
[ Zawgyi font First / Unicode below ]
ေခတ္သစ္ အစၥလမ္မစ္ အေျခခံ၀ါဒီတို႔၏ ဖခင္ႀကီး ေဆယစ္ကူးတာ့ဘ္ (Sayyid Qutb)
● ကြန္ျမဴနစ္တို႔အားလံုး၏ ျမစ္ဖ်ားခံရာ အေတြးအေခၚဖခင္ႀကီးမွာ ကားလ္မတ္ခ္စ္ ျဖစ္ေပသည့္နည္းတူ – ေခတ္သစ္ အစၥလမ္မစ္အေျခခံ၀ါဒီ တို႔၏ အေတြးအေခၚ ျမစ္ဖ်ားခံရာမွာ ေဆယစ္ ကူးတာ့ဘ္ (၁၉၀၆-၁၉၆၆) ျဖစ္ေပသည္။ လက္နင္၊ စတာလင္၊ ေမာ္စီတံုး ႏွင့္ အားလံုးေသာ ကြန္ျမဴနစ္တို႔၏ ပေရာဖက္မွာ ကားလ္မာ့ခ္စ္ ျဖစ္ပသည့္နည္းတူ အိုစမာလင္လာဒင္၊ အယ္ဇ၀ါဟိရီ၊ အယ္ကိုင္းဒါးအဖြဲ႕ ႏွင့္ ISIS အဖြဲ႕တို႔၏ အေတြးအေခၚ ရင္းျမစ္မွာ ေဆယစ္ ကူးတာ့ဘ္ ျဖစ္ေပသည္။ အယုတ္စြဆံုး ၿပီးခဲ့သည့္ သံုးရက္ (၂၆-၀၈-၂၀၂၁) ရက္ေန႔က ကဘူးလ္ေလဆိပ္တြင္ အေသခံဗံုးေဖာက္ခြဲၿပီး လူတစ္ရာရွစ္ဆယ္ေက်ာ္ ေသဆံုးေစခဲ့ေသာ ISIS-K (ေခၚ) ISIL-KP အဖြဲ႕၏ အေတြးအေခၚ ရင္းျမစ္မွာ ေဆယစ္ ကူးတာ့ဘ္ ပင္လွ်င္ ျဖစ္သည္ ဟု ဆိုႏိုင္ေပသည္။ ေဆယစ္ ကူးတာ့ဘ္ သည္ကား ဆာလာဖစ္ဂ်ီဟတ္၀ါဒီ တို႔၏ ဖခင္ႀကီးပင္တည္း။
● အီဂ်စ္ႏိုင္ငံ ပညာေရးဌာနမွာ တာ၀န္ထမ္းေဆာင္ေနေသာ ကူးတာ့ဘ္ အား ပညာေရးစနစ္ဆုိင္ရာ အဆင့္ျမင့္ေလ့လာမႈမ်ားျပဳလုပ္ရန္ အလို႔ငွာ အေမရိကန္ႏုိင္ငံ ေကာလိုရာဒိုျပည္နယ္ရွိ ပညယေရးေကာလိပ္သို႔ ေစလႊတ္ကာ ၁၉၄၈ မွ ၁၉၅၀ အထိ ပညာသင္ယူေစခဲ့ဖူးသည္။ အေမရိကန္တြင္ ပညာ၀င္ၾကားေနသည့္ ႏွစ္ႏွစ္ခန္႔ကာလအတြင္း ကူးတာ့ဘ္မွာ အေမရိကန္တို႔၏ ဘ၀ေနပံုနည္းလမ္း ႏွင့္ မနီးစပ္လာရံုမွ်မက ကိုယ္က်င့္တရားပ်က္ျပားေနသည္ ယဥ္ေက်းမႈမရွိသည့္ ေလာကအျဖစ္ အေနာက္ကမၻာအေပၚ ကူးတာ့ဘ္၏ အထင္ေသး စက္ဆုပ္ရြံရွာမႈသည္ ယခင္ကထက္ အျမစ္တြယ္ခိုင္မာလာခဲ့သည္။ အီဂ်စ္သို႔ျပန္လာၿပီးေနာက္ ၁၉၅၃-ခုႏွစ္တြင္ မူဆလင္ညီအစ္ကိုေတာ္မ်ားအဖြဲ႕ (Muslim Brotherhood) သို႔ ၀င္ေရာက္သည္။ သေဘာတရားေရးရာ စာေပမ်ားကို ဆက္လက္ေရးသားရင္း မူဆလင္ညီအစ္ကိုေတာ္မ်ားအဖြဲ႕၏ အဓိက သေဘာတရားေရးဆရာႀကီးျဖစ္လာသည္။
● အေမရိကန္အပါအ၀င္ အေနာက္ကမၻာအား ကူးတာ့ဘ္ က တမန္ေတာ္မိုဟာမက္ မတုိင္မီကာလ အာေရဗီးယားကၽြန္းဆြယ္တြင္ ဘုရားမရွိ တရားမရွိ အရိုင္းအစိုင္းကာလ ႏွင့္ ထပ္တူထားကာ ရႈျမင္သည္။ ကကကကက ေခၚ ထိုယိုယြင္းပ်က္စီးေနေသာေလာကအား တမန္ေတာ္မိုဟာမက္ နည္းတူ တရားတစ္ဖက္ ဓါးတစ္လက္ျဖင့္ ေခ်မႈန္းလ်က္ ကမၻာႀကီးကို ကယ္တင္ရမည္ ဟု သူကျမင္သည္။ ထိုအရိုင္းအစိုင္း အေနာက္ကမၻာသားတို႔သာမက ထိုအေနာက္ကမၻာသားတို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္ေနေသာ မူဆလင္မ်ားမွာလည္း မူဆလင္ အစစ္အမွန္မ်ားမဟုတ္ ဟု ရႈျမင္ကာ ရန္သူ႕ဘက္သားမ်ား အျဖစ္ဆက္ဆံရမည္ ဟု သူက ဆိုသည္။ မိုဟာမက္၏ အေမြကို ဆက္ခံလ်က္ ကမၻာလံုးဆိုင္ရာ အစၥလမ္မစ္ႏိုင္ငံေတာ္ (Caliphate) ေအာင္ျမင္စြာ ျဖစ္တည္လာသည့္အခါ ကမၻာႀကီး ၿငိ္မ္းခ်မ္းသြားလိမ့္မည္ ဟု ဆိုသည္။ တစ္နည္းအားျဖင့္ ကူးတာ့ဘ္ ၏ အယူအဆမွာ ကမၻာလံုးဆိုင္ရာ အစၥလမ္မစ္ႏိုင္ငံေတာ္ ၀ါဒ ျဖစ္ၿပီး တစ္ႏိုင္ငံခ်င္း အေရးကို ဦးစားေပးလုပ္ေဆာင္ၾကသည့္ အမ်ိဳးသားေရးသမားမ်ားႏွင့္ မတူေပ။ ဤအယူအဆကို ဘင္လာဒင္တို႔၏ အယ္ကိုင္းဒါး ႏွင့္ ISIS အဖြဲ႕တို႔က ဆက္ခံထားသည္။
● ဗိုလ္မွဴးႀကီး နာဆာ (Gamal Abdel Nasser) က ၁၉၅၂-ခုႏွစ္တြင္ အီဂ်စ္ဘုရင္ထံမွ အာဏာသိမ္းၿပီး အီဂ်စ္အစိုးရေခါင္းေဆာင္ ျဖစ္မလာေသးမီကာလ ကူးတာ့ဘ္ တို႔ႏွင့္ အသြားအလာ အဆက္အဆံရွိခဲ့ဖူးသည္။ ပူးေပါင္းေဆာင္ရြက္ၾကသည့္အပိုင္း ရွိသလို သီးျခားေဆာင္ရြက္ၾကသည့္ အပိုင္းမ်ား ရွိသည္။ နာဆာတို႔၏ အယူအဆမွာ ကူးတာ့ဘ္ တို႔ႏွင့္မတူ၊ Pan-Arabism ေခၚ အီဂ်စ္အပါအ၀င္ အာရပ္မ်ားအားလံုးကို စုရံုးလိုသည့္ အာရပ္ေလာကအမ်ိဳးသား၀ါဒ ျဖစ္သည္။ ကူးတာ့ဘ္ကား အစၥလမ္မစ္၀ါဒီျဖစ္သည္။ အစၥလမ္ဘာသာအား ႏိုင္ငံေရးလႈပ္ရွားမႈတစ္ခုအျဖစ္ အရွိန္ျမွင့္ယူၿပီး ေရွးခတ္ကိုရန္ မူမ်ားကို အေျခခံလ်က္ လူ႔ေဘာင္တည္ေဆာက္ေရး၀ါဒီ ျဖစ္သည္။ နာဆာတို႔ အာဏာရခါစက ကူးတာ့ဘ္အား ပညာေရး၀န္ႀကီးခန္႔မည္ ဟု သတင္းထြက္ခဲ့ေသးသည္။ သို႔ရာတြင္ သူ႔အား ပညာေရး၀န္ႀကီး မခန္႔သည္သာမက အာဏာရ နာဆာအစိုးရ ႏွင့္ ကူးတာ့ဘ္တို႔၏ Muslim Brotherhood တို႔ၾကား အေျခအေနမွာ ဆိုးရြားလာသည္။ Muslim Brotherhood အဖြဲ႕၀င္မ်ားစြာ အဖမ္းဆီးခံရသည္။ ထြက္ေျပးၾကရသည္။ ကူးတာ့လ္ကိုယ္တိုင္ အဖမ္းခံရသည္။ ေထာင္ဒဏ္ ႏွစ္ကာလရွည္ အခါခါက်သည္။ ေနာက္ဆံုးေသဒဏ္က်သည္။ သူ၏ အယူအဆမ်ားကို စြန္႔လႊတ္ပါက လႊတ္ၿငိမ္းခ်မ္းသာခြင့္ေပးမည္ ဟု ကမ္းလွမ္းျခင္းခံခဲ့ရေသးသည္ ဟု ဆိုသည္။ သိုေသာ္ ကူးတာ့ဘ္က လက္မခံဘဲ ျငင္းပယ္ကာ ႀကိဳးစင္တက္လ်က္ အေသခံသည္။ ခရစ္ေတာ္ကဲ့သို႔ ကားစင္တင္ခံ အေသခံျခင္းအားအားျဖင့္ သူ၏ အယူအဆမ်ားကို ပိုမိုခိုင္မာ က်န္ရစ္ေစခဲ့သည္ ဟုပင္ ဆိုႏုိင္သည္။
● Muslim Brotherhood ေခါင္းေဆာင္မ်ားအား နာဆာ စတင္ဖိႏွိပ္သည့္ကာလတြင္ ျပည္ပသို႔ အခ်ိန္မီ ထြက္ေျပးရန္ အခြင့္အလမ္းမ်ား ကမ္းလွမ္းမႈမ်ား ရွိခဲ့ေသာ္လည္း တိမ္းေရွာင္ျခင္းမျပဳဘဲ အီဂ်စ္ထဲတြင္ က်န္ေနရစ္ခဲ့သူျဖစ္သည္။ သူ၏ ညီအရင္းတစ္ေယာက္က ေဆာ္ဒီအာေရဗီးယားသို႔ ထြက္ေျပးၿပီး ေဆာ္ဒီတကၠသိုလ္တစ္ခုတြင္ ဆရာျဖစ္လာသည္။ သူ႔ညီ၏ ေက်ာင္းသားမ်ားအနက္ တစ္ဦးမွာ အိုစမာ ဘင္လာဒင္ျဖစ္သည္။ ကူးတာ့ဘ္၏ နာမည္ ႏွင့္ သူ၏စာေပတို႔မွာ မူဆလင္ေလာကတြင္ အလြန္ ၾသဇာႀကီးေသာ္ျငားလည္း ျပင္ပကမၻာတြင္ လူသိနည္းခဲ့သည္။ ၂၀၀၁-ခုႏွစ္ 9/11 တုိက္ခိုက္မႈအလြန္ အယ္ကိုင္ဒါး ေခါင္းေဆာင္မ်ား၏ သေဘာတရားေရးဆရာအျဖစ္ သိလာသည့္အခါက်မွ ကူးတာ့ဘ္ကို က်ယ္က်ယ္ျပန္႔ျပန္႔ ကမၻာက စတင္သိလာသည္။
● ကူးတာ့ဘ္၏ သေဘာတရားေရးရာစာေပမ်ားအနက္ ေထာင္ထဲတြင္ ေရးခဲ့ေသာ “Milestones” (သမိုင္းမွတ္တိုင္မ်ား) စာအုပ္ကို အဓိက ရည္ညႊန္းၾကေလ့ရွိသည္။ သို႔ရာတြင္ အၾကမ္းဖက္ တိုက္ခိုက္ေရး သမားမ်ားအေပၚ ထိုစာအုပ္ထက္ ၾသဇာႀကီးသည့္ သေဘာတရားေရးရာ စာအုပ္မွာ ကူးတာ့ဘ္၏ “In the Shade of Qur’an” (ကိုရန္၏ အရိပ္ေအာက္မွာ) ဆိုသည့္ စာအုပ္တြဲ ျဖစ္ေလသည္။ ထိုစာအုပ္တြဲအား ၁၉၇၀ ျပည့္လြန္ ႏွစ္မ်ားတြင္ အဂၤလိပ္ဘာသာသို႔ျပန္ဆိုၿပီး World Assemnbly of Muslim Youth ဆိုသည့္အဖြဲ႕က အုပ္တြဲမ်ားအနက္ တစ္အုပ္ကို ထုတ္ေ၀ ျဖန္႔ခ်ိသည္။ ထိုအဖြဲ႕၏ ၀ါရွင္တန္ရံုးခန္းကို ဦးစီးသူမွာ အိုစမာဘင္လာဒင္၏ ညီတစ္ဦးျဖစ္သည္။ ထို စာအုပ္ထူႀကီး (၁၈) အုပ္တြဲရွိ “In the Shade of Qur’an” မွာ ကိုရန္က်မ္းခ်က္မ်ား၊ မိုဟာမက္လက္ထက္ အျဖစ္အပ်က္မ်ားကို ရႈေထာင့္ေပါင္းစံုမွ ကူးတာ့ဘ္၏ ေစ့ေစ့ငုငု သိသမွ်ေသာ အျမင္တို႔တြင္ တစိမ့္စိမ့္ ဋီကာဖြင့္ဆိုရွင္းျပျခင္း ထိုဆူရာက်မ္းပိုဒ္တို႔၏ အသိပညာ ႏွင့္ ႀကီးျမတ္မႈတို႔အား မွတ္ခ်က္ျပဳ သင္ၾကားျခင္း ျဖစ္ေလသည္။ ထိုစာမ်က္ႏွာမ်ား ေတာက္ေလွ်ာက္ တအိအိ စီးေမ်ာရင္း မ်က္ေမွာက္ေခတ္၏ ဆိုးယုတ္မႈတို႔အား သိျမင္ႏိုင္ေသာ အျမင္တို႔ကို ကူးတာ့ဘ္က တည္ေဆာက္ေပးေလသည္။
● အစၥလမ္၀ါဒ အစစ္အမွန္ဟူသည္တြင္ ဘာသာေရးႏွင့္ ႏုိင္ငံေတာ္ကို တစ္ထပ္တည္းထားရမည္ ဟု သူက ဆိုသည္။ ဥေရာပတိုက္သား ခရစ္ယန္တို႔မွာမူကား သမုိင္းအရွိန္ရလာသည္ ႏွင့္ တျဖည္းျဖည္းဆိုသလို ဘာသာေရးကို တစ္ဘက္ျခမ္းမွာထားကာ “ႏိုင္ငံေတာ္” ကို အျခားတစ္ဘက္ျခမ္းမွာ ထားလ်က္ ဘာသာေရး ႏွင့္ ႏိုင္ငံေတာ္ သီးျခား၀ါဒ (Secularism) ကို ဖန္တီးလာၾကသည္။ ထိုအျခင္းအရာကို အတုယူလ်က္ အခ်ိ္ဳ႕ မႈဆလင္တိုင္းျပည္တို႔က အတန္အသင့္ ပံုတူကူးခ်ၾကေလရာ အစၥလမ္အယူ၀ါဒ၏ အႏွစ္သာရတို႔ ပ်က္ယြင္းကုန္သည္ ဟု ကူးတာ့ဘ္ ကေ၀ဖန္သည္။ အစၥလမ္ အစစ္အမွန္ကို တစိတ္တပိုင္း အစၥလမ္က အစားထိုးသြားလိမ့္မည္အား သူကစိုးရိမ္သည္။ “half-Islam and half-jihiliyya ဟူသည္မွာ မရွိ။ တစိတ္တပိုင္း အစၥလမ္ ဆိုသည္မွာ မရွိ (တနည္း အစၥလမ္ မဟုတ္) သူက ဆိုသည္။ တဖန္ သူဆိုလိုသည့္ “ႏုိင္ငံေတာ္” သည္ကား de-territorized နယ္ေျမအပိုင္းအျခားတို႔ကို ေက်ာ္လြန္ေသာ၊ deracinated ပထ၀ီအပိုင္းအျခား ယဥ္ေက်းမႈအပိုင္းအျခားတို႔ကို လြန္ေျမာက္ေသာ၊ de-tribalized လူမ်ိဳးအႏြယ္သတ္မွတ္ခ်က္တို႔ကို လြန္ေျမာက္ေသာ ကမၻာ့ အစၥလမ္မစ္ႏိုင္ငံေတာ္ႀကီးကို ဆိုလိုသည္။
● အစၥလမ္ဘာသာကို အျပင္ဘက္မွ ခရစ္ယန္ ခရုဆိတ္၀ါဒီမ်ား၊ ဇုိင္ယြန္ဒါဒီမ်ား၊ ကြန္ျမဴနစမ်ားက တိုက္ခိုက္ေနၾကသလို အစၥဘာသာထဲမွ အတြင္းလူမ်ား (အမည္ခံ မူဆလင္မ်ား) ကလည္း ပ်က္စီးေစရန္ ႀကိဳးပမ္းေနၾကလ်က္ရွိရာ ထိုအႏၱရာယ္မ်ားကို သိျမင္လ်က္ ေတာ္လွန္ေသာ လုပ္ငန္းစဥ္မ်ားအားျဖင့္ လူ႔ေဘာင္ကို ကယ္တင္ရန္ လိုသည္ ဟု သူကျမင္သည္။ မိုဟာမက္ လက္ထက္က ထူေထာင္ခဲ့သည့္ လုပ္ငန္းမ်ားအတိုင္း ထပ္ခ်ပ္မကြာ လိုက္လံလုပ္ေဆာင္လ်က္ လူ႔ေဘာင္အားတည္ေဆာက္ရန္ လက္ေရြးစင္မ်ားျဖင့္ “တပ္ဦး” vangard တစ္ခုကို တည္ေဆာက္လ်က္ တိုက္ပြဲ၀င္ၾကရမည္ ဟု ဆိုေလသည္။ ထိုတပ္ဦးသည္ လူ႔ေဘာင္ေလာကတြင္ ရွာရီယာဥပေဒ အသက္၀င္အုပ္ခ်ဳပ္ႏိုင္ေစရန္ လုပ္ေဆာင္ၾကရမည္ ဟု ဆိုေလသည္။ (ငယ္စဥ္က ကြန္ျမဴနစ္/ဆိုရွယ္လစ္ အယူအဆမ်ားႏွင့္ အနည္းငယ္ နီးစပ္ခဲ့ဖူးသည့္အတြက္ လက္နင္ထံမွ vanguard အယူအဆကို ရျခင္း ျဖစ္ေကာင္းျဖစ္မည္။)
● ကူးတာ့ဘ္ က မိတ္ဆက္ေသာ ေနာက္ထပ္ စကားလံုးတစ္လံုးမွာ – jahiliyya ဂ်ာဟီလီယာ ဆိုေသာ စကားလံုးျဖစ္သည္။ ယင္း၏ မူရင္းအဓိပၸါယ္မွာ မိုဟာမက္မေပၚထြန္းမီ အာေရဗီးယားကၽြန္းဆြယ္ရွိ ဘုရားမသိ တရားမသိ အေျခအေနကို ဆိုလိုခ်က္ျဖစ္ေသာ္လည္း ေခတ္သစ္ကာလကို ေရွးေဟာင္းေခတ္ပ်က္ႏွင့္ ႏိႈင္းယွဥ္ အမည္ေပးထားျခင္း ျဖစ္ေလသည္။ ထိုၿဖိဳခြင္းပစ္ရမည့္ ေခတ္သစ္ ဂ်ာဟီလီယာ၏ ေရွ႕ဆံုးမ်က္ႏွာစာတြင္ အေမရိကန္ ရွိေလသည္။ ထို ဂ်ာဟီလီယာ၏ အျခားတစ္ဖက္တြင္ hakimiyya ေခၚ ဘုရားသခင္၏ အခ်ဳပ္အျခာအာဏာ ရွိေလသည္။ ယေန႔တစ္ကမၻာလံုးလိုလိုသည္ ကူးတာ့ဘ္အလိုအရ ဂ်ာဟီလီယာ တည္း အေမွာင္ျခမ္းတြင္ က်ေရာက္ေနသည္ ျဖစ္ရကား ဟာကီမီယာ ေခၚ အလင္းဘက္ျခမ္းသို႔ ေဆာင္ယူရန္ လိုအပ္ေနသည္ ဟူ၏။
● ကူးတာ့ဘ္၏ အယူအဆမ်ားကို ဆက္ခံသူမ်ားသည္ မူဆလင္အယူ၀ါဒကို ညစ္ေထးေစသည္ ဟု ယူဆသည့္ မူဆလင္မ်ားကိုလည္း ဦးတည္တိုက္ခုိက္တတ္ၾကေပသည္။ ဥပမာ ျပရလွ်င္- ေဆာ္ဒီဘုရင္မ်ား အေပၚ အယ္ကိုင္းဒါး၏ ရန္လိုမုန္းထား တိုက္ခိုက္ရန္ လုပ္ႀကံရန္အားထုတ္ျခင္း၊ ကဘူးလ္ေလဆိပ္မွ တဆင့္ႏိုင္ငံရပ္ျခားထြက္ေျပးရန္ ႀကိဳးစားေနသူမ်ားကို တျမန္ေန႔က ဗံုးခြဲသတ္ျဖတ္ျခင္း တို႔ ျဖစ္သည္။
● ကူးတာ့ဘ္၏ အယူအဆမ်ားကို ဆက္ခံသူမ်ားသည္ ေခတ္သစ္ႏိုင္ငံထူေထာင္သည့္ အယူအဆအား အထင္အျမင္ေသးသည္၊ ကမၻာလံုးဆိုင္ရာ အစၥလမ္မစ္ ခါလီဖိတ္ ႏိုင္ငံေတာ္ (Caliphate) ႏိုင္ငံေတာ္ကို တည္ေထာင္ႏိုင္ရန္ကိုသာ အားထုတ္ရမည္ ဟု သူတို႔က ဆိုသည္။ ထို႔ေၾကာင့္ ေစာ္ဘြားႏိုင္ငံ (Emirate) အဆင့္မွ်ျဖင့္ ေခတ္သစ္ပံုစံနိုင္ငံအေနအထားကို ယူေသာ၊ ထိုေခတ္သစ္ႏိုင္ငံတည္တံ့ႏိုင္ေရးအလို႔ငွာ ရည္ရြယ္လ်က္ “မိမိတို႔ နယ္ေျမကို အသံုးျပဳလ်က္ အျခားႏိုင္ငံမ်ားအား တိုက္ခုိက္ျခင္းကို ခြင့္ျပဳမည္ မဟုတ္” ဟု တရုတ္ ႏွင့္ ရုရွားတို႔အား ကတိေပးေသာ တာလီဘန္မ်ား ႏွင့္ ISIS-K တို႔ ယေန႔ထက္ထိ တိုက္ခိုက္ေနၾကျခင္း ျဖစ္ေလသည္။
● စစ္ေအးတိုက္ပြဲအၿပီး ကမၻာေပၚတြင္ ဒီမိုကေရစီဘက္ျခမ္းက အႏိုင္ရသြားၿပီ၊ အယူအဆေရးရာတိုက္ပြဲမ်ား မရွိေတာ့ၿပီ ဟု ဖူကူးယားမား၏ အယူအဆတို႔ျဖင့္ မိန္႔ေမာလ်က္ရွိေနၾကစဥ္ ၂၀၀၁-ခုႏွစ္ 9/11 တိုက္ခိုက္မႈျဖစ္ရပ္ ေနာက္ပိုင္း ယင္းတိုက္ခိုက္မႈမ်ားေနာက္ကြယ္မွ အယူအဆေရးရာ ႏွင့္ ယဥ္ေက်းမႈေရးရာ အထုအထည္မ်ားကို အေနာက္ႏိုင္ငံမ်ားက အလန္႔တၾကားလုိက္ရွာၾကေလသည္။ မိမိတို႔ ႏိုင္ငံမ်ားတြင္ မဒရာဆာေက်ာင္း အေရအတြက္ မည္မွ်ရွိေနၿပီနည္း ဆိုသည္ကို အေနာက္ႏိုင္ငံမ်ားက ေလ့လာၾကေလသည္။ မဒရာဆာမ်ား၏ သက္ေရာက္မႈရွိ/မရွိကို စတင္ေလ့လာၾကသည္။
KZO
(၂၉-၀၈-၂၀၂၁)
[လူငယ္မ်ားအတြက္ ႏိုင္ငံေရးမွတ္စုတိုမ်ား (၁၆)]
==========
[ Unicode ]
ခေတ်သစ် အစ္စလမ်မစ် အခြေခံဝါဒီတို့၏ ဖခင်ကြီး ဆေယစ်ကူးတာ့ဘ် (Sayyid Qutb)
● ကွန်မြူနစ်တို့အားလုံး၏ မြစ်ဖျားခံရာ အတွေးအခေါ်ဖခင်ကြီးမှာ ကားလ်မတ်ခ်စ် ဖြစ်ပေသည့်နည်းတူ – ခေတ်သစ် အစ္စလမ်မစ်အခြေခံဝါဒီ တို့၏ အတွေးအခေါ် မြစ်ဖျားခံရာမှာ ဆေယစ် ကူးတာ့ဘ် (၁၉၀၆-၁၉၆၆) ဖြစ်ပေသည်။ လက်နင်၊ စတာလင်၊ မော်စီတုံး နှင့် အားလုံးသော ကွန်မြူနစ်တို့၏ ပရောဖက်မှာ ကားလ်မာ့ခ်စ် ဖြစ်ပေသည့်နည်းတူ အိုစမာလင်လာဒင်၊ အယ်ဇဝါဟိရီ၊ အယ်ကိုင်းဒါးအဖွဲ့ နှင့် ISIS အဖွဲ့တို့၏ အတွေးအခေါ် ရင်းမြစ်မှာ ဆေယစ် ကူးတာ့ဘ် ဖြစ်ပေသည်။ အယုတ်စွဆုံး ပြီးခဲ့သည့် သုံးရက် (၂၆-၀၈-၂၀၂၁) ရက်နေ့က ကဘူးလ်လေဆိပ်တွင် အသေခံဗုံးဖောက်ခွဲပြီး လူတစ်ရာရှစ်ဆယ်ကျော် သေဆုံးစေခဲ့သော ISIS-K (ခေါ်) ISIL-KP အဖွဲ့၏ အတွေးအခေါ် ရင်းမြစ်မှာ ဆေယစ် ကူးတာ့ဘ် ပင်လျှင် ဖြစ်သည် ဟု ဆိုနိုင်ပေသည်။ ဆေယစ် ကူးတာ့ဘ် သည်ကား ဆာလာဖစ်ဂျီဟတ်ဝါဒီ တို့၏ ဖခင်ကြီးပင်တည်း။
● အီဂျစ်နိုင်ငံ ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသော ကူးတာ့ဘ် အား ပညာရေးစနစ်ဆိုင်ရာ အဆင့်မြင့်လေ့လာမှုများပြုလုပ်ရန် အလို့ငှာ အမေရိကန်နိုင်ငံ ကောလိုရာဒိုပြည်နယ်ရှိ ပညယရေးကောလိပ်သို့ စေလွှတ်ကာ ၁၉၄၈ မှ ၁၉၅၀ အထိ ပညာသင်ယူစေခဲ့ဖူးသည်။ အမေရိကန်တွင် ပညာဝင်ကြားနေသည့် နှစ်နှစ်ခန့်ကာလအတွင်း ကူးတာ့ဘ်မှာ အမေရိကန်တို့၏ ဘဝနေပုံနည်းလမ်း နှင့် မနီးစပ်လာရုံမျှမက ကိုယ်ကျင့်တရားပျက်ပြားနေသည် ယဉ်ကျေးမှုမရှိသည့် လောကအဖြစ် အနောက်ကမ္ဘာအပေါ် ကူးတာ့ဘ်၏ အထင်သေး စက်ဆုပ်ရွံရှာမှုသည် ယခင်ကထက် အမြစ်တွယ်ခိုင်မာလာခဲ့သည်။ အီဂျစ်သို့ပြန်လာပြီးနောက် ၁၉၅၃-ခုနှစ်တွင် မူဆလင်ညီအစ်ကိုတော်များအဖွဲ့ (Muslim Brotherhood) သို့ ဝင်ရောက်သည်။ သဘောတရားရေးရာ စာပေများကို ဆက်လက်ရေးသားရင်း မူဆလင်ညီအစ်ကိုတော်များအဖွဲ့၏ အဓိက သဘောတရားရေးဆရာကြီးဖြစ်လာသည်။
● အမေရိကန်အပါအဝင် အနောက်ကမ္ဘာအား ကူးတာ့ဘ် က တမန်တော်မိုဟာမက် မတိုင်မီကာလ အာရေဗီးယားကျွန်းဆွယ်တွင် ဘုရားမရှိ တရားမရှိ အရိုင်းအစိုင်းကာလ နှင့် ထပ်တူထားကာ ရှုမြင်သည်။ ကကကကက ခေါ် ထိုယိုယွင်းပျက်စီးနေသောလောကအား တမန်တော်မိုဟာမက် နည်းတူ တရားတစ်ဖက် ဓါးတစ်လက်ဖြင့် ချေမှုန်းလျက် ကမ္ဘာကြီးကို ကယ်တင်ရမည် ဟု သူကမြင်သည်။ ထိုအရိုင်းအစိုင်း အနောက်ကမ္ဘာသားတို့သာမက ထိုအနောက်ကမ္ဘာသားတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော မူဆလင်များမှာလည်း မူဆလင် အစစ်အမှန်များမဟုတ် ဟု ရှုမြင်ကာ ရန်သူ့ဘက်သားများ အဖြစ်ဆက်ဆံရမည် ဟု သူက ဆိုသည်။ မိုဟာမက်၏ အမွေကို ဆက်ခံလျက် ကမ္ဘာလုံးဆိုင်ရာ အစ္စလမ်မစ်နိုင်ငံတော် (Caliphate) အောင်မြင်စွာ ဖြစ်တည်လာသည့်အခါ ကမ္ဘာကြီး ငြိ်မ်းချမ်းသွားလိမ့်မည် ဟု ဆိုသည်။ တစ်နည်းအားဖြင့် ကူးတာ့ဘ် ၏ အယူအဆမှာ ကမ္ဘာလုံးဆိုင်ရာ အစ္စလမ်မစ်နိုင်ငံတော် ၀ါဒ ဖြစ်ပြီး တစ်နိုင်ငံချင်း အရေးကို ဦးစားပေးလုပ်ဆောင်ကြသည့် အမျိုးသားရေးသမားများနှင့် မတူပေ။ ဤအယူအဆကို ဘင်လာဒင်တို့၏ အယ်ကိုင်းဒါး နှင့် ISIS အဖွဲ့တို့က ဆက်ခံထားသည်။
● ဗိုလ်မှူးကြီး နာဆာ (Gamal Abdel Nasser) က ၁၉၅၂-ခုနှစ်တွင် အီဂျစ်ဘုရင်ထံမှ အာဏာသိမ်းပြီး အီဂျစ်အစိုးရခေါင်းဆောင် ဖြစ်မလာသေးမီကာလ ကူးတာ့ဘ် တို့နှင့် အသွားအလာ အဆက်အဆံရှိခဲ့ဖူးသည်။ ပူးပေါင်းဆောင်ရွက်ကြသည့်အပိုင်း ရှိသလို သီးခြားဆောင်ရွက်ကြသည့် အပိုင်းများ ရှိသည်။ နာဆာတို့၏ အယူအဆမှာ ကူးတာ့ဘ် တို့နှင့်မတူ၊ Pan-Arabism ခေါ် အီဂျစ်အပါအဝင် အာရပ်များအားလုံးကို စုရုံးလိုသည့် အာရပ်လောကအမျိုးသားဝါဒ ဖြစ်သည်။ ကူးတာ့ဘ်ကား အစ္စလမ်မစ်ဝါဒီဖြစ်သည်။ အစ္စလမ်ဘာသာအား နိုင်ငံရေးလှုပ်ရှားမှုတစ်ခုအဖြစ် အရှိန်မြှင့်ယူပြီး ရှေးခတ်ကိုရန် မူများကို အခြေခံလျက် လူ့ဘောင်တည်ဆောက်ရေးဝါဒီ ဖြစ်သည်။ နာဆာတို့ အာဏာရခါစက ကူးတာ့ဘ်အား ပညာရေးဝန်ကြီးခန့်မည် ဟု သတင်းထွက်ခဲ့သေးသည်။ သို့ရာတွင် သူ့အား ပညာရေးဝန်ကြီး မခန့်သည်သာမက အာဏာရ နာဆာအစိုးရ နှင့် ကူးတာ့ဘ်တို့၏ Muslim Brotherhood တို့ကြား အခြေအနေမှာ ဆိုးရွားလာသည်။ Muslim Brotherhood အဖွဲ့ဝင်များစွာ အဖမ်းဆီးခံရသည်။ ထွက်ပြေးကြရသည်။ ကူးတာ့လ်ကိုယ်တိုင် အဖမ်းခံရသည်။ ထောင်ဒဏ် နှစ်ကာလရှည် အခါခါကျသည်။ နောက်ဆုံးသေဒဏ်ကျသည်။ သူ၏ အယူအဆများကို စွန့်လွှတ်ပါက လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည် ဟု ကမ်းလှမ်းခြင်းခံခဲ့ရသေးသည် ဟု ဆိုသည်။ သိုသော် ကူးတာ့ဘ်က လက်မခံဘဲ ငြင်းပယ်ကာ ကြိုးစင်တက်လျက် အသေခံသည်။ ခရစ်တော်ကဲ့သို့ ကားစင်တင်ခံ အသေခံခြင်းအားအားဖြင့် သူ၏ အယူအဆများကို ပိုမိုခိုင်မာ ကျန်ရစ်စေခဲ့သည် ဟုပင် ဆိုနိုင်သည်။
● Muslim Brotherhood ခေါင်းဆောင်များအား နာဆာ စတင်ဖိနှိပ်သည့်ကာလတွင် ပြည်ပသို့ အချိန်မီ ထွက်ပြေးရန် အခွင့်အလမ်းများ ကမ်းလှမ်းမှုများ ရှိခဲ့သော်လည်း တိမ်းရှောင်ခြင်းမပြုဘဲ အီဂျစ်ထဲတွင် ကျန်နေရစ်ခဲ့သူဖြစ်သည်။ သူ၏ ညီအရင်းတစ်ယောက်က ဆော်ဒီအာရေဗီးယားသို့ ထွက်ပြေးပြီး ဆော်ဒီတက္ကသိုလ်တစ်ခုတွင် ဆရာဖြစ်လာသည်။ သူ့ညီ၏ ကျောင်းသားများအနက် တစ်ဦးမှာ အိုစမာ ဘင်လာဒင်ဖြစ်သည်။ ကူးတာ့ဘ်၏ နာမည် နှင့် သူ၏စာပေတို့မှာ မူဆလင်လောကတွင် အလွန် သြဇာကြီးသော်ငြားလည်း ပြင်ပကမ္ဘာတွင် လူသိနည်းခဲ့သည်။ ၂၀၀၁-ခုနှစ် 9/11 တိုက်ခိုက်မှုအလွန် အယ်ကိုင်ဒါး ခေါင်းဆောင်များ၏ သဘောတရားရေးဆရာအဖြစ် သိလာသည့်အခါကျမှ ကူးတာ့ဘ်ကို ကျယ်ကျယ်ပြန့်ပြန့် ကမ္ဘာက စတင်သိလာသည်။
● ကူးတာ့ဘ်၏ သဘောတရားရေးရာစာပေများအနက် ထောင်ထဲတွင် ရေးခဲ့သော “Milestones” (သမိုင်းမှတ်တိုင်များ) စာအုပ်ကို အဓိက ရည်ညွှန်းကြလေ့ရှိသည်။ သို့ရာတွင် အကြမ်းဖက် တိုက်ခိုက်ရေး သမားများအပေါ် ထိုစာအုပ်ထက် သြဇာကြီးသည့် သဘောတရားရေးရာ စာအုပ်မှာ ကူးတာ့ဘ်၏ “In the Shade of Qur’an” (ကိုရန်၏ အရိပ်အောက်မှာ) ဆိုသည့် စာအုပ်တွဲ ဖြစ်လေသည်။ ထိုစာအုပ်တွဲအား ၁၉၇၀ ပြည့်လွန် နှစ်များတွင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုပြီး World Assemnbly of Muslim Youth ဆိုသည့်အဖွဲ့က အုပ်တွဲများအနက် တစ်အုပ်ကို ထုတ်ဝေ ဖြန့်ချိသည်။ ထိုအဖွဲ့၏ ၀ါရှင်တန်ရုံးခန်းကို ဦးစီးသူမှာ အိုစမာဘင်လာဒင်၏ ညီတစ်ဦးဖြစ်သည်။ ထို စာအုပ်ထူကြီး (၁၈) အုပ်တွဲရှိ “In the Shade of Qur’an” မှာ ကိုရန်ကျမ်းချက်များ၊ မိုဟာမက်လက်ထက် အဖြစ်အပျက်များကို ရှုထောင့်ပေါင်းစုံမှ ကူးတာ့ဘ်၏ စေ့စေ့ငုငု သိသမျှသော အမြင်တို့တွင် တစိမ့်စိမ့် ဋီကာဖွင့်ဆိုရှင်းပြခြင်း ထိုဆူရာကျမ်းပိုဒ်တို့၏ အသိပညာ နှင့် ကြီးမြတ်မှုတို့အား မှတ်ချက်ပြု သင်ကြားခြင်း ဖြစ်လေသည်။ ထိုစာမျက်နှာများ တောက်လျှောက် တအိအိ စီးမျောရင်း မျက်မှောက်ခေတ်၏ ဆိုးယုတ်မှုတို့အား သိမြင်နိုင်သော အမြင်တို့ကို ကူးတာ့ဘ်က တည်ဆောက်ပေးလေသည်။
● အစ္စလမ်ဝါဒ အစစ်အမှန်ဟူသည်တွင် ဘာသာရေးနှင့် နိုင်ငံတော်ကို တစ်ထပ်တည်းထားရမည် ဟု သူက ဆိုသည်။ ဥရောပတိုက်သား ခရစ်ယန်တို့မှာမူကား သမိုင်းအရှိန်ရလာသည် နှင့် တဖြည်းဖြည်းဆိုသလို ဘာသာရေးကို တစ်ဘက်ခြမ်းမှာထားကာ “နိုင်ငံတော်” ကို အခြားတစ်ဘက်ခြမ်းမှာ ထားလျက် ဘာသာရေး နှင့် နိုင်ငံတော် သီးခြားဝါဒ (Secularism) ကို ဖန်တီးလာကြသည်။ ထိုအခြင်းအရာကို အတုယူလျက် အချိ်ု့ မှုဆလင်တိုင်းပြည်တို့က အတန်အသင့် ပုံတူကူးချကြလေရာ အစ္စလမ်အယူဝါဒ၏ အနှစ်သာရတို့ ပျက်ယွင်းကုန်သည် ဟု ကူးတာ့ဘ် ကဝေဖန်သည်။ အစ္စလမ် အစစ်အမှန်ကို တစိတ်တပိုင်း အစ္စလမ်က အစားထိုးသွားလိမ့်မည်အား သူကစိုးရိမ်သည်။ “half-Islam and half-jihiliyya ဟူသည်မှာ မရှိ။ တစိတ်တပိုင်း အစ္စလမ် ဆိုသည်မှာ မရှိ (တနည်း အစ္စလမ် မဟုတ်) သူက ဆိုသည်။ တဖန် သူဆိုလိုသည့် “နိုင်ငံတော်” သည်ကား de-territorized နယ်မြေအပိုင်းအခြားတို့ကို ကျော်လွန်သော၊ deracinated ပထဝီအပိုင်းအခြား ယဉ်ကျေးမှုအပိုင်းအခြားတို့ကို လွန်မြောက်သော၊ de-tribalized လူမျိုးအနွယ်သတ်မှတ်ချက်တို့ကို လွန်မြောက်သော ကမ္ဘာ့ အစ္စလမ်မစ်နိုင်ငံတော်ကြီးကို ဆိုလိုသည်။
● အစ္စလမ်ဘာသာကို အပြင်ဘက်မှ ခရစ်ယန် ခရုဆိတ်ဝါဒီများ၊ ဇိုင်ယွန်ဒါဒီများ၊ ကွန်မြူနစများက တိုက်ခိုက်နေကြသလို အစ္စဘာသာထဲမှ အတွင်းလူများ (အမည်ခံ မူဆလင်များ) ကလည်း ပျက်စီးစေရန် ကြိုးပမ်းနေကြလျက်ရှိရာ ထိုအန္တရာယ်များကို သိမြင်လျက် တော်လှန်သော လုပ်ငန်းစဉ်များအားဖြင့် လူ့ဘောင်ကို ကယ်တင်ရန် လိုသည် ဟု သူကမြင်သည်။ မိုဟာမက် လက်ထက်က ထူထောင်ခဲ့သည့် လုပ်ငန်းများအတိုင်း ထပ်ချပ်မကွာ လိုက်လံလုပ်ဆောင်လျက် လူ့ဘောင်အားတည်ဆောက်ရန် လက်ရွေးစင်များဖြင့် “တပ်ဦး” vangard တစ်ခုကို တည်ဆောက်လျက် တိုက်ပွဲဝင်ကြရမည် ဟု ဆိုလေသည်။ ထိုတပ်ဦးသည် လူ့ဘောင်လောကတွင် ရှာရီယာဥပဒေ အသက်ဝင်အုပ်ချုပ်နိုင်စေရန် လုပ်ဆောင်ကြရမည် ဟု ဆိုလေသည်။ (ငယ်စဉ်က ကွန်မြူနစ်/ဆိုရှယ်လစ် အယူအဆများနှင့် အနည်းငယ် နီးစပ်ခဲ့ဖူးသည့်အတွက် လက်နင်ထံမှ vanguard အယူအဆကို ရခြင်း ဖြစ်ကောင်းဖြစ်မည်။)
● ကူးတာ့ဘ် က မိတ်ဆက်သော နောက်ထပ် စကားလုံးတစ်လုံးမှာ – jahiliyya ဂျာဟီလီယာ ဆိုသော စကားလုံးဖြစ်သည်။ ယင်း၏ မူရင်းအဓိပ္ပါယ်မှာ မိုဟာမက်မပေါ်ထွန်းမီ အာရေဗီးယားကျွန်းဆွယ်ရှိ ဘုရားမသိ တရားမသိ အခြေအနေကို ဆိုလိုချက်ဖြစ်သော်လည်း ခေတ်သစ်ကာလကို ရှေးဟောင်းခေတ်ပျက်နှင့် နှိုင်းယှဉ် အမည်ပေးထားခြင်း ဖြစ်လေသည်။ ထိုဖြိုခွင်းပစ်ရမည့် ခေတ်သစ် ဂျာဟီလီယာ၏ ရှေ့ဆုံးမျက်နှာစာတွင် အမေရိကန် ရှိလေသည်။ ထို ဂျာဟီလီယာ၏ အခြားတစ်ဖက်တွင် hakimiyya ခေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ရှိလေသည်။ ယနေ့တစ်ကမ္ဘာလုံးလိုလိုသည် ကူးတာ့ဘ်အလိုအရ ဂျာဟီလီယာ တည်း အမှောင်ခြမ်းတွင် ကျရောက်နေသည် ဖြစ်ရကား ဟာကီမီယာ ခေါ် အလင်းဘက်ခြမ်းသို့ ဆောင်ယူရန် လိုအပ်နေသည် ဟူ၏။
● ကူးတာ့ဘ်၏ အယူအဆများကို ဆက်ခံသူများသည် မူဆလင်အယူဝါဒကို ညစ်ထေးစေသည် ဟု ယူဆသည့် မူဆလင်များကိုလည်း ဦးတည်တိုက်ခိုက်တတ်ကြပေသည်။ ဥပမာ ပြရလျှင်- ဆော်ဒီဘုရင်များ အပေါ် အယ်ကိုင်းဒါး၏ ရန်လိုမုန်းထား တိုက်ခိုက်ရန် လုပ်ကြံရန်အားထုတ်ခြင်း၊ ကဘူးလ်လေဆိပ်မှ တဆင့်နိုင်ငံရပ်ခြားထွက်ပြေးရန် ကြိုးစားနေသူများကို တမြန်နေ့က ဗုံးခွဲသတ်ဖြတ်ခြင်း တို့ ဖြစ်သည်။
● ကူးတာ့ဘ်၏ အယူအဆများကို ဆက်ခံသူများသည် ခေတ်သစ်နိုင်ငံထူထောင်သည့် အယူအဆအား အထင်အမြင်သေးသည်၊ ကမ္ဘာလုံးဆိုင်ရာ အစ္စလမ်မစ် ခါလီဖိတ် နိုင်ငံတော် (Caliphate) နိုင်ငံတော်ကို တည်ထောင်နိုင်ရန်ကိုသာ အားထုတ်ရမည် ဟု သူတို့က ဆိုသည်။ ထို့ကြောင့် စော်ဘွားနိုင်ငံ (Emirate) အဆင့်မျှဖြင့် ခေတ်သစ်ပုံစံနိုင်ငံအနေအထားကို ယူသော၊ ထိုခေတ်သစ်နိုင်ငံတည်တံ့နိုင်ရေးအလို့ငှာ ရည်ရွယ်လျက် “မိမိတို့ နယ်မြေကို အသုံးပြုလျက် အခြားနိုင်ငံများအား တိုက်ခိုက်ခြင်းကို ခွင့်ပြုမည် မဟုတ်” ဟု တရုတ် နှင့် ရုရှားတို့အား ကတိပေးသော တာလီဘန်များ နှင့် ISIS-K တို့ ယနေ့ထက်ထိ တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။
● စစ်အေးတိုက်ပွဲအပြီး ကမ္ဘာပေါ်တွင် ဒီမိုကရေစီဘက်ခြမ်းက အနိုင်ရသွားပြီ၊ အယူအဆရေးရာတိုက်ပွဲများ မရှိတော့ပြီ ဟု ဖူကူးယားမား၏ အယူအဆတို့ဖြင့် မိန့်မောလျက်ရှိနေကြစဉ် ၂၀၀၁-ခုနှစ် 9/11 တိုက်ခိုက်မှုဖြစ်ရပ် နောက်ပိုင်း ယင်းတိုက်ခိုက်မှုများနောက်ကွယ်မှ အယူအဆရေးရာ နှင့် ယဉ်ကျေးမှုရေးရာ အထုအထည်များကို အနောက်နိုင်ငံများက အလန့်တကြားလိုက်ရှာကြလေသည်။ မိမိတို့ နိုင်ငံများတွင် မဒရာဆာကျောင်း အရေအတွက် မည်မျှရှိနေပြီနည်း ဆိုသည်ကို အနောက်နိုင်ငံများက လေ့လာကြလေသည်။ မဒရာဆာများ၏ သက်ရောက်မှုရှိ/မရှိကို စတင်လေ့လာကြသည်။
KZO
(၂၉-၀၈-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၁၆)]