မောင်တော မေ-၁၃ ထကြွမှုအား သတင်းပုံဖျက်သည့် သင်ခန်းစာ

[ Zawgyi font first / Unicode below ]

ေမာင္ေတာ ေမ-၁၃ ထၾကြမႈအား သတင္းပံုဖ်က္သည့္ သင္ခန္းစာ

==========

ေငြစကၠဴမ်ားကို တရားမ၀င္ေၾကျငာျခင္း အစရွိသည့္ အေထြေထြျပႆနာမ်ားေၾကာင့္ တစ္ႏိုင္ငံလံုး အေရးအခင္းျဖစ္လာရန္ ဦးတည္ေနသည့္ကာလ ၁၉၈၈-ခုႏွစ္ ေမလတြင္ ရခိုင္လူဦးေရ ခန္႔မွန္း (၃) ရာခိုင္ႏႈန္းမွ်သာရွိသည့္ ေမာင္ေတာၿမိဳ႕နယ္၌ ၿမိဳ႕နယ္လံုးကၽြတ္ လူမ်ိဳးတံုးသတ္ျဖတ္ခံရလုနီးကပါး အျဖစ္အပ်က္တစ္ရပ္ ျဖစ္ပ်က္ခဲ့ဖူးပါသည္။

ေမလ (၁၂) ေလာက္ကပင္ ေမာင္ေတာေစ်းအပါအ၀င္ အရပ္ရပ္ေစ်းဆိုင္မ်ား၌ လက္ႏွိပ္ဓါတ္မီးမ်ား အေရာင္းထြက္သြားခဲ့သည္။ လိုခ်င္၍ ရွာမရႏိုင္ေတာ့။ ၿမိဳ႕ခံရခိုင္မ်ားက ထိုအျခင္အရာကို သတိမထားမိၾက။ ထိုအျခင္းအရာသည္ အျဖစ္အပ်က္ႀကီးတစ္ရပ္ သို႔ ဦးတည္ေနေၾကာင္း ေမာင္ေတာၿမိဳ႕ေန ရခိုင္လူမ်ိဳးမ်ား မသိႏိုင္ခဲ့ေပ။

ေနာက္တစ္ရက္ ေမလ (၁၃) ရက္ေန႔ ေန႔ပိုင္းတြင္ ၿမိဳ႕ထဲသို႔ အလုပ္လာဆင္းရမည့္ ဘဂၤါလီ တစ္ဦးတစ္ေယာက္မွ အလုပ္လာမဆင္းၾကေပ။ ထိုျဖစ္စဥ္ကိုလည္း ရခုိင္လူမ်ိဳးမ်ားက သတိမထားမိဘဲ အမႈမဲ့ အမွတ္မဲ့ ေနခဲ့ၾကေလသည္။

တၿပိဳင္နက္တည္း ညဥ့္နက္ပိုင္း ထၾကြၾကရန္ စီစဥ္ခဲ့ၾကပံုရေသာ္လည္း ညအေစာပိုင္း (၇)နာရီေလာက္ကပင္ ဘဂၤါလီမ်ား စုစု စုစု ျဖင့္ စုေ၀းဆူပူေအာ္ဟစ္ျခင္းမ်ား စတင္ျဖစ္လာသည့္အခါက်မွ ၿမိဳ႕သည္ ထိတ္လန္႔တုန္လႈပ္ေလသည္။ “မူဆလာမန္ ဇိန္ဒဘတ္”၊ “နာရီယာတိုဘီ ဇိန္ဒဘတ္”၊ “အလာဟု အကၠဘာ” စသည္ျဖင့္ တခဲနက္ေၾကြးေၾကာ္ၾကသည္။ ၿမိဳ႕ထဲရွိ ရဲအနည္းငယ္တို႔က ဓါတ္မီးျဖင့္ထိုးၾကည့္ရာ ၎တို႔ကို ဓါတ္မီးရာေထာင္တို႔ျဖင့္ အၾကမ္ဖက္လူအုပ္က ျပန္ထိုးသည္။ ရဲမ်ား၊ ရခုိင္အရပ္သားမ်ားကို ရိုက္သည္။ ဘုန္းႀကီးေက်ာင္း ဆိုင္းဘိုးကို ရိုက္ခ်ိဳးျခင္းျဖင့္ ၿဖိဳဖ်က္ျခင္းမ်ားကို စတင္သည္။

အဓိကလံုၿခံဳေရးအင္အားျဖစ္သည့္ လံုထိန္းတပ္ရွိရာ ေမာင္ေတာၿမိဳ႕ျပင္ ေလးမိုင္သို႔ တာ၀န္ရွိသူမ်ားက ဖုန္းဆက္ၾကည့္ၾကရာ မရၾကေခ်။ ဖံုးလိုင္းမ်ားကို ျဖတ္ထားၾကၿပီးျဖစ္ေလသည္။ ၿမိဳ႕နယ္အဆင့္ အရာရွိအခ်ိဳ႕ပါေသာ ဟိုင္းလတ္ကားတစ္စီး ၿမိဳ႕ထဲသို႔၀င္အလာတြင္ ၿမိဳ႕သူႀကီးရြာသား ဘဂၤါလီလူအုပ္ႀကီးက ေအာ္ဟစ္ဆဲဆိုကာ ခဲမ်ားျဖင့္ ပစ္ေပါက္ကာ အတင္းတားျခင္းခံရေသာ္လည္း အတင္းထိုးေဖာက္ေမာင္းကာ ၿမိဳ႕ထဲသို႔ လာႏိုင္ခဲ့သည္။

ၿမိဳ႕နယ္ တရားသူႀကီး ဥကၠဌ ဦးဘသိန္းသည္ ညကိုးနာရီခြဲခန္႔တြင္ ေသနတ္တစ္လက္ကိုင္ေရာက္လာၿပီး အနည္းငယ္ေသာ ရဲသားအင္အားႏွင့္ လာေရာက္ပူးေပါင္းသည္။ အၾကမ္းဖက္လူအုပ္ ထိန္းမႏိုင္သိမ္းမရျဖစ္လာေသာေၾကာင့္ ပစ္ခတ္ၿဖိဳခြင္းရသည္။ ရဲအဖြဲ႕ေခါင္းေဆာင္ ဦးျမထြန္းေက်ာ္ႏွင့္အဖြဲ႕က ကားေပၚသို႔တက္ၿပီး ေလးမိုင္းလံုထိန္းတပ္သို႔ သြားေရာက္အကူအညီေတာင္းသည္။ ရဲလံုထိန္းတပ္ရင္း ဗိုလ္မွဴးသိန္းစိုး ေခါင္းေဆာင္ေသာ ရဲလံုထိန္းတပ္ရင္းက ေမာင္ေတာၿမိဳ႕ထဲသို႔ ၀င္ေရာက္လာသည့္ အခါက်မွ အေျခအေနကို စတင္ထိန္းသိမ္းႏိုင္ေတာ့သည္။ နံနက္ေလးနာရီထိုးသည္အထိ ရွင္းလင္းရန္ ႀကိဳးစားခဲ့ၾကရသည္။  ဆရာခိုင္မ်ိဳးေစာင့္ ျပဳစုေသာ “ကိုလိုနီဆိုးေမြခံ ရခုိင္ျပည္ႏွင့္ စစ္တေကာင္းသား ဘဂၤါလီမူဆလင္တို႔၏ နယ္သစ္ခ်ဲ႕ေရးထၾကြမႈ” စာအုပ္ပါစာသားအတိုင္း ေျပာရမည္ဆိုလွ်င္ – “ဗိုလ္မ်ဴးသိန္းစိုးႏွင့္အဖြဲ႕သည္ ေမာင္ေတာၿမိဳ႕ကို မူဆလင္တို႔ ညတြင္းခ်င္း စီးနင္းရန္ႀကံစည္မႈေဘးမွ လက္မတင္ေလး ကယ္တင္ႏိုင္ခဲ့ေပသည္။”

ေနာက္တစ္ေန႔ ႏုိင္ငံတကာ ေရဒီယိုသတင္းဌာနတစ္ခု (ကၽြန္ေတာ္မွတ္မိသေလာက္ BBC ျဖစ္မည္ထင္ပါသည္) က သတင္းေၾကျငာသည္မွာ – ယမန္ေန႔က ေမာင္ေတာၿမိဳ႕တြင္ အာဏာရွင္ဆန္႔က်င္ေရး ဒီမိုကေရစီရရွိေရး လူထုဆႏၵျပမႈတစ္ခု ျပဳလုပ္ခဲ့ၾကေၾကာင္း၊ ထိုဆႏၵျပမႈကို အာဏာရွင္မ်ားက ပစ္ခတ္ၿဖိဳခြင္းခဲ့ေၾကာင္း စသည္ျဖင့္ သတင္းတြင္ ေၾကျငာသြားခဲ့ပါသည္။

တျမန္ေန႔က ေအေအတပ္မွဴးခ်ဳပ္ တြစ္တာတြင္ ေရးသည္ထဲက အခ်က္တစ္ခ်က္ျဖစ္သည့္ “using your best tools of disinformation”  (သတင္းမွားဆိုတဲ့ လက္နက္ကိုသံုးၿပီးေတာ့) ဆိုသည့္အခ်က္ကို ေထာက္ျပေျပာဆိုျခင္း ကား အေၾကာင္းမဲ့ ေျပာျခင္း မျဖစ္ေလာက္ေပ။ ျဖစ္ေနက်ပံုစံမ်ားကို ၾကည့္ရႈလွ်င္ ျမင္နိုင္ေလာက္ေပသည္။

KZO

(၀၃-၀၈-၂၀၂၁)

[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၅)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

[ Unicode here ]

မောင်တော မေ-၁၃ ထကြွမှုအား သတင်းပုံဖျက်သည့် သင်ခန်းစာ

==========

ငွေစက္ကူများကို တရားမဝင်ကြေငြာခြင်း အစရှိသည့် အထွေထွေပြဿနာများကြောင့် တစ်နိုင်ငံလုံး အရေးအခင်းဖြစ်လာရန် ဦးတည်နေသည့်ကာလ ၁၉၈၈-ခုနှစ် မေလတွင် ရခိုင်လူဦးရေ ခန့်မှန်း (၃) ရာခိုင်နှုန်းမျှသာရှိသည့် မောင်တောမြို့နယ်၌ မြို့နယ်လုံးကျွတ် လူမျိုးတုံးသတ်ဖြတ်ခံရလုနီးကပါး အဖြစ်အပျက်တစ်ရပ် ဖြစ်ပျက်ခဲ့ဖူးပါသည်။

မေလ (၁၂) လောက်ကပင် မောင်တောစျေးအပါအဝင် အရပ်ရပ်စျေးဆိုင်များ၌ လက်နှိပ်ဓါတ်မီးများ အရောင်းထွက်သွားခဲ့သည်။ လိုချင်၍ ရှာမရနိုင်တော့။ မြို့ခံရခိုင်များက ထိုအခြင်အရာကို သတိမထားမိကြ။ ထိုအခြင်းအရာသည် အဖြစ်အပျက်ကြီးတစ်ရပ် သို့ ဦးတည်နေကြောင်း မောင်တောမြို့နေ ရခိုင်လူမျိုးများ မသိနိုင်ခဲ့ပေ။

နောက်တစ်ရက် မေလ (၁၃) ရက်နေ့ နေ့ပိုင်းတွင် မြို့ထဲသို့ အလုပ်လာဆင်းရမည့် ဘင်္ဂါလီ တစ်ဦးတစ်ယောက်မှ အလုပ်လာမဆင်းကြပေ။ ထိုဖြစ်စဉ်ကိုလည်း ရခိုင်လူမျိုးများက သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့ နေခဲ့ကြလေသည်။

တပြိုင်နက်တည်း ညဉ့်နက်ပိုင်း ထကြွကြရန် စီစဉ်ခဲ့ကြပုံရသော်လည်း ညအစောပိုင်း (၇)နာရီလောက်ကပင် ဘင်္ဂါလီများ စုစု စုစု ဖြင့် စုဝေးဆူပူအော်ဟစ်ခြင်းများ စတင်ဖြစ်လာသည့်အခါကျမှ မြို့သည် ထိတ်လန့်တုန်လှုပ်လေသည်။ “မူဆလာမန် ဇိန်ဒဘတ်”၊ “နာရီယာတိုဘီ ဇိန်ဒဘတ်”၊ “အလာဟု အက္ကဘာ” စသည်ဖြင့် တခဲနက်ကြွေးကြော်ကြသည်။ မြို့ထဲရှိ ရဲအနည်းငယ်တို့က ဓါတ်မီးဖြင့်ထိုးကြည့်ရာ ၎င်းတို့ကို ဓါတ်မီးရာထောင်တို့ဖြင့် အကြမ်ဖက်လူအုပ်က ပြန်ထိုးသည်။ ရဲများ၊ ရခိုင်အရပ်သားများကို ရိုက်သည်။ ဘုန်းကြီးကျောင်း ဆိုင်းဘိုးကို ရိုက်ချိုးခြင်းဖြင့် ဖြိုဖျက်ခြင်းများကို စတင်သည်။

အဓိကလုံခြုံရေးအင်အားဖြစ်သည့် လုံထိန်းတပ်ရှိရာ မောင်တောမြို့ပြင် လေးမိုင်သို့ တာဝန်ရှိသူများက ဖုန်းဆက်ကြည့်ကြရာ မရကြချေ။ ဖုံးလိုင်းများကို ဖြတ်ထားကြပြီးဖြစ်လေသည်။ မြို့နယ်အဆင့် အရာရှိအချို့ပါသော ဟိုင်းလတ်ကားတစ်စီး မြို့ထဲသို့ဝင်အလာတွင် မြို့သူကြီးရွာသား ဘင်္ဂါလီလူအုပ်ကြီးက အော်ဟစ်ဆဲဆိုကာ ခဲများဖြင့် ပစ်ပေါက်ကာ အတင်းတားခြင်းခံရသော်လည်း အတင်းထိုးဖောက်မောင်းကာ မြို့ထဲသို့ လာနိုင်ခဲ့သည်။

မြို့နယ် တရားသူကြီး ဥက္ကဌ ဦးဘသိန်းသည် ညကိုးနာရီခွဲခန့်တွင် သေနတ်တစ်လက်ကိုင်ရောက်လာပြီး အနည်းငယ်သော ရဲသားအင်အားနှင့် လာရောက်ပူးပေါင်းသည်။ အကြမ်းဖက်လူအုပ် ထိန်းမနိုင်သိမ်းမရဖြစ်လာသောကြောင့် ပစ်ခတ်ဖြိုခွင်းရသည်။ ရဲအဖွဲ့ခေါင်းဆောင် ဦးမြထွန်းကျော်နှင့်အဖွဲ့က ကားပေါ်သို့တက်ပြီး လေးမိုင်းလုံထိန်းတပ်သို့ သွားရောက်အကူအညီတောင်းသည်။ ရဲလုံထိန်းတပ်ရင်း ဗိုလ်မှူးသိန်းစိုး ခေါင်းဆောင်သော ရဲလုံထိန်းတပ်ရင်းက မောင်တောမြို့ထဲသို့ ဝင်ရောက်လာသည့် အခါကျမှ အခြေအနေကို စတင်ထိန်းသိမ်းနိုင်တော့သည်။ နံနက်လေးနာရီထိုးသည်အထိ ရှင်းလင်းရန် ကြိုးစားခဲ့ကြရသည်။  ဆရာခိုင်မျိုးစောင့် ပြုစုသော “ကိုလိုနီဆိုးမွေခံ ရခိုင်ပြည်နှင့် စစ်တကောင်းသား ဘင်္ဂါလီမူဆလင်တို့၏ နယ်သစ်ချဲ့ရေးထကြွမှု” စာအုပ်ပါစာသားအတိုင်း ပြောရမည်ဆိုလျှင် – “ဗိုလ်မျူးသိန်းစိုးနှင့်အဖွဲ့သည် မောင်တောမြို့ကို မူဆလင်တို့ ညတွင်းချင်း စီးနင်းရန်ကြံစည်မှုဘေးမှ လက်မတင်လေး ကယ်တင်နိုင်ခဲ့ပေသည်။”

နောက်တစ်နေ့ နိုင်ငံတကာ ရေဒီယိုသတင်းဌာနတစ်ခု (ကျွန်တော်မှတ်မိသလောက် BBC ဖြစ်မည်ထင်ပါသည်) က သတင်းကြေငြာသည်မှာ – ယမန်နေ့က မောင်တောမြို့တွင် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရရှိရေး လူထုဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ကြကြောင်း၊ ထိုဆန္ဒပြမှုကို အာဏာရှင်များက ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း စသည်ဖြင့် သတင်းတွင် ကြေငြာသွားခဲ့ပါသည်။

တမြန်နေ့က အေအေတပ်မှူးချုပ် တွစ်တာတွင် ရေးသည်ထဲက အချက်တစ်ချက်ဖြစ်သည့် “using your best tools of disinformation”  (သတင်းမှားဆိုတဲ့ လက်နက်ကိုသုံးပြီးတော့) ဆိုသည့်အချက်ကို ထောက်ပြပြောဆိုခြင်း ကား အကြောင်းမဲ့ ပြောခြင်း မဖြစ်လောက်ပေ။ ဖြစ်နေကျပုံစံများကို ကြည့်ရှုလျှင် မြင်နိုင်လောက်ပေသည်။

KZO

(၀၃-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၅)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s