
[ Zawgyi font First / Unicode below ]
မာ့ခ္စ္၀ါဒအေပၚ ဘာထရန္ရပ္ဆယ္၏ ေခ်ပခ်က္
==========
“အသက္ႏွစ္ဆယ္ေရာက္လို႔မွ လူတစ္ေယာက္ဟာ ကြန္ျမဴနစ္မျဖစ္ေသးဘူး ဆိုရင္ အဲသည္လူမွာ ႏွလံုးသားမရွိဘူးလို႔ ဆိုရမယ္။ ဒါေပမဲ့ အသက္သံုးဆယ္ေရာက္လို႔မွ လူတစ္ေယာက္ဟာ ကြန္ျမဴနစ္ဆက္ျဖစ္ေနေသးတယ္ဆိုရင္ အဲဒီလူမွာ ဦးေႏွာက္မရွိဘူး ဆိုရမွာပဲ။”
ေက်ာ္ၾကားလွေသာ ဤစကားစုကို မည္သူစေျပာခဲ့မွန္း ေရေရရာရာ မသိရေပ။ ဘားနပ္ေရွာကေတာ့ အသက္သံုးဆယ္ေက်ာ္အထိ ကြန္ျမဴနစ္ျဖစ္ေနေသးသူကို အရူး ဟု ဆိုေပသည္။
တစ္။ ကားလ္ေပါ့ပါ (Karl Popper)
ကြန္ျမဴနစ္၀ါဒ၏ ဖခင္ႀကီးျဖစ္ေသာ ကားလ္မာ့ခ္စ္ (Karl Marx) ၏ အယူအဆမ်ားကိုကိုင္စြဲလ်က္ တည္ေထာင္ခဲ့ၾကေသာ ကြန္ျမဴနစ္ႏိုင္ငံႀကီးငယ္တို႔ အစီအရီၿပိဳက်ခဲ့ၿပီးေလၿပီ။ သို႔ရာတြင္ ထိုကဲ့သို႔ လဲၿပိဳမႈမ်ား မျဖစ္မီကာလမ်ားကပင္ မာ့ခ္စ္၀ါဒအေပၚ ေ၀ဖန္ခဲ့ၾကသူမ်ားအနက္ ကားလ္ေပါ့ပါ (Karl Popper) ထင္ရွား၏။ သူေရးသားခဲ့ေသာ “ပြင့္လင္းလူ႔အဖြဲ႕အစည္းႏွင့္ ယင္း၏ရန္သူမ်ား (ဒုတိယတြဲ)” ၏ အဓိကပစ္မွတ္မွာ မာ့ခ္စ္၀ါဒျဖစ္ေလသည္။
ေပါ့ပါက မာ့ခ္စ္၀ါဒအေပၚ သံုးသပ္ေ၀ဖန္ရာတြင္ သမိုင္းေရးရာျဖစ္စဥ္ေသ၀ါဒ (Historicism) ႏွင့္ မာ့ခ္စ္၏ အႏုပဋိေလာမရုပ္၀ါဒ (dialectical materialism) အား မွားယြင္းေၾကာင္း ေထာက္ျပသံုးသပ္ၿပီးသကာလ ထိုသို႔ သံုးသပ္ရာတြင္ ေပါ့ပါ ကိုယ္တုိင္ထုတ္ေဖာ္တင္ျပခဲ့ေသာ တစ္ပိုင္းခ်င္း တစ္လွမ္းခ်င္း လူမႈစနစ္ ေျပာင္းလဲေရး၀ါဒ (piecemeal social engineering) တို႔အားျဖင့္ ေ၀ဖန္ေခ်ပခဲ့ျခင္း ျဖစ္ေလသည္။ ထိုေခ်ပခ်က္တို႔အား တင္ျပရာ၌ ေပါ့ပါက Theory of Falsification (ေခၚ) အမွားေဖာ္ထုတ္ကာ အမွန္ဆံုးကို ရွာေဖြေသာ နည္းလမ္းအားျဖင့္ သိပၸံနည္းက်မွန္ကန္ေစရမည္ ဆိုေသာ မွတ္ေက်ာက္အယူကိုကိုင္စြဲကာ တိုင္းထြာေခ်ပခဲ့သည္။
သမိုင္းေရးရာျဖစ္စဥ္ေသ၀ါဒ (Historicism) ဆိုသည္မွာကား ပေလတိုအဆိုအရဆိုလွ်င္ လူ႔အဖြဲ႕အစည္း တို႔သည္ သမိုင္းေခတ္ဦးတြင္ အေကာင္းဆံုးပံုစံရွိေနျခင္းမွ အဆိုးဆံုးပံုစံသို႔ မလြဲမေသြေျပာင္းလဲလာရမည္ ဆိုေသာ အယူ၊ မာ့ခ္စ္၏အဆိုအရဆိုလွ်င္ လူ႔အဖြဲ႕အစည္းတို႔သည္ သမိုင္းေခတ္ဦးတြင္ အနိမ့္က်ဆံုးပံုစံရွိေနျခင္းမွ အျမင့္ဆံုးပံုစံသို႔ မလြဲမေသြေျပာင္းလဲလာရမည္ ဆိုေသာ အယူ (တစ္နည္း) သမိုင္းသည္ တစ္ဘက္တည္းသို႔ စီးေၾကာင္းအေသစီးေနသည္ဆိုသည့္ အယူမ်ားကို ဆိုလိုသည္။ လူ႔အဖြဲ႕အစည္းအား တစ္စိတ္တစ္ပိုင္းခ်င္း တစ္က႑တစ္က႑ခ်င္း တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္း ေျပာင္းလဲမႈ မလုပ္လိုသည့္ မာ့ခ္စ္၏ စိတ္ကူးယာဥ္ေလာကနိဗၺာန္သို႔ လူမႈစနစ္ေျပာင္းလဲေရး၀ါဒ (Utopia social engineering) သည္ လူ႔ေဘာင္ေလာကအား မ်ားစြာထိခိုက္နစ္နာေစခဲ့ေၾကာင္း ေပါ့ပါက ေထာက္ျပခဲ့သည္။ မာ့ခ္စ္အေပၚ ေပါ့ပါ၏ ေ၀ဖန္ခ်က္မ်ားကိုကား သီးျခားစာစုအျဖစ္ အတန္ငယ္အက်ယ္ခ်ဲ႕၍ ရွင္းလင္း ေရးသားရန္ ေနာက္ထပ္ လိုအပ္ေပသည္။
ႏွစ္။ ဘာထရန္ရပ္ဆယ္ (Bertrand Russell)
မာ့ခ္စ္၀ါဒကို လက္မခံေသာ ေနာက္ထပ္ေတြးေခၚရွင္တစ္ဦးမွာ ဘာထရန္ရပ္ဆယ္ (Bertrand Russell) ျဖစ္ေလသည္။
ႏိုင္ငံေရးအယူ၀ါဒမ်ားႏွင့္ပတ္သက္လာလွ်င္ ေမးရမည့္ေမးခြန္း ႏွစ္ခုရွိသည္ ဟု ဘာထရန္ရပ္ဆယ္က ဆိုသည္။ (တစ္) အဲသည္အယူ၀ါဒမ်ားမွာ သေဘာတရားပိုင္းအရ မွန္ကန္မႈရွိသလား ဆိုေသာ ေမးခြန္း ႏွင့္ (ႏွစ္) အဲသည္အယူ၀ါဒမ်ားကို အေကာင္အထည္ေဖာ္ျခင္းအားျဖင့္ လူသားတို႔၏ ေပ်ာ္ရႊင္မႈကို တိုးပြားလာေစႏိုင္သလား ဆိုေသာ ေမးခြန္းႏွစ္ခု ျဖစ္ေလသည္။ ဘာထရန္ရပ္ဆယ္၏ အျမင္အရ အေျဖမ်ားမွာ (တစ္) ကြန္ျမဴနစ္စါဒ၏ သေဘာတရားေရးအေျခခံမ်ားမွာ မွားယြင္းၿပီး၊ (ႏွစ္ )ကြန္ျမဴနစ္အာဏာရွင္စနစ္ကို လက္ေတြ႕က်င့္သံုးမႈေၾကာင့္ တိုင္းတာမရႏိုင္ေလာက္ေသာ လူ႔ဒုကၡဆင္းရဲမ်ားကို ျဖစ္ေစခဲ့သည္ ဟု ေျဖၾကားေပသည္။
ကြန္ျမဴနစ္အယူ၀ါဒ၏ အစိတ္အပိုင္းအမ်ားစုမွာ မာ့ခ္စ္ထံမွ ဆင္သက္လာျခင္းျဖစ္သည္။ မာ့ခ္စ္အေပၚ (တစ္နည္း မာ့ခ္စ္၏ ဆင္ျခင္ခ်က္မ်ားအေပၚ) ဘာထရန္ရပ္ဆယ္ ကန္႔ကြက္ရျခင္းတြင္ အေၾကာင္းရင္း ႏွစ္ခ်က္ျပသည္။ (က) မာ့ခ္စ္၏ အယူအဆပိုင္းဆိုင္ရာ ေတြးေတာဆင္ျခင္မႈသည္ ရႈပ္ေထြးေပြလိမ္ေနသည္၊ (ခ) သူ၏ စဥ္းစားပံုမွာ အမုန္းတရားအေပၚ လံုးလံုးလ်ားလ်ား အေျခခံထားျခင္း ျဖစ္သည္ ဟု ဆိုသည္။ အရင္းရွင္စနစ္ေအာက္တြင္ လုပ္ခစား အလုပ္သမားမ်ား (wage-earners)ဆီမွ ေသြးစုတ္အျမတ္ထုတ္သည္ဟု မာ့ခ္စ္တင္ျပေသာ အစြန္းထြက္တန္ဖိုး (surplus value) အယူအဆမွာ – (က) မားသပ္စ္ လူဦးေရ တိုးပြားမႈအယူအဆ Malthus’s doctrine of population (လူဦးေရက ဆပြားကိန္းႏႈန္းနဲ႔ တိုးလာၿပီး စာေရရိကၡာထုတ္လုပ္မႈက ေပါင္းပြားကိန္းႏႈန္းနဲ႔ တိုးလာတယ္ ဆိုတဲ႔ အယူအဆ) ကို တိတ္တခိုး လက္ခံအေျခတည္စဥ္းစားသည္၊ ထို႔အျပင္ ရီကာဒို(Ricardo) ၏ တန္ဖိုးသီအိုရီႏွင့္ စဥ္းစားရာမွာ လုပ္ခတန္ဖိုးတစ္ခုတည္းကိုပဲ စဥ္းစားၿပီးသကာလ ထုတ္လုပ္ၿပီးပစၥည္းမ်ားရဲ႕တန္ဖိုးမ်ားကို ထည့္သြင္းစဥ္းစားေျပာဆိုမႈ မရွိခဲ့ေပ။ ဤႏွယ္မွားယြင္းေသာ အေျခခံႏွစ္ခုအေပၚမွာရပ္ၿပီး အလုပ္သမားမ်ား ေသြးစုပ္ခံေနရသည္ဆိုေသာ အစြန္းထြက္တန္ဖိုး အယူအဆကို မာ့ခ္စ္က ပံုေဖာ္ခဲ့ျခင္း ျဖစ္သည္ ဟု ဘာထရန္ရပ္ဆယ္ကဆိုသည္။ ထိုကဲ့သို႔ပံုေဖာ္ရာမွာ အခ်က္အလက္မ်ား မွန္ကန္မႈ ႏွင့္ က်ိဳးေၾကာင္းဆီေလ်ာ္မႈ တို႔အေပၚ အေျခမခံဘဲ အမုန္းတရား ထုတ္လုပ္ႏိုင္ရန္ ရည္ရြယ္လုပ္ေဆာင္ခဲ့သည္ ဟု ဘာထရန္ရပ္ဆယ္က စြပ္စြဲသည္။
ေနာက္တစ္ခုက မာခ့္စ္တင္ျပေသာ သမိုင္းေရးရာရုပ္၀ါဒအရ သမိုင္းျဖစ္ရပ္မ်ားသည္ လူတန္းစားပဋိပကၡမ်ား အားျဖင့္ တြန္းတိုးျဖစ္ေပၚလာသည္ ဆိုသည့္ အယူအဆမွာ – လြန္ခဲ့ေသာ တစ္ရာ့ငါးဆယ္ေက်ာ္ အဂၤလန္ႏွင့္ ျပင္သစ္တို႔တြင္ ျဖစ္ပ်က္ခဲ့ေသာ ထင္ရွားျဖစ္ပ်က္လကၡဏာအခ်ိဳ႕ကို ကြက္ကြက္ကေလး အလ်င္စလို ေကာက္ယူသံုးသပ္ၿပီး မမွန္မကန္ အေျဖထုတ္ထားျခင္းမွသာ ျဖစ္သည္ ဟု ဘာထရန္ရပ္ဆယ္က ဆိုသည္။
သမိုင္းေရးရာရုပ္၀ါဒ (dialectical materialism) ဆိုသည့္ စၾက၀ဠာအင္အားႀကီးတစ္ခုက လူတို႔၏ သမိုင္းျဖစ္စဥ္ကို လူသားတို႔၏ ေစတနာကံအားထုတ္မႈမပါရွိဘဲ စီမံအုပ္ခ်ဳပ္ျဖစ္ပ်က္ေနေစသည္ ဆိုေသာ မာ့ခ္စ္၏ ယံုၾကည္မႈမွာ ဒ႑ာရီယံုတမ္းပံုျပင္မွ်သာ ျဖစ္သည္ ဟု ရပ္ဆယ္က တင္ျပသည္။ ေခတ္ေျပာင္းေတာ္လွန္ေရး ႏိႈးေဆာ္သည့္ သေဘာတရားေရးသုခမိန္ ကားလ္မာ့ခ္စ္အေနျဖင့္ (လူတန္းစား) ရန္သူမ်ားကို အျပစ္ေပးႏွိပ္ကြပ္လိုေသာ စိတ္ကို သူဦးစားေပးခဲ့ေလရာ – သူ၏ သေဘာတရားေရးရာ အမွားအယြင္းမ်ားသည္ အက်ိဳးသက္ေရာက္မႈ ႀကီးႀကီးမားမား ျဖစ္ေပၚလာခဲ့ေလသည္။ သူ႔ေနာက္တြင္ သူ႔လမ္းစဥ္ကို အေကာင္အထည္ေဖာ္ၾကသူမ်ားေၾကာင့္ သာမန္ျပည္သူမ်ား မ်ားစြာ ဒုကၡေရာက္ခဲ့ၾကရသည္ကို ဘာထရန္ရပ္ဆယ္ ေထာက္ျပသည္။
မာ့ခ္စ္လက္ထက္ အမွားအယြင္းမ်ားႏွင့္ မလံုေလာက္ႏိုင္ေသး ဟုပင္ဆိုရမည္လားမသိ၊ လက္နင္(Lenin) တို႔ စတာလင္(Stalin) လက္ထက္တြင္ မ်ားစြာႀကီးက်ယ္ဆိုးရြားေသာ ရက္စက္မႈမ်ားကို ကြန္ျမဳနစ္အယူ၀ါဒ တံဆိပ္ေအာက္၌ က်ဴးလြန္ခဲ့ၾကသည္။ စတာလင္လက္ထက္ လွ်ိဳ၀ွက္ပုလိပ္တပ္ဖြဲ႕တို႔ျဖင့္ ႏွိပ္ကြပ္ခဲ့သည္မ်ား၊ သာမန္အမွားအယြင္းေလးမ်ားကို အေၾကာင္းျပဳ ဖမ္းဆီးခဲ့ရသူမ်ားအပါအ၀င္ ႏိုင္ငံေရးအက်ဥ္းသားမ်ားအား ရက္စက္ေသာ ဆိုဗီယက္အက်ဥ္းစခန္းမ်ားသို႔ လူသိန္းသန္းခ်ီပို႔ေဆာင္ ႏွိပ္ကြပ္ခဲ့သည္တို႔မွာ ကားလ္မာ့ခ္စ္၏ အျပစ္မ်ားစြာပါ၀င္သည္ ဟု ဆိုရေပမည္။
ေတာ္လွန္ေရး အေျပာင္းအလဲၾကားကာလ လူတန္းစားရန္သူမ်ားအေပၚ အႏိုင္ယူၿပီး ပစၥည္းမဲ့လူတန္းစား အာဏာရွင္စနစ္အားျဖင့္ ခ်ီတက္သြားမည္ဆိုသည္ကို မာ့ခ္စ္က သင္ၾကားခဲ့သည္မွာမွန္ပင္မွန္ေသာ္လည္း မာ့ခ္စ္ ရည္မွန္းသည့္လူ႔အဖြဲ႕အစည္းမွာ အႏွစ္သာရအားျဖင့္ ဒီမိုကေရစီဆန္႔က်င္သည့္ anti-democratic လူ႔အဖြဲ႕အစည္း မဟုတ္ေပ။
သို႔ရာတြင္ ရည္မွန္းခ်က္သို႔ လွမ္းေလၽွာက္ၾကစဥ္ကာလအတြင္း မာ့ခ္စ္ဝါဒကို ထပ္ဆင့္လိုသလို ပုံေဖာ္ကာ တစ္ပါတီတည္းလက္ထဲ စတာလင္ တစ္ဦးတည္းလက္ထဲ အာဏာမ်ားစုပုံထားေသာ ပစၥည္းမဲ့အာဏာရွင္စနစ္ လက္ေအာက္ အေသအေပ်ာက္အနာအက်င္ အလြန္မ်ားခဲ့ရပါေၾကာင္း ဘာထရန္ရပ္ဆယ္က စိတ္မေကာင္းႀကီးစြာ တင္ျပခဲ့သည္။
KZO
(၀၄-၀၈-၂၀၂၁)
ကိုးကား –
၁။ Karl Popper ေရးေသာ “Open Society and Its enemies” အတြဲ (၂)၊
၂။ Bertrand Russell ေရးေသာ “Portraits from Memory”, published in 1956.
[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၆)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========
မာ့ခ်စ်ဝါဒအပေါ် ဘာထရန်ရပ်ဆယ်၏ ချေပချက်
[ Unicode ]
“အသက်နှစ်ဆယ်ရောက်လို့မှ လူတစ်ယောက်ဟာ ကွန်မြူနစ်မဖြစ်သေးဘူး ဆိုရင် အဲသည်လူမှာ နှလုံးသားမရှိဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ အသက်သုံးဆယ်ရောက်လို့မှ လူတစ်ယောက်ဟာ ကွန်မြူနစ်ဆက်ဖြစ်နေသေးတယ်ဆိုရင် အဲဒီလူမှာ ဦးနှောက်မရှိဘူး ဆိုရမှာပဲ။”
ကျော်ကြားလှသော ဤစကားစုကို မည်သူစပြောခဲ့မှန်း ရေရေရာရာ မသိရပေ။ ဘားနပ်ရှောကတော့ အသက်သုံးဆယ်ကျော်အထိ ကွန်မြူနစ်ဖြစ်နေသေးသူကို အရူး ဟု ဆိုပေသည်။
တစ်။ ကားလ်ပေါ့ပါ (Karl Popper)
ကွန်မြူနစ်ဝါဒ၏ ဖခင်ကြီးဖြစ်သော ကားလ်မာ့ခ်စ် (Karl Marx) ၏ အယူအဆများကိုကိုင်စွဲလျက် တည်ထောင်ခဲ့ကြသော ကွန်မြူနစ်နိုင်ငံကြီးငယ်တို့ အစီအရီပြိုကျခဲ့ပြီးလေပြီ။ သို့ရာတွင် ထိုကဲ့သို့ လဲပြိုမှုများ မဖြစ်မီကာလများကပင် မာ့ခ်စ်ဝါဒအပေါ် ဝေဖန်ခဲ့ကြသူများအနက် ကားလ်ပေါ့ပါ (Karl Popper) ထင်ရှား၏။ သူရေးသားခဲ့သော “ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ယင်း၏ရန်သူများ (ဒုတိယတွဲ)” ၏ အဓိကပစ်မှတ်မှာ မာ့ခ်စ်ဝါဒဖြစ်လေသည်။
ပေါ့ပါက မာ့ခ်စ်ဝါဒအပေါ် သုံးသပ်ဝေဖန်ရာတွင် သမိုင်းရေးရာဖြစ်စဉ်သေဝါဒ (Historicism) နှင့် မာ့ခ်စ်၏ အနုပဋိလောမရုပ်ဝါဒ (dialectical materialism) အား မှားယွင်းကြောင်း ထောက်ပြသုံးသပ်ပြီးသကာလ ထိုသို့ သုံးသပ်ရာတွင် ပေါ့ပါ ကိုယ်တိုင်ထုတ်ဖော်တင်ပြခဲ့သော တစ်ပိုင်းချင်း တစ်လှမ်းချင်း လူမှုစနစ် ပြောင်းလဲရေးဝါဒ (piecemeal social engineering) တို့အားဖြင့် ဝေဖန်ချေပခဲ့ခြင်း ဖြစ်လေသည်။ ထိုချေပချက်တို့အား တင်ပြရာ၌ ပေါ့ပါက Theory of Falsification (ခေါ်) အမှားဖော်ထုတ်ကာ အမှန်ဆုံးကို ရှာဖွေသော နည်းလမ်းအားဖြင့် သိပ္ပံနည်းကျမှန်ကန်စေရမည် ဆိုသော မှတ်ကျောက်အယူကိုကိုင်စွဲကာ တိုင်းထွာချေပခဲ့သည်။
သမိုင်းရေးရာဖြစ်စဉ်သေဝါဒ (Historicism) ဆိုသည်မှာကား ပလေတိုအဆိုအရဆိုလျှင် လူ့အဖွဲ့အစည်း တို့သည် သမိုင်းခေတ်ဦးတွင် အကောင်းဆုံးပုံစံရှိနေခြင်းမှ အဆိုးဆုံးပုံစံသို့ မလွဲမသွေပြောင်းလဲလာရမည် ဆိုသော အယူ၊ မာ့ခ်စ်၏အဆိုအရဆိုလျှင် လူ့အဖွဲ့အစည်းတို့သည် သမိုင်းခေတ်ဦးတွင် အနိမ့်ကျဆုံးပုံစံရှိနေခြင်းမှ အမြင့်ဆုံးပုံစံသို့ မလွဲမသွေပြောင်းလဲလာရမည် ဆိုသော အယူ (တစ်နည်း) သမိုင်းသည် တစ်ဘက်တည်းသို့ စီးကြောင်းအသေစီးနေသည်ဆိုသည့် အယူများကို ဆိုလိုသည်။ လူ့အဖွဲ့အစည်းအား တစ်စိတ်တစ်ပိုင်းချင်း တစ်ကဏ္ဍတစ်ကဏ္ဍချင်း တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြောင်းလဲမှု မလုပ်လိုသည့် မာ့ခ်စ်၏ စိတ်ကူးယာဉ်လောကနိဗ္ဗာန်သို့ လူမှုစနစ်ပြောင်းလဲရေးဝါဒ (Utopia social engineering) သည် လူ့ဘောင်လောကအား များစွာထိခိုက်နစ်နာစေခဲ့ကြောင်း ပေါ့ပါက ထောက်ပြခဲ့သည်။ မာ့ခ်စ်အပေါ် ပေါ့ပါ၏ ဝေဖန်ချက်များကိုကား သီးခြားစာစုအဖြစ် အတန်ငယ်အကျယ်ချဲ့၍ ရှင်းလင်း ရေးသားရန် နောက်ထပ် လိုအပ်ပေသည်။
နှစ်။ ဘာထရန်ရပ်ဆယ် (Bertrand Russell)
မာ့ခ်စ်ဝါဒကို လက်မခံသော နောက်ထပ်တွေးခေါ်ရှင်တစ်ဦးမှာ ဘာထရန်ရပ်ဆယ် (Bertrand Russell) ဖြစ်လေသည်။
နိုင်ငံရေးအယူဝါဒများနှင့်ပတ်သက်လာလျှင် မေးရမည့်မေးခွန်း နှစ်ခုရှိသည် ဟု ဘာထရန်ရပ်ဆယ်က ဆိုသည်။ (တစ်) အဲသည်အယူဝါဒများမှာ သဘောတရားပိုင်းအရ မှန်ကန်မှုရှိသလား ဆိုသော မေးခွန်း နှင့် (နှစ်) အဲသည်အယူဝါဒများကို အကောင်အထည်ဖော်ခြင်းအားဖြင့် လူသားတို့၏ ပျော်ရွှင်မှုကို တိုးပွားလာစေနိုင်သလား ဆိုသော မေးခွန်းနှစ်ခု ဖြစ်လေသည်။ ဘာထရန်ရပ်ဆယ်၏ အမြင်အရ အဖြေများမှာ (တစ်) ကွန်မြူနစ်စါဒ၏ သဘောတရားရေးအခြေခံများမှာ မှားယွင်းပြီး၊ (နှစ် )ကွန်မြူနစ်အာဏာရှင်စနစ်ကို လက်တွေ့ကျင့်သုံးမှုကြောင့် တိုင်းတာမရနိုင်လောက်သော လူ့ဒုက္ခဆင်းရဲများကို ဖြစ်စေခဲ့သည် ဟု ဖြေကြားပေသည်။
ကွန်မြူနစ်အယူဝါဒ၏ အစိတ်အပိုင်းအများစုမှာ မာ့ခ်စ်ထံမှ ဆင်သက်လာခြင်းဖြစ်သည်။ မာ့ခ်စ်အပေါ် (တစ်နည်း မာ့ခ်စ်၏ ဆင်ခြင်ချက်များအပေါ်) ဘာထရန်ရပ်ဆယ် ကန့်ကွက်ရခြင်းတွင် အကြောင်းရင်း နှစ်ချက်ပြသည်။ (က) မာ့ခ်စ်၏ အယူအဆပိုင်းဆိုင်ရာ တွေးတောဆင်ခြင်မှုသည် ရှုပ်ထွေးပွေလိမ်နေသည်၊ (ခ) သူ၏ စဉ်းစားပုံမှာ အမုန်းတရားအပေါ် လုံးလုံးလျားလျား အခြေခံထားခြင်း ဖြစ်သည် ဟု ဆိုသည်။ အရင်းရှင်စနစ်အောက်တွင် လုပ်ခစား အလုပ်သမားများ (wage-earners)ဆီမှ သွေးစုတ်အမြတ်ထုတ်သည်ဟု မာ့ခ်စ်တင်ပြသော အစွန်းထွက်တန်ဖိုး (surplus value) အယူအဆမှာ – (က) မားသပ်စ် လူဦးရေ တိုးပွားမှုအယူအဆ Malthus’s doctrine of population (လူဦးရေက ဆပွားကိန်းနှုန်းနဲ့ တိုးလာပြီး စာရေရိက္ခာထုတ်လုပ်မှုက ပေါင်းပွားကိန်းနှုန်းနဲ့ တိုးလာတယ် ဆိုတဲ့ အယူအဆ) ကို တိတ်တခိုး လက်ခံအခြေတည်စဉ်းစားသည်၊ ထို့အပြင် ရီကာဒို(Ricardo) ၏ တန်ဖိုးသီအိုရီနှင့် စဉ်းစားရာမှာ လုပ်ခတန်ဖိုးတစ်ခုတည်းကိုပဲ စဉ်းစားပြီးသကာလ ထုတ်လုပ်ပြီးပစ္စည်းများရဲ့တန်ဖိုးများကို ထည့်သွင်းစဉ်းစားပြောဆိုမှု မရှိခဲ့ပေ။ ဤနှယ်မှားယွင်းသော အခြေခံနှစ်ခုအပေါ်မှာရပ်ပြီး အလုပ်သမားများ သွေးစုပ်ခံနေရသည်ဆိုသော အစွန်းထွက်တန်ဖိုး အယူအဆကို မာ့ခ်စ်က ပုံဖော်ခဲ့ခြင်း ဖြစ်သည် ဟု ဘာထရန်ရပ်ဆယ်ကဆိုသည်။ ထိုကဲ့သို့ပုံဖော်ရာမှာ အချက်အလက်များ မှန်ကန်မှု နှင့် ကျိုးကြောင်းဆီလျော်မှု တို့အပေါ် အခြေမခံဘဲ အမုန်းတရား ထုတ်လုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည် ဟု ဘာထရန်ရပ်ဆယ်က စွပ်စွဲသည်။
နောက်တစ်ခုက မာခ့်စ်တင်ပြသော သမိုင်းရေးရာရုပ်ဝါဒအရ သမိုင်းဖြစ်ရပ်များသည် လူတန်းစားပဋိပက္ခများ အားဖြင့် တွန်းတိုးဖြစ်ပေါ်လာသည် ဆိုသည့် အယူအဆမှာ – လွန်ခဲ့သော တစ်ရာ့ငါးဆယ်ကျော် အင်္ဂလန်နှင့် ပြင်သစ်တို့တွင် ဖြစ်ပျက်ခဲ့သော ထင်ရှားဖြစ်ပျက်လက္ခဏာအချို့ကို ကွက်ကွက်ကလေး အလျင်စလို ကောက်ယူသုံးသပ်ပြီး မမှန်မကန် အဖြေထုတ်ထားခြင်းမှသာ ဖြစ်သည် ဟု ဘာထရန်ရပ်ဆယ်က ဆိုသည်။
သမိုင်းရေးရာရုပ်ဝါဒ (dialectical materialism) ဆိုသည့် စကြဝဠာအင်အားကြီးတစ်ခုက လူတို့၏ သမိုင်းဖြစ်စဉ်ကို လူသားတို့၏ စေတနာကံအားထုတ်မှုမပါရှိဘဲ စီမံအုပ်ချုပ်ဖြစ်ပျက်နေစေသည် ဆိုသော မာ့ခ်စ်၏ ယုံကြည်မှုမှာ ဒဏ္ဍာရီယုံတမ်းပုံပြင်မျှသာ ဖြစ်သည် ဟု ရပ်ဆယ်က တင်ပြသည်။ ခေတ်ပြောင်းတော်လှန်ရေး နှိုးဆော်သည့် သဘောတရားရေးသုခမိန် ကားလ်မာ့ခ်စ်အနေဖြင့် (လူတန်းစား) ရန်သူများကို အပြစ်ပေးနှိပ်ကွပ်လိုသော စိတ်ကို သူဦးစားပေးခဲ့လေရာ – သူ၏ သဘောတရားရေးရာ အမှားအယွင်းများသည် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့လေသည်။ သူ့နောက်တွင် သူ့လမ်းစဉ်ကို အကောင်အထည်ဖော်ကြသူများကြောင့် သာမန်ပြည်သူများ များစွာ ဒုက္ခရောက်ခဲ့ကြရသည်ကို ဘာထရန်ရပ်ဆယ် ထောက်ပြသည်။
မာ့ခ်စ်လက်ထက် အမှားအယွင်းများနှင့် မလုံလောက်နိုင်သေး ဟုပင်ဆိုရမည်လားမသိ၊ လက်နင်(Lenin) တို့ စတာလင်(Stalin) လက်ထက်တွင် များစွာကြီးကျယ်ဆိုးရွားသော ရက်စက်မှုများကို ကွန်မြုနစ်အယူဝါဒ တံဆိပ်အောက်၌ ကျူးလွန်ခဲ့ကြသည်။ စတာလင်လက်ထက် လျှိုဝှက်ပုလိပ်တပ်ဖွဲ့တို့ဖြင့် နှိပ်ကွပ်ခဲ့သည်များ၊ သာမန်အမှားအယွင်းလေးများကို အကြောင်းပြု ဖမ်းဆီးခဲ့ရသူများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ရက်စက်သော ဆိုဗီယက်အကျဉ်းစခန်းများသို့ လူသိန်းသန်းချီပို့ဆောင် နှိပ်ကွပ်ခဲ့သည်တို့မှာ ကားလ်မာ့ခ်စ်၏ အပြစ်များစွာပါဝင်သည် ဟု ဆိုရပေမည်။
တော်လှန်ရေး အပြောင်းအလဲကြားကာလ လူတန်းစားရန်သူများအပေါ် အနိုင်ယူပြီး ပစ္စည်းမဲ့လူတန်းစား အာဏာရှင်စနစ်အားဖြင့် ချီတက်သွားမည်ဆိုသည်ကို မာ့ခ်စ်က သင်ကြားခဲ့သည်မှာမှန်ပင်မှန်သော်လည်း မာ့ခ်စ် ရည်မှန်းသည့်လူ့အဖွဲ့အစည်းမှာ အနှစ်သာရအားဖြင့် ဒီမိုကရေစီဆန့်ကျင်သည့် anti-democratic လူ့အဖွဲ့အစည်း မဟုတ်ပေ။
သို့ရာတွင် ရည်မှန်းချက်သို့ လှမ်းလျှောက်ကြစဉ်ကာလအတွင်း မာ့ခ်စ်ဝါဒကို ထပ်ဆင့်လိုသလို ပုံဖော်ကာ တစ်ပါတီတည်းလက်ထဲ စတာလင် တစ်ဦးတည်းလက်ထဲ အာဏာများစုပုံထားသော ပစ္စည်းမဲ့အာဏာရှင်စနစ် လက်အောက် အသေအပျောက်အနာအကျင် အလွန်များခဲ့ရပါကြောင်း ဘာထရန်ရပ်ဆယ်က စိတ်မကောင်းကြီးစွာ တင်ပြခဲ့သည်။
KZO
(၀၄-၀၈-၂၀၂၁)
ကိုးကား –
၁။ Karl Popper ရေးသော “Open Society and Its enemies” အတွဲ (၂)၊
၂။ Bertrand Russell ရေးသော “Portraits from Memory”, published in 1956.
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၆)]
#ShortNotesOnPoliticsForYouth
#KyawZawOo
#KZO
==========