
[ Zawgyi font First / Unicode below ]
ဝတ္စ္ေဖးလီးယန္း အခ်ဳပ္အျခာနိုင္ငံမ်ား အခင္းအက်င္း (Westphalian Order)
ယေန႔နိုင္ငံတကာနိုင္ငံမ်ား၏ အခင္းအက်င္းကို အၾကမ္းဖ်င္းအားျဖင့္ ဝတ္စ္ေဖးလီးယန္း အခ်ဳပ္အျခာနိုင္ငံမ်ား အခင္းအက်င္း (Westphalian Order) ဟု ေခၚဆိုနိုင္သည္။
၁၆၁၈-ခုႏွစ္မွ ၁၆၄၈-ခုႏွစ္အထိ ျဖစ္ပြားခဲ့ေသာ ဥေရာပ၏ အႏွစ္သုံးဆယ္ စစ္ပြဲအၿပီးတြင္ ႏြမ္းနယ္ေနေသာ ဥေရာပနိုင္ငံႀကီးငယ္ နယ္ပယ္ႀကီးငယ္မွ ေစလႊတ္လိုက္ေသာ ကိုယ္စားလွယ္မ်ားသည္ (ယေန႔ေခတ္ ဂ်ာမနီနိုင္ငံ) ဝတ္စ္ေဖးလီးယား (Westphalia) နယ္ထဲရွိ ၿမိဳ႕ငယ္ႏွစ္ၿမိဳ႕သို႔ တဖြဲဖြဲေရာက္ရွိလာၾကကာ ရက္ေပါင္းမ်ားစြာ ေဆြးေႏြးၾကၿပီးေနာက္ ဝတ္စ္ေဖးလီးယန္းၿငိမ္းခ်မ္းေရးစာခ်ဳပ္မ်ားကို ခ်ဳပ္ဆိုနိုင္ခဲ့ၾကသည္။
ထိုစာခ်ဳပ္မ်ားပါ အေၾကာင္းအရာမ်ားကို ေနာက္ခံျပဳလ်က္ (က) အခ်ဳပ္အျခာပိုင္ နိုင္ငံႀကီးငယ္မဟူ နိုင္ငံတကာအခင္းအက်င္းတြင္ တန္းတူ ျဖစ္ရမည္ ဆိုသည့္ သေဘာတရား ႏွင့္ (ခ) တစ္နိုင္ငံ၏ ျပည္တြင္းေရးကို ေနာက္တစ္နိုင္ငံက ဝင္ေရာက္မစြက္ဖက္ရ ဆိုေသာ သေဘာတရားတို႔ကို အေျခခံေသာ နိုင္ငံတကာ နိုင္ငံမ်ား အခင္းအက်င္းအျဖစ္ တျဖည္းျဖည္း ႐ုပ္လုံးေပၚလာခဲ့ရာ ဤအခင္းအက်င္းကို ဝတ္စ္ေဖးလီးယန္း ကမၻာ့ အခင္းအက်င္း (Westphalian World Order) ဟု ေခၚဆိုၾကသည္။
လက္ရွိ ကမၻာ့ကုလသမဂၢ၏ ပဋိညာဥ္စာတမ္းတြင္ ေဖာ္ျပပါရွိသည့္ နိုင္ငံတစ္ခု၏ ျပည္တြင္းစီရင္ပိုင္ခြင့္ကိစၥမ်ား၌ ကုလသမဂၢက ဝင္ေရာက္စြက္ဖက္မႈ မျပဳလုပ္ေစဖို႔ ဆိုသည့္အခ်က္မွာ ဝတ္စ္ေဖးလီးယန္းမူပင္ ျဖစ္ေလသည္။
ဤ ဝတ္စ္ေဖးလီးယန္း အခင္းအက်င္းသည္ ယခင္ေပၚထြန္းခဲ့ေသာ ေအာက္ပါအခင္းအက်င္းမ်ားႏွင့္ ဆန႔္က်င္ဘက္ျဖစ္ေလသည္။
(က) ျမင့္ျမတ္ေသာေရာမအင္ပါယာ အယူအဆကိုအေျခခံလ်က္ ရိုမန္ကတ္သလစ္ ပုတ္ရဟန္းမင္းႀကီးက ဥေရာပမင္းမ်ားကို ၾသဇာေပးေသာ နိုင္ငံတကာအခင္းအက်င္း၊
(ခ) မိုဟာမက္ကို ဆက္ခံသူက ခါလီဖာအျဖစ္အုပ္ခ်ဳပ္သည့္ ကမၻာလုံးဆိုင္ရာ ခါလီဖိတ္အင္ပါယာ (တစ္နည္း အစၥလမ္မစ္နိုင္ငံေတာ္) ၏ လက္ေအာက္မွာ က်န္ကမၻာအရပ္ရပ္အုပ္ခ်ဳပ္သူမ်ား ရွိရမည္ ဟူေသာ အခင္းအက်င္း အယူအဆ၊
(၈) တ႐ုတ္အင္ပါယာသည္ ဗဟိုခ်က္မ နိုင္ငံေတာ္ (the middle kingdom) ျဖစ္ၿပီး အနီးအနားနယ္ပယ္မ်ားသည္ ပဏာဆက္နယ္ေျမမ်ားသာ ျဖစ္သည္ ဆိုသည့္ အယူအဆကို အေျခခံသည့္ အခင္းအက်င္း၊ – တို႔ႏွင့္ မတူကြဲျပား ဆန႔္က်င္ဘက္ အခင္းအက်င္းပုံစံျဖစ္ေလသည္။
ယေန႔ေခတ္ကာလတြင္ အေနာက္ကမၻာ ဒီမိုကေရစီနိုင္ငံေတာ္ေတာ္မ်ားမ်ားသည္ ဝတ္စ္ေဖးလီးယန္း အခင္းအက်င္းအား အျပည့္အဝလက္ခံပုံမရဘဲ လူသားခ်င္းစာနာမႈဆိုင္ရာ ဝင္ေရာက္စြက္ဖက္မႈ (humanitarian intervention) ျပဳလုပ္ခြင့္ရွိသည္ ဆိုေသာ အယူအဆကို ကိုင္စြဲထားၾကပုံရသည္။
တ႐ုတ္ ႏွင့္ ႐ုရွားတို႔က ထိုသေဘာတရားကို (အေမရိကန္ နိုင္လိုမင္းထက္က်ေသာ ျဖစ္ရပ္မ်ား၌) ဆန႔္က်င္သည္။ “လူသားခ်င္းစာနာမႈဆိုင္ရာ ဝင္ေရာက္စြက္ဖက္မႈ”၊ “ကန႔္သတ္ အခ်ဳပ္အျခာအာဏာ” စသည့္ အယူအဆမ်ား အေထာက္အကူျဖင့္ နိုင္ငံတကာအေျခခံမူမ်ား ခ်ိဳးေဖာက္ရန္ႀကိဳးပမ္းမႈမ်ားကို ဆန႔္က်င္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္နိုင္ငံ ႏွင့္ ႐ုရွားနိုင္ငံတို႔က ၂၀၁၁-ခုႏွစ္တြင္ ပူးတြဲထုတ္ျပန္ဖူးသည္။
KZO
(၀၃-၀၈-၂၀၂၁)
[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၄)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========
[ Unicode ]
ဝတ်စ်ဖေးလီးယန်း အချုပ်အခြာနိုင်ငံများ အခင်းအကျင်း (Westphalian Order)
ယနေ့နိုင်ငံတကာနိုင်ငံများ၏ အခင်းအကျင်းကို အကြမ်းဖျင်းအားဖြင့် ဝတ်စ်ဖေးလီးယန်း အချုပ်အခြာနိုင်ငံများ အခင်းအကျင်း (Westphalian Order) ဟု ခေါ်ဆိုနိုင်သည်။
၁၆၁၈-ခုနှစ်မှ ၁၆၄၈-ခုနှစ်အထိ ဖြစ်ပွားခဲ့သော ဥရောပ၏ အနှစ်သုံးဆယ် စစ်ပွဲအပြီးတွင် နွမ်းနယ်နေသော ဥရောပနိုင်ငံကြီးငယ် နယ်ပယ်ကြီးငယ်မှ စေလွှတ်လိုက်သော ကိုယ်စားလှယ်များသည် (ယနေ့ခေတ် ဂျာမနီနိုင်ငံ) ဝတ်စ်ဖေးလီးယား (Westphalia) နယ်ထဲရှိ မြို့ငယ်နှစ်မြို့သို့ တဖွဲဖွဲရောက်ရှိလာကြကာ ရက်ပေါင်းများစွာ ဆွေးနွေးကြပြီးနောက် ဝတ်စ်ဖေးလီးယန်းငြိမ်းချမ်းရေးစာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ကြသည်။
ထိုစာချုပ်များပါ အကြောင်းအရာများကို နောက်ခံပြုလျက် (က) အချုပ်အခြာပိုင် နိုင်ငံကြီးငယ်မဟူ နိုင်ငံတကာအခင်းအကျင်းတွင် တန်းတူ ဖြစ်ရမည် ဆိုသည့် သဘောတရား နှင့် (ခ) တစ်နိုင်ငံ၏ ပြည်တွင်းရေးကို နောက်တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရ ဆိုသော သဘောတရားတို့ကို အခြေခံသော နိုင်ငံတကာ နိုင်ငံများ အခင်းအကျင်းအဖြစ် တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ရာ ဤအခင်းအကျင်းကို ဝတ်စ်ဖေးလီးယန်း ကမ္ဘာ့ အခင်းအကျင်း (Westphalian World Order) ဟု ခေါ်ဆိုကြသည်။ လက်ရှိ ကမ္ဘာ့ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းတွင် ဖော်ပြပါရှိသည့် နိုင်ငံတစ်ခု၏ ပြည်တွင်းစီရင်ပိုင်ခွင့်ကိစ္စများ၌ ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်မှု မပြုလုပ်စေဖို့ ဆိုသည့်အချက်မှာ ဝတ်စ်ဖေးလီးယန်းမူပင် ဖြစ်လေသည်။
ဤ ဝတ်စ်ဖေးလီးယန်း အခင်းအကျင်းသည် ယခင်ပေါ်ထွန်းခဲ့သော အောက်ပါအခင်းအကျင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်လေသည်။
(က) မြင့်မြတ်သောရောမအင်ပါယာ အယူအဆကိုအခြေခံလျက် ရိုမန်ကတ်သလစ် ပုတ်ရဟန်းမင်းကြီးက ဥရောပမင်းများကို သြဇာပေးသော နိုင်ငံတကာအခင်းအကျင်း၊
(ခ) မိုဟာမက်ကို ဆက်ခံသူက ခါလီဖာအဖြစ်အုပ်ချုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ခါလီဖိတ်အင်ပါယာ (တစ်နည်း အစ္စလမ်မစ်နိုင်ငံတော်) ၏ လက်အောက်မှာ ကျန်ကမ္ဘာအရပ်ရပ်အုပ်ချုပ်သူများ ရှိရမည် ဟူသော အခင်းအကျင်း အယူအဆ၊
(၈) တရုတ်အင်ပါယာသည် ဗဟိုချက်မ နိုင်ငံတော် (the middle kingdom) ဖြစ်ပြီး အနီးအနားနယ်ပယ်များသည် ပဏာဆက်နယ်မြေများသာ ဖြစ်သည် ဆိုသည့် အယူအဆကို အခြေခံသည့် အခင်းအကျင်း၊ – တို့နှင့် မတူကွဲပြား ဆန့်ကျင်ဘက် အခင်းအကျင်းပုံစံဖြစ်လေသည်။
ယနေ့ခေတ်ကာလတွင် အနောက်ကမ္ဘာ ဒီမိုကရေစီနိုင်ငံတော်တော်များများသည် ဝတ်စ်ဖေးလီးယန်း အခင်းအကျင်းအား အပြည့်အဝလက်ခံပုံမရဘဲ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု (humanitarian intervention) ပြုလုပ်ခွင့်ရှိသည် ဆိုသော အယူအဆကို ကိုင်စွဲထားကြပုံရသည်။
တရုတ် နှင့် ရုရှားတို့က ထိုသဘောတရားကို (အမေရိကန် နိုင်လိုမင်းထက်ကျသော ဖြစ်ရပ်များ၌) ဆန့်ကျင်သည်။ “လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု”၊ “ကန့်သတ် အချုပ်အခြာအာဏာ” စသည့် အယူအဆများ အထောက်အကူဖြင့် နိုင်ငံတကာအခြေခံမူများ ချိုးဖောက်ရန်ကြိုးပမ်းမှုများကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့က ၂၀၁၁-ခုနှစ်တွင် ပူးတွဲထုတ်ပြန်ဖူးသည်။
KZO(၀၃-၀၈-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၄)]
==========