မာန်အောင်တွင် ၂၄ နာရီ ဆိုလာစနစ်လျှပ်စစ်မီး နေ့တိုင်းပြတ်တောက်မှုဖြစ်နေ၍ ဒေသခံများအခက်တွေ့ | Narinjara

မာန္ေအာင္တြင္ ၂၄ နာရီ ဆိုလာစနစ္လွ်ပ္စစ္မီး ေန႔တိုင္းျပတ္ေတာက္မႈျဖစ္ေန၍ ေဒသခံမ်ားအခက္ေတြ႕

ေအာင္လင္းထြန္း
နိရဥၥရာ၊ ဇန္နဝါရီ ၈ /၂၀၂၀

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဒီဇင္ဘာ ၁၉ ရက္ေန႔က ရခိုင္ျပည္နယ္၊ မာန္ေအာင္ျမိဳ႕သို႔လာေရာက္ဖြင့္လွစ္ေပးခဲ့သည့္ ေနေရာင္ျခည္သံုး ဆိုလာစနစ္ လွ်ပ္စစ္မီးမွာ ေန႔တိုင္းျပတ္ေတာက္မႈျဖစ္ေန၍ ေဒသခံမ်ား လွ်ပ္စစ္သံုးစြဲရာတြင္ အဆင္ေျပျဖစ္ေနၾကသည္ဟု သတင္းရရွိသည္။

“မီးက ၂၄ နာရီေပးထားေသာ္လည္း မီးကလာခ်င္တဲ့အခ်ိန္လာတယ္။ မလာခ်င္တဲ့အခ်ိန္မလာ။ ဘယ္အခ်ိန္ လာမယ္လည္း မသိေတာ့ အလုပ္လုပ္ေနတဲ့သူေတြလဲအဆင္မေျပ။ ေန႔လည္းျပတ္- ညလည္းျပတ္။ ေန႔တိုင္းကို ျပတ္ေနတယ္။ အားကိုးလို႔မရ ျဖစ္ေနၾကတယ္”ဟု မာန္ေအာင္လူငယ္အဖြဲ႕မွ ကိုေက်ာ္မိုးႏိုင္က နိရဥၥရာသတင္းဌာနသို႔ ေျပာသည္။

အဆိုပါ ဆိုလာလွ်ပ္စစ္မီးကို ၂၀၁၉ ခုႏွစ္ နိုဝင္ဘာ ၁၅ ရက္ေန႔မွစတင္၍ မာန္ေအာင္ျမိဳ႕ေပၚရပ္ကြက္မ်ား အပါအ၀င္ ခအံုးေမာ္ေက်း႐ြာႏွင့္ ေကာင္းတန္းေက်းရြာတို႔ကို ၂၄ နာရီလွ်ပ္စစ္မီး ျဖန္႔ျဖဴးေပးေနျခင္းျဖစ္ၿပီး ယခုေႏြရာသီတြင္ပင္ ဆိုလာလွ်ပ္စစ္မီးမွာ မရတစ္ခ်က္၊ ရတစ္ခ်က္ျဖင့္ ျပႆနာျဖစ္ေနလွ်င္ မိုးရာသီတြင္ အေျခအေနပိုမို ဆိုးရြားႏိုင္သည္ဟု ေဒသခံမ်ားက ေျပာဆိုသည္။

အဆိုပါ ေျပာဆိုေ၀ဖန္ေနမႈႏွင့္ပတ္သက္ျပီး ေက်ာက္ျဖဴခ႐ိုင္ လွ်ပ္စစ္ဦးမွဴး ဦးသိန္းစိုးက ယခုေပးထားသည့္ ဆိုလာစနစ္လွ်ပ္စစ္မီးမွာ ေႏြရာသီပိုင္းသာအဆင္ေျပၿပီး မိုးရာသီပိုင္းတြင္ အခ်ိန္အကန္႔အသတ္ျဖင့္ ေပးရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“ဘယ္ထရီ ပါဝါဗို႔အားကနည္းၿပီး သံုးတာကမ်ားေနေတာ့ မီးက မႏိုင္မနင္းျဖစ္ေနတယ္။ ၿပီးခဲ့သည့္ေန႔ကဆို မိုးအံု႔လာေတာ့ ေနေရာင္ျခည္မလာဘူးဆိုေတာ့ အားမဝင္ဘူးေပါ့။ အဲလုိျဖစ္သြားတာေပါ့။ မိုးရာသီက်ေတာ့ အခါတုိင္း ပံုမွန္အတိုင္းရတဲ့အခ်ိန္ ညေန ၆ နာရီခြဲ ည ၁၀ အထိေပးရမွာေပါ့။ က်န္တဲ့အခ်ိန္ဆို ဘယ္ထရီအေပၚ မူတည္ၿပီးေပးမွာပါ” ဟု ဦးသိန္းစိုးက ေျပာသည္။

ယခုႏွစ္အတြင္း လွ်ပ္စစ္မီးအားတုိးေပးရန္ႏွင့္ ၂၄ နာရီလည္ပတ္ႏိုင္ရန္အတြက္ အစီအစဥ္မရွိေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။

ေနရာင္ျခည္စြမ္းအင္ဖြင့္ပြဲအခမ္းအနားကို မာန္ေအာင္ၿမိဳ႕တြင္ ဒီဇင္ဘာ ၁၉ ရက္ေန႔ျပဳလုပ္ခဲ့ရာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ အဆိုပါ အခမ္းအနားသို႕ တက္ေရာက္ခဲ့ရာ ေဒသခံျပည္သူ ေထာင္ႏွင့္ခ်ီ တက္ေရာက္ခဲ့ၾကကာ အိုးစည္ ဗံုေမာင္းမ်ားတီးျပီး ၾကိဳဆိုခဲ့ၾကသည္။

၎ဆိုလာလွ်ပ္စစ္မီးကို Posco Daewoo ေပၚစကို ေဒဝူးကုမၸဏီမွ ၂၄ နာရီ ကူညီလွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

၎ဆိုလာေနေရာင္ျခည္သံုး လွ်ပ္စစ္ဓာတ္အားေပး စက္ရံုကို မာန္ေအာင္ျမိဳ႕တြင္ ဖြင့္လွစ္ျပီး သံုးရက္အၾကာ ဒီဇင္ဘာ ၂၁ ရက္ ေန႔က လွ်ပ္စစ္ဓာတ္အား (၆၆) မဂၢါ၀ပ္ ထြက္ရွိမည့္ သဘာ၀ဓာတ္ေငြ႕သံုး လွ်ပ္စစ္ ဓာတ္အားေပးစက္ရံုဖြင့္ပြဲကို မေကြတိုင္းေဒသၾကီး၊ မေကြးျမိဳ႕နယ္၊ မၾကီးကန္ ေက်းရြာအနီး ဖြင့္လွစ္ေပးခဲ့ရာ ရခိုင္ျပည္သူမ်ားအၾကား ေ၀ဖန္မႈမ်ား ျမင့္တက္ခဲ့သည္။

ရခိုင္ျပည္နယ္သည္ သဘာ၀ဓာတ္ေငြ႕ထြက္ေသာ ေဒသတစ္ခုျဖစ္သည့္အျပင္ မိုးမ်ားေသာေဒသတစ္ခုျဖစ္သျဖင့္ မာန္ေအာင္ျမိဳ႕နယ္တြင္ မီးအားေကာင္းသည့္ ဓာတ္ေငြ႕သံုး လွ်ပ္စစ္ဓာတ္အားေပးစက္ရံုတည္ေဆာက္ရမည့္အစား ေနေရာင္ျခည္သံုး လွ်ပ္စစ္ဓာတ္အားေပး စက္ရုံတည္ေဆာက္ေပးမႈမွာ မျဖစ္သင့္ဟုဆိုကာ ေ၀ဖန္ခဲ့ၾကျခင္းျဖစ္သည္။

စစ္ေတြျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇာဦးကလည္း သူ၏ ဆိုရွယ္လူမႈကြန္ရက္ စာမ်က္နာေပၚမွ ဆိုလာျပားမ်ားႏွင့္ လွ်ပ္စစ္မီးေပးျခင္းမွာ သဘာ၀သယံဇာတပိုင္ရွင္ ရခိုင္တို႔အား ပ်ားရည္ႏွင့္ ၀မ္းခ်ျခင္းသာျဖစ္သည္ဟု ေရးသား ေဖာ္ျပ ေ၀ဖန္ခဲ့သည္။

=================

[ Unicode ]

မာန်အောင်တွင် ၂၄ နာရီ ဆိုလာစနစ်လျှပ်စစ်မီး နေ့တိုင်းပြတ်တောက်မှုဖြစ်နေ၍ ဒေသခံများအခက်တွေ့

အောင်လင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၈ /၂၀၂၀

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီဇင်ဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်၊ မာန်အောင်မြို့သို့လာရောက်ဖွင့်လှစ်ပေးခဲ့သည့် နေရောင်ခြည်သုံး ဆိုလာစနစ် လျှပ်စစ်မီးမှာ နေ့တိုင်းပြတ်တောက်မှုဖြစ်နေ၍ ဒေသခံများ လျှပ်စစ်သုံးစွဲရာတွင် အဆင်ပြေဖြစ်နေကြသည်ဟု သတင်းရရှိသည်။

“မီးက ၂၄ နာရီပေးထားသော်လည်း မီးကလာချင်တဲ့အချိန်လာတယ်။ မလာချင်တဲ့အချိန်မလာ။ ဘယ်အချိန် လာမယ်လည်း မသိတော့ အလုပ်လုပ်နေတဲ့သူတွေလဲအဆင်မပြေ။ နေ့လည်းပြတ်- ညလည်းပြတ်။ နေ့တိုင်းကို ပြတ်နေတယ်။ အားကိုးလို့မရ ဖြစ်နေကြတယ်”ဟု မာန်အောင်လူငယ်အဖွဲ့မှ ကိုကျော်မိုးနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဆိုလာလျှပ်စစ်မီးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှစတင်၍ မာန်အောင်မြို့ပေါ်ရပ်ကွက်များ အပါအဝင် ခအုံးမော်ကျေးရွာနှင့် ကောင်းတန်းကျေးရွာတို့ကို ၂၄ နာရီလျှပ်စစ်မီး ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ယခုနွေရာသီတွင်ပင် ဆိုလာလျှပ်စစ်မီးမှာ မရတစ်ချက်၊ ရတစ်ချက်ဖြင့် ပြဿနာဖြစ်နေလျှင် မိုးရာသီတွင် အခြေအနေပိုမို ဆိုးရွားနိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါ ပြောဆိုဝေဖန်နေမှုနှင့်ပတ်သက်ပြီး ကျောက်ဖြူခရိုင် လျှပ်စစ်ဦးမှူး ဦးသိန်းစိုးက ယခုပေးထားသည့် ဆိုလာစနစ်လျှပ်စစ်မီးမှာ နွေရာသီပိုင်းသာအဆင်ပြေပြီး မိုးရာသီပိုင်းတွင် အချိန်အကန့်အသတ်ဖြင့် ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

“ဘယ်ထရီ ပါဝါဗို့အားကနည်းပြီး သုံးတာကများနေတော့ မီးက မနိုင်မနင်းဖြစ်နေတယ်။ ပြီးခဲ့သည့်နေ့ကဆို မိုးအုံ့လာတော့ နေရောင်ခြည်မလာဘူးဆိုတော့ အားမဝင်ဘူးပေါ့။ အဲလိုဖြစ်သွားတာပေါ့။ မိုးရာသီကျတော့ အခါတိုင်း ပုံမှန်အတိုင်းရတဲ့အချိန် ညနေ ၆ နာရီခွဲ ည ၁၀ အထိပေးရမှာပေါ့။ ကျန်တဲ့အချိန်ဆို ဘယ်ထရီအပေါ် မူတည်ပြီးပေးမှာပါ” ဟု ဦးသိန်းစိုးက ပြောသည်။

ယခုနှစ်အတွင်း လျှပ်စစ်မီးအားတိုးပေးရန်နှင့် ၂၄ နာရီလည်ပတ်နိုင်ရန်အတွက် အစီအစဉ်မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နေရာင်ခြည်စွမ်းအင်ဖွင့်ပွဲအခမ်းအနားကို မာန်အောင်မြို့တွင် ဒီဇင်ဘာ ၁၉ ရက်နေ့ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ဒေသခံပြည်သူ ထောင်နှင့်ချီ တက်ရောက်ခဲ့ကြကာ အိုးစည် ဗုံမောင်းများတီးပြီး ကြိုဆိုခဲ့ကြသည်။

၎င်းဆိုလာလျှပ်စစ်မီးကို Posco Daewoo ပေါ်စကို ဒေဝူးကုမ္ပဏီမှ ၂၄ နာရီ ကူညီလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဆိုလာနေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မာန်အောင်မြို့တွင် ဖွင့်လှစ်ပြီး သုံးရက်အကြာ ဒီဇင်ဘာ ၂၁ ရက် နေ့က လျှပ်စစ်ဓာတ်အား (၆၆) မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို မကွေတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာအနီး ဖွင့်လှစ်ပေးခဲ့ရာ ရခိုင်ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ရခိုင်ပြည်နယ်သည် သဘာဝဓာတ်ငွေ့ထွက်သော ဒေသတစ်ခုဖြစ်သည့်အပြင် မိုးများသောဒေသတစ်ခုဖြစ်သဖြင့် မာန်အောင်မြို့နယ်တွင် မီးအားကောင်းသည့် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရမည့်အစား နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ပေးမှုမှာ မဖြစ်သင့်ဟုဆိုကာ ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးကလည်း သူ၏ ဆိုရှယ်လူမှုကွန်ရက် စာမျက်နာပေါ်မှ ဆိုလာပြားများနှင့် လျှပ်စစ်မီးပေးခြင်းမှာ သဘာဝသယံဇာတပိုင်ရှင် ရခိုင်တို့အား ပျားရည်နှင့် ဝမ်းချခြင်းသာဖြစ်သည်ဟု ရေးသား ဖော်ပြ ဝေဖန်ခဲ့သည်။

=================

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s