ထောမတ်စ်ဟော့ဘ်စ် ၏ ရန်သတ္တရုလောက (Hobbesian State of Nature)

[ Zawgyi font First / Unicode ]

ေထာမတ္စ္ေဟာ့ဘ္စ္ ၏ ရန္သတၱ႐ုေလာက (Hobbesian State of Nature)

၂၀၀၅-ခုႏွစ္တြင္ အေမရိကန္နိုင္ငံ လူဝီးစီးယားျပည္နယ္သို႔ ဟာရီကိန္းကတ္ထရီးနား ဝင္တိုက္ရာ ႀကီးစြာေသာ လူေနအိမ္ေၿခ ပ်က္စီးဆုံရႈံးမႈတို႔ၾကဳံခဲ့ရသည္။ အဓိကထိခိုက္ပ်က္စီးသည့္ နယူးေအာ္လင္းစ္ၿမိဳ႕မွ တာဝန္ရွိသူ ရဲအေစာင့္တပ္သားမ်ားသည္ ရဲကားမ်ားကိုယူစီးလ်က္ မိမိတို႔မိသားစုမ်ားႏွင့္ အတူ စြန႔္ခြာသြားၾကေလရာ – အျခားလုံျခဳံေရးတပ္ဖြဲ႕မ်ား မေရာက္လာမီရက္ပိုင္းအေတာအတြင္း ၿမိဳ႕ပ်က္ႀကီးသည္ လုံျခဳံေရးအရ ဗရမ္းဗတာျဖစ္ၿပီး လုယက္ရမ္းကားသူမ်ား လိင္အၾကမ္းဖက္သူမ်ား သူတလူငါတမင္း ေတာေၾကာင္မ်ား၏ ဒဏ္ကို ခံစားခဲ့ရသည္ဟု ထိုစဥ္ အေမရိကန္မီဒီယာမ်ားက တင္ျပခဲ့ၾကသည္။ (ေနာင္ႏွစ္အနည္းငယ္အၾကာ စုံစမ္းစစ္ေဆးမႈမ်ားအရ သိရသည္မွာ မီဒီယာမ်ားက ေျပာသေလာက္ မဆိုးပါ ဟု ဆိုၾကသည္။)

ဤေနရာတြင္ စပ္လ်ဥ္းတင္ျပလိုသည္မွာ လူတို႔တြင္ အုပ္ခ်ဳပ္သူမ်ား မရွိေသးသည့္ လူတို႔၏ သဘာဝအတိုင္း အေျခအေန (State of Nature) အေၾကာင္း ျဖစ္သည္။ ထိုအေျခအေနတြင္ လူမ်ားသည္ (က) ရယူပိုင္ဆိုင္လိုသည့္ဆႏၵ (ခ) လုံျခဳံမႈ (ဂ) ေအာင္ျမင္ဝင့္ႂကြားလိုမႈ တို႔ကို အေၾကာင္းျပဳလ်က္ အခ်င္းခ်င္း တိုက္ခိုက္ရသည့္အေျခအေန (state of war) ျဖစ္လာကာ၊ မိမိတို႔၏ သဘာဝအခြင့္အေရး natural rights မ်ားအရ မိမိတို႔အသက္တည္တံ့ေရးအတြက္ အစြမ္းကုန္ကာကြယ္ၾကရန္ ရန္စစ္ျပဳလ်က္ရင္ဆိုင္ေနၾကရသည္ ဟု ေထာမတ္စ္ေဟာ့ဘ္စ္ (Thomas Hobbes) က ဆိုသည္။ အားလုံးေသာသူတို႔က အားလုံးေသာ သူတို႔ကို ရင္ဆိုင္ ရန္စစ္ျပဳေနၾကရသည့္ အေျခအေနကို the war of all against all (Bellum omnium contra omnes) ဟု ေခၚၾကေလသည္။

ထိိုသို႔တိုက္ခိုက္ေနၾကရသည့္အေနအထားအား လြတ္ေျမာက္ေက်ာ္လြန္နိုင္ရန္အတြက္ လူသားတို႔သည္ မိမိတို႔၏ နဂိုသဘာဝရပိုင္ခြင့္မ်ားကို စြန႔္လႊတ္လ်က္ အခ်ဳပ္အျခာအာဏာပိုင္ (sovereign) က အုပ္ခ်ဳပ္ေစရန္ အုပ္ခ်ဳပ္ခံမ်ားအျဖစ္သို႔ လူမႈပဋိညဥ္ျပဳၾကရသည္ ဟုဆိုေလသည္။

ထိုအယူအဆမ်ားကို ေရးသားထားသည့္ လဗိုင္ယတ္သန္က်မ္း (Leviathan) အား ထုတ္ေဝၿပီးေနာက္ ဘုရင္မင္းတို႔ အမ်က္ေဘးေၾကာင့္ ေဟာ့ဘ္စ္ သည္ တိုင္းျပည္မွ ကာလတစ္ခု စြန႔္ခြာပုန္းေရွာင္ေနခဲ့ရသည္။ အခ်ဳပ္အျခာအာဏာကို ဘုရင္အားႏွင္းအပ္သည့္ အယူအဆကို ေရးေသာေၾကာင့္ ပါလီမန္ဝါဒီတို႔၏ မုန္းတီးျခင္းကိုခံရသည္။ ဘုရင္ရေသာ အခ်ဳပ္အျခာအာဏာမွာ ဘုရားသခင္ထံမွ ဆင္းသက္ေသာ (Divine) အာဏာမဟုတ္ဘဲ ျပည္သူက စြန႔္လႊတ္ေပးလိုက္ေသာ အာဏာျဖစ္သည္ ဆိုသည့္အတြက္ နန္းေတာ္၏ အမ်က္ရွျခင္းကိုလည္း ခံရေလသည္။

လစ္ဘရယ္ဒီမိုကေရစီ အယူအဆမ်ား၏ ဦးေဆာင္ျဖစ္ေသာ ဂၽြန္ေလာ့ခ္ သည္ ေထာမတ္စ္ေဟာ့ဘ္စ္ အေတြးအေခၚမွ အေျခခံတခ်ိဳ႕ကို မ႑ိဳင္ထားလ်က္ သူ၏ အယူအဆမ်ားကို တည္ေဆာက္ခဲ့သည္ ဟု ဆိုၾကေလသည္။

ယမန္ေန႔က ေအေအတပ္မႉးခ်ဳပ္က တြစ္တာတြင္ ေရးထားသည့္ အေၾကာင္းအရာအား အထက္ေဖာ္ျပပါ ထိန္းကြပ္မဲ့ ဗရမ္းဗတာ ရန္သတၱ႐ုျပဳ သဘာဝအေျခအေန (state of nature) ႏွင့္ ဆက္စပ္စဥ္းစားၾကည့္စရာ အေၾကာင္းတခ်ိဳ႕ရွိေလသည္။ “(We) can’t afford to provide safe haven and breeding ground for the terrorists and criminal gangs.” အၾကမ္းဖက္သမားေတြ နဲ႔ ရာဇဝတ္ဂိုဏ္းေတြ ခိုလႈံရာ နယ္ေၿမ ေမြးထုတ္ေပးရာ နယ္ေၿမ ငါတို႔ အျဖစ္ခံလို႔မရဘူး” ဆိုေသာ စကားသည္ ျပတ္သားရွင္းလင္းေသာ အဓိပၸါယ္အရ မ်ားစြာတာလားေသာ စကားျဖစ္ေလသည္။

အလားတူ နမူနာတစ္ခု နိုင္ငံတကာတြင္ ျမင္ၾကည့္စရာရွိေလသည္။ ဆီးရီးယား၏ ၂၀၁၁ အာရပ္ေႏြဦး ေတာ္လွန္ေရး အေစာပိုင္းကာလတြင္ (ထိုစဥ္) အေမရိကန္သမၼတ အိုဘားမားက အားေပးသလိုလို ေျမႇာက္ေပးသလိုသလို စကားေလးဘာေလးေျပာၿပီးေနာက္ ထိထိေရာက္ေရာက္ဘာမွမပါေတာ့ေလရာ ဆီးရီးယားတစ္ခြင္တြင္ အားလုံးကအားလုံးကိုတိုက္သည့္ စစ္ပြဲ (the war of all against all) နီးကပါး ႏွစ္ေပါင္းမ်ားစြာ ျဖစ္ေနခဲ့ေလသည္။

KZO
(၀၂-၀၈-၂၀၂၁)

[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၃)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

[ Unicode ]

ထောမတ်စ်ဟော့ဘ်စ် ၏ ရန်သတ္တရုလောက (Hobbesian State of Nature)

==========

၂၀၀၅-ခုနှစ်တွင် အမေရိကန်နိုင်ငံ လူဝီးစီးယားပြည်နယ်သို့ ဟာရီကိန်းကတ်ထရီးနား ဝင်တိုက်ရာ ကြီးစွာသော လူနေအိမ်ခြေ ပျက်စီးဆုံရှုံးမှုတို့ကြုံခဲ့ရသည်။ အဓိကထိခိုက်ပျက်စီးသည့် နယူးအော်လင်းစ်မြို့မှ တာဝန်ရှိသူ ရဲအစောင့်တပ်သားများသည် ရဲကားများကိုယူစီးလျက် မိမိတို့မိသားစုများနှင့် အတူ စွန့်ခွာသွားကြလေရာ – အခြားလုံခြုံရေးတပ်ဖွဲ့များ မရောက်လာမီရက်ပိုင်းအတောအတွင်း မြို့ပျက်ကြီးသည် လုံခြုံရေးအရ ဗရမ်းဗတာဖြစ်ပြီး လုယက်ရမ်းကားသူများ လိင်အကြမ်းဖက်သူများ သူတလူငါတမင်း တောကြောင်များ၏ ဒဏ်ကို ခံစားခဲ့ရသည်ဟု ထိုစဉ် အမေရိကန်မီဒီယာများက တင်ပြခဲ့ကြသည်။ (နောင်နှစ်အနည်းငယ်အကြာ စုံစမ်းစစ်ဆေးမှုများအရ သိရသည်မှာ မီဒီယာများက ပြောသလောက် မဆိုးပါ ဟု ဆိုကြသည်။)

ဤနေရာတွင် စပ်လျဉ်းတင်ပြလိုသည်မှာ လူတို့တွင် အုပ်ချုပ်သူများ မရှိသေးသည့် လူတို့၏ သဘာဝအတိုင်း အခြေအနေ (State of Nature) အကြောင်း ဖြစ်သည်။ ထိုအခြေအနေတွင် လူများသည် (က) ရယူပိုင်ဆိုင်လိုသည့်ဆန္ဒ (ခ) လုံခြုံမှု (ဂ) အောင်မြင်ဝင့်ကြွားလိုမှု တို့ကို အကြောင်းပြုလျက် အချင်းချင်း တိုက်ခိုက်ရသည့်အခြေအနေ (state of war) ဖြစ်လာကာ၊ မိမိတို့၏ သဘာဝအခွင့်အရေး natural rights များအရ မိမိတို့အသက်တည်တံ့ရေးအတွက် အစွမ်းကုန်ကာကွယ်ကြရန် ရန်စစ်ပြုလျက်ရင်ဆိုင်နေကြရသည် ဟု ထောမတ်စ်ဟော့ဘ်စ် (Thomas Hobbes) က ဆိုသည်။ အားလုံးသောသူတို့က အားလုံးသော သူတို့ကို ရင်ဆိုင် ရန်စစ်ပြုနေကြရသည့် အခြေအနေကို the war of all against all (Bellum omnium contra omnes) ဟု ခေါ်ကြလေသည်။

ထိိုသို့တိုက်ခိုက်နေကြရသည့်အနေအထားအား လွတ်မြောက်ကျော်လွန်နိုင်ရန်အတွက် လူသားတို့သည် မိမိတို့၏ နဂိုသဘာဝရပိုင်ခွင့်များကို စွန့်လွှတ်လျက် အချုပ်အခြာအာဏာပိုင် (sovereign) က အုပ်ချုပ်စေရန် အုပ်ချုပ်ခံများအဖြစ်သို့ လူမှုပဋိညဉ်ပြုကြရသည် ဟုဆိုလေသည်။ထိုအယူအဆများကို ရေးသားထားသည့် လဗိုင်ယတ်သန်ကျမ်း (Leviathan) အား ထုတ်ဝေပြီးနောက် ဘုရင်မင်းတို့ အမျက်ဘေးကြောင့် ဟော့ဘ်စ် သည် တိုင်းပြည်မှ ကာလတစ်ခု စွန့်ခွာပုန်းရှောင်နေခဲ့ရသည်။

အချုပ်အခြာအာဏာကို ဘုရင်အားနှင်းအပ်သည့် အယူအဆကို ရေးသောကြောင့် ပါလီမန်ဝါဒီတို့၏ မုန်းတီးခြင်းကိုခံရသည်။ ဘုရင်ရသော အချုပ်အခြာအာဏာမှာ ဘုရားသခင်ထံမှ ဆင်းသက်သော (Divine) အာဏာမဟုတ်ဘဲ ပြည်သူက စွန့်လွှတ်ပေးလိုက်သော အာဏာဖြစ်သည် ဆိုသည့်အတွက် နန်းတော်၏ အမျက်ရှခြင်းကိုလည်း ခံရလေသည်။လစ်ဘရယ်ဒီမိုကရေစီ အယူအဆများ၏ ဦးဆောင်ဖြစ်သော ဂျွန်လော့ခ် သည် ထောမတ်စ်ဟော့ဘ်စ် အတွေးအခေါ်မှ အခြေခံတချို့ကို မဏ္ဍိုင်ထားလျက် သူ၏ အယူအဆများကို တည်ဆောက်ခဲ့သည် ဟု ဆိုကြလေသည်။

ယမန်နေ့က အေအေတပ်မှူးချုပ်က တွစ်တာတွင် ရေးထားသည့် အကြောင်းအရာအား အထက်ဖော်ပြပါ ထိန်းကွပ်မဲ့ ဗရမ်းဗတာ ရန်သတ္တရုပြု သဘာဝအခြေအနေ (state of nature) နှင့် ဆက်စပ်စဉ်းစားကြည့်စရာ အကြောင်းတချို့ရှိလေသည်။ “(We) can’t afford to provide safe haven and breeding ground for the terrorists and criminal gangs.” အကြမ်းဖက်သမားတွေ နဲ့ ရာဇဝတ်ဂိုဏ်းတွေ ခိုလှုံရာ နယ်မြေ မွေးထုတ်ပေးရာ နယ်မြေ ငါတို့ အဖြစ်ခံလို့မရဘူး” ဆိုသော စကားသည် ပြတ်သားရှင်းလင်းသော အဓိပ္ပါယ်အရ များစွာတာလားသော စကားဖြစ်လေသည်။

အလားတူ နမူနာတစ်ခု နိုင်ငံတကာတွင် မြင်ကြည့်စရာရှိလေသည်။ ဆီးရီးယား၏ ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေး အစောပိုင်းကာလတွင် (ထိုစဉ်) အမေရိကန်သမ္မတ အိုဘားမားက အားပေးသလိုလို မြှောက်ပေးသလိုသလို စကားလေးဘာလေးပြောပြီးနောက် ထိထိရောက်ရောက်ဘာမှမပါတော့လေရာ ဆီးရီးယားတစ်ခွင်တွင် အားလုံးကအားလုံးကိုတိုက်သည့် စစ်ပွဲ (the war of all against all) နီးကပါး နှစ်ပေါင်းများစွာ ဖြစ်နေခဲ့လေသည်။

KZO

(၀၂-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၃)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s