဳ႕ကဗ်ာဟာ ရခိုင္ေတြ ေရးခဲ့တဲ့ ေလာကသာရပ်ိဳ႕၊ အေစာဆံုးဧခ်င္းဟာ ရခိုင္ေတြ ေရးခဲ့တဲ့ ရခိုင္မင္းသမီးဧခ်င္း ဆိုတာ မကြယ္မ၀ွက္ သိထားေစဖို႔ လိုပါတယ္။

ကၽြန္ေတာ့္ကိုလည္း တေဇာက္ကန္းလို႔ မေျပာၾကပါနဲ႔။ Politics is the art of the possible. ဆိုတာနဲ႔ Politic is the art of the impossible. ဆိုတဲ့ စကားႏွစ္ရပ္စလံုးကို ကၽြန္ေတာ္ အေသအခ်ာ သံုးသပ္ပါတယ္။

ကၽြန္ေတာ့္ရဲ႕ လက္ရွိႏိုင္ငံေရး ဦးတည္ရာက ဘာလဲလို႔ ေမးရင္ေတာ့ တစ္ခုေသာ (၂၁) ရာစုပင္လံု အစည္းအေ၀းမွာ ရခိုင္အမ်ိဳးသားပါတီ ကိုယ္စား ေဒါက္တာေအးေမာင္ ဖတ္ၾကားတင္သြင္းတဲ့ စာတမ္းကို လက္ညိႈးထိုးျပရမွာ ျဖစ္ပါတယ္။ အဲသည္စာတမ္းေနာက္ဆံုး အေခ်ာသပ္ကို ကၽြန္ေတာ္နဲ႔ ေဒါက္တာေအးေမာင္ အႏုလံု ပဋိလံု ဆင္ျခင္ခဲ့ၾကၿပီး စာအေခ်ာကို ကၽြန္ေတာ့္ ကြန္ပ်ဴတာကပဲ ပရင့္ထုတ္ၿပီး ေနျပည္ေတာ္အသြား ထည့္ေပးလိုက္တာျဖစ္ပါတယ္။

အဲသည္စာတမ္းထက္ ပိုေျပာမိရင္ ေဒါက္တာေအးေမာင္ကဲ့သို႔ ေထာင္ထဲထည့္တာကို ခံရႏိုင္တယ္ ဆိုတာကိုလည္း သိပါတယ္။

ေက်ာ္ေဇာဦး
၂၀၁၉ ဒီဇင္ဘာလ (၂) ရက္

==========

[ Unicode ]

ကုလားတန်၊ ဘင်္ဂလား၊ ယန်စီ နှင့် ဧရာဝတီ

ကုလားတန်မြစ် နဲ့ ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ ဒီဇင်ဘာလ တစ်ရက်နေ့ မနေ့က လေ့ကျင့်ခန်းလုပ် လမ်းလျှောက်နေကြတဲ့ စစ်တွေမြို့က တရုတ်အဘိုးကြီးတွေရဲ့ လူမှုကွန်ရက်ပေါ်က ဓါတ်ပုံတွေကိုကြည့်ရင် စစ်တွေမြို့က တရုတ်အသိုက်အဝန်းဟာ သူတို့ချစ်တဲ့ စစ်တွေမြို့မှာ စိတ်ပိုင်းရုပ်ပိုင်း သက်တောင့်သက်သာနဲ့ တသားတည်းဖြစ်နေကြတယ် ဆိုတာကို မြင်နိုင်ပါတယ်။

ရခိုင်ပြည်ကနေတစ်ခါ ထွက်ခွာပြီး ရေကြည်ရာမြက်နုရာ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရခိုင်ဇာတိ တရုတ်အသိုက်အဝန်း နဲ့ နိုင်ငံတကာရောက် ရခိုင်အသိုက်အဝန်းတို့ အပြန်အလှန် ကူညီနေကြတဲ့ သတင်းတွေကြားရင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိရပါတယ်။

ပြောင်းရွှေ့ဝင်ရောက်လာသူတွေက အိမ်သစ်ယာသစ်တိုင်းပြည်မှာ အသားကျသွားတဲ့ ဖြစ်စဉ်ကို နိုင်ငံတကာမှာ assimilation သို့မဟုတ် integration လို့ ခေါ်ကြတယ်။ ဒီ integration ဖြစ်စဉ်ကို အလေးအနက်ထားပြီး အိမ်ရှင်တိုင်းပြည်တွေက လုပ်ပေးကြတယ်။ လုပ်ဆောင်တတ်ကြပါတယ်။

assimilation သို့မဟုတ် integration ဖြစ်စဉ်ကို ခေါင်းထဲမှာ ဘာမှလည်းမရှိ၊ ရခိုင်တွေကို ခေါင်းမဖော်နိုင်ရေးအတွက် mုလားနဲ့ တစ်ဖက်လှည့်ကစားထားရမယ် ဆိုတဲ့အယူအဆကိုပဲ ခေါင်းထဲမှာထည့်ပြီး ဖဆပလအစိုးလက်ထက်ကနေ ဦးသိန်းစိန်အစိုးရလက်ထက်အထိ ပြည်မဗဟိုအစိုးရ အဆက်ဆက် လုပ်ဆောင်ခဲ့ကြတယ်။ (ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်ကတော့ ကိုယ့်အတတ်ကိုယ်စူးတာ သိသိသာသာ ခံစားလာရတဲ့ ကာလပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ရခိုင်ဒေသအကြောင်းကို နားမလည်ခဲ့ဘူး။ အခုလည်း အရေလည်ပြီလား အရေမလည်သေးဘူးလားဆိုတာ ကျွန်တော်လည်း အသေအချာ မပြောတတ်သေးဘူး။)

ဖဆပလလက်ထက် ရွေးကောက်ပွဲတစ်ခုမှာ မဲနိုင်ဖို့အတွက် ဘူးသီးတောင် မောင်တော ဒေသခံအမတ် တစ်ဦးအပါအဝင် ဖဆပလခေါင်းဆောင်များဟာ လှေအစီးပေါင်း ရာဂဏန်းအောက် ထိုစဉ်အရှေ့ပါကိစ္စတန် ယနေ့ ဘင်္ဂလာဒေ့ရှ် လို့ခေါ်တဲ့ နေရာကနေ နတ်မြစ်ကိုဖြတ် ခိုးသွင်း နေရာချထားပေးပြီး လောလောလတ်လတ်လုပ်တဲ့ ရွေးကောက်ပွဲထဲမှာ မဲပေးစေခဲ့တယ်။ ဒီလုပ်ရပ်မှာ ဦးနုရဲ့ သိခြင်း မသိခြင်း ညွှန်ကြားချက်ပေးခြင်း မပေးခြင်းကို အသေအချာမပြောနိုင်ပေမယ့် ဦးကျော်ငြိမ်းကတော့ အဲသည်အချိန်က ရခိုင်ဒေသ ဖဆပလခေါင်းဆောင်တွေနဲ့ ပိုစိပ်တဲ့ ထိတွေ့ဆက်ဆံညွှန်ကြားမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဲဒါနဲ့ မနီးမဝေးကာလမှာ mုလားတွေက လောလောလတ်လတ် တီထွင်ဖန်တီးလိုက်တဲ့ (မုံဝန်းဗမာ လိုမျိုး) နာမည်တစ်ခုနဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် မြန်မာ့အသံကနေ ကာလတိုတစ်ခု အသံလွှင့်ခွင့်ပြုခဲ့ပါတယ်။ ဖဆပလ ကာလမှာပေါ့။ ရခိုင်တွေကို ထိန်းဖို့ mုလားမွေးထားရမယ် ဆိုတဲ့ အိုင်ဒီယာလက်အောက်ခံ လုပ်ရပ်ဖြစ်ပါတယ်။

ဇာတ်လမ်းတွေကို အရှည်မပြောလိုတဲ့အတွက် အကျဉ်းချုံးပြောရရင် – မည်သို့မည်ပုံလုပ်လိုက်သည်မသိ မဆလ ခေတ််အတွင်း ရခိုင်ပြည်ထဲက ရခိုင်-ဗမာပြည်မနယ်ခြားမြို့သုံးမြို့ ရခိုင်ရိုးမဖြတ် တောင်ကြားလမ်းသုံးလမ်းရှိရာ မြို့သုံးမြို့ဖြစ်တဲ့ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ် နဲ့ ဂွမြို့နယ်တို့ဟာ mုလားကင်းစင်နယ်မြေ ဖြစ်သွားတယ်။ အဲသလို mုလားကင်းစင်နယ်မြေတွေ ဖြစ်သွားတဲ့အတွက် mုလားတွေ (တစ်နည်း ဘင်္ဂါလီတွေဟာ) ကုန်းလမ်းဖြတ်ပြီး ဗမာပြည်မထဲကို ဝင်လို့မရတော့ဘူး။ mုလားတွေကို ရခိုင်ပြည်ထဲမှာ ပိတ်လှောင်ထားလိုက်တယ်။ ရခိုင်တွေနဲ့ကစားဖို့ mုလားတွေကို မွေးထားလိုက်တယ်။ လိုအပ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေရောက်လာရင် ရခိုင်တွေရဲ့ ကျေးဇူးရှင်အဖြစ် လူမျိုးကြီးဝါဒီတွေက ဝင်ကပြလို့ရသေးတယ် ပေါ့လေ။

ဒါဟာ တကယ့်လုပ်ဆောင်သင့်တဲ့ လုပ်ရပ်ဖြစ်တဲ့ assimilation / integration ရဲ့ ပြောင်းပြန် လုပ်ဆောင်တဲ့ မူဝါဒအမှားဖြစ်ပါတယ်။

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဟာ နိုင်ငံအချုပ်အချာအာဏာနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်၊ ဒီဥပဒေနဲ့ တိတိကျကျ အရေးယူဆောင်ရွက်သင့်တယ် လို့ ကျွန်တော်အမြဲတမ်း ပြောခဲ့ပါတယ်။ တကယ်လို့များ နိုင်ငံသားဥပဒေနဲ့တိုက်ဆိုင်စစ်ဆေးလို့ နိုင်ငံသားဖြစ်ပိုင်ခွင့်မရနိုင်တဲ့ ဘင်္ဂါလီတွေကို အစီအစဉ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံထဲမှာ ထားရမယ်လို့ မဖြစ်မနေ ဖြစ်လာတယ် ဆိုရင်တောင်မှ ရခိုင်ပြည်နယ်တစ်ခုထဲမှာ မထားဘဲ တိုင်းနဲ့ ပြည်နယ် ဆယ့်လေးခုမှာ အချိုးကျဖြန့်ဝေပြီးတော့ နေရာချထားသင့်တယ် ဆိုတဲ့အကြောင်းကို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက ကျွန်တော် ခဏခဏပြောပါတယ်။ မိမိပါဝင်နေတဲ့ နိုင်ငံရေးပါတီ ကနေသော်လည်းကောင်း နီးစပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းခြင်းအားဖြင့် သော်လည်းကောင်း၊ လူမှုအဖွဲ့အစည်းတွေမှာ ဆွေးနွေးခြင်းအားဖြင့်သော်လည်းကောင်း ဒီအယူအဆကို ဆက်တိုက် ဖြန့်ဝေ lobby လုပ်ခဲ့ပါတယ်။

ဒါဟာ assimilation / integration လုပ်ကိုလုပ်ရမယ် ဆိုတဲ့ အယူအဆကို အခြေခံပါတယ်။ ဘင်္ဂါလီမဟုတ်တဲ့ လူဦးရေ နှစ်သန်းမျှသာရှိတဲ့ ရခိုင်ပြည်နယ်ဟာ ဘင်္ဂါလီ လူဦးရေတစ်သန်းကို ဘယ်လိုမှ assimilation / integration မလုပ်နိုင်တော့ပါဘူး။ လူဦးရေ (၅၁) သန်းရှိတဲ့ မြန်မာနိုင်ငံကသာ အဲသည်လူအုပ်စုကို assimilate လုပ်နိုင်ပါလိမ့်မယ်။ အဲသလို assimilate လုပ်မှသာလျှင် မြန်မာနိုင်ငံကို သစ္စာခံတဲ့ မြန်မာ့စီးပွားရေးစနစ်ထဲမှာ အခြားနိုင်ငံသားများနဲ့အတူ ပူးပေါင်းပါဝင်နေတဲ့ ကုန်ထုတ်စွမ်းအားစု ဖြစ်သွားပါလိမ့်မယ်။ အဲသလို assimilate မလုပ်နိုင်ရင် အဲသည်အုပ်စုဟာ သီးခြားအုပ်စုတစ်ခုအဖြစ် ပုံသဏ္ဍာန်အနေနဲ့ အားကောင်းသထက် အားကောင်းလာပြီး မြန်မာနိုင်ငံကို ထိုးမယ့် ဓါးတစ်ချောင်း ဖြစ်လာပါလိမ့်မယ်။ အခုတောင်မှ ဓါးခုတ်ချက်တွေ ချက်ကောင်းကိုထိလွန်းလို့ သွေးစိမ်းရှင်ရှင်ပန်းနေပါပြီ။

လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ရှမ်းနိုင်ငံရေးသမားလိုလို ပုဂ္ဂိုလ်တစ်ဦးနဲ့ အလုပ်သဘောမပါတဲ့ ဆုံတွေ့မှုတစ်ခုမှာ အေးအေးသက်သာ ဆုံမိပါတယ်။ ကျွန်တော်က ရခိုင်ကပါ လို့ပြောတော့ သြော် ဟုတ်လား ဆိုပြီး ခဏနေတော့ သူက ပြောပါတယ်။ ခင်ဗျားတို့ ရခိုင်တွေ mုလားတွေကို တော်တော်မုန်းတာပဲနော် လို့ သူကပြောပါတယ်။ ကျွန်တော်က မမုန်းပါဘူး လို့ ချက်ချင်းပဲ ခပ်အေးအေး ပြန်ပြောပါတယ်။ သူက အံ့သြသွားပုံပြီး ကျွန်တော့်မျက်နှာကို စေ့စေ့စပ်စပ် ကြည့်ပါတယ်။ နောက်တော့ ဟိုအကြောင်းသည်အကြောင်း လျှောက်ပြောနေကြတာပေါ့။ မကြာမီပဲ စကားအစပ် တစ်ခုမှာ ကျွန်တော်ကပြောပါတယ်။ ကျွန်တော်တို့ စစ်တွေမြို့နားမှာ သက်ကယ်ပြင်ဆိုတဲ့ mုလားရွာကြီး တစ်ရွာရှိတယ်၊ အဲသည်ရွာက mုလားတွေ ဗမာပြည်ဂိတ်တွေကို ရတဲ့နည်းနဲ့ကျော်လာပြီး ခင်ဗျားတို့ ရှမ်းပြည်နယ် နယ်စပ်မှာဗျ ရွာတွေ ကြီးကြီးမားမားတည်ပြီး နေကြတာကို ကျွန်တော်တွေ့ခဲ့တယ် ရွာနာမည်ကိုတောင် သက်ကယ်ပြင် လို့ နာမည်ပေးထားကြသဗျ ဆိုတော့ သူအံ့သြသွားပါတယ်။ သူ့မျက်လုံးတွေ အနည်းငယ် လင်းလက်သွားပါတယ်။ အနည်းငယ်လောက်တော့ သူ့စိတ်ထဲမှာ ရှုးရှုးှရှားရှား ဖြစ်သွားခဲ့လိမ့်မယ် လို့ ထင်ပါတယ်။ ခဏလေးအတွင်းမှာ mုလားမုန်းသူဟာ ဘယ်သူလဲ ဆိုတာ အဖြေပေါ်သွားခဲ့တယ် လို့ထင်ပါတယ်။

ကျွန်တော်တို့ကိုလည်း ရခိုင်တွေဟာ mုလားမုန်းတယ်နော် လို့ ခဏခဏ မမြှောက်ပေးကြပါနဲ့ လို့ လူမျိုးကြီးဝါဒီတွေကို ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အန္တရာယ်ကို ကိုယ်သိပြီး အခြေအနေနဲ့ အကျိုးနဲ့ အကြောင်းနဲ့ စဉ်းစားတတ်ကြသူတွေသာဖြစ်ကြပါတယ်။

နောက်ပြီးတော့ ရခိုင်တွေကို ကျေးဇူးကန်သူတွေလို့ မပြောကြပါနဲ့။ မိုဟက်မက်ကို ဆက်ခံသူများရဲ့ အစ္စလမ်မစ် ဆူလတန်နိတ်ဟာ ပုံစံအမျိုးမျိုးနဲ့ ပြန့်ကားလို့ အိန္ဒိယကိုရောက်တဲ့အခါ ဖြစ်ထွန်းလာတဲ့ မဂိုအင်ပါယာဟာ အရှေ့ဘက်ကို တစ်ဖြည်းဖြည်းရှေ့တိုးလာရာကနေ ရခိုင်နိုင်ငံနဲ့တွေ့မှ ရပ်သွားတယ်ဆိုတာကို သတိတရနဲ့ ပြန်ကျေးဇူးတင်သင့်ပါတယ်။ အခုလည်း အဲသည် အစ္စလမ်မစ် ဆူလတန်နိတ်ဟာ OIC ဆိုတဲ့ ပုံသဏ္ဍာန်ကိုယူပြီး သည်ရခိုင်နယ်စပ်ကနေ ကြီးကျယ်လှတဲ့စစ်ဆင်ရေးလုပ်နေတာကို နည်းမှန်လမ်းမှန် မခုခံဘဲ ရခိုင်ဆိုတဲ့ လူသေးသေးလေးကို ချီမပေးပြီး ရော့ ထိုး ထိုး နင်တို့ဓါးနဲ့ ရခိုင်ဝမ်းဗိုက်ကိုထိုး ငါတို့ကိုတော့ မထိုးနဲ့ ဆိုပြီးလုပ်နေတာကို ရပ်သင့်ပါပြီ။

ဒီစကားကို ခုနေချိန်မှာ ကျွန်တော် အလေးအနက်ပြောပါတယ်။ အလွန်လိမ္မာပါးနပ်တယ်လို့ ကိုယ့်ကိုယ်ကိုထင်ကြတဲ့ ရခိုင်တွေကို အမြဲတမ်းပဲ ချာတိတ်တွေပါကွာလို့ ပြည်မနိုင်ငံရေးသုံးသပ်သူ ပြည်မ နိုင်ငံရေးသမားအချို့ဟာ အခုထက်ထိ အခြေအနေမှန်ကို မမြင်နိုင်ကြသေးပါဘူး။ ဒီဘင်္ဂါလီပြဿနာဟာ ဒေါ်စုကို တိုက်ခိုက်ဖို့အတွက် အရင်လူတွေ (immediate predecessor) က အကွက်ဆင်ပြီး ချန်ထားခဲ့တဲ့ ပြဿနာလိုလို၊ ဒေါက်တာအေးမောင်ကို ဖမ်းတဲ့အတွက် ရခိုင်နိုင်ငံရေးသမားတွေဘက်က သဘောထားသေးသိမ်ပြီး ဘင်္ဂါလီဘက်ကို ပင်းသလိုလို ပြောနေကြတာကို တွေ့နေတယ်။ ဒီကနေ့ထက်ထိ အစာအိမ်ရောဂါဖြစ်နေမှန်းမသိ၊ ဗိုက်အောင့်တယ် ဆိုတဲ့ အပေါ်ယံလက္ခဏာကို ပြောပြမိရင် ရော့ ဗို်က်ပေါ် ပရုတ်ဆီလိမ်း ဆိုတဲ့လူတွေဟာ ဒီနိုင်ငံကို ဦးဆောင်ဖို့ကော သင့်တော်ပါရဲ့လား။ ဒီလူတွေရဲ့ ဦးဆောင်မှုအောက်မှာကော ကျွန်တော်တို့ ရှိနေသင့်ပါသလား။

ရခိုင်တွေကို နားလည်ချင်ရင် ဒီကနေ့ ရခိုင်ပြည်နယ် အစိုးရရုံးဝင်းမှာ စိုက်ထူထားတဲ့ မင်းဘာကြီးရုပ်ထု ရှေ့မှာ အသေအချာ ရပ်ပြီး စဉ်းစားကြပါ။ မင်းဘာကြီးဟာ အနောက်ဘက်မှာ မိမိတို့ထက် အင်အားကြီးတဲ့ မဂိုအင်ပါယာ၊ ပင်လယ်ပြင်ကနေ ဝင်တိုက်တဲ့ ပေါ်တူဂီရေတပ်၊ အရှေ့ဘက်က မြန်မာပဒေသရာဇ် နိုင်ငံတို့ သုံးဘက်သုံးတန်ကြားမှာ အသိမ်းပိုက်မခံဘဲ အဆိပ်ပြင်းတဲ့နိုင်ငံငယ် အဖြစ်နဲ့ တည်ရှိနိုင်အောင် ဦးဆောင်ခဲ့တယ်။ ရှမ်းတို့ မွန်တို့နဲ့မတူ ရခိုင်တွေဟာ mုလားဖိအား၊ ဗမာဖိအား နဲ့ နိုင်ငံတကာဖိအားကို နှစ်ရာပေါင်းများစွာ ခံပြီး ရပ်တည်နိုင်အောင် ကြိုးစားကြသူများ ဖြစ်ပါတယ်။ ဒီကနေ့လည်း ဒီသုံးခုကြားမှာ ကျွန်တော်တို့ရဲ့ သေရေးရှင်ရေးကိစ္စတွေ အဆုံးဖြတ်ခံနေကြရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး သူများကဝင် ဆုံးဖြတ်တာ နည်းနိုင်သမျှနည်းပြီး ကိုယ့်ကိုယ်ကို ဆုံးဖြတ်နိုင်တာ များနိုင်သမျှများအောင် တရွေ့ရွေ့နဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ရခိုင်တွေကို ကျေးဇူးကန်းသူတွေလို့ မပြောကြပါနဲ့။ ရခိုင်တွေဆီက သဘာသယံဇာတတွေ အောတိုက်ယူထားသမျှ တပြားမှ ပြန်အကျိုးခံစားခွင့်မပေးဘဲ ထားတဲ့အထဲက ငါတို့ကဘာတွေ အကျိုးခံစားခွင့်ရနေသလဲ ဆိုတာကို အသေအချာ ပြန်စဉ်းစားပါ။

ရခိုင်တွေကို ကျေးဇူးကန်းသူတွေလို့ မပြောကြပါနဲ့။ မြန်မာစာပေမှာ အစောဆုံးရတုဟာ ရခိုင်တွေ ရေးခဲ့တဲ့ သိန်ကန်မိန်တွင် ရတု၊ အစောဆုံး ပျို့ကဗျာဟာ ရခိုင်တွေ ရေးခဲ့တဲ့ လောကသာရပျို့၊ အစောဆုံးဧချင်းဟာ ရခိုင်တွေ ရေးခဲ့တဲ့ ရခိုင်မင်းသမီးဧချင်း ဆိုတာ မကွယ်မဝှက် သိထားစေဖို့ လိုပါတယ်။

ကျွန်တော့်ကိုလည်း တဇောက်ကန်းလို့ မပြောကြပါနဲ့။ Politics is the art of the possible. ဆိုတာနဲ့ Politic is the art of the impossible. ဆိုတဲ့ စကားနှစ်ရပ်စလုံးကို ကျွန်တော် အသေအချာ သုံးသပ်ပါတယ်။

ကျွန်တော့်ရဲ့ လက်ရှိနိုင်ငံရေး ဦးတည်ရာက ဘာလဲလို့ မေးရင်တော့ တစ်ခုသော (၂၁) ရာစုပင်လုံ အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီ ကိုယ်စား ဒေါက်တာအေးမောင် ဖတ်ကြားတင်သွင်းတဲ့ စာတမ်းကို လက်ညှိုးထိုးပြရမှာ ဖြစ်ပါတယ်။ အဲသည်စာတမ်းနောက်ဆုံး အချောသပ်ကို ကျွန်တော်နဲ့ ဒေါက်တာအေးမောင် အနုလုံ ပဋိလုံ ဆင်ခြင်ခဲ့ကြပြီး စာအချောကို ကျွန်တော့် ကွန်ပျူတာကပဲ ပရင့်ထုတ်ပြီး နေပြည်တော်အသွား ထည့်ပေးလိုက်တာဖြစ်ပါတယ်။

အဲသည်စာတမ်းထက် ပိုပြောမိရင် ဒေါက်တာအေးမောင်ကဲ့သို့ ထောင်ထဲထည့်တာကို ခံရနိုင်တယ် ဆိုတာကိုလည်း သိပါတယ်။

ကျော်ဇောဦး
၂၀၁၉ ဒီဇင်ဘာလ (၂) ရက်

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s