ထောမတ်စ်ပိန်း ၏ လွတ်လပ်ရေးတိုက်ပွဲခေါ်သံ “Common Sense” စာလွှာ

[ Zawgyi font First / Unicode below ]

ေထာမတ္စ္ပိန္း ၏ လြတ္လပ္ေရးတိုက္ပြဲေခၚသံ “Common Sense” စာလႊာ

==========

တစ္။

အေမရိကန္ ျပည္နယ္ (၁၃) ျပည္နယ္တို႔အေနျဖင့္ ၿဗိတိန္၏ လက္ေအာက္မွ ရုန္းထြက္ၿပီး သီးျခား ဒီမိုကေရစီႏိုင္ငံ ထူေထာင္ၾကဖို႔အေရး တိုက္တြန္းႏိႈးေဆာ္သည့္ Common Sense (သာမာန္ဆင္ျခင္ဥာဏ္) စာလႊာကို ၿဗိိိတိန္ႏိုင္ငံမွ အေမရိကသို႔ ေျပာင္းေရြ႕အေျခစိုက္သူတစ္ဦးျဖစ္သည့္ သတင္းစာဆရာ ေထာမတ္စ္ပိန္း (Thomas Paine) က ၁၇၇၆-ခုႏွစ္ ဇြန္န၀ါရီလတြင္ ေရးသားထုတ္ေ၀ခဲ့ရာ အေမရိကန္ ျပည္နယ္မ်ားအားလံုးတြင္ ေနရာအႏွံ႔ အႀကီးအက်ယ္ ရုိက္ခတ္သက္ေရာက္မႈရွိခဲ့သည္။ ျပည္နယ္မ်ားအားလံုးေပါင္း လူဦးေရ ႏွစ္သန္းခြဲမွ်သာ ရွိခဲ့သည့္အခ်ိန္တြင္ ခန္႔မွန္းအုပ္ေရ ခုနစ္ေသာင္းခြဲမွ တစ္သိန္းခြဲအၾကား ရိုက္ႏွိပ္ခဲ့ရသည္ျဖစ္ရာ အေမရိကန္သမုိင္းတစ္ခုလံုးတြင္ လူဦးေရအခ်ိဳးအစားအရ ဖတ္ရႈသူ အမ်ားဆံုးစာအုပ္ျဖစ္ေပသည္။ ထို႔ျပင္တမူ အမ်ားျပည္သူမ်ားစုေ၀းကာ သင့္ေလ်ာ္ရာေနရာမ်ားတြင္ တစ္ေယာက္ေယာက္က ဖတ္ျပကာ စုေ၀းနားေထာင္ျခင္းမ်ား မ်ားစြာျပဳလုပ္ခဲ့ၾကသည္ ျဖစ္ရကား ဤစာအုပ္၏ ပ်ံ႕ႏွံ႔သက္ေရာက္မႈမွာ စာအုပ္အေရအတြက္ထက္ ထပ္ဆင့္ပိုမိုသက္ေရာက္မႈမ်ားစြာ ရွိခဲ့ေပသည္။

စာမ်က္ႏွာ (၄၇) မ်က္ႏွာပါရွိေသာ အဆိုပါစာလႊာ၏ အဓိက သတင္းစကားမွာ အႏွစ္ခ်ဳပ္ဆိုရလွ်င္ – (၁)။ ၿဗိတိန္မွ လက္ေအာက္မွ လြတ္ေျမာက္ေရးကို လုပ္ေဆာင္ဖို႔ ႏွင့္ (၂)။ လြတ္ေျမာက္ၿပီး အေမရိကကို ဒီမိုကေရစီႏိုင္ငံအျဖစ္ထူေထာင္ဖို႔ တို႔ ျဖစ္ၾကေပသည္။

ႏွစ္။ ေနာက္ခံ ႏွင့္ စာလႊာနိဒါန္း

ဤစာလႊာကို ထုတ္ေ၀ေသာ ၁၇၇၆ ဇြန္န၀ါရီလတြင္ အေမရိကန္ကိုလိုနီမ်ား (အထူးသျဖင့္ ျပည္နယ္ ၁၃-ခု) တို႔မွာ မိခင္တိုင္းျပည္ ၿဗိတိန္ႏွင့္ ရန္ပြဲမ်ားစေနၿပီးေလၿပီ။ အေမရိကန္စစ္သည္မ်ားက တီကြန္ဒါရိုဒါ ခံတပ္ကို သိမ္းပိုက္ၿပီးၿပီ။ ေဘာ္စတြန္ၿမိဳ႕ကို ၀ိုင္းရံပိတ္ဆို႔ထားၿပီ။ နယူးေယာက္ၿမိဳ႕ကို ခံကတုတ္လုပ္ ခံထားၿပီ။ ၿဗိတိသွ် လက္ေအာက္ခံ ကေနဒါကို သြားေရာက္တိုက္ခိုက္မႈမ်ား လုပ္ေနၾကၿပီ။ သို႔ရာတြင္ ထိုအခ်ိန္က အေမရိကန္မ်ားစိတ္ထဲတြင္မူ ဖိႏွိပ္လြန္းအားႀကီးေသာ ၿဗိတိန္အား မိမိကိုယ္ကုိ ခုခံကာကြယ္မႈအရ တိုက္ခိုက္ေနၾကျခင္းျဖစ္သည္ ဟု ခံယူထားၾကဆဲျဖစ္ေလသည္။ ၿဗိိတိန္ကို ေစ့စပ္ညိွႏိႈင္းေရးစားပြဲတြင္ စကားေျပာႏိုင္ဖို႔တိုက္ခိုက္ေနၾကျခင္း သေဘာမွ်သာ ျဖစ္ေနေလသည္။ မိခင္တိုင္းျပည္ ၿဗိတိန္အား သံေယာဇဥ္မျပတ္ႏိုင္ၾက။ ဘုရင္စနစ္အေျခခံ ၿဗိတိန္လက္ေအာက္မွ လံုး၀ရုန္းထြက္ကာ သီးျခား ဒီမိုကေရစီႏိုင္ငံတည္ေထာင္ျခင္းသည္ လူသာမန္အသိဥာဏ္ျဖင့္ စဥ္းစားလွ်င္ပင္ မွန္ကန္ေၾကာင္း သိသာႏိုင္သည့္ မွန္ကန္ေသာ လမ္းေၾကာင္း ျဖစ္ပါေၾကာင္း ေထာမတ္စ္ပိန္းက တင္ျပလိုက္သည္။

သူ၏ စာလႊာအမည္ကို common sense (လက္ေတြ႕က် သာမန္ဆင္ျခင္ဥာဏ္) ဟု အဘယ္ေၾကာင့္ အမည္ေပးရသနည္း ဆိုေသာ္မူကား – လြတ္လပ္ေရးယူဖို႔ ႏွင့္ ဒီမိုကေရစီႏိုင္ငံထူေထာင္ဖို႔အေရးကို ယုတၱိယုတၱာျဖင့္ သူ၏ တင္ျပခ်က္မ်ားသည္ကား လူတို႔၏ သာမန္ဆင္ျခင္ဥာဏ္ ေကာင္းေကာင္းကန္းကန္း ရွိရံုမွ်ျဖင့္ ေတြးေတာဆင္ျခင္ အသိအမွတ္ျပဳႏိုင္ေသာ အေၾကာင္းအရာမ်ားျဖစ္သည္ ဟု သူက ယံုၾကည္ေသာေၾကာင့္ ျဖစ္ေပသည္။ စာလႊာ၏ နိဒါန္းပိုင္းတြင္ ထိုအေၾကာင္းကို တို႔ထိေဖာ္ျပထားသည္။ နိဒါန္းပိုင္း၏ အခ်ဳပ္သေဘာမွာ ေအာက္ပါအတိုင္းျဖစ္သည္။

(နိဒါန္းပိုင္း) – ဤစာအုပ္တြင္ ကၽြႏု္ပ္(ေထာမတ္စ္ပိန္း) တင္ျပေသာ စိတ္ကူးစိတ္ကူးစိတ္သန္းမ်ားသည္ အသစ္အဆန္းျဖစ္ေနရကား မ်ားစြာေသာ လူတို႔က ျငင္းပယ္ဖြယ္ရာရွိသည္။ စာဖတ္သူမ်ားအေနျဖင့္ မိမိတို႔စိတ္ထဲတြင္ ကာလၾကာျမင့္စြာကပင္ စြဲစြဲၿမဲၿမဲရွိေနေသာ အယူအဆေဟာင္းမ်ားကို ဖယ္ထုတ္လ်က္ လူသာမန္အသိဥာဏ္ကို အသံုးျပဳဆင္ျခင္လ်က္ အေမရိကန္တို႔၏အေရးကို လူသားတစ္ရပ္လံုး၏အေရးအျဖစ္ ရႈျမင္သံုးသပ္ႏိုင္ဖို႔ လိုအပ္ေပသည္။ မင္းဆိုးမင္းညစ္စနစ္အား ကၽြႏု္ပ္တို႔ ယခုမည္သို႔ တုန္႔ျပန္လိုက္သည္ဆိုသည့္ အျခင္းအရာသည္ ေနာင္အစဥ္အၿမဲ အေရးပါေသာ အေၾကာင္းအရာ ျဖစ္လာလိမ့္မည္။ –

သံုး။ (အခန္းတစ္) “Of the Origin and Design of Government in General, With Concise Remarks on the English Constitution” ၏ အႏွစ္ခ်ဳပ္သေဘာ။

‘လူအဖြဲ႕အစည္း’ ႏွင့္ ‘အစိုးရ’ ဆိုသည့္ႏွစ္ခုအား ေရာေထြး မျမင္အပ္။ ထိုႏွစ္ရပ္၏ အရင္းအျမစ္တို႔ကား ကြာျခားၾကသည္။ လူအဖြဲ႕အစည္းဟူသည္ကား လိုအင္ဆႏၵမ်ားက ေမြးထုတ္လိုက္ျခင္းျဖစ္ၿပီး အစိုးရ ဟူသည္ကား လူတို႔၏ ဆိုးညစ္မႈက ေမြးထုတ္လိုက္ျခင္း ျဖစ္ေပသည္။ အစိုးရဟူသည္ကား မဟုတ္က မဟုတ္ကလုပ္ရပ္လုပ္သူတို႔အား အျပစ္ေပးႏိုင္မည့္ အင္အားတစ္ရပ္အျဖစ္ ေပၚေပါက္လာျခင္းျဖစ္သည္။ ပထမအရာက လူတို႔၏ ခ်စ္ခင္ျခင္းမ်ားကို စုစည္းေပးၿပီး ဒုတိယအရာက လူသားတို႔၏ ဆိုးညစ္မႈမ်ားကို ထိန္းကြပ္မႈ လုပ္ေပသည္။

လူအဖြဲ႕အစည္းဟုသည္ကား မည္သည့္အခါမဆို ေကာင္းခ်ီးမဂၤလာျဖစ္ေပေသာ္လည္း အစိုးရဟူသည္ကား အေကာင္းဆံုးရွာႀကံေျပာရမည္ဆိုပါက မျဖစ္မေနလိုအပ္သျဖင့္ ထားရသည့္ မေကာင္းဆိုးရြား (necessary evil) သာ ျဖစ္ေပသည္။ လူတို႔မွာ အျပစ္အနာအဆာ မကင္းၾကသျဖင့္ အစိုးရဆိုသည္အား လိုအပ္ေနရသည္။ လူသားတို႔သာ ေကာင္းေကာင္းမြန္မြန္ဆိုလွ်င္ အစိုးရအား လိုေနစရာ အေၾကာင္းမရွိ။ လူ႔အဖြဲ႕အစည္း၏ ေကာင္းျခင္းကို ရယူႏိုင္ရန္အတြက္သာလွ်င္ အစိုးရအား လိုအပ္ျခင္းျဖစ္ေပရာ – လူထု၏ အက်ိဳးစီးပြားကို အႀကီးမားဆံုး ျဖစ္ထြန္းေစလ်က္ ထိခိုက္ေစမႈ အနည္းဆံုးျဖစ္ေစေသာ ထုိရယူေပးျခင္းမ်ိဳး ကို လုပ္ေဆာင္ေပးသည့္ အစိုးရပံုစံကိုသာ ပိုမို အလိုရွိအပ္ေပသည္။

ပိန္းက တင္ျပသည္မွာ – ေတာႀကီးျမက္မည္း၏ အစပ္တြင္ အေျခခ်ေနၾကေသာ လူအစုငယ္တို႔အဖို႔မူရာကား ‘လူ႔အဖြဲ႕အစည္း’ အပိုင္းႏွင့္သာ ကနဦးပတ္သက္ၾကေပလိမ့္မည္။ ဤေသးငယ္ေသာ လူ႔အဖြဲ႕အစည္း၀င္မ်ားက တစ္ဦးႏွင့္တဦး တရားမွ်တစြာ ျပဳမူက်င့္ႀကံေနၾကသမွ်ကာလပတ္လံုး ‘အစိုးရ’ ဆိုသည္ကို မလိုအပ္ဘဲ ရွိေနလိမ့္မည္။ သို႔ရာတြင္ မလြဲမေသြပင္ လူဦးေရႀကီးထြားလာသည့္အေလ်ာက္ အျပန္အလွန္စည္းေႏွာင္မႈ ႏွင့္ ၀တၱရားေစာင့္စည္းမႈတို႔ အားနည္းယိုယြင္းလာသည္ ျဖစ္ရကား “ကိုယ္က်င့္တရားတို႔ အားနည္းမႈကို ျဖည့္ဆည္းေပးရန္ အလို႔ငွာ” အစိုးရ ဆိုသည္ကို လိုအပ္လာလိမ့္မည္။ ဤလိုအပ္မႈ၏ ပထမပိုင္းတြင္ လူ႔အဖြဲ႕အစည္းအား စိတ္ပိုင္းလ်က္ တစ္စိတ္တပိုင္းစီအတြက္ ကိုယ္စားလွယ္မ်ား ေရြးေကာက္ေပးျခင္းပံုစံျဖင့္ စတင္လိမ့္မည္ ျဖစ္သည္။ “ေရြးေကာက္ခံမ်ား” အား “ေရြးေကာက္သူမ်ား” ႏွင့္ မၾကာခဏႏွီးေႏွာေစျခင္းသည္ အားေကာင္းေသာ အစိုးရတစ္ရပ္၏ အေျခခံပင္ျဖစ္ၿပီး “အုပ္ခ်ဳပ္ခံ” မ်ား၏ ေပ်ာ္ရႊင္မႈပင္လည္း ျဖစ္ေပသည္။

သို႔ေပေသာ္ကား အစိုးရ ျဖစ္တည္လာမႈ၏ အစမူလမည္သည္ ေလာကကိုအုပ္ခ်ဳပ္ရန္ ကိုယ္က်င့္စြမ္းရည္မရွိၾကျခင္း ျဖစ္ေပ၏။ အစိုးရ၏ အဆံုးနိဂံုးမည္သည္ “လြတ္လပ္ျခင္း ႏွင့္ လံုၿခံဳမႈရွိျခင္း” တို႔ျဖစ္ေပ၏။ ပိန္းက ဆက္ေျပာသည္မွာ – သေဘာ၀တရား၏ အလိုအရ တစ္စံုတစ္ခုသည္ ပို၍ ရွင္းရွင္းလင္းလင္းႏွင့္ ရႈပ္ေထြးမႈကင္းေလေလ ၀ရုန္သုန္းကားျဖစ္ႏိုင္ေျခ နည္းေလေလ (၀ရုန္းသုန္းကား ျဖစ္လွ်င္လည္း) ျပင္ဆင္ကုစားရန္ လြယ္သူေလေလ ျဖစ္ေပသည္ ဟု ဆိုသည္။

ၿဗိတိသွ်တို႔၏ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုသည္ကား အလြန္အမင္း ရႈပ္ေထြးလွသည္ဟု ပိန္းက ရယ္သြမ္းေသြးေလသည္။ ဘုရင္စနစ္၏ ႏိုင္လိုမင္းထက္ျပဳမႈႏွင့္ အမွဴးအမတ္မ်ား၏ ႏိုင္လိုမင္းထက္ျပဳမႈတို႔ ၾကား ပဋိပကၡမ်ားျဖင့္ ေရာျပြမ္းလွသည္ ဟု သူက ဆိုသည္။ ၿဗိတိသွ်တို႔၏ အုပ္ခ်ဳပ္မႈစနစ္တြင္ က႑တစ္ရပ္ႏွင့္ အျခားက႑တစ္ရပ္တို႔ အျပန္အလွန္ထိန္းေက်ာင္းမႈ ရွိေနသည္ဟု မွတ္ယူၾကလွ်င္ မိုက္မဲရာက်မည္ ဟု ပိန္းက တင္ျပသည္။

ေလး။ (အခန္း ႏွစ္) “Of Monarchy and Hereditary Succession” ၏ အႏွစ္ခ်ဳပ္သေဘာ။

ဘုရားသခင္က ကိုယ္စားအုပ္ခ်ဳပ္ရန္ ႏွင္းအပ္ထားသည္ဟု ေရွးလူမ်ားက ယံုၾကည္တတ္ေလ့ရွိသည္ကို ေခ်ဖ်က္ရန္အလို႔ငွာ ပိန္းသည္ ခရစ္ယန္သမၼာက်မ္းစာ အကိုးအကားမ်ားကို ဆြဲထုတ္ျပၿပီး ဘုရင္စနစ္ျဖင့္အုပ္ခ်ဳပ္ျခင္းသည္ ဘုရားသခင္အလိုက်မဟုတ္ေၾကာင္း ဤအခန္းတြင္ တင္ျပထားသည္။

ဘုရင္တို႔ အုပ္ခ်ဳပ္ခြင့္ရထားေသာ အခြင့္အာဏာသည္ (ယင္းအား ဘုရားေပးေသာ အာဏာ ဟု လက္မခံလွ်င္) အဘယ္ကလာသနည္းဟု ဆက္လက္သံုးသပ္ျပသည္။ ေရြးေကာက္တင္ေျမွာက္ျခင္း၊ ကံအလိုက် ေရြးခ်ယ္ျခင္း (ဥပမာျပရေသာ္ ဗ်ိဳင္းနားဘုရင္ လိုမ်ိဳး)၊ လုယူသိမ္းပိုက္ျခင္း တို႔သံုးမ်ိဳးထြက္လာႏိုင္သည္ ဟု တင္ျပသည္။ ဘုရင္ကို ေရြးခ်ယ္တင္ေျမွာက္ျခင္းအား ေကာင္းမြန္သည္ဟု ယူဆႏိုင္ေသးေသာ္လည္း ထိုဘုရင္အား ေရြးခ်ယ္တင္ေျမွာက္လိုက္ျခင္းသည္ သူ႔သားသမီး သူ႔မ်ိဳးဆက္တို႔အား အလိုအေလ်ာက္ ဘုရင္ျဖစ္ရေစမည္ ဟူ၍ မျဖစ္သင့္ေၾကာင္း သူကဆိုသည္။

မ်ိဳးရိုးအရဆက္ခံေသာ ဘုရင္တို႔ေၾကာင့္ တိုင္းျပည္နစ္နာရမႈမ်ားကို ဆက္လက္တင္ျပသည္။ ဘုရင္တို႔ အစဥ္အဆက္ အုပ္ခ်ဳပ္ခဲ့ၾကသည့္ အဂၤလန္ျပည္၏ သမိုင္းတြင္ ျပည္တြင္းစစ္ရွစ္ႀကိမ္ ႏွင့္ ပုန္ကန္မႈ (၁၉) ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း ေထာက္ျပသည္။

ငါး။ (အခန္း သံုး) “Thoughts on the Present State of Affairs in America” ၏ အႏွစ္ခ်ဳပ္သေဘာ။

ၿဗိတိန္လက္ေအာက္မွာ ေနခဲ့လို႔ စည္ပင္လာျခင္းျဖစ္သည့္အတြက္ အေမရိကသည္ ၿဗိတိန္လက္ေအာက္မွ ထြက္မလာသင့္ဟု ဆိုၾကလွ်င္ – ကေလးတစ္ဦးသည္ မိခင္ႏို႔ကိုစို႔၍ ႀကီးထြားလာျခင္းျဖစ္ေသာေၾကာင့္ အသားမစားသင့္ပါ ဟု ေျပာျခင္းႏွင့္တူေနေပသည္။ အေမရိက၏ အတိတ္ႏိုင္ငံေရးအခင္းအက်င္းသည္လည္း အတိတ္တြင္ ေအာင္ျမင္ခဲ့သလို အနာဂတ္တြင္လည္း ဆက္လက္ေအာင္ျမင္မည္ ဟု မေျပာႏိုင္ေပ။

ၿဗိတိန္အား အေမရိကန္က မိခင္ႏိုင္ငံအျဖစ္သေဘာထားသင့္ေၾကာင္း ထို႔ေၾကာင့္ အေမရိကကို ၿဗိတိန္က အုပ္ခ်ဳပ္သင့္ေၾကာင္း က်ိဳးေၾကာင္းျပဳခ်က္ကို ပိန္းက လက္မခံေပ။ အေမရိကန္မ်ားသည္ ၿဗိတိသွ်/အဂၤလိပ္ အဆက္အႏြယ္မ်ားဟု က်ဥ္းေျမာင္းစြာ မယူဆအပ္၊ ဥေရာပတိုက္သားမ်ားအားလံုး၏ အဆက္အႏြယ္မ်ား အျဖစ္သာ ယူဆအပ္သည္။ အေမရိကန္မ်ားမွာ ၿဗိတိသွ်/အဂၤလိပ္ေသြး တစ္၀က္ပါေသာေၾကာင့္ ၿဗိတိသွ်/အဂၤလိပ္က အေမရိကန္ကို အုပ္ခ်ဳပ္သင့္သည္ ဆိုပါက – လက္ရွိ ၿဗိတိသွ်/အဂၤလိပ္ ဘုရင့္အႏြယ္ေတာ္မ်ားအားလံုးႏွင့္ မူးမတ္မ်ား၏ ထက္၀က္ခန္႔တို႔မွာ ျပင္သစ္ေသြးမ်ားျဖစ္ရကား ၿဗိတိန္ကို ျပင္သစ္က အုပ္ခ်ဳပ္သင့္သည္ ဟု ဆိုလိုက္ရေပခ်ိမ့္မည္။

အေမရိကန္တို႔အဖို႔ ၿဗိတိန္ႏိုင္ငံႏွင့္ ခ်စ္ၾကည္ေသာ ဆက္ဆံေရးအေျခအေနတစ္ရပ္ရပ္ ျဖစ္တည္ေနဖို႔ ဆက္လက္ မျဖစ္ႏိုင္ေတာ့၊ ၿဗိိတိန္ကို ဒူးေထာက္ေနရေသာ ဆက္ဆံေရးသာ ေနာင္ ရွိလာႏိုင္ေတာ့မည္ကို ပိန္းက တင္ျပသည္။ ဥပမာအားျဖင့္ အရာရာတုိင္းမွာ အႏိုင္က်င့္ အခြန္ေကာက္ေစေသာ ၁၇၆၅ တံဆိပ္ေတာ္ခြန္ဥပေဒ အေရးကို ေထာက္ျပသည္။ ထိုဥပေဒကို အေမရိကန္တို႔ အျပင္းအထန္ ကန္႔ကြက္ၾကေသာေၾကာင့္ ႏွစ္အနည္းငယ္ရပ္ဆိုင္းသြားၿပီးေနာက္ အျခားအခြန္မ်ားကို ၿဗိတိန္က ဖိစီးေကာက္ခံေစျပန္သည္ ကို ပိန္းက ေထာက္ျပသည္။

ဆက္လက္၍ – ပိန္းက အေမရိကန္ကိုလိုနီမ်ားႏွင့္ သင့္ေလ်ာ္မည္ထင္သည့္ ႏို္င္ငံဖြဲ႕စည္းပံုတစ္ရပ္ကို သူ၏စိတ္ကူးႏွင့္တင္ျပသည္။ အေမရိကန္ကိုလိုနီမ်ားကို ခရိုင္အလိုက္ခြဲျခားလ်က္ ကိုယ္စားလွယ္ေစလႊတ္ၿပီး ကြန္ဂရက္လႊတ္ေတာ္ ျဖစ္ေစမည့္အေၾကာင္း၊ အေမရိကန္သမၼတအား တစ္ျပည္နယ္လွ်င္ တစ္လွည့္စီ အလွည့္က် တင္ေျမွာက္ၾကသင့္သည့္အေၾကာင္း . . . စသည္အားျဖင့္ တင္ျပသည္။

ေျခာက္။ (အခန္း ေလး) “On the Present Ability of America, with some Miscellaneous Reflections” ၏ အႏွစ္ခ်ဳပ္သေဘာ။

အေမရိကအဖို႔ ၿဗိတိန္လက္ေအာက္မွ ေတာ္လွန္ရုန္းထြက္ရန္ အေကာင္းဆံုးအခ်ိန္မွာ ယခုအခ်ိန္ပင္ ျဖစ္ေၾကာင္း ပိန္းက ႏိႈးေဆာ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယခုအခ်ိန္မွာ အေမရိကန္အဖို႔ စြမ္းရည္ရွိေသာ လူသန္လူျမန္မ်ား ေပါေပါမ်ားမ်ား ရွိေနသည့္အခ်ိန္ျဖစ္ေလသည္။ အေမရိကန္ကိုလိုနီမ်ားအေနျဖင့္ ယခုအခ်ိန္တြင္ အင္အားသံုးလွ်င္ လြတ္ေျမာက္သြားလိမ့္မည္ ျဖစ္သည္။ ေတာ္လွန္သည့္အတြက္ ထိခိုက္ကုန္က်သည္မ်ားမွာ လြတ္ေျမာက္သြားသည့္အခါ ေကာင္းစြာ ထိုက္တန္မႈရေပလိမ့္မည္။ လြတ္လပ္ေရးရဖို႔အတြက္ မဟုတ္ဘဲ အခြန္အတုတ္ ေလ်ာ့က်ေရးသက္သက္အတြက္ စစ္တိုက္ရမည္ ဆိုလွ်င္ကား မထိုက္တန္္ေပ။

အေမရိကန္အဖို႔ ၿဗိတိန္ကိုယွဥ္ႏိုင္ေသာ ေရတပ္တည္ေဆာက္ဖို႔ရာမွာ အသင့္ေလ်ာ္ဆံုး ကိစၥပင္ ျဖစ္ေပသည္။ ကုန္က်စရိတ္မွာ အၾကမ္းဖ်င္းတြက္ခ်က္မႈမ်ားအရ ေပါင္စတာလင္ (၃.၅) သန္းမွ် ကုန္က်ႏိုင္သည္။ အေမရိကန္အဖို႔ ႏိုင္ငံအေၾကြးဟူ၍ မရွိရေသးကား ဤကုန္က်စရိတ္ကို ေကာင္းစြာခံႏိုင္ေပသည္။ အေမရိကန္အဖို႔ အေျပာက်ယ္လွေသာ သစ္ေတာမ်ားမွာ သေဘၤာတည္ေဆာက္ေရးအတြက္ ကုန္ၾကမ္းမ်ား အျဖစ္အသင့္ရွိေနသည့္အျပင္ အေမရိကန္ကမ္းေျခတစ္ေလွ်ာက္လံုးတြင္ အကာအကြယ္အခုအခံမရွိေသးသည့္ အျခင္းအရာမွာလည္း မထိတ္သာမလန္႔သာကိစၥျဖစ္ေပသည္။ ေနာင္တြင္ ကုန္သြယ္ေရးတိုးခ်ဲ႕မႈအတြက္ ေရတပ္ကို အသံုးခ်ႏိုင္ေပသည္။ ၿဗိတိန္ေရတပ္မွာ ကမၻာတစ္၀ွမ္းရွိ သူမ၏အင္ပါယာကို ျဖန္႔က်က္ကာကြယ္ရမည္ ျဖစ္ေသာ္လည္း အေမရိကန္အဖို႔ အတၱလန္တိတ္ကမ္းေျခတစ္ခုတည္းကိုသာ ကာကြယ္ရန္ ရွိေလသည္။

အေမရိကန္အဖို႔ လြတ္လပ္ေရးကို မျဖစ္မေနလိုအပ္သည္၊ အဘယ္ေၾကာင့္ဆိုေသာ္ က်ယ္ေျပာလွေသာ အေမရိကတိုက္တစ္ခြင္သည္ အလြန္လူေနက်ဲပါးစြာ ရွိေနေသးသည့္ အခြင့္အလမ္း ရွိေနေသာေၾကာင့္ ျဖစ္သည္။ အေမရိကကို ၿဗိတိန္က ဆက္လက္ခ်ဳပ္ကိုင္ထားမည္ဆိုပါက ၿဗိတိသွ်အထက္လႊာအား အစိတ္စိတ္ပိုင္း ခြဲေ၀ေပးလ်က္ ထပ္ဆင့္အုပ္ခ်ဳပ္ေစျခင္းခံရလိမ့္မည္။ ထိုနယ္ေျမမ်ားကိုသာ အေမရိကန္က ခ်ဳပ္ကိုင္ႏိုင္ပါက စစ္ေၾကာင့္တင္ရွိေသာ အေၾကြးမ်ားကိုဆပ္ျခင္းအပါအ၀င္ မိမိတို႔ အက်ိဳးအတြက္ အလိုရွိသလို အသံုးခ်ႏိုင္ၾကလိမ့္မည္။ ယခုကဲ့သို႔ အေမရိက၌ လူေနက်ဲပါးေနေသးသည့္အခ်ိန္တြင္ ရွိေနသည့္သူမ်ားႏွင့္ စုစည္းကာ လြတ္လပ္ေရးေၾကျငာသင့္သည္။ အခ်ိန္ၾကာလာသည္မွင့္အမွ် လူမ်ားလာသည့္အခါ လူအမ်ိဳးအမ်ိဳး စိတ္အေထြေထြ စုစည္းရခက္လိမ့္မည္။

အေမရိကန္ကိုလိုနီသမားမ်ားအေနျဖင့္ ယခုပင္ လံုး၀လြတ္လပ္ေရး ေၾကျငာသင့္သည့္ အေၾကာင္းရင္း ေလးရပ္ကို ပိန္းက တင္ျပသည္။ (တစ္) အေမရိကကို ၿဗိတိန္၏ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ျမင္ေနၾကသမွ်ကာလပတ္လံုး မည္သည့္အျခားတိုင္းျပည္ကမွ ၀င္ေရာက္ေစ့စပ္ေပးႏိုင္လိမ့္မည္ မဟုတ္၊ (ႏွစ္) အေမရိကစစ္ႏိုင္ဖို႔ သူတို႔ေပးအပ္လိုက္ေသာ အကူအညီမွာ ၿဗိတိန္ႏွင့္ အေမရိကန္အၾကား ဆက္ဆံေရးကို ျပင္ဆင္ဖာေထးရန္မွ်အတြက္သာ ဟုဆိုလွ်င္ ျပင္သစ္တို႔ စပိန္တို႔က ကူညီၾကလိမ့္မည္ မဟုတ္၊ (သံုး) အေမရိကသည္ ၿဗိတိန္၏ အစိတ္အပိုင္းတစ္ရပ္မွ်သာျဖစ္ေနေသးလွ်င္ အျခားႏိုင္ငံမ်ားက အေမရိကန္မ်ားကို သူပုန္မ်ားအျဖစ္သာ ရႈျမင္ၾကလိမ့္မည္ (ေလး) လြတ္လပ္ေရးေၾကျငာလိုက္ျခင္းအားျဖင့္ အေမရိကန္ ကိုလိုနီမ်ားသည္ ႏိုင္ငံတကာ မဟာမိတ္ဖြဲ႔ျခင္း ႏွင့္ ႏိုင္ငံတကာ ကုန္သြယ္ေရး၏ အက်ိဳးစိီးပြားမ်ားကို ရယူခံစားႏိုင္ခြင့္ ရွိလာလိ္မ့္မည္။

လြတ္လပ္ေရး မေၾကျငာသမွ်ကာလပတ္လံုး အေမရိကတိုက္သည္ တာ၀န္မၿပီးျပတ္ႏိုင္သည့္ လူတစ္ေယာက္ပမာ ေန႔စဥ္ႏွင့္အမွ် ခံစားေနရလိမ့္မည္။

And until an independence is declared, “the continent will feel itself like a man who continues putting off some unpleasant business from day to day, yet knows it must be done, hates to set about it, wishes it over, and is continually haunted with the thoughts of its necessity.”

ၿဗိတိန္လက္ေအာက္မွ လြတ္လပ္ေရး မေၾကျငာသမွ်ကာလပတ္လံုး အေမရိကတိုက္အေနျဖင့္ “လုပ္စရာရွိသည့္ မလုပ္ခ်င္လုပ္ခ်င္ အလုပ္တစ္ခုကို ေန႔စဥ္ႏွင့္အမွ်ေရြ႕ဆိုင္းလ်က္ – သို႔ေသာ္ ဤအလုပ္သည္ မလုပ္မျဖစ္ လုပ္ရမည့္အလုပ္ျဖစ္သည္ ဟုလည္းသိေနလ်က္ – ထိုအလုပ္ကိုလည္း စကိုင္တြယ္ရမွာကို စိတ္ညစ္ညဴးလ်က္ – ဤအလုပ္ သူ႔အလိုလို ၿပီးစီးသြားရင္ ေကာင္းမွာပဲ ဟုလည္း စိတ္ထဲေရရြတ္ေနလ်က္ – ထိုအလုပ္ၿပီးစီးရန္ မျဖစ္မေန လိုအပ္မႈ၏ တေစၦပမာ ေျခာက္လွန္႔မႈကို စဥ္ဆက္မျပတ္ ခံစားေနရသည့္ – လူတစ္ေယာက္ပမာ ရွိေနသြားေပလိမ့္မည္။”

ခုနစ္။

ၿပီးခဲ့သည့္ ၂၀၁၆ ႏို၀င္ဘာလအတြင္း စစ္ေတြမွ ေက်ာက္ျဖဴတေရာက္ ရခုိင့္သယံဇာရပိုင္ခြင့္အတြက္ ခန္႔မွန္း မိုင္ (၃၀၀) ေက်ာ္ ခရီးရွည္ခ်ီတက္ခဲ့ၾကေသာ လႈပ္ရွားမႈ၏ အဆံုးသတ္ရာ ေက်ာက္ျဖဳၿမိဳ႕လယ္ နာရီစင္ကြင္းအေရာက္တြင္ လူေသာင္းခ်ီျဖစ္သြားသည္အထိ ပါ၀င္ဆင္ႏႊဲခဲ့ၾကေပသည္။ ကၽြန္ေတာ္ကား ထိုခ်ီတက္မႈ၏ ႀကိဳတင္လမ္းေၾကာင္းေထာက္စီစဥ္မႈတြင္လည္းေကာင္း တကယ္ခ်ီတက္သည့္အခါ ရပ္နားေဟာေျပာသည့္ေနရာမ်ားတြင္ အဓိကေဟာေျပာသူမ်ားအနက္ တစ္ဦးအျဖစ္လည္းေကာင္း ပါ၀င္ခဲ့ပါသည္။

ထို ခ်ီတက္လႈပ္ရွားမႈအၿပီး လပိုင္းအၾကာ၌ ကာလရွည္ေ၀းကြာ ငယ္သူငယ္ခ်င္း အရင္းအခ်ာ တစ္ေယာက္ စစ္ေတြေရာက္လာသျဖင့္ ေအးေအးလူလူ ထိုင္ေျပာၾကရင္း သူကေမးသည္။ ခင္ဗ်ားတို႔ သယံဇာတလႈပ္ရွားမႈဆိုတာကို Facebook မွာ ေတြ႕တယ္၊ အခု အဲသလိုခ်ီတက္ၿပီးၿပီဆိုေတာ့ ဘာျဖစ္လာသလဲ ဟု ေအးေအးသက္သာေမး၏။ သူကားႏိုင္ငံေရးကို သိပ္စိတ္၀င္စားသူမဟုတ္၊ လုပ္ငန္းေတြကို တစ္ခုၿပီးတစ္ခု တိုးခ်ဲ႕/အားစိုက္အလုပ္လုပ္ စသည္ျဖင့္သာ အခ်ိန္မ်ားကို ျမွဳပ္ႏွံထားသူ ျဖစ္ေလသည္။

လက္ေတြက လက္ညိွဳးေတြကိုေကြးတဲ့ အေျခအေနကို ေရာက္လာဖို႔ရာမွာ – လက္ညွိဳးေကြးဖို႔ လိုအပ္ေၾကာင္းကို အဲသည္ လက္ညိွဳးေတြနဲ႔ ဆက္စပ္ေနတဲ့ ဦးေႏွာက္ေတြ ႏွလံုးသားေတြက အရင္နားလည္လက္ခံသြားဖို႔ လိုတယ္ဗ် ဟု ကၽြန္ေတာ္ကေျဖ၏။ ကၽြန္ေတာ္၏ အေျဖကို သူနားလည္ပံုမရ။ ခင္ဗ်ားတို႔ လိုခ်င္တဲ့ သယံဇာတကို မရေသးဘူးလား ဟု ဆို၏။ ကၽြန္ေတာ္က ဘာမွ ျပန္မေျဖေသာ္ – ခင္ဗ်ား ၂၀၁၂ ဂြၿမိဳ႕စာေပ ေဟာေျပာပြဲအေခြကို ကၽြန္ေတာ္ နားေထာင္ဖူးတယ္ ဟုသာ သူက ဆိုေလသည္။

KZO

(၁၄-၀၈-၂၀၂၁)

[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၁၁)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

[ Unicode ]

ထောမတ်စ်ပိန်း ၏ လွတ်လပ်ရေးတိုက်ပွဲခေါ်သံ “Common Sense” စာလွှာ

တစ်။
အမေရိကန် ပြည်နယ် (၁၃) ပြည်နယ်တို့အနေဖြင့် ဗြိတိန်၏ လက်အောက်မှ ရုန်းထွက်ပြီး သီးခြား ဒီမိုကရေစီနိုင်ငံ ထူထောင်ကြဖို့အရေး တိုက်တွန်းနှိုးဆော်သည့် Common Sense (သာမာန်ဆင်ခြင်ဉာဏ်) စာလွှာကို ဗြိိိတိန်နိုင်ငံမှ အမေရိကသို့ ပြောင်းရွေ့အခြေစိုက်သူတစ်ဦးဖြစ်သည့် သတင်းစာဆရာ ထောမတ်စ်ပိန်း (Thomas Paine) က ၁၇၇၆-ခုနှစ် ဇွန်နဝါရီလတွင် ရေးသားထုတ်ဝေခဲ့ရာ အမေရိကန် ပြည်နယ်များအားလုံးတွင် နေရာအနှံ့ အကြီးအကျယ် ရိုက်ခတ်သက်ရောက်မှုရှိခဲ့သည်။ ပြည်နယ်များအားလုံးပေါင်း လူဦးရေ နှစ်သန်းခွဲမျှသာ ရှိခဲ့သည့်အချိန်တွင် ခန့်မှန်းအုပ်ရေ ခုနစ်သောင်းခွဲမှ တစ်သိန်းခွဲအကြား ရိုက်နှိပ်ခဲ့ရသည်ဖြစ်ရာ အမေရိကန်သမိုင်းတစ်ခုလုံးတွင် လူဦးရေအချိုးအစားအရ ဖတ်ရှုသူ အများဆုံးစာအုပ်ဖြစ်ပေသည်။ ထို့ပြင်တမူ အများပြည်သူများစုဝေးကာ သင့်လျော်ရာနေရာများတွင် တစ်ယောက်ယောက်က ဖတ်ပြကာ စုဝေးနားထောင်ခြင်းများ များစွာပြုလုပ်ခဲ့ကြသည် ဖြစ်ရကား ဤစာအုပ်၏ ပျံ့နှံ့သက်ရောက်မှုမှာ စာအုပ်အရေအတွက်ထက် ထပ်ဆင့်ပိုမိုသက်ရောက်မှုများစွာ ရှိခဲ့ပေသည်။

စာမျက်နှာ (၄၇) မျက်နှာပါရှိသော အဆိုပါစာလွှာ၏ အဓိက သတင်းစကားမှာ အနှစ်ချုပ်ဆိုရလျှင် – (၁)။ ဗြိတိန်မှ လက်အောက်မှ လွတ်မြောက်ရေးကို လုပ်ဆောင်ဖို့ နှင့် (၂)။ လွတ်မြောက်ပြီး အမေရိကကို ဒီမိုကရေစီနိုင်ငံအဖြစ်ထူထောင်ဖို့ တို့ ဖြစ်ကြပေသည်။

နှစ်။ နောက်ခံ နှင့် စာလွှာနိဒါန်း
ဤစာလွှာကို ထုတ်ဝေသော ၁၇၇၆ ဇွန်နဝါရီလတွင် အမေရိကန်ကိုလိုနီများ (အထူးသဖြင့် ပြည်နယ် ၁၃-ခု) တို့မှာ မိခင်တိုင်းပြည် ဗြိတိန်နှင့် ရန်ပွဲများစနေပြီးလေပြီ။ အမေရိကန်စစ်သည်များက တီကွန်ဒါရိုဒါ ခံတပ်ကို သိမ်းပိုက်ပြီးပြီ။ ဘော်စတွန်မြို့ကို ၀ိုင်းရံပိတ်ဆို့ထားပြီ။ နယူးယောက်မြို့ကို ခံကတုတ်လုပ် ခံထားပြီ။ ဗြိတိသျှ လက်အောက်ခံ ကနေဒါကို သွားရောက်တိုက်ခိုက်မှုများ လုပ်နေကြပြီ။ သို့ရာတွင် ထိုအချိန်က အမေရိကန်များစိတ်ထဲတွင်မူ ဖိနှိပ်လွန်းအားကြီးသော ဗြိတိန်အား မိမိကိုယ်ကို ခုခံကာကွယ်မှုအရ တိုက်ခိုက်နေကြခြင်းဖြစ်သည် ဟု ခံယူထားကြဆဲဖြစ်လေသည်။ ဗြိိတိန်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲတွင် စကားပြောနိုင်ဖို့တိုက်ခိုက်နေကြခြင်း သဘောမျှသာ ဖြစ်နေလေသည်။ မိခင်တိုင်းပြည် ဗြိတိန်အား သံယောဇဉ်မပြတ်နိုင်ကြ။ ဘုရင်စနစ်အခြေခံ ဗြိတိန်လက်အောက်မှ လုံးဝရုန်းထွက်ကာ သီးခြား ဒီမိုကရေစီနိုင်ငံတည်ထောင်ခြင်းသည် လူသာမန်အသိဉာဏ်ဖြင့် စဉ်းစားလျှင်ပင် မှန်ကန်ကြောင်း သိသာနိုင်သည့် မှန်ကန်သော လမ်းကြောင်း ဖြစ်ပါကြောင်း ထောမတ်စ်ပိန်းက တင်ပြလိုက်သည်။

သူ၏ စာလွှာအမည်ကို common sense (လက်တွေ့ကျ သာမန်ဆင်ခြင်ဉာဏ်) ဟု အဘယ်ကြောင့် အမည်ပေးရသနည်း ဆိုသော်မူကား – လွတ်လပ်ရေးယူဖို့ နှင့် ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အရေးကို ယုတ္တိယုတ္တာဖြင့် သူ၏ တင်ပြချက်များသည်ကား လူတို့၏ သာမန်ဆင်ခြင်ဉာဏ် ကောင်းကောင်းကန်းကန်း ရှိရုံမျှဖြင့် တွေးတောဆင်ခြင် အသိအမှတ်ပြုနိုင်သော အကြောင်းအရာများဖြစ်သည် ဟု သူက ယုံကြည်သောကြောင့် ဖြစ်ပေသည်။ စာလွှာ၏ နိဒါန်းပိုင်းတွင် ထိုအကြောင်းကို တို့ထိဖော်ပြထားသည်။ နိဒါန်းပိုင်း၏ အချုပ်သဘောမှာ အောက်ပါအတိုင်းဖြစ်သည်။

(နိဒါန်းပိုင်း) – ဤစာအုပ်တွင် ကျွနု်ပ်(ထောမတ်စ်ပိန်း) တင်ပြသော စိတ်ကူးစိတ်ကူးစိတ်သန်းများသည် အသစ်အဆန်းဖြစ်နေရကား များစွာသော လူတို့က ငြင်းပယ်ဖွယ်ရာရှိသည်။ စာဖတ်သူများအနေဖြင့် မိမိတို့စိတ်ထဲတွင် ကာလကြာမြင့်စွာကပင် စွဲစွဲမြဲမြဲရှိနေသော အယူအဆဟောင်းများကို ဖယ်ထုတ်လျက် လူသာမန်အသိဉာဏ်ကို အသုံးပြုဆင်ခြင်လျက် အမေရိကန်တို့၏အရေးကို လူသားတစ်ရပ်လုံး၏အရေးအဖြစ် ရှုမြင်သုံးသပ်နိုင်ဖို့ လိုအပ်ပေသည်။ မင်းဆိုးမင်းညစ်စနစ်အား ကျွနု်ပ်တို့ ယခုမည်သို့ တုန့်ပြန်လိုက်သည်ဆိုသည့် အခြင်းအရာသည် နောင်အစဉ်အမြဲ အရေးပါသော အကြောင်းအရာ ဖြစ်လာလိမ့်မည်။ –

သုံး။ (အခန်းတစ်) “Of the Origin and Design of Government in General, With Concise Remarks on the English Constitution” ၏ အနှစ်ချုပ်သဘော။

‘လူအဖွဲ့အစည်း’ နှင့် ‘အစိုးရ’ ဆိုသည့်နှစ်ခုအား ရောထွေး မမြင်အပ်။ ထိုနှစ်ရပ်၏ အရင်းအမြစ်တို့ကား ကွာခြားကြသည်။ လူအဖွဲ့အစည်းဟူသည်ကား လိုအင်ဆန္ဒများက မွေးထုတ်လိုက်ခြင်းဖြစ်ပြီး အစိုးရ ဟူသည်ကား လူတို့၏ ဆိုးညစ်မှုက မွေးထုတ်လိုက်ခြင်း ဖြစ်ပေသည်။ အစိုးရဟူသည်ကား မဟုတ်က မဟုတ်ကလုပ်ရပ်လုပ်သူတို့အား အပြစ်ပေးနိုင်မည့် အင်အားတစ်ရပ်အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပထမအရာက လူတို့၏ ချစ်ခင်ခြင်းများကို စုစည်းပေးပြီး ဒုတိယအရာက လူသားတို့၏ ဆိုးညစ်မှုများကို ထိန်းကွပ်မှု လုပ်ပေသည်။

လူအဖွဲ့အစည်းဟုသည်ကား မည်သည့်အခါမဆို ကောင်းချီးမင်္ဂလာဖြစ်ပေသော်လည်း အစိုးရဟူသည်ကား အကောင်းဆုံးရှာကြံပြောရမည်ဆိုပါက မဖြစ်မနေလိုအပ်သဖြင့် ထားရသည့် မကောင်းဆိုးရွား (necessary evil) သာ ဖြစ်ပေသည်။ လူတို့မှာ အပြစ်အနာအဆာ မကင်းကြသဖြင့် အစိုးရဆိုသည်အား လိုအပ်နေရသည်။ လူသားတို့သာ ကောင်းကောင်းမွန်မွန်ဆိုလျှင် အစိုးရအား လိုနေစရာ အကြောင်းမရှိ။ လူ့အဖွဲ့အစည်း၏ ကောင်းခြင်းကို ရယူနိုင်ရန်အတွက်သာလျှင် အစိုးရအား လိုအပ်ခြင်းဖြစ်ပေရာ – လူထု၏ အကျိုးစီးပွားကို အကြီးမားဆုံး ဖြစ်ထွန်းစေလျက် ထိခိုက်စေမှု အနည်းဆုံးဖြစ်စေသော ထိုရယူပေးခြင်းမျိုး ကို လုပ်ဆောင်ပေးသည့် အစိုးရပုံစံကိုသာ ပိုမို အလိုရှိအပ်ပေသည်။

ပိန်းက တင်ပြသည်မှာ – တောကြီးမြက်မည်း၏ အစပ်တွင် အခြေချနေကြသော လူအစုငယ်တို့အဖို့မူရာကား ‘လူ့အဖွဲ့အစည်း’ အပိုင်းနှင့်သာ ကနဦးပတ်သက်ကြပေလိမ့်မည်။ ဤသေးငယ်သော လူ့အဖွဲ့အစည်းဝင်များက တစ်ဦးနှင့်တဦး တရားမျှတစွာ ပြုမူကျင့်ကြံနေကြသမျှကာလပတ်လုံး ‘အစိုးရ’ ဆိုသည်ကို မလိုအပ်ဘဲ ရှိနေလိမ့်မည်။ သို့ရာတွင် မလွဲမသွေပင် လူဦးရေကြီးထွားလာသည့်အလျောက် အပြန်အလှန်စည်းနှောင်မှု နှင့် ဝတ္တရားစောင့်စည်းမှုတို့ အားနည်းယိုယွင်းလာသည် ဖြစ်ရကား “ကိုယ်ကျင့်တရားတို့ အားနည်းမှုကို ဖြည့်ဆည်းပေးရန် အလို့ငှာ” အစိုးရ ဆိုသည်ကို လိုအပ်လာလိမ့်မည်။ ဤလိုအပ်မှု၏ ပထမပိုင်းတွင် လူ့အဖွဲ့အစည်းအား စိတ်ပိုင်းလျက် တစ်စိတ်တပိုင်းစီအတွက် ကိုယ်စားလှယ်များ ရွေးကောက်ပေးခြင်းပုံစံဖြင့် စတင်လိမ့်မည် ဖြစ်သည်။ “ရွေးကောက်ခံများ” အား “ရွေးကောက်သူများ” နှင့် မကြာခဏနှီးနှောစေခြင်းသည် အားကောင်းသော အစိုးရတစ်ရပ်၏ အခြေခံပင်ဖြစ်ပြီး “အုပ်ချုပ်ခံ” များ၏ ပျော်ရွှင်မှုပင်လည်း ဖြစ်ပေသည်။

သို့ပေသော်ကား အစိုးရ ဖြစ်တည်လာမှု၏ အစမူလမည်သည် လောကကိုအုပ်ချုပ်ရန် ကိုယ်ကျင့်စွမ်းရည်မရှိကြခြင်း ဖြစ်ပေ၏။ အစိုးရ၏ အဆုံးနိဂုံးမည်သည် “လွတ်လပ်ခြင်း နှင့် လုံခြုံမှုရှိခြင်း” တို့ဖြစ်ပေ၏။ ပိန်းက ဆက်ပြောသည်မှာ – သဘောဝတရား၏ အလိုအရ တစ်စုံတစ်ခုသည် ပို၍ ရှင်းရှင်းလင်းလင်းနှင့် ရှုပ်ထွေးမှုကင်းလေလေ ဝရုန်သုန်းကားဖြစ်နိုင်ခြေ နည်းလေလေ (ဝရုန်းသုန်းကား ဖြစ်လျှင်လည်း) ပြင်ဆင်ကုစားရန် လွယ်သူလေလေ ဖြစ်ပေသည် ဟု ဆိုသည်။

ဗြိတိသျှတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံသည်ကား အလွန်အမင်း ရှုပ်ထွေးလှသည်ဟု ပိန်းက ရယ်သွမ်းသွေးလေသည်။ ဘုရင်စနစ်၏ နိုင်လိုမင်းထက်ပြုမှုနှင့် အမှူးအမတ်များ၏ နိုင်လိုမင်းထက်ပြုမှုတို့ ကြား ပဋိပက္ခများဖြင့် ရောပြွမ်းလှသည် ဟု သူက ဆိုသည်။ ဗြိတိသျှတို့၏ အုပ်ချုပ်မှုစနစ်တွင် ကဏ္ဍတစ်ရပ်နှင့် အခြားကဏ္ဍတစ်ရပ်တို့ အပြန်အလှန်ထိန်းကျောင်းမှု ရှိနေသည်ဟု မှတ်ယူကြလျှင် မိုက်မဲရာကျမည် ဟု ပိန်းက တင်ပြသည်။

လေး။ (အခန်း နှစ်) “Of Monarchy and Hereditary Succession” ၏ အနှစ်ချုပ်သဘော။

ဘုရားသခင်က ကိုယ်စားအုပ်ချုပ်ရန် နှင်းအပ်ထားသည်ဟု ရှေးလူများက ယုံကြည်တတ်လေ့ရှိသည်ကို ချေဖျက်ရန်အလို့ငှာ ပိန်းသည် ခရစ်ယန်သမ္မာကျမ်းစာ အကိုးအကားများကို ဆွဲထုတ်ပြပြီး ဘုရင်စနစ်ဖြင့်အုပ်ချုပ်ခြင်းသည် ဘုရားသခင်အလိုကျမဟုတ်ကြောင်း ဤအခန်းတွင် တင်ပြထားသည်။

ဘုရင်တို့ အုပ်ချုပ်ခွင့်ရထားသော အခွင့်အာဏာသည် (ယင်းအား ဘုရားပေးသော အာဏာ ဟု လက်မခံလျှင်) အဘယ်ကလာသနည်းဟု ဆက်လက်သုံးသပ်ပြသည်။ ရွေးကောက်တင်မြှောက်ခြင်း၊ ကံအလိုကျ ရွေးချယ်ခြင်း (ဥပမာပြရသော် ဗျိုင်းနားဘုရင် လိုမျိုး)၊ လုယူသိမ်းပိုက်ခြင်း တို့သုံးမျိုးထွက်လာနိုင်သည် ဟု တင်ပြသည်။ ဘုရင်ကို ရွေးချယ်တင်မြှောက်ခြင်းအား ကောင်းမွန်သည်ဟု ယူဆနိုင်သေးသော်လည်း ထိုဘုရင်အား ရွေးချယ်တင်မြှောက်လိုက်ခြင်းသည် သူ့သားသမီး သူ့မျိုးဆက်တို့အား အလိုအလျောက် ဘုရင်ဖြစ်ရစေမည် ဟူ၍ မဖြစ်သင့်ကြောင်း သူကဆိုသည်။

မျိုးရိုးအရဆက်ခံသော ဘုရင်တို့ကြောင့် တိုင်းပြည်နစ်နာရမှုများကို ဆက်လက်တင်ပြသည်။ ဘုရင်တို့ အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည့် အင်္ဂလန်ပြည်၏ သမိုင်းတွင် ပြည်တွင်းစစ်ရှစ်ကြိမ် နှင့် ပုန်ကန်မှု (၁၉) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထောက်ပြသည်။

ငါး။ (အခန်း သုံး) “Thoughts on the Present State of Affairs in America” ၏ အနှစ်ချုပ်သဘော။

ဗြိတိန်လက်အောက်မှာ နေခဲ့လို့ စည်ပင်လာခြင်းဖြစ်သည့်အတွက် အမေရိကသည် ဗြိတိန်လက်အောက်မှ ထွက်မလာသင့်ဟု ဆိုကြလျှင် – ကလေးတစ်ဦးသည် မိခင်နို့ကိုစို့၍ ကြီးထွားလာခြင်းဖြစ်သောကြောင့် အသားမစားသင့်ပါ ဟု ပြောခြင်းနှင့်တူနေပေသည်။ အမေရိက၏ အတိတ်နိုင်ငံရေးအခင်းအကျင်းသည်လည်း အတိတ်တွင် အောင်မြင်ခဲ့သလို အနာဂတ်တွင်လည်း ဆက်လက်အောင်မြင်မည် ဟု မပြောနိုင်ပေ။

ဗြိတိန်အား အမေရိကန်က မိခင်နိုင်ငံအဖြစ်သဘောထားသင့်ကြောင်း ထို့ကြောင့် အမေရိကကို ဗြိတိန်က အုပ်ချုပ်သင့်ကြောင်း ကျိုးကြောင်းပြုချက်ကို ပိန်းက လက်မခံပေ။ အမေရိကန်များသည် ဗြိတိသျှ/အင်္ဂလိပ် အဆက်အနွယ်များဟု ကျဉ်းမြောင်းစွာ မယူဆအပ်၊ ဥရောပတိုက်သားများအားလုံး၏ အဆက်အနွယ်များ အဖြစ်သာ ယူဆအပ်သည်။ အမေရိကန်များမှာ ဗြိတိသျှ/အင်္ဂလိပ်သွေး တစ်ဝက်ပါသောကြောင့် ဗြိတိသျှ/အင်္ဂလိပ်က အမေရိကန်ကို အုပ်ချုပ်သင့်သည် ဆိုပါက – လက်ရှိ ဗြိတိသျှ/အင်္ဂလိပ် ဘုရင့်အနွယ်တော်များအားလုံးနှင့် မူးမတ်များ၏ ထက်ဝက်ခန့်တို့မှာ ပြင်သစ်သွေးများဖြစ်ရကား ဗြိတိန်ကို ပြင်သစ်က အုပ်ချုပ်သင့်သည် ဟု ဆိုလိုက်ရပေချိမ့်မည်။

အမေရိကန်တို့အဖို့ ဗြိတိန်နိုင်ငံနှင့် ချစ်ကြည်သော ဆက်ဆံရေးအခြေအနေတစ်ရပ်ရပ် ဖြစ်တည်နေဖို့ ဆက်လက် မဖြစ်နိုင်တော့၊ ဗြိိတိန်ကို ဒူးထောက်နေရသော ဆက်ဆံရေးသာ နောင် ရှိလာနိုင်တော့မည်ကို ပိန်းက တင်ပြသည်။ ဥပမာအားဖြင့် အရာရာတိုင်းမှာ အနိုင်ကျင့် အခွန်ကောက်စေသော ၁၇၆၅ တံဆိပ်တော်ခွန်ဥပဒေ အရေးကို ထောက်ပြသည်။ ထိုဥပဒေကို အမေရိကန်တို့ အပြင်းအထန် ကန့်ကွက်ကြသောကြောင့် နှစ်အနည်းငယ်ရပ်ဆိုင်းသွားပြီးနောက် အခြားအခွန်များကို ဗြိတိန်က ဖိစီးကောက်ခံစေပြန်သည် ကို ပိန်းက ထောက်ပြသည်။

ဆက်လက်၍ – ပိန်းက အမေရိကန်ကိုလိုနီများနှင့် သင့်လျော်မည်ထင်သည့် နို်င်ငံဖွဲ့စည်းပုံတစ်ရပ်ကို သူ၏စိတ်ကူးနှင့်တင်ပြသည်။ အမေရိကန်ကိုလိုနီများကို ခရိုင်အလိုက်ခွဲခြားလျက် ကိုယ်စားလှယ်စေလွှတ်ပြီး ကွန်ဂရက်လွှတ်တော် ဖြစ်စေမည့်အကြောင်း၊ အမေရိကန်သမ္မတအား တစ်ပြည်နယ်လျှင် တစ်လှည့်စီ အလှည့်ကျ တင်မြှောက်ကြသင့်သည့်အကြောင်း . . . စသည်အားဖြင့် တင်ပြသည်။

ခြောက်။ (အခန်း လေး) “On the Present Ability of America, with some Miscellaneous Reflections” ၏ အနှစ်ချုပ်သဘော။

အမေရိကအဖို့ ဗြိတိန်လက်အောက်မှ တော်လှန်ရုန်းထွက်ရန် အကောင်းဆုံးအချိန်မှာ ယခုအချိန်ပင် ဖြစ်ကြောင်း ပိန်းက နှိုးဆော်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်မှာ အမေရိကန်အဖို့ စွမ်းရည်ရှိသော လူသန်လူမြန်များ ပေါပေါများများ ရှိနေသည့်အချိန်ဖြစ်လေသည်။ အမေရိကန်ကိုလိုနီများအနေဖြင့် ယခုအချိန်တွင် အင်အားသုံးလျှင် လွတ်မြောက်သွားလိမ့်မည် ဖြစ်သည်။ တော်လှန်သည့်အတွက် ထိခိုက်ကုန်ကျသည်များမှာ လွတ်မြောက်သွားသည့်အခါ ကောင်းစွာ ထိုက်တန်မှုရပေလိမ့်မည်။ လွတ်လပ်ရေးရဖို့အတွက် မဟုတ်ဘဲ အခွန်အတုတ် လျော့ကျရေးသက်သက်အတွက် စစ်တိုက်ရမည် ဆိုလျှင်ကား မထိုက်တန််ပေ။

အမေရိကန်အဖို့ ဗြိတိန်ကိုယှဉ်နိုင်သော ရေတပ်တည်ဆောက်ဖို့ရာမှာ အသင့်လျော်ဆုံး ကိစ္စပင် ဖြစ်ပေသည်။ ကုန်ကျစရိတ်မှာ အကြမ်းဖျင်းတွက်ချက်မှုများအရ ပေါင်စတာလင် (၃.၅) သန်းမျှ ကုန်ကျနိုင်သည်။ အမေရိကန်အဖို့ နိုင်ငံအကြွေးဟူ၍ မရှိရသေးကား ဤကုန်ကျစရိတ်ကို ကောင်းစွာခံနိုင်ပေသည်။ အမေရိကန်အဖို့ အပြောကျယ်လှသော သစ်တောများမှာ သင်္ဘောတည်ဆောက်ရေးအတွက် ကုန်ကြမ်းများ အဖြစ်အသင့်ရှိနေသည့်အပြင် အမေရိကန်ကမ်းခြေတစ်လျှောက်လုံးတွင် အကာအကွယ်အခုအခံမရှိသေးသည့် အခြင်းအရာမှာလည်း မထိတ်သာမလန့်သာကိစ္စဖြစ်ပေသည်။ နောင်တွင် ကုန်သွယ်ရေးတိုးချဲ့မှုအတွက် ရေတပ်ကို အသုံးချနိုင်ပေသည်။ ဗြိတိန်ရေတပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ သူမ၏အင်ပါယာကို ဖြန့်ကျက်ကာကွယ်ရမည် ဖြစ်သော်လည်း အမေရိကန်အဖို့ အတ္တလန်တိတ်ကမ်းခြေတစ်ခုတည်းကိုသာ ကာကွယ်ရန် ရှိလေသည်။

အမေရိကန်အဖို့ လွတ်လပ်ရေးကို မဖြစ်မနေလိုအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ကျယ်ပြောလှသော အမေရိကတိုက်တစ်ခွင်သည် အလွန်လူနေကျဲပါးစွာ ရှိနေသေးသည့် အခွင့်အလမ်း ရှိနေသောကြောင့် ဖြစ်သည်။ အမေရိကကို ဗြိတိန်က ဆက်လက်ချုပ်ကိုင်ထားမည်ဆိုပါက ဗြိတိသျှအထက်လွှာအား အစိတ်စိတ်ပိုင်း ခွဲဝေပေးလျက် ထပ်ဆင့်အုပ်ချုပ်စေခြင်းခံရလိမ့်မည်။ ထိုနယ်မြေများကိုသာ အမေရိကန်က ချုပ်ကိုင်နိုင်ပါက စစ်ကြောင့်တင်ရှိသော အကြွေးများကိုဆပ်ခြင်းအပါအဝင် မိမိတို့ အကျိုးအတွက် အလိုရှိသလို အသုံးချနိုင်ကြလိမ့်မည်။ ယခုကဲ့သို့ အမေရိက၌ လူနေကျဲပါးနေသေးသည့်အချိန်တွင် ရှိနေသည့်သူများနှင့် စုစည်းကာ လွတ်လပ်ရေးကြေငြာသင့်သည်။ အချိန်ကြာလာသည်မှင့်အမျှ လူများလာသည့်အခါ လူအမျိုးအမျိုး စိတ်အထွေထွေ စုစည်းရခက်လိမ့်မည်။

အမေရိကန်ကိုလိုနီသမားများအနေဖြင့် ယခုပင် လုံးဝလွတ်လပ်ရေး ကြေငြာသင့်သည့် အကြောင်းရင်း လေးရပ်ကို ပိန်းက တင်ပြသည်။ (တစ်) အမေရိကကို ဗြိတိန်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြင်နေကြသမျှကာလပတ်လုံး မည်သည့်အခြားတိုင်းပြည်ကမှ ဝင်ရောက်စေ့စပ်ပေးနိုင်လိမ့်မည် မဟုတ်၊ (နှစ်) အမေရိကစစ်နိုင်ဖို့ သူတို့ပေးအပ်လိုက်သော အကူအညီမှာ ဗြိတိန်နှင့် အမေရိကန်အကြား ဆက်ဆံရေးကို ပြင်ဆင်ဖာထေးရန်မျှအတွက်သာ ဟုဆိုလျှင် ပြင်သစ်တို့ စပိန်တို့က ကူညီကြလိမ့်မည် မဟုတ်၊ (သုံး) အမေရိကသည် ဗြိတိန်၏ အစိတ်အပိုင်းတစ်ရပ်မျှသာဖြစ်နေသေးလျှင် အခြားနိုင်ငံများက အမေရိကန်များကို သူပုန်များအဖြစ်သာ ရှုမြင်ကြလိမ့်မည် (လေး) လွတ်လပ်ရေးကြေငြာလိုက်ခြင်းအားဖြင့် အမေရိကန် ကိုလိုနီများသည် နိုင်ငံတကာ မဟာမိတ်ဖွဲ့ခြင်း နှင့် နိုင်ငံတကာ ကုန်သွယ်ရေး၏ အကျိုးစိီးပွားများကို ရယူခံစားနိုင်ခွင့် ရှိလာလိ်မ့်မည်။

လွတ်လပ်ရေး မကြေငြာသမျှကာလပတ်လုံး အမေရိကတိုက်သည် တာဝန်မပြီးပြတ်နိုင်သည့် လူတစ်ယောက်ပမာ နေ့စဉ်နှင့်အမျှ ခံစားနေရလိမ့်မည်။

And until an independence is declared, “the continent will feel itself like a man who continues putting off some unpleasant business from day to day, yet knows it must be done, hates to set about it, wishes it over, and is continually haunted with the thoughts of its necessity.”
ဗြိတိန်လက်အောက်မှ လွတ်လပ်ရေး မကြေငြာသမျှကာလပတ်လုံး အမေရိကတိုက်အနေဖြင့် “လုပ်စရာရှိသည့် မလုပ်ချင်လုပ်ချင် အလုပ်တစ်ခုကို နေ့စဉ်နှင့်အမျှရွေ့ဆိုင်းလျက် – သို့သော် ဤအလုပ်သည် မလုပ်မဖြစ် လုပ်ရမည့်အလုပ်ဖြစ်သည် ဟုလည်းသိနေလျက် – ထိုအလုပ်ကိုလည်း စကိုင်တွယ်ရမှာကို စိတ်ညစ်ညူးလျက် – ဤအလုပ် သူ့အလိုလို ပြီးစီးသွားရင် ကောင်းမှာပဲ ဟုလည်း စိတ်ထဲရေရွတ်နေလျက် – ထိုအလုပ်ပြီးစီးရန် မဖြစ်မနေ လိုအပ်မှု၏ တစ္ဆေပမာ ခြောက်လှန့်မှုကို စဉ်ဆက်မပြတ် ခံစားနေရသည့် – လူတစ်ယောက်ပမာ ရှိနေသွားပေလိမ့်မည်။”

ခုနစ်။
ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာလအတွင်း စစ်တွေမှ ကျောက်ဖြူတရောက် ရခိုင့်သယံဇာရပိုင်ခွင့်အတွက် ခန့်မှန်း မိုင် (၃၀၀) ကျော် ခရီးရှည်ချီတက်ခဲ့ကြသော လှုပ်ရှားမှု၏ အဆုံးသတ်ရာ ကျောက်ဖြုမြို့လယ် နာရီစင်ကွင်းအရောက်တွင် လူသောင်းချီဖြစ်သွားသည်အထိ ပါဝင်ဆင်နွှဲခဲ့ကြပေသည်။ ကျွန်တော်ကား ထိုချီတက်မှု၏ ကြိုတင်လမ်းကြောင်းထောက်စီစဉ်မှုတွင်လည်းကောင်း တကယ်ချီတက်သည့်အခါ ရပ်နားဟောပြောသည့်နေရာများတွင် အဓိကဟောပြောသူများအနက် တစ်ဦးအဖြစ်လည်းကောင်း ပါဝင်ခဲ့ပါသည်။

ထို ချီတက်လှုပ်ရှားမှုအပြီး လပိုင်းအကြာ၌ ကာလရှည်ဝေးကွာ ငယ်သူငယ်ချင်း အရင်းအချာ တစ်ယောက် စစ်တွေရောက်လာသဖြင့် အေးအေးလူလူ ထိုင်ပြောကြရင်း သူကမေးသည်။ ခင်ဗျားတို့ သယံဇာတလှုပ်ရှားမှုဆိုတာကို Facebook မှာ တွေ့တယ်၊ အခု အဲသလိုချီတက်ပြီးပြီဆိုတော့ ဘာဖြစ်လာသလဲ ဟု အေးအေးသက်သာမေး၏။ သူကားနိုင်ငံရေးကို သိပ်စိတ်ဝင်စားသူမဟုတ်၊ လုပ်ငန်းတွေကို တစ်ခုပြီးတစ်ခု တိုးချဲ့/အားစိုက်အလုပ်လုပ် စသည်ဖြင့်သာ အချိန်များကို မြှုပ်နှံထားသူ ဖြစ်လေသည်။

လက်တွေက လက်ညှိုးတွေကိုကွေးတဲ့ အခြေအနေကို ရောက်လာဖို့ရာမှာ – လက်ညှိုးကွေးဖို့ လိုအပ်ကြောင်းကို အဲသည် လက်ညှိုးတွေနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်တွေ နှလုံးသားတွေက အရင်နားလည်လက်ခံသွားဖို့ လိုတယ်ဗျ ဟု ကျွန်တော်ကဖြေ၏။ ကျွန်တော်၏ အဖြေကို သူနားလည်ပုံမရ။ ခင်ဗျားတို့ လိုချင်တဲ့ သယံဇာတကို မရသေးဘူးလား ဟု ဆို၏။ ကျွန်တော်က ဘာမှ ပြန်မဖြေသော် – ခင်ဗျား ၂၀၁၂ ဂွမြို့စာပေ ဟောပြောပွဲအခွေကို ကျွန်တော် နားထောင်ဖူးတယ် ဟုသာ သူက ဆိုလေသည်။


KZO
(၁၄-၀၈-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၁)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

To Download “Common Sense” =>

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s