
[ Zawgyi font First / Unicode below ]
ေခ်ာင္ေခ်ာင္ (Cao Cao): ကဗ်ာဆရာ နိုင္ငံေရးသမား စစ္ဘုရင္ ၀န္ႀကီးခ်ဳပ္ ေဝမင္းႀကီး
● တ႐ုတ္တို႔၏ ယဥ္ေက်းမႈေနာက္ခံတြင္ 36 stratagems (စစ္ပရိယာယ္ ၃၆ သြယ္)၊ ဆြန္ဇီး၏ the Art of War စစ္က်မ္း၊ သုံးနိုင္ငံ အခ်စ္ဇာတ္လမ္း (the Romance of Three Kingdoms) ဂႏၶ၀င္စာေပလက္ရာ တို႔ရွိေနေလရာ – တ႐ုတ္လူ႔အဖြဲ႕အစည္းႏွင့္ တ႐ုတ္ေခါင္းေဆာင္တို႔အေပၚ ယင္းတို႔၏ သက္ေရာက္မႈမ်ားစြာရွိၿပီး အနိုင္ရၿပီးေရာ ဆိုသည့္ စိတ္ဓါတ္ျဖင့္ အလုပ္လုပ္ၾကေလ့ရွိေၾကာင္းသေဘာျဖင့္ ေဝဖန္သုံးသပ္သည့္ ေဆာင္းပါးတစ္ပုဒ္ကို The Diplomat စာေစာင္က ၂၀၁၆ တြင္ ေရးသားဖူးသည္။ တ႐ုတ္အေနျဖင့္ “responsible competitor” စည္းကမ္းႏွင့္ကစားေသာ တာ၀န္ယူတာ၀န္ခံမႈရွိေသာ ၿပိဳင္ဘက္ ျဖစ္သင့္ေၾကာင္း ေျပာၾကားသည့္ ဂ်ိဳးဘိုင္ဒန္၏ စကားအားလည္း ထိုေဆာင္းပါးတြင္ ေကာက္ႏႈတ္ထားသည္ ကို ေတြ႕ရသည္။
● နိုင္ငံေရးမ်ိဳးဆက္တို႔အေနျဖင့္ တ႐ုတ္ေနာက္ခံကို တီးမိေခါက္မိရွိေအာင္ “သုံးနိုင္ငံ အခ်စ္ဇာတ္လမ္း (Romance of the Three Kingdoms)” အဂၤလိပ္ဘာသာျပန္စာအုပ္အား ဖတ္ရႈျခင္းျဖစ္ေစ အပိုင္းတစ္ရာ ေက်ာ္ရွိသည့္ ယင္း တီဗီဇာတ္လမ္းတြဲအား Youtube တြင္ ၾကည့္ရႈျခင္းျဖစ္ေစ လုပ္ေဆာင္ရန္ နီးစပ္ရာတို႔အား ကၽြန္ေတာ္ တိုက္တြန္းဖူးပါသည္။
● အႏွစ္ေလးရာၾကာခဲ့ေသာ ဟန္မင္းဆက္ က်ဆုံးခ်ိန္၀န္းက်င္ (၂) ရာစု မကုန္ခင္မွသည္ သုံးရာစု ေအဒီ ၂၈၀ ခန္႔အထိ အကူးအေျပာင္း အႏွစ္ တစ္ရာခန္႔ ဖရိုဖရဲကာလတြင္ အုပ္စုအသီးသီးတို႔ စစ္အင္အားတည္ေဆာက္ အားၿပိဳင္တိုက္ခိုက္ၾကလ်က္ တ႐ုတ္ျပည္ကို သူ႔ေအာက္ကိုယ့္ေအာက္ စုစည္းနိုင္ရန္ႀကိဳးစားၾကရင္း Shu (ရႈ)၊ Wei (ေဝ)၊ Wu (ဝူ) ဟူ၍ နိုင္ငံသုံးနိုင္ျဖစ္ထြန္းလာခဲ့ၿပီးေနာက္ ထိုသုံးနိုင္ငံတို႔အား Wei (ေဝ) အမည္ရနိုင္ငံက တိုက္ခိုက္စုစည္း သြားနိုင္ခဲ့သည္။ ထိုကာလအေၾကာင္း မွတ္တမ္းမ်ားကို ေခတ္အဆက္ဆက္ ရႈေထာင့္အမ်ိဳးမ်ိဳးမွ ေရးသားခဲ့ၾကေသာ္လည္း တ႐ုတ္လူထုအၾကားမ်ားစြာ ပ်ံ႕ႏွံ့မႈမရွိလွေပ။ ထိုသမိုင္းျဖစ္ရပ္မ်ားအၿပီး ေနာက္ထပ္ အႏွစ္ (၁၂၀၀) ခန္႔အၾကာတြင္ သမိုင္းေနာက္ခံ၀တၱဳပုံစံျဖင့္ ေရးသားေသာ “သုံးနိုင္ငံ အခ်စ္ဇာတ္လမ္း” သည္ကား တ႐ုတ္လူထုအၾကား ယေန႔အထိ ေရပန္စား လူႀကိဳက္မ်ားသည္။ ထိုအထဲမွ အေရးႀကီးအပိုင္းတစ္ပိုင္းျဖစ္သည့္ ကမ္းပါးနီ (Red Cliff) တိုက္ပြဲအား ဒါရိုက္တာဂၽြန္ဝူးက ဇာတ္ကားႏွစ္ကားတြဲ ရိုက္ကူးဖူးသည္။ ဇာတ္ေကာင္ေပါင္း တစ္ေထာင္ခန္႔ပါရွိသည့္ ထို “သုံးနိုင္ငံ အခ်စ္ဇာတ္လမ္း” အားေရးသားၿပီး ေနာက္ထပ္အႏွစ္ေလးရာခန္႔ၾကာ (၁၈) ရာစုခန္႔တြင္ တ႐ုတ္ပညာရွင္တစ္ေယာက္က သုံးသပ္သည္မွာ – “သုံးနိုင္ငံ အခ်စ္ဇာတ္လမ္း” တြင္ အခ်က္အလက္အမွန္တို႔ ဆယ္ပုံ ခုႏွစ္ပုံသာ ပါရွိၿပီး အခ်က္အလက္အမွားတို႔မွာ ဆယ္ပုံသုံးပုံ ပါရွိသည္ ဟု ဆိုသည္။
● သုံးနိုင္ငံစစ္ပြဲကာလ သမိုင္းဇာတ္ေကာင္မ်ားစြာ တို႔အနက္ ဥကၠ႒ႀကီး ေမာ္စီတုန္း၏ အေလးစားခံရဆုံး သမိုင္း ဇာတ္ေကာင္မွာ ေဝနိုင္ငံကို တည္ေထာင္သူ ေခ်ာင္ေခ်ာင္ ျဖစ္သည္ ဟု ဆိုေလသည္။ ေခတ္သစ္တ႐ုတ္ျပည္အား ေျပာင္းလဲခဲ့သူ တိန္႔ေရွာင့္ဖင့္ကလည္း ေခ်ာင္ေခ်ာင္မွာ ထိုကာလ တ႐ုတ္ျပည္အား ျပန္လည္စုစည္းနိုင္ေရး လမ္းေၾကာင္းပ္ါတြန္းတင္ေပးခဲ့သည့္ “ပထမတန္းစား နိုင္ငံေရးသမား” ျဖစ္သည္ ဟု ေထာပနာျပဳေလသည္။ “သုံးနိုင္ငံ အခ်စ္ဇာတ္လမ္း” ၀တၱဳတြင္မူကား ေခ်ာင္ေခ်ာင္အား ရက္စက္ေသာ၊ ေကာက္က်စ္ေသာ၊ ဧကရာဇ္ဘုရင္ကို ခ်ဳပ္ကိုင္လ်က္ ထင္တိုင္းၾကဲေသာ စစ္ဘုရင္ အျဖစ္ တင္ဆက္ထားသည္။
● လြန္ခဲ့ေသာ ႏွစ္ေပါင္း (၁၈၆၆) ခန္႔ ေအဒီ (၁၅၅) ခုႏွစ္ တ႐ုတ္ျပည္အေရွ႕ပိုင္း အန္ေဟြျပည္နယ္ထဲက အခ်မ္းသာႀကီး မဟုတ္ေသာ္လည္း နန္းတြင္းအဆက္အသြယ္ရွိေသာမိသားစုတစ္စုထဲတြင္ ေခ်ာင္ေခ်ာင္ကို ေမြးဖြားခဲ့သည္။ သူ႔ဖခင္မွာ နန္းတြင္းကုန္းကုန္း (eunuch) တစ္ဦး၏ ေမြးစားသားျဖစ္သည္။ ငယ္စဥ္က ေကာင္းစြာ ပညာသင္ၾကားခဲ့ရသည္။ ကဗ်ာစပ္သည္။ ႏုစဥ္အခါ နိုင္ငံေရးနယ္ထဲကို မေရာက္မီကပင္ ဆြန္းဇီး၏ the Art of War စစ္က်မ္း သုံးသပ္ခ်က္ စာတမ္းငယ္တစ္ေစာင္ ေရးသားဖူးသည္။
● အသက္ (၂၀) ခန္႔တြင္ မင္းမႈထမ္းတစ္ဦးအျဖစ္ ေရြးခ်ယ္ျခင္းခံရၿပီး ၿမိဳ႕ေစာင့္တပ္ဖြဲ႕ငယ္ တစ္ခု၏ captain အႀကီးအကဲငယ္ ျဖစ္လာသည္။ မင္းမႈထမ္းဘ၀ တြင္ ၀င္တုံ ထြက္တုံျဖင့္ အသက္ (၃၀) ခန္႔အထိ တာ၀န္ထမ္းေဆာင္ခဲ့သည္။ အသက္သုံးဆယ္စြန္းစြန္းတြင္ ထိုကာလ တ႐ုတ္အင္ပါယာ၏ ေနျပည္ေတာ္ ေလာ့ယန္ (Louyang) တြင္ ရွိေနစဥ္ကာလ နန္းတြင္း မၿငိမ္မသက္မႈျဖစ္ပြားကာ အာဏာသိမ္းရန္ႀကိဳးစားသူ နန္းတြင္း ကုန္းကုန္းမ်ားအား စစ္သူႀကီး တုန္းက်ိဳး (Dong Zhuo) က ေခ်မႈန္းသတ္ျဖတ္ၿပီးေနာက္ ခန္႔မွန္း ရွစ္ႏွစ္အရြယ္ခန္႔သာ ရွိေသးသူ မင္းသားငယ္ရွန္း Lui Xie အား ရင္ခြင္ပိုက္ ဧကရာဇ္ဘုရင္အျဖစ္တင္ေျမႇာက္လ်က္ အင္ပါယာ၏ ဗဟိုအာဏာကို ထိန္းခ်ဳပ္ျခင္း ျဖစ္ပြားသည္။ အေရးႀကီးေသာ မင္းမ်ိဴးမင္းႏြယ္အခ်ိဳ႕တို႔ တိတ္တိတ္ဆိတ္ဆိတ္ အဆိပ္ခတ္ သတ္ျဖတ္ခံရျခင္းတို႔ ျဖစ္ပြားသည္။ တုန္းက်ိဳး ႏွင့္ ၎၏ စစ္သည္မ်ားလက္ခ်က္ကို ထိတ္လန္႔ျခင္းျဖစ္ရကား (ေနာက္မ်ားမၾကာမီ အင္အားအႀကီးဆုံး စစ္ဘုရင္ျဖစ္လာမည့္) ယြမ္ေရွာက္ အပါအ၀င္ အရာရွိမ်ားသည္ တုန္းက်ိဳး ခန္႔အပ္မည့္ ရာထူးမ်ားကို လက္ခံယူျခင္းမျပဳဘဲ ေနျပည္ေတာ္မွ ထြက္ေျပးၾကသည္။
● ေလာ့ယန္ ေနျပည္ေတာ္တြင္ ဗရမ္းဗတာျဖစ္ေနၾကေသာ စစ္သည္မ်ားအား ထိန္းကြပ္မႈတြင္ အားျဖည့္နိုင္ရန္အလို႔ငွာ ေခ်ာင္ေခ်ာင္အား ဗိုလ္မႉးႀကီးအဆင့္ျဖင့္ အေရးႀကီးတပ္တစ္ခု၏ တပ္မႉးတစ္ဦး အျဖစ္ခန္႔အပ္ရာ၊ ေခ်ာင္ေခ်ာင္က ထိုရာထူးကို လက္မခံဘဲ ထြက္ေျပးသည္။ ထိုကဲ့သို႔ ထြက္ေျပးသြားသည္ကို ေဒါသထြက္ေသာ တုန္းက်ိဳး က ေခ်ာင္ေခ်ာင္အား ဖမ္းဆီးရန္ အမိန္႔ထုတ္ျပန္ၿပီး ဗ်ဴရိုကေရစီ ယႏၲရားလက္တံမ်ားကတဆင့္ ျဖန္႔ေဝလိုက္ရာ ထိုအမိန္႔စာမ်ားမွာ ပုန္းရွိုးကြယ္ရွိုးထြက္ေျပးေနရေသာ ေခ်ာင္ေခ်ာင္ထက္ ေစာလ်င္စြာ ေရာက္ရွိပ်ံ႕ႏွံ့ေနသည္။
Lü Boshe အား သတ္ျဖတ္မႈ ႏွင့္ မွတ္ခ်က္စကား
● ထြက္ေျပးရသည့္ လမ္းခရီးအတြင္း ျဖစ္ပ်က္သည္ဆိုေသာ Lü Boshe အားသတ္ျဖတ္သည္ ဆိုမႈ ႏွင့္ ပတ္သက္၍ မူကြဲမ်ားစြာရွိသည္။ ထိုမူကြဲမ်ားအနက္ “သုံးနိုင္ငံ အခ်စ္ဇာတ္လမ္း” ၏ ပုံေဖာ္ေရးသားခ်က္သည္ အဆိုးဝါးဆုံးျဖစ္သည္။ ဆုေငြထုတ္ခံရကာ ထြက္ေျပးေနရသူ ေခ်ာင္ေခ်ာင္ ႏွင့္ ခ်န္းကုန္း တို႔သည္ ေခ်ာင္ေခ်ာင့္ဖခင္ႏွင့္ ညီအစ္ကိုျပဳထားသူ တစ္ဦးျဖစ္သူ Lü Boshe ၏ ေနအိမ္သို႔ သြားေရာက္ကာ တည္းခိုၾကသည္။ ေခ်ာင္ေခ်ာင္တို႔အား လွိုက္လွဲစြာႀကိဳဆိုၾကၿပီး ခ်က္ျပဳတ္ေကၽြးေမြးရန္ ျပင္ဆင္ၾကသည္။ Lü Boshe က ေစ်း၀ယ္ရန္ထြက္သြားစဥ္ အိမ္သားမ်ားက ၀က္သတ္ရန္ျပင္ဆင္ေနၾကသည္ကို ေခ်ာင္ေခ်ာင္တို႔ ႏွစ္ဦးက နားစြန္နားဖ်ားၾကားသည္။ ေျခေထာက္ေတြကို ႀကိဳးနဲ႔ခ်ည္၊ ၿပီးမွ သတ္ရမယ္ စသည္အားျဖင့္ ေျပာေနသည္ကို ၎တို႔အား (ဆုေၾကးေငြ အလို႔ငွာ) သတ္ျဖတ္ရန္ ျပင္ဆင္ေနသည္ ဟု ထင္မွတ္လ်က္ သူတို႔ႏွစ္ဦးက အိမ္သားမ်ားအားလုံးကို လက္ဦးေအာင္ သတ္ျဖတ္မိလိုက္ၾကသည္။ ထိုကဲ့သို႔ သတ္ျဖတ္ၿပီးသည့္အခါက်မွ အိမ္သားမ်ားမွာ ၎တို႔အား သတ္ျဖတ္ရန္ ျပင္ဆင္ေနျခင္းမဟုတ္ဘဲ ၀က္ကိုသတ္ရန္ ျပင္ဆင္ေနျခင္းသာျဖစ္ေၾကာင္း သေဘာေပါက္ၾကရၿပီး၊ ထိုအိမ္မွ ထြက္ခြာလာခဲ့ၾကသည္။ ေစ်း၀ယ္ထြက္သြားေသာ Lü Boshe ႏွင့္ေတြ႕၍ Lü Boshe က ၀မ္းသာအားရ စကားဆိုေနစဥ္ ေခ်ာင္ေခ်ာင္က Lü Boshe အား ဓါးႏွင့္ထိုးသတ္လိုက္သည္။ ထိုသည္ကို အေဖာ္ျဖစ္သူ ခ်န္းကုန္းက မ်ားစြာ ေဒါသထြက္ေလသည္။ ေခ်ာင္ေခ်ာင္က ရွင္းျပသည္မွာ – Lü Boshe အိမ္ျပန္သြားလို႔ အိမ္သားေတြအားလုံး အသတ္ခံထားရတာကို ေတြ႕ရင္ အာဏာပိုင္ေတြကို အေၾကာင္းၾကားလိမ့္မယ္၊ အာဏာပိုင္ေတြက အလုံးအရင္း နဲ႔ လိုက္ရွာရင္ ငါတို႔ႏွစ္ေယာက္ အသက္ရွင္နိုင္ဖို႔ မလြယ္ဘူး – ဟု ရွင္းျပသည္။ ထိုႏွင့္တဆက္တည္း ေခ်ာင္ေခ်ာင္က ေျပာသည္မွာ – သူမ်ားေတြက ငါ့ကို သစၥာေဖာက္တာကို ခံရမွာထက္ ငါကပဲ သူမ်ားေတြကို သစၥာေဖာက္မယ္ – ဟု ဆိုေလသည္။
စစ္ဘုရင္ဘ၀ အစ
● အင္အား ေထာင္ဂဏန္း ၀န္းက်င္ေသာ စစ္သည္တို႔အား စု႐ုံးၿပီးေနာက္ ေခ်ာင္ေခ်ာင္သည္ ေလာယန္ ေနျပည္ေတာ္ရွိ တုံးက်ိဳးကို ဆန္႔က်င္ၾကေသာ မဟာမိတ္အဖြဲ႕ထဲတြင္ ပါ၀င္လ်က္တိုက္ခိုက္သည္။ ၁၉၁-ခုႏွစ္တြင္ ထိုမဟာမိတ္အဖြဲ႕၏ ေခါင္းေဆာင္ျဖစ္ေသာ ယြမ္ေရွာက္က တာ၀န္ေပးသျဖင့္ တုန္းကၽြင့္နယ္ (Dongjun) ၏ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ တာ၀န္ထမ္းေဆာင္ရသည္။ ထိုမွတဖန္ ဦးေပါင္းဝါ ဘာသာေရးသူပုန္မ်ား ထႂကြေနေသာ ယန္က်ိဳးနယ္ (Yan Province) အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ေဆာင္ရြက္ရန္ ထိုျပည္နယ္အရာရွိမ်ားက ဖိတ္ေခၚသျဖင့္ ယန္က်ိဳးနယ္ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ေဆာင္ရြက္ကာ သူပုန္မ်ားကို အစတုံးႏွိမ္နင္းလိုက္နိုင္သည္။ “ႏွိမ္နင္း” သည္ ဆိုေသာ္ျငားလည္း အမွန္က သူပုန္မ်ားကို အေပးအယူျဖင့္ လက္နက္ခ်ေစၿပီး သူ၏တပ္ထဲတြင္ ၎တို႔၏ အင္အား သုံးေသာင္းေက်ာ္ကို မိမိတပ္ထဲသို႔ ေပါင္းထည့္လိုက္ျခင္းျဖစ္ရာ ေခ်ာင္ေခ်ာင္မွာ နယ္ေျမအပိုင္ရလာသည့္အျပင္ တပ္အင္အားပါ ႀကီးလာသည္။ ခ်န္အန္းသို႔ ေနျပည္ေတာ္ကို ေျပာင္းေရႊ႕ထားေသာ တုန္းက်ိဳး ဦးေဆာင္သည့္ ဗဟိုအာဏာပိုင္မ်ားက ခန္႔အပ္လ်က္ ယန္က်ိဳးနယ္ စစ္ေဆးေရးမႉးအျဖစ္ အုပ္ခ်ဳပ္ရန္ ေစလႊတ္လိုက္ေသာ Jin Shang ကိုလည္း ေခ်ာင္ေခ်ာင္က လက္မခံဘဲ အသာေလး ေမာင္းထုတ္လိုက္သည္။
● ၁၉၃-ခုႏွစ္တြင္ ေခ်ာင္ေခ်ာင္၏ ဖခင္ ေခ်ာင္စုန္႔သည့္ ေခ်ာင္ေခ်ာင့္ထံသို႔အလာ လမ္းခရီးတြင္ ရႊီက်ိဳးနယ္ (Xu province) အုပ္ခ်ဳပ္ေရးမႉး ေထ်ာင္ခ်မ္ (Tao Qian) လႊတ္လိုက္ေသာ တပ္မ်ား၏ သတ္ျဖတ္မႈကို ခံရသျဖင့္ ေခ်ာင္ေခ်ာင္သည္ ၁၉၃-ခုႏွစ္ ေဆာင္းဦးရာသီတြင္ ရႊီက်ိဳးနယ္သို႔ စစ္တပ္ျဖင့္ ခ်ီတက္လာလ်က္ အရပ္သားေသာ ဘာေသာမက်န္ သတ္ျဖတ္ေလရာ လူေပါင္းတစ္သိန္းေက်ာ္ အသတ္ခံရသည္ ဟု ဆိုေလသည္။ လူတင္မက ေခြးပါ ၾကက္ပါ အသက္ရွင္လ်က္ မက်န္ေအာင္ သတ္သည္ ဟု ဆိုေလသည္။ အေလာင္းမ်ားကို စစ့္က်န္းျမစ္ (Si River) သို႔ပစ္ခ်ၾကသျဖင့္ လူေသေကာင္ပုပ္မ်ား ပိတ္ဆို႔သြားေလရာ ျမစ္ေရစီးပင္လၽွင္ ကာလအနည္းငယ္မၽွ ရပ္တန္႔သြားခဲ့သည္ ဟု ဆိုေလသည္။
● ရႊီက်ိဳးနယ္တြင္ စစ္ဆင္ေနစဥ္ကာလအတြင္း ေခ်ာင္ေခ်ာင္၏ လူရင္း ခ်န္းကုန္း (Chen Gong) ၏ ႀကံစည္မႈျဖင့္ စစ္ဘုရင္ လြီဘု က ေခ်ာင္ေခ်ာင္၏ ပင္မရင္းျမစ္ျဖစ္ေသာ ယန္က်ိဳးနယ္၏ အစိတ္အပိုင္းမ်ားစြာတို႔အား သိမ္းပိုက္ေလရာ၊ ၁၉၄-ခုႏွစ္ ႏွင့္ ၁၉၅-ခုႏွစ္တို႔တြင္ ေခ်ာင္ေခ်ာင္ႏွင့္ နာမည္ေက်ာ္ စစ္သူႀကီး လြီဘု တို႔သည္ ယန္က်ိဳးနယ္ကို ထိန္းခ်ဳပ္နိုင္ဖို႔ ဘတျပန္က်ားတျပန္ တိုက္ပြဲမ်ားစြာ ဆင္ႏႊဲခဲ့ၾကသည္။ ၁၉၅-ခုႏွစ္ ေဆာင္းရာသီတြင္ လြီဘု ႏွင့္ ခ်န္းကုန္းတို႔ ယန္က်ိဳးနယ္မွ ထြက္ေျပးသြားခဲ့ရေလသည္။ ထို႔ေနာက္ ေခ်ာင္ေခ်ာင္အား ယန္က်ိဳးနယ္ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ခန္႔အပ္လႊာကို ထိုစဥ္က ဒေရာေသာပါး ခရီးသည္ျဖစ္ေနရသူ ဟန္႔ရွန္းတိဧကရာဇ္ ထံမွ လက္ခံရရွိသည္။
တ႐ုတ္အင္ပါယာ၏ ဧကရာဇ္အား ထိန္းခ်ဳပ္ျခင္း
● တုန္းက်ိဳးေသဆုံးၿပီးေနာက္ ခ်န္အန္းၿမိဳ႕မွာ စစ္သူႀကီးႏွစ္ဦး၏ ဆက္လက္ ထိန္းခ်ဳပ္ျခင္းကို ခံေနရေသာ ဆယ့္ငါးႏွစ္သားအရြယ္ ဟန္႔ရွန္းတိဧကရာဇ္ (Emperor Xian) သည္ ၁၉၅-ခုႏွစ္မွာ ခ်န္အန္းၿမိဳ႕ေတာ္ကေန ထြက္ေျပးလာခဲ့ေနာက္ ၿမိဳ႕ပ်က္ပမာျဖစ္ေနေသာ ၿမိဳ႕ေတာ္ေဟာင္း ေလာ့ယန္တြင္ မထီမဲ့ျမင္ စစ္သည္ ဗိုလ္ခ်ဳပ္ အေႁခြအရံမ်ားႏွင့္ ခ်ိဳ႕ငဲ့စြာ စိုးစံေနေလသည္။ ထိုအခ်ိန္တြင္ ေခ်ာင္ေခ်ာင္မွာ မိမိ၏ ဗဟိုခ်က္အသစ္အျဖစ္ ရႊီခ်န္ၿမိဳ႕ (Xu city) ကို အခိုင္အခန္႔တည္ေဆာက္ၿပီးျဖစ္ေလသည္။ ေခ်ာင္ေခ်ာင္သည္ တိုက္ပြဲအေတြ႕အၾကဳံရင့္ စစ္သားေကာင္းမ်ားစြာပါရွိေသာ စစ္အင္စုႀကီးတစ္စုကို မိမိ၏ ကိုယ္ရံေတာ္မ်ားအျဖစ္ ေခၚေဆာင္လ်က္ ဧကရာဇ္မင္းျမတ္အား ဖူးေမၽွာ္ရန္အလို႔ငွာ မိမိ ေလာ့ယန္ၿမိဳ႕သို႔သြားေရာက္ေလသည္။ ေလာ့ယန္နန္းေတာ္တြင္ ကာလအတန္ငယ္ၾကာေနၿပီးေနာက္ နန္းေတာ္ကို စိုးမိုးထားေသာ စစ္ဗိုလ္ခ်ဳပ္မ်ားအား ေခ်ာင္ခ်ာင္က ညႇိႏွိုင္းသည္မွာ – ဤနန္းေတာ္သို႔ မိမိ၏ ရႊီခ်န္ၿမိဳ႕မွ စားေရရိကၡာမ်ားကို နန္းေတာ္သို႔ ပို႔ေဆာင္ရန္ ခရီးလမ္းေဝးေနသည့္အတြက္ နန္းစိုက္ရာေနရာအား အနည္းငယ္ အေရွ႕သို႔ ေရႊ႕ေျပာင္းရန္လိုသည္ ဟု အယုံသြင္းေလသည္။ ၁၉၆-ခုႏွစ္ ၾသဂုတ္လတြင္ ေခ်ာင္ေခ်ာင္သည္ ထိုဗိုလ္ခ်ဳပ္တို႔၏ သေဘာတူညီခ်က္ျဖင့္ ဧကရာဇ္အား ေခၚေဆာင္သြားရာတြင္ ေရွ႕ခရီးအနည္းငယ္မၽွသာမက ဟြန္ယြန္ ေတာင္ၾကားလမ္း (Huanyuan Pass) ကိုေက်ာ္လြန္ ေခၚသြားေလေတာ့မွ အညာမိမွန္းသိေလေသာ္လည္း – ေလာ့ယန္အေႁခြအရံတပ္မ်ားမွာ လမ္းတစ္ေလၽွာက္ အသင့္ေစာင့္ႀကိဳေနေသာ ေခ်ာင္ေခ်ာင့္ တပ္ဖြဲ႕မ်ား၏ တိုက္ခိုက္မႈကို ခံရကာ ဒေရာေသာပါး လက္ေလၽွာ့ဆုတ္ခြာရေလသည္။
● ဤနည္းအားျဖင့္ ဟန္႔ရွန္းတိဧကရာဇ္သည္ ေလာ့ယန္နန္းေတာ္မွ ထြက္ေျပးလြတ္ေျမာက္လ်က္ ေခ်ာင္ေခ်ာင္ လက္တြင္းသို႔ က်ေရာက္ေလသည္။ စည္းမဲ့ကမ္းမဲ့ ဗရမ္းဗတာ အေျခအေနတစ္ခုမွ စိတ္တူသေဘာတူ လြတ္ေျမာက္လာခဲ့လ်က္ စားေရရိကၡာဖူလုံေသာ နယ္ေျမတြင္ ေခ်ာင္ေခ်ာင္ေဆာက္ထားသည့္ ခန္႔ညားႀကီးက်ယ္ေသာ နန္းေတာ္သို႔ ေရာက္ရွိၿပီးေနာက္ ဟန္႔ရွန္းတိဧကရာဇ္သည္ ေနာက္ထပ္ (၂၅) ႏွစ္လုံးလုံး ရႊီခ်န္ၿမိဳ႕မွ ျပင္ပသို႔ မထြက္ရေတာ့ေပ။
● ယန္က်ိဳးနယ္ကို ေကာင္းစြာထိန္းခ်ဳပ္နိုင္ျခင္းသည္ ေခ်ာင္ေခ်ာင္၏ ပထမအဆင့္ ေအာင္ျမင္မႈျဖစ္ၿပီး ဟန္႔ရွန္းတိဧကရာဇ္အား ထိန္းခ်ဳပ္နိုင္ျခင္းသည္ အေရးပါေသာ ဒုတိယေအာင္ျမင္မႈျဖစ္သည္။ ဦးစြာပထမ ေခ်ာင္ေခ်ာင္သည္ မိမိအား တ႐ုတ္ ဧကရာဇ္နိုင္ငံေတာ္၏ စစ္ေသနာပတိခ်ဳပ္အျဖစ္ ခန္႔အပ္ေသာ အမိန္႔တစ္ခုကို ဟန္႔ရွန္းတိဧကရာဇ္အား ထုတ္ျပန္ေစေလသည္။ ထိုေနာက္ပိုင္းတြင္ ေခ်ာင္ေခ်ာင္သည္ ဧကရာဇ္အား ဖိအားေပးလ်က္ မိမိၿပိဳင္ဘက္ စစ္ဘုရင္တို႔အား လိုရင္လိုသလို ရာထူးမ်ား ဘြဲ႕ထူးမ်ား ေပးအပ္ေစသည္၊ လိုရင္လိုသလို အမိန္႔မ်ားကို ထုတ္ျပန္ေစေလသည္။
● မိမိအားႏွစ္ေပါင္းမ်ားစြာ အက်ဥ္းသားပမာထားရွိၿပီး လိုသလိုအသုံးခ်ေနသည္ကို ေက်နပ္မႈမရွိေသာ ဟန္႔ရွန္းတိဧကရာဇ္သည္ ေခ်ာင္ေခ်ာင္အား လုပ္ႀကံသတ္ျဖတ္ပစ္ၾကရန္ ၁၉၉-ခုႏွစ္တြင္ လၽွို႔ဝွက္အမိန္႔တစ္ခုကို ထုတ္ျပန္ခဲ့သည္ ဟု ဆိုသည္။ ဤအျခင္းအရာကို ေနာက္တစ္ႏွစ္အၾကာတြင္ ေခ်ာင္ေခ်ာင္ ေဖာ္ထုတ္သိရွိရေသာအခါ – ထိုလၽွို႔ဝွက္အမိန္႔ကို လက္ခံသေဘာတူၾကသူမ်ားအနက္ အမတ္ႀကီး တုန္းခ်န္ (Dong Cheng) အား ခ်က္ခ်င္း ဖမ္းဆီးကြပ္မ်က္ေစသည္သာမက ထိုအမတ္ႀကီး၏ သမီးကိုလည္း သတ္ျဖတ္ေစေလသည္။ အမတ္ႀကီး၏ သမီးမွာ ဟန္႔ရွန္းတိဧကရာဇ္၏ ၾကင္ယာတစ္ပါး ျဖစ္ေနသည့္အျပင္ ကိုယ္၀န္ရွိေနသည့္အတြက္ အသက္ကိုခ်မ္းသာေပးပါရန္ အာဏာမဲ့ ဧကရာဇ္ကိုယ္တိုင္ အသနားခံေသာ္လည္း ေခ်ာင္ေခ်ာင္က လက္မခံဘဲ ကြပ္မ်က္ေစေလသည္။
● ထိုကဲ့သို႔ ဧကရာဇ္ၾကင္ယာတစ္ပါးအား သတ္ျဖတ္သည္ကို ေဒါသႀကီးစြာထြက္မိေသာ ဧကရီမိဘုရား “ဖူ” သည္ မိမိဖခင္ထံသို႔ စာေရးလ်က္ ေခ်ာင္ေခ်ာင္အား သတ္ျဖတ္နိုင္ဖို႔ ႀကံစည္ႀကိဳးစားသင့္ေၾကာင္း တိုက္တြန္းေလသည္။ ဧကရီ “ဖူ” ၏ဖခင္ ႏွစ္မ်ားမၾကာမီ ေသလြန္ၿပီးေနာက္ ထိုစာအား ေခ်ာင္ေခ်ာင္က ေဖာ္ထုတ္သိရွိသြားေလရာ – ဧကရီမိဘုရား “ဖူ” အား မိဘုရားအရာမွခ်ရန္ ေခ်ာင္ေခ်ာင္က ဧကရာဇ္အား ခိုင္းေစေလသည္။ ထိုကဲ့သို႔ အရာခ်ရန္ ဧကရာဇ္က လက္မခံေသာအခါ ေခ်ာင္ေခ်ာင္၏ စစ္သားမ်ားသည္ ဧကရာဇ္၏ မ်က္စိေရွ႕မွာပင္ ဖူမိဘုရားအား နန္းေတာ္အတြင္းမွ ဒရြတ္တိုက္ ဆြဲထုတ္သြားေလသည္။ ေမာင္ေတာ္ ကူပါ ကယ္ပါ တစာစာေအာ္ေသးေသာ္ျငားလည္း ေမာင္ေတာ္ခမ်ာ ဘာမွ မတတ္နိုင္ေပ။ မိဘုရားႏွင့္တကြ သားသမီးသုံးဦးစလုံး အသတ္ခံၾကရသည္။ မ်ားမၾကာမီ ေခ်ာင္ေခ်ာင္သည္ မိမိ၏ သမီးတစ္ဦးကို ဟန္႔ရွန္းတိဧကရာဇ္ႏွင့္ လက္ထပ္ေစၿပီး မိဘုရားေခါင္ႀကီးအျဖစ္ နိုင္ငံေတာ္အခမ္းအနားျဖင့္ တင္ေျမႇာက္ေစသည္။
စိုက္ပ်ိဳးေရး-စစ္ေရး ကိုလိုနီငယ္မ်ား ထူေထာင္ျခင္း
● ရႊီခ်န္ၿမိဳ႕ကို စတည္သည့္အခ်ိန္မွစ၍ ေခ်ာင္ေခ်ာင္သည္ မိမိစိုးမိုးရာနယ္ေၿမ ေျမလြတ္ေျမရိုင္းမ်ားတြင္ စိုက္ပ်ိဳးေရး/လုံျခဳံေရးစခန္းနယ္ေျမမ်ား တည္ေထာင္ေစသည္။ tuntian ေခၚ ထိုကိုလိုနီငယ္မ်ားအတြက္ အာဏာပိုင္မ်ားဘက္က ေျမႏွင့္တကြ အျခားလိုအပ္ေသာ ကိရိယာတန္ဆာပလာမ်ားကို ေထာက္ပံ့သည္။ ယင္းအစုအဖြဲ႕တြင္ေနထိုင္သူမိသားစုမ်ား အေနျဖင့္ စိုက္ပ်ိဳးေရးကို လုပ္ေဆာင္ကာ အထြက္၏ ၅၀ ရာႏႈန္းမၽွကို ေပးေဆာင္ရသည္။ ထိုယူနစ္မ်ားသည္ နိုင္ငံႏွင့္တပ္အတြက္ ထုတ္လုပ္ေပး စိုက္ပ်ိဳးေရးကိုလိုနီမ်ား ျဖစ္သည္သာမက လုံျခဳံေရးခံတပ္ငယ္မ်ားလည္း ျဖစ္ေပသည္။
ကြမ္တု (Guandu) တိုက္ပြဲ
● ေခ်ာင္ေခ်ာင္၏ အႀကီးမားဆုံး ၿပိဳင္ဘက္ျဖစ္သူ စစ္ဘုရင္ ယြမ္ေရွာက္သည္ စစ္သည္အင္အား တစ္သိန္းတစ္ေသာင္း ျမင္းသည္ တစ္ေသာင္းတို႔ျဖင့္ ၂၀၀-ခုႏွစ္တြင္ ေတာင္ဘက္သို႔ စစ္ခ်ီလာသည္။ ေခ်ာင္ေခ်ာင္က စစ္သည္အင္အား ေလးေသာင္းျဖင့္ ကြမ္တုအရပ္တြင္ ခံတိုက္သည္။ စစ္ေရးျပင္းထန္ၿပီး ရႈံးလုရႈံးခင္ျဖစ္ေနသည့္အခ်ိန္တြင္ ေခ်ာင္ေခ်ာင္၏ တပ္မ်ားသည္ ယြမ္ေရွာက္တပ္မ်ား စားေရရိကၡာ သိုေလွာင္ထားေသာ ေနရာမ်ားကို တိတ္တဆိတ္သြားေရာက္တိုက္ခိုက္ဖ်က္ဆီးနိုင္ျခင္းမွ စတင္ကာ တိုက္ပြဲအေနအထား ေျပာင္းလဲသြားခဲ့သည္။ တိုက္ပြဲ၏ ေနာက္ထပ္အခ်ိဳးအေကြ႕ႏွစ္ခုၿပီးသည့္ေနာက္ လူအင္အားရွစ္ရာမၽွျဖင့္ ယြမ္ေရွာင္ ထြက္ေျပးရသည္။ ဖမ္းဆီးခံ ယြမ္ေရွာက္တပ္သား အမ်ားစုအား အရွင္လတ္လတ္ေျမျမႇုပ္ကာ ေသဒဏ္ေပးေလသည္။ ယြမ္ေရွာက္၏ တပ္သား ခုနစ္ေသာင္းမၽွ က်ဆုံးခဲ့သည္။ ကြမ္တုတိုက္ပြဲအၿပီးတြင္ ေခ်ာင္ေခ်ာင္သည္ တ႐ုတ္ျပည္တြင္ အင္အားအႀကီးဆုံး စစ္ဘုရင္ျဖစ္လာသည္။ ထို႔အျပင္ တ႐ုတ္ျပည္၏ အမည္ခံဗဟိုအစိုးရ ဟု ဆိုရမည့္ ဟန္႔ရွန္းတိဧကရာဇ္ကိုလည္း တင္းက်ပ္စြာ ထိန္းခ်ဳပ္ထားသည္။ တ႐ုတ္ျပည္တြင္ က်န္ရွိေနေသးေသာ အျခားၿပိဳင္ဘက္မ်ားကို ရွင္းလင္းဖယ္ရွားရန္ ေတာင္ပိုင္းသို႔ ေခ်ာင္ေခ်ာင္ ခ်ီတက္ရာမွ နာမည္ေက်ာ္ ကမ္းပါးနီတိုက္ပြဲ ျဖစ္ပြားသည္။
ကမ္းပါးနီ (Red Cliff) တိုက္ပြဲ
● ၿပိဳင္ဘက္စစ္ဘုရင္ တစ္ဦးျဖစ္သူ အား ေခ်ာင္ေခ်ာင္သည္ ေတာင္ပိုင္းသို႔ ဆက္လက္ဖိနင္း တိုက္ထုတ္လာေလရာ – လ်ဴေပ့တြင္အင္အား တစ္ေသာင္း မဟာမိတ္ လ်ဴခ်ီ (Lui Qi) တြင္ အင္အားတစ္ေသာင္း စုစုေပါင္း ႏွစ္ေသာင္း မရွိတရွိျဖင့္ ေခ်ာင္ေခ်ာင္အား ရင္ဆိုင္ရန္ မျဖစ္နိုင္သျဖင့္ လ်ဴေပ့သည္ မိမိလက္ေထာက္ ပညာရွိ က်ဴးေကာ့လ်န္အား ေစလႊတ္လ်က္ အေရွ႕ေတာင္ပိုင္းနယ္မ်ားအား စိုးမိုးသူ စြမ္းခၽြမ္ (Sun Quan) ႏွင့္ သြားေရာက္ညႇိႏွိုင္းေစေလသည္။ ထိုအခ်ိန္တြင္ ေခ်ာင္ေခ်ာင္က စြမ္းခၽြမ္ ထံသို႔ စာပို႔သည္မွာ – မိမိအေနျဖင့္ အင္အား ရွစ္သိန္းရွိေသာ တပ္ကိုခ်ီလ်က္ လာသည္၊ လက္နက္ခ်ပါက စည္းစိမ္မထိပါးဘဲ နဂိုအတိုင္း ေပးထားမည္ ဟု ဆိုေလသည္။ သို႔ရာတြင္ စြမ္းခၽြမ္ ၏ စစ္သူႀကီး က်ိဳးယြီကမူ ေခ်ာင္ေခ်ာင့္ အင္အား ရွစ္သိန္းမရွိနိုင္ဘဲ လြန္ေရာကၽြံေရာ ႏွစ္သိန္းခြဲမၽွသာ ရွိနိုင္သည္ ဟု သုံးသပ္သည္။ ေရေၾကာင္းတိုက္ပြဲ မကၽြမ္းက်င္ေသာ ေခ်ာင္ေခ်ာင္တပ္မ်ားကို လ်ဴေပ့တပ္မ်ားႏွင့္ စြန္းခၽြမ္းလက္ေအာက္ခံတပ္ သုံးေသာင္းတို႔ ပူးေပါင္းတိုက္ၾကရန္ ဆုံးျဖတ္ၾကသည္။
● ရင္ဆိုင္တိုက္ပြဲမွာ ပထမတစ္ေခါက္ ခဏတာမၽွ ျဖစ္ၾကၿပီးေနာက္ ႏွစ္ဘက္သေဘၤာမ်ားသည္ ယန္စီျမစ္၏ တစ္ဘက္တစ္ခ်က္ ကိုယ့္ကမ္းဘက္ကို ကိုယ္ ျပန္ကပ္သြားၾကသည္။ လ်ဴ-စြမ္း မဟာမိတ္ဘက္မွ သေဘၤာတစ္စု သည္ ေခ်ာင္ေခ်ာင္ဘက္သို႔ လက္နက္ခ်ရန္ ေျပာဆိုခ်ဥ္းကပ္လာသည္၊ ထို႔ေနာက္နီးလာေသာအခါ ေလာင္စာအျပည့္ပါသည့္ ထိုသေဘၤာမ်ားကို မီးရွို႔ကာ ရြက္ကုန္ဖြင့္လ်က္ လႊတ္လိုက္ၿပီးေနာက္ သေဘၤာသားမ်ားက သေဘၤာမ်ားေနာက္တြင္ ခ်ိတ္ပါလာသည့္ ေလွငယ္မ်ားအေပၚ တက္က်န္ကာ ျပန္ဆုတ္ၾကသည္။ ေခ်ာင္ေခ်ာင္၏ သေဘၤာမ်ားအားလုံး မီးေလာင္ကုန္သည္သာမက ကုန္းေပၚရွိ စခန္းေနရာမ်ားကိုပါ မီးစြဲေလာင္သည္ ဟု ဆိုသည္။ ေခ်ာင္ေခ်ာင္ အႀကီးအက်ယ္ ရႈံးနိမ့္ၿပီး ေျမာက္ပိုင္းသို႔ ျပန္ဆုတ္ရသည္။
● ကမ္းပါးနီတိုက္ပြဲအား ေခ်ာင္ေခ်ာင္ရႈံးနိမ့္သြားသည့္အတြက္ တ႐ုတ္ျပည္ တျပည္လုံးအျဖစ္ ေပါင္းစည္းနိုင္ေရးမွာ ေခ်ာင္ေခ်ာင္လက္ထက္ ၿပီးစီးေအာင္ မလုပ္နိုင္ေတာ့ေခ်။ တ႐ုတ္အေနာက္ေတာင္ပိုင္းတြင္ လ်ဴေပ့ ဦးေဆာင္ေသာ ရႈနိုင္ငံ ျဖစ္လာၿပီး အေရွ႕ေတာင္ပိုင္းတြင္ စြန္းခၽြမ္ ဦးေဆာင္ေသာ ဝူနိုင္ငံျဖစ္လာသည္။ ထိုႏွစ္နိုင္ငံစလုံး၏ ေျမာက္ဘက္တြင္ ေဝနိုင္ငံအျဖစ္ထူေထာင္ၿပီး ေခ်ာင္ေခ်ာင္က ေဝနိုင္ငံမင္းႀကီးအျဖစ္ ဧကရာဇ္ ဟန္႔ရွန္းတိ လက္ေအာက္၌ ဘြဲ႕ခံသည္။ ေခ်ာင္ေခ်ာင္လက္ထက္၌ တ႐ုတ္ျပည္အား တစ္နိုင္ငံတည္းအျဖစ္ မေပါင္းစည္းနိုင္ခဲ့ေသာ္လည္း ေခ်ာင္ေခ်ာင္၏ ေဝနိုင္ငံကို ဆက္ခံသူမ်ားသည္ ဆယ္စုႏွစ္မ်ားစြာမၾကာမီ က်န္ႏွစ္နိုင္ငံအား သိမ္းပိုက္ သြတ္သြင္း ေပါင္းစည္းနိုင္ခဲ့သည္။
KZO
(၁-၀၉-၂၀၂၁)
[လူငယ္မ်ားအတြက္ နိုင္ငံေရးမွတ္စုတိုမ်ား (၂၀)]
==========
[ Unicode here ]
ချောင်ချောင် (Cao Cao): ကဗျာဆရာ နိုင်ငံရေးသမား စစ်ဘုရင် ၀န်ကြီးချုပ် ဝေမင်းကြီး
● တရုတ်တို့၏ ယဉ်ကျေးမှုနောက်ခံတွင် 36 stratagems (စစ်ပရိယာယ် ၃၆ သွယ်)၊ ဆွန်ဇီး၏ the Art of War စစ်ကျမ်း၊ သုံးနိုင်ငံ အချစ်ဇာတ်လမ်း (the Romance of Three Kingdoms) ဂန္ဓ၀င်စာပေလက်ရာ တို့ရှိနေလေရာ – တရုတ်လူ့အဖွဲ့အစည်းနှင့် တရုတ်ခေါင်းဆောင်တို့အပေါ် ယင်းတို့၏ သက်ရောက်မှုများစွာရှိပြီး အနိုင်ရပြီးရော ဆိုသည့် စိတ်ဓါတ်ဖြင့် အလုပ်လုပ်ကြလေ့ရှိကြောင်းသဘောဖြင့် ဝေဖန်သုံးသပ်သည့် ဆောင်းပါးတစ်ပုဒ်ကို The Diplomat စာစောင်က ၂၀၁၆ တွင် ရေးသားဖူးသည်။ တရုတ်အနေဖြင့် “responsible competitor” စည်းကမ်းနှင့်ကစားသော တာ၀န်ယူတာ၀န်ခံမှုရှိသော ပြိုင်ဘက် ဖြစ်သင့်ကြောင်း ပြောကြားသည့် ဂျိုးဘိုင်ဒန်၏ စကားအားလည်း ထိုဆောင်းပါးတွင် ကောက်နှုတ်ထားသည် ကို တွေ့ရသည်။
● နိုင်ငံရေးမျိုးဆက်တို့အနေဖြင့် တရုတ်နောက်ခံကို တီးမိခေါက်မိရှိအောင် “သုံးနိုင်ငံ အချစ်ဇာတ်လမ်း (Romance of the Three Kingdoms)” အင်္ဂလိပ်ဘာသာပြန်စာအုပ်အား ဖတ်ရှုခြင်းဖြစ်စေ အပိုင်းတစ်ရာ ကျော်ရှိသည့် ယင်း တီဗီဇာတ်လမ်းတွဲအား Youtube တွင် ကြည့်ရှုခြင်းဖြစ်စေ လုပ်ဆောင်ရန် နီးစပ်ရာတို့အား ကျွန်တော် တိုက်တွန်းဖူးပါသည်။
● အနှစ်လေးရာကြာခဲ့သော ဟန်မင်းဆက် ကျဆုံးချိန်၀န်းကျင် (၂) ရာစု မကုန်ခင်မှသည် သုံးရာစု အေဒီ ၂၈၀ ခန့်အထိ အကူးအပြောင်း အနှစ် တစ်ရာခန့် ဖရိုဖရဲကာလတွင် အုပ်စုအသီးသီးတို့ စစ်အင်အားတည်ဆောက် အားပြိုင်တိုက်ခိုက်ကြလျက် တရုတ်ပြည်ကို သူ့အောက်ကိုယ့်အောက် စုစည်းနိုင်ရန်ကြိုးစားကြရင်း Shu (ရှု)၊ Wei (ဝေ)၊ Wu (ဝူ) ဟူ၍ နိုင်ငံသုံးနိုင်ဖြစ်ထွန်းလာခဲ့ပြီးနောက် ထိုသုံးနိုင်ငံတို့အား Wei (ဝေ) အမည်ရနိုင်ငံက တိုက်ခိုက်စုစည်း သွားနိုင်ခဲ့သည်။ ထိုကာလအကြောင်း မှတ်တမ်းများကို ခေတ်အဆက်ဆက် ရှုထောင့်အမျိုးမျိုးမှ ရေးသားခဲ့ကြသော်လည်း တရုတ်လူထုအကြားများစွာ ပျံ့နှံ့မှုမရှိလှပေ။ ထိုသမိုင်းဖြစ်ရပ်များအပြီး နောက်ထပ် အနှစ် (၁၂၀၀) ခန့်အကြာတွင် သမိုင်းနောက်ခံ၀တ္တုပုံစံဖြင့် ရေးသားသော “သုံးနိုင်ငံ အချစ်ဇာတ်လမ်း” သည်ကား တရုတ်လူထုအကြား ယနေ့အထိ ရေပန်စား လူကြိုက်များသည်။ ထိုအထဲမှ အရေးကြီးအပိုင်းတစ်ပိုင်းဖြစ်သည့် ကမ်းပါးနီ (Red Cliff) တိုက်ပွဲအား ဒါရိုက်တာဂျွန်ဝူးက ဇာတ်ကားနှစ်ကားတွဲ ရိုက်ကူးဖူးသည်။ ဇာတ်ကောင်ပေါင်း တစ်ထောင်ခန့်ပါရှိသည့် ထို “သုံးနိုင်ငံ အချစ်ဇာတ်လမ်း” အားရေးသားပြီး နောက်ထပ်အနှစ်လေးရာခန့်ကြာ (၁၈) ရာစုခန့်တွင် တရုတ်ပညာရှင်တစ်ယောက်က သုံးသပ်သည်မှာ – “သုံးနိုင်ငံ အချစ်ဇာတ်လမ်း” တွင် အချက်အလက်အမှန်တို့ ဆယ်ပုံ ခုနှစ်ပုံသာ ပါရှိပြီး အချက်အလက်အမှားတို့မှာ ဆယ်ပုံသုံးပုံ ပါရှိသည် ဟု ဆိုသည်။
● သုံးနိုင်ငံစစ်ပွဲကာလ သမိုင်းဇာတ်ကောင်များစွာ တို့အနက် ဥက္ကဋ္ဌကြီး မော်စီတုန်း၏ အလေးစားခံရဆုံး သမိုင်း ဇာတ်ကောင်မှာ ဝေနိုင်ငံကို တည်ထောင်သူ ချောင်ချောင် ဖြစ်သည် ဟု ဆိုလေသည်။ ခေတ်သစ်တရုတ်ပြည်အား ပြောင်းလဲခဲ့သူ တိန့်ရှောင့်ဖင့်ကလည်း ချောင်ချောင်မှာ ထိုကာလ တရုတ်ပြည်အား ပြန်လည်စုစည်းနိုင်ရေး လမ်းကြောင်းပ်ါတွန်းတင်ပေးခဲ့သည့် “ပထမတန်းစား နိုင်ငံရေးသမား” ဖြစ်သည် ဟု ထောပနာပြုလေသည်။ “သုံးနိုင်ငံ အချစ်ဇာတ်လမ်း” ၀တ္တုတွင်မူကား ချောင်ချောင်အား ရက်စက်သော၊ ကောက်ကျစ်သော၊ ဧကရာဇ်ဘုရင်ကို ချုပ်ကိုင်လျက် ထင်တိုင်းကြဲသော စစ်ဘုရင် အဖြစ် တင်ဆက်ထားသည်။
● လွန်ခဲ့သော နှစ်ပေါင်း (၁၈၆၆) ခန့် အေဒီ (၁၅၅) ခုနှစ် တရုတ်ပြည်အရှေ့ပိုင်း အန်ဟွေပြည်နယ်ထဲက အချမ်းသာကြီး မဟုတ်သော်လည်း နန်းတွင်းအဆက်အသွယ်ရှိသောမိသားစုတစ်စုထဲတွင် ချောင်ချောင်ကို မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ နန်းတွင်းကုန်းကုန်း (eunuch) တစ်ဦး၏ မွေးစားသားဖြစ်သည်။ ငယ်စဉ်က ကောင်းစွာ ပညာသင်ကြားခဲ့ရသည်။ ကဗျာစပ်သည်။ နုစဉ်အခါ နိုင်ငံရေးနယ်ထဲကို မရောက်မီကပင် ဆွန်းဇီး၏ the Art of War စစ်ကျမ်း သုံးသပ်ချက် စာတမ်းငယ်တစ်စောင် ရေးသားဖူးသည်။
● အသက် (၂၀) ခန့်တွင် မင်းမှုထမ်းတစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး မြို့စောင့်တပ်ဖွဲ့ငယ် တစ်ခု၏ captain အကြီးအကဲငယ် ဖြစ်လာသည်။ မင်းမှုထမ်းဘ၀ တွင် ၀င်တုံ ထွက်တုံဖြင့် အသက် (၃၀) ခန့်အထိ တာ၀န်ထမ်းဆောင်ခဲ့သည်။ အသက်သုံးဆယ်စွန်းစွန်းတွင် ထိုကာလ တရုတ်အင်ပါယာ၏ နေပြည်တော် လော့ယန် (Louyang) တွင် ရှိနေစဉ်ကာလ နန်းတွင်း မငြိမ်မသက်မှုဖြစ်ပွားကာ အာဏာသိမ်းရန်ကြိုးစားသူ နန်းတွင်း ကုန်းကုန်းများအား စစ်သူကြီး တုန်းကျိုး (Dong Zhuo) က ချေမှုန်းသတ်ဖြတ်ပြီးနောက် ခန့်မှန်း ရှစ်နှစ်အရွယ်ခန့်သာ ရှိသေးသူ မင်းသားငယ်ရှန်း Lui Xie အား ရင်ခွင်ပိုက် ဧကရာဇ်ဘုရင်အဖြစ်တင်မြှောက်လျက် အင်ပါယာ၏ ဗဟိုအာဏာကို ထိန်းချုပ်ခြင်း ဖြစ်ပွားသည်။ အရေးကြီးသော မင်းမျိူးမင်းနွယ်အချို့တို့ တိတ်တိတ်ဆိတ်ဆိတ် အဆိပ်ခတ် သတ်ဖြတ်ခံရခြင်းတို့ ဖြစ်ပွားသည်။ တုန်းကျိုး နှင့် ၎င်း၏ စစ်သည်များလက်ချက်ကို ထိတ်လန့်ခြင်းဖြစ်ရကား (နောက်များမကြာမီ အင်အားအကြီးဆုံး စစ်ဘုရင်ဖြစ်လာမည့်) ယွမ်ရှောက် အပါအ၀င် အရာရှိများသည် တုန်းကျိုး ခန့်အပ်မည့် ရာထူးများကို လက်ခံယူခြင်းမပြုဘဲ နေပြည်တော်မှ ထွက်ပြေးကြသည်။
● လော့ယန် နေပြည်တော်တွင် ဗရမ်းဗတာဖြစ်နေကြသော စစ်သည်များအား ထိန်းကွပ်မှုတွင် အားဖြည့်နိုင်ရန်အလို့ငှာ ချောင်ချောင်အား ဗိုလ်မှူးကြီးအဆင့်ဖြင့် အရေးကြီးတပ်တစ်ခု၏ တပ်မှူးတစ်ဦး အဖြစ်ခန့်အပ်ရာ၊ ချောင်ချောင်က ထိုရာထူးကို လက်မခံဘဲ ထွက်ပြေးသည်။ ထိုကဲ့သို့ ထွက်ပြေးသွားသည်ကို ဒေါသထွက်သော တုန်းကျိုး က ချောင်ချောင်အား ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ပြီး ဗျူရိုကရေစီ ယန္တရားလက်တံများကတဆင့် ဖြန့်ဝေလိုက်ရာ ထိုအမိန့်စာများမှာ ပုန်းရှိုးကွယ်ရှိုးထွက်ပြေးနေရသော ချောင်ချောင်ထက် စောလျင်စွာ ရောက်ရှိပျံ့နှံ့နေသည်။
Lü Boshe အား သတ်ဖြတ်မှု နှင့် မှတ်ချက်စကား
● ထွက်ပြေးရသည့် လမ်းခရီးအတွင်း ဖြစ်ပျက်သည်ဆိုသော Lü Boshe အားသတ်ဖြတ်သည် ဆိုမှု နှင့် ပတ်သက်၍ မူကွဲများစွာရှိသည်။ ထိုမူကွဲများအနက် “သုံးနိုင်ငံ အချစ်ဇာတ်လမ်း” ၏ ပုံဖော်ရေးသားချက်သည် အဆိုးဝါးဆုံးဖြစ်သည်။ ဆုငွေထုတ်ခံရကာ ထွက်ပြေးနေရသူ ချောင်ချောင် နှင့် ချန်းကုန်း တို့သည် ချောင်ချောင့်ဖခင်နှင့် ညီအစ်ကိုပြုထားသူ တစ်ဦးဖြစ်သူ Lü Boshe ၏ နေအိမ်သို့ သွားရောက်ကာ တည်းခိုကြသည်။ ချောင်ချောင်တို့အား လှိုက်လှဲစွာကြိုဆိုကြပြီး ချက်ပြုတ်ကျွေးမွေးရန် ပြင်ဆင်ကြသည်။ Lü Boshe က စျေး၀ယ်ရန်ထွက်သွားစဉ် အိမ်သားများက ၀က်သတ်ရန်ပြင်ဆင်နေကြသည်ကို ချောင်ချောင်တို့ နှစ်ဦးက နားစွန်နားဖျားကြားသည်။ ခြေထောက်တွေကို ကြိုးနဲ့ချည်၊ ပြီးမှ သတ်ရမယ် စသည်အားဖြင့် ပြောနေသည်ကို ၎င်းတို့အား (ဆုကြေးငွေ အလို့ငှာ) သတ်ဖြတ်ရန် ပြင်ဆင်နေသည် ဟု ထင်မှတ်လျက် သူတို့နှစ်ဦးက အိမ်သားများအားလုံးကို လက်ဦးအောင် သတ်ဖြတ်မိလိုက်ကြသည်။ ထိုကဲ့သို့ သတ်ဖြတ်ပြီးသည့်အခါကျမှ အိမ်သားများမှာ ၎င်းတို့အား သတ်ဖြတ်ရန် ပြင်ဆင်နေခြင်းမဟုတ်ဘဲ ၀က်ကိုသတ်ရန် ပြင်ဆင်နေခြင်းသာဖြစ်ကြောင်း သဘောပေါက်ကြရပြီး၊ ထိုအိမ်မှ ထွက်ခွာလာခဲ့ကြသည်။ စျေး၀ယ်ထွက်သွားသော Lü Boshe နှင့်တွေ့၍ Lü Boshe က ၀မ်းသာအားရ စကားဆိုနေစဉ် ချောင်ချောင်က Lü Boshe အား ဓါးနှင့်ထိုးသတ်လိုက်သည်။ ထိုသည်ကို အဖော်ဖြစ်သူ ချန်းကုန်းက များစွာ ဒေါသထွက်လေသည်။ ချောင်ချောင်က ရှင်းပြသည်မှာ – Lü Boshe အိမ်ပြန်သွားလို့ အိမ်သားတွေအားလုံး အသတ်ခံထားရတာကို တွေ့ရင် အာဏာပိုင်တွေကို အကြောင်းကြားလိမ့်မယ်၊ အာဏာပိုင်တွေက အလုံးအရင်း နဲ့ လိုက်ရှာရင် ငါတို့နှစ်ယောက် အသက်ရှင်နိုင်ဖို့ မလွယ်ဘူး – ဟု ရှင်းပြသည်။ ထိုနှင့်တဆက်တည်း ချောင်ချောင်က ပြောသည်မှာ – သူများတွေက ငါ့ကို သစ္စာဖောက်တာကို ခံရမှာထက် ငါကပဲ သူများတွေကို သစ္စာဖောက်မယ် – ဟု ဆိုလေသည်။
စစ်ဘုရင်ဘ၀ အစ
● အင်အား ထောင်ဂဏန်း ၀န်းကျင်သော စစ်သည်တို့အား စုရုံးပြီးနောက် ချောင်ချောင်သည် လောယန် နေပြည်တော်ရှိ တုံးကျိုးကို ဆန့်ကျင်ကြသော မဟာမိတ်အဖွဲ့ထဲတွင် ပါ၀င်လျက်တိုက်ခိုက်သည်။ ၁၉၁-ခုနှစ်တွင် ထိုမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ယွမ်ရှောက်က တာ၀န်ပေးသဖြင့် တုန်းကျွင့်နယ် (Dongjun) ၏ အုပ်ချုပ်ရေးမှူးအဖြစ် တာ၀န်ထမ်းဆောင်ရသည်။ ထိုမှတဖန် ဦးပေါင်းဝါ ဘာသာရေးသူပုန်များ ထကြွနေသော ယန်ကျိုးနယ် (Yan Province) အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုပြည်နယ်အရာရှိများက ဖိတ်ခေါ်သဖြင့် ယန်ကျိုးနယ် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ကာ သူပုန်များကို အစတုံးနှိမ်နင်းလိုက်နိုင်သည်။ “နှိမ်နင်း” သည် ဆိုသော်ငြားလည်း အမှန်က သူပုန်များကို အပေးအယူဖြင့် လက်နက်ချစေပြီး သူ၏တပ်ထဲတွင် ၎င်းတို့၏ အင်အား သုံးသောင်းကျော်ကို မိမိတပ်ထဲသို့ ပေါင်းထည့်လိုက်ခြင်းဖြစ်ရာ ချောင်ချောင်မှာ နယ်မြေအပိုင်ရလာသည့်အပြင် တပ်အင်အားပါ ကြီးလာသည်။ ချန်အန်းသို့ နေပြည်တော်ကို ပြောင်းရွှေ့ထားသော တုန်းကျိုး ဦးဆောင်သည့် ဗဟိုအာဏာပိုင်များက ခန့်အပ်လျက် ယန်ကျိုးနယ် စစ်ဆေးရေးမှူးအဖြစ် အုပ်ချုပ်ရန် စေလွှတ်လိုက်သော Jin Shang ကိုလည်း ချောင်ချောင်က လက်မခံဘဲ အသာလေး မောင်းထုတ်လိုက်သည်။
● ၁၉၃-ခုနှစ်တွင် ချောင်ချောင်၏ ဖခင် ချောင်စုန့်သည့် ချောင်ချောင့်ထံသို့အလာ လမ်းခရီးတွင် ရွှီကျိုးနယ် (Xu province) အုပ်ချုပ်ရေးမှူး ထျောင်ချမ် (Tao Qian) လွှတ်လိုက်သော တပ်များ၏ သတ်ဖြတ်မှုကို ခံရသဖြင့် ချောင်ချောင်သည် ၁၉၃-ခုနှစ် ဆောင်းဦးရာသီတွင် ရွှီကျိုးနယ်သို့ စစ်တပ်ဖြင့် ချီတက်လာလျက် အရပ်သားသော ဘာသောမကျန် သတ်ဖြတ်လေရာ လူပေါင်းတစ်သိန်းကျော် အသတ်ခံရသည် ဟု ဆိုလေသည်။ လူတင်မက ခွေးပါ ကြက်ပါ အသက်ရှင်လျက် မကျန်အောင် သတ်သည် ဟု ဆိုလေသည်။ အလောင်းများကို စစ့်ကျန်းမြစ် (Si River) သို့ပစ်ချကြသဖြင့် လူသေကောင်ပုပ်များ ပိတ်ဆို့သွားလေရာ မြစ်ရေစီးပင်လျှင် ကာလအနည်းငယ်မျှ ရပ်တန့်သွားခဲ့သည် ဟု ဆိုလေသည်။
● ရွှီကျိုးနယ်တွင် စစ်ဆင်နေစဉ်ကာလအတွင်း ချောင်ချောင်၏ လူရင်း ချန်းကုန်း (Chen Gong) ၏ ကြံစည်မှုဖြင့် စစ်ဘုရင် လွီဘု က ချောင်ချောင်၏ ပင်မရင်းမြစ်ဖြစ်သော ယန်ကျိုးနယ်၏ အစိတ်အပိုင်းများစွာတို့အား သိမ်းပိုက်လေရာ၊ ၁၉၄-ခုနှစ် နှင့် ၁၉၅-ခုနှစ်တို့တွင် ချောင်ချောင်နှင့် နာမည်ကျော် စစ်သူကြီး လွီဘု တို့သည် ယန်ကျိုးနယ်ကို ထိန်းချုပ်နိုင်ဖို့ ဘတပြန်ကျားတပြန် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ကြသည်။ ၁၉၅-ခုနှစ် ဆောင်းရာသီတွင် လွီဘု နှင့် ချန်းကုန်းတို့ ယန်ကျိုးနယ်မှ ထွက်ပြေးသွားခဲ့ရလေသည်။ ထို့နောက် ချောင်ချောင်အား ယန်ကျိုးနယ် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လွှာကို ထိုစဉ်က ဒရောသောပါး ခရီးသည်ဖြစ်နေရသူ ဟန့်ရှန်းတိဧကရာဇ် ထံမှ လက်ခံရရှိသည်။
တရုတ်အင်ပါယာ၏ ဧကရာဇ်အား ထိန်းချုပ်ခြင်း
● တုန်းကျိုးသေဆုံးပြီးနောက် ချန်အန်းမြို့မှာ စစ်သူကြီးနှစ်ဦး၏ ဆက်လက် ထိန်းချုပ်ခြင်းကို ခံနေရသော ဆယ့်ငါးနှစ်သားအရွယ် ဟန့်ရှန်းတိဧကရာဇ် (Emperor Xian) သည် ၁၉၅-ခုနှစ်မှာ ချန်အန်းမြို့တော်ကနေ ထွက်ပြေးလာခဲ့နောက် မြို့ပျက်ပမာဖြစ်နေသော မြို့တော်ဟောင်း လော့ယန်တွင် မထီမဲ့မြင် စစ်သည် ဗိုလ်ချုပ် အခြွေအရံများနှင့် ချို့ငဲ့စွာ စိုးစံနေလေသည်။ ထိုအချိန်တွင် ချောင်ချောင်မှာ မိမိ၏ ဗဟိုချက်အသစ်အဖြစ် ရွှီချန်မြို့ (Xu city) ကို အခိုင်အခန့်တည်ဆောက်ပြီးဖြစ်လေသည်။ ချောင်ချောင်သည် တိုက်ပွဲအတွေ့အကြုံရင့် စစ်သားကောင်းများစွာပါရှိသော စစ်အင်စုကြီးတစ်စုကို မိမိ၏ ကိုယ်ရံတော်များအဖြစ် ခေါ်ဆောင်လျက် ဧကရာဇ်မင်းမြတ်အား ဖူးမျှော်ရန်အလို့ငှာ မိမိ လော့ယန်မြို့သို့သွားရောက်လေသည်။ လော့ယန်နန်းတော်တွင် ကာလအတန်ငယ်ကြာနေပြီးနောက် နန်းတော်ကို စိုးမိုးထားသော စစ်ဗိုလ်ချုပ်များအား ချောင်ချာင်က ညှိနှိုင်းသည်မှာ – ဤနန်းတော်သို့ မိမိ၏ ရွှီချန်မြို့မှ စားရေရိက္ခာများကို နန်းတော်သို့ ပို့ဆောင်ရန် ခရီးလမ်းဝေးနေသည့်အတွက် နန်းစိုက်ရာနေရာအား အနည်းငယ် အရှေ့သို့ ရွှေ့ပြောင်းရန်လိုသည် ဟု အယုံသွင်းလေသည်။ ၁၉၆-ခုနှစ် သြဂုတ်လတွင် ချောင်ချောင်သည် ထိုဗိုလ်ချုပ်တို့၏ သဘောတူညီချက်ဖြင့် ဧကရာဇ်အား ခေါ်ဆောင်သွားရာတွင် ရှေ့ခရီးအနည်းငယ်မျှသာမက ဟွန်ယွန် တောင်ကြားလမ်း (Huanyuan Pass) ကိုကျော်လွန် ခေါ်သွားလေတော့မှ အညာမိမှန်းသိလေသော်လည်း – လော့ယန်အခြွေအရံတပ်များမှာ လမ်းတစ်လျှောက် အသင့်စောင့်ကြိုနေသော ချောင်ချောင့် တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံရကာ ဒရောသောပါး လက်လျှော့ဆုတ်ခွာရလေသည်။
● ဤနည်းအားဖြင့် ဟန့်ရှန်းတိဧကရာဇ်သည် လော့ယန်နန်းတော်မှ ထွက်ပြေးလွတ်မြောက်လျက် ချောင်ချောင် လက်တွင်းသို့ ကျရောက်လေသည်။ စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ အခြေအနေတစ်ခုမှ စိတ်တူသဘောတူ လွတ်မြောက်လာခဲ့လျက် စားရေရိက္ခာဖူလုံသော နယ်မြေတွင် ချောင်ချောင်ဆောက်ထားသည့် ခန့်ညားကြီးကျယ်သော နန်းတော်သို့ ရောက်ရှိပြီးနောက် ဟန့်ရှန်းတိဧကရာဇ်သည် နောက်ထပ် (၂၅) နှစ်လုံးလုံး ရွှီချန်မြို့မှ ပြင်ပသို့ မထွက်ရတော့ပေ။
● ယန်ကျိုးနယ်ကို ကောင်းစွာထိန်းချုပ်နိုင်ခြင်းသည် ချောင်ချောင်၏ ပထမအဆင့် အောင်မြင်မှုဖြစ်ပြီး ဟန့်ရှန်းတိဧကရာဇ်အား ထိန်းချုပ်နိုင်ခြင်းသည် အရေးပါသော ဒုတိယအောင်မြင်မှုဖြစ်သည်။ ဦးစွာပထမ ချောင်ချောင်သည် မိမိအား တရုတ် ဧကရာဇ်နိုင်ငံတော်၏ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်သော အမိန့်တစ်ခုကို ဟန့်ရှန်းတိဧကရာဇ်အား ထုတ်ပြန်စေလေသည်။ ထိုနောက်ပိုင်းတွင် ချောင်ချောင်သည် ဧကရာဇ်အား ဖိအားပေးလျက် မိမိပြိုင်ဘက် စစ်ဘုရင်တို့အား လိုရင်လိုသလို ရာထူးများ ဘွဲ့ထူးများ ပေးအပ်စေသည်၊ လိုရင်လိုသလို အမိန့်များကို ထုတ်ပြန်စေလေသည်။
● မိမိအားနှစ်ပေါင်းများစွာ အကျဉ်းသားပမာထားရှိပြီး လိုသလိုအသုံးချနေသည်ကို ကျေနပ်မှုမရှိသော ဟန့်ရှန်းတိဧကရာဇ်သည် ချောင်ချောင်အား လုပ်ကြံသတ်ဖြတ်ပစ်ကြရန် ၁၉၉-ခုနှစ်တွင် လျှို့ဝှက်အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည် ဟု ဆိုသည်။ ဤအခြင်းအရာကို နောက်တစ်နှစ်အကြာတွင် ချောင်ချောင် ဖော်ထုတ်သိရှိရသောအခါ – ထိုလျှို့ဝှက်အမိန့်ကို လက်ခံသဘောတူကြသူများအနက် အမတ်ကြီး တုန်းချန် (Dong Cheng) အား ချက်ချင်း ဖမ်းဆီးကွပ်မျက်စေသည်သာမက ထိုအမတ်ကြီး၏ သမီးကိုလည်း သတ်ဖြတ်စေလေသည်။ အမတ်ကြီး၏ သမီးမှာ ဟန့်ရှန်းတိဧကရာဇ်၏ ကြင်ယာတစ်ပါး ဖြစ်နေသည့်အပြင် ကိုယ်၀န်ရှိနေသည့်အတွက် အသက်ကိုချမ်းသာပေးပါရန် အာဏာမဲ့ ဧကရာဇ်ကိုယ်တိုင် အသနားခံသော်လည်း ချောင်ချောင်က လက်မခံဘဲ ကွပ်မျက်စေလေသည်။
● ထိုကဲ့သို့ ဧကရာဇ်ကြင်ယာတစ်ပါးအား သတ်ဖြတ်သည်ကို ဒေါသကြီးစွာထွက်မိသော ဧကရီမိဘုရား “ဖူ” သည် မိမိဖခင်ထံသို့ စာရေးလျက် ချောင်ချောင်အား သတ်ဖြတ်နိုင်ဖို့ ကြံစည်ကြိုးစားသင့်ကြောင်း တိုက်တွန်းလေသည်။ ဧကရီ “ဖူ” ၏ဖခင် နှစ်များမကြာမီ သေလွန်ပြီးနောက် ထိုစာအား ချောင်ချောင်က ဖော်ထုတ်သိရှိသွားလေရာ – ဧကရီမိဘုရား “ဖူ” အား မိဘုရားအရာမှချရန် ချောင်ချောင်က ဧကရာဇ်အား ခိုင်းစေလေသည်။ ထိုကဲ့သို့ အရာချရန် ဧကရာဇ်က လက်မခံသောအခါ ချောင်ချောင်၏ စစ်သားများသည် ဧကရာဇ်၏ မျက်စိရှေ့မှာပင် ဖူမိဘုရားအား နန်းတော်အတွင်းမှ ဒရွတ်တိုက် ဆွဲထုတ်သွားလေသည်။ မောင်တော် ကူပါ ကယ်ပါ တစာစာအော်သေးသော်ငြားလည်း မောင်တော်ခမျာ ဘာမှ မတတ်နိုင်ပေ။ မိဘုရားနှင့်တကွ သားသမီးသုံးဦးစလုံး အသတ်ခံကြရသည်။ များမကြာမီ ချောင်ချောင်သည် မိမိ၏ သမီးတစ်ဦးကို ဟန့်ရှန်းတိဧကရာဇ်နှင့် လက်ထပ်စေပြီး မိဘုရားခေါင်ကြီးအဖြစ် နိုင်ငံတော်အခမ်းအနားဖြင့် တင်မြှောက်စေသည်။
စိုက်ပျိုးရေး-စစ်ရေး ကိုလိုနီငယ်များ ထူထောင်ခြင်း
● ရွှီချန်မြို့ကို စတည်သည့်အချိန်မှစ၍ ချောင်ချောင်သည် မိမိစိုးမိုးရာနယ်မြေ မြေလွတ်မြေရိုင်းများတွင် စိုက်ပျိုးရေး/လုံခြုံရေးစခန်းနယ်မြေများ တည်ထောင်စေသည်။ tuntian ခေါ် ထိုကိုလိုနီငယ်များအတွက် အာဏာပိုင်များဘက်က မြေနှင့်တကွ အခြားလိုအပ်သော ကိရိယာတန်ဆာပလာများကို ထောက်ပံ့သည်။ ယင်းအစုအဖွဲ့တွင်နေထိုင်သူမိသားစုများ အနေဖြင့် စိုက်ပျိုးရေးကို လုပ်ဆောင်ကာ အထွက်၏ ၅၀ ရာနှုန်းမျှကို ပေးဆောင်ရသည်။ ထိုယူနစ်များသည် နိုင်ငံနှင့်တပ်အတွက် ထုတ်လုပ်ပေး စိုက်ပျိုးရေးကိုလိုနီများ ဖြစ်သည်သာမက လုံခြုံရေးခံတပ်ငယ်များလည်း ဖြစ်ပေသည်။
ကွမ်တု (Guandu) တိုက်ပွဲ
● ချောင်ချောင်၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်သူ စစ်ဘုရင် ယွမ်ရှောက်သည် စစ်သည်အင်အား တစ်သိန်းတစ်သောင်း မြင်းသည် တစ်သောင်းတို့ဖြင့် ၂၀၀-ခုနှစ်တွင် တောင်ဘက်သို့ စစ်ချီလာသည်။ ချောင်ချောင်က စစ်သည်အင်အား လေးသောင်းဖြင့် ကွမ်တုအရပ်တွင် ခံတိုက်သည်။ စစ်ရေးပြင်းထန်ပြီး ရှုံးလုရှုံးခင်ဖြစ်နေသည့်အချိန်တွင် ချောင်ချောင်၏ တပ်များသည် ယွမ်ရှောက်တပ်များ စားရေရိက္ခာ သိုလှောင်ထားသော နေရာများကို တိတ်တဆိတ်သွားရောက်တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်းမှ စတင်ကာ တိုက်ပွဲအနေအထား ပြောင်းလဲသွားခဲ့သည်။ တိုက်ပွဲ၏ နောက်ထပ်အချိုးအကွေ့နှစ်ခုပြီးသည့်နောက် လူအင်အားရှစ်ရာမျှဖြင့် ယွမ်ရှောင် ထွက်ပြေးရသည်။ ဖမ်းဆီးခံ ယွမ်ရှောက်တပ်သား အများစုအား အရှင်လတ်လတ်မြေမြှုပ်ကာ သေဒဏ်ပေးလေသည်။ ယွမ်ရှောက်၏ တပ်သား ခုနစ်သောင်းမျှ ကျဆုံးခဲ့သည်။ ကွမ်တုတိုက်ပွဲအပြီးတွင် ချောင်ချောင်သည် တရုတ်ပြည်တွင် အင်အားအကြီးဆုံး စစ်ဘုရင်ဖြစ်လာသည်။ ထို့အပြင် တရုတ်ပြည်၏ အမည်ခံဗဟိုအစိုးရ ဟု ဆိုရမည့် ဟန့်ရှန်းတိဧကရာဇ်ကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ တရုတ်ပြည်တွင် ကျန်ရှိနေသေးသော အခြားပြိုင်ဘက်များကို ရှင်းလင်းဖယ်ရှားရန် တောင်ပိုင်းသို့ ချောင်ချောင် ချီတက်ရာမှ နာမည်ကျော် ကမ်းပါးနီတိုက်ပွဲ ဖြစ်ပွားသည်။
ကမ်းပါးနီ (Red Cliff) တိုက်ပွဲ
● ပြိုင်ဘက်စစ်ဘုရင် တစ်ဦးဖြစ်သူ အား ချောင်ချောင်သည် တောင်ပိုင်းသို့ ဆက်လက်ဖိနင်း တိုက်ထုတ်လာလေရာ – လျူပေ့တွင်အင်အား တစ်သောင်း မဟာမိတ် လျူချီ (Lui Qi) တွင် အင်အားတစ်သောင်း စုစုပေါင်း နှစ်သောင်း မရှိတရှိဖြင့် ချောင်ချောင်အား ရင်ဆိုင်ရန် မဖြစ်နိုင်သဖြင့် လျူပေ့သည် မိမိလက်ထောက် ပညာရှိ ကျူးကော့လျန်အား စေလွှတ်လျက် အရှေ့တောင်ပိုင်းနယ်များအား စိုးမိုးသူ စွမ်းချွမ် (Sun Quan) နှင့် သွားရောက်ညှိနှိုင်းစေလေသည်။ ထိုအချိန်တွင် ချောင်ချောင်က စွမ်းချွမ် ထံသို့ စာပို့သည်မှာ – မိမိအနေဖြင့် အင်အား ရှစ်သိန်းရှိသော တပ်ကိုချီလျက် လာသည်၊ လက်နက်ချပါက စည်းစိမ်မထိပါးဘဲ နဂိုအတိုင်း ပေးထားမည် ဟု ဆိုလေသည်။ သို့ရာတွင် စွမ်းချွမ် ၏ စစ်သူကြီး ကျိုးယွီကမူ ချောင်ချောင့် အင်အား ရှစ်သိန်းမရှိနိုင်ဘဲ လွန်ရောကျွံရော နှစ်သိန်းခွဲမျှသာ ရှိနိုင်သည် ဟု သုံးသပ်သည်။ ရေကြောင်းတိုက်ပွဲ မကျွမ်းကျင်သော ချောင်ချောင်တပ်များကို လျူပေ့တပ်များနှင့် စွန်းချွမ်းလက်အောက်ခံတပ် သုံးသောင်းတို့ ပူးပေါင်းတိုက်ကြရန် ဆုံးဖြတ်ကြသည်။
● ရင်ဆိုင်တိုက်ပွဲမှာ ပထမတစ်ခေါက် ခဏတာမျှ ဖြစ်ကြပြီးနောက် နှစ်ဘက်သင်္ဘောများသည် ယန်စီမြစ်၏ တစ်ဘက်တစ်ချက် ကိုယ့်ကမ်းဘက်ကို ကိုယ် ပြန်ကပ်သွားကြသည်။ လျူ-စွမ်း မဟာမိတ်ဘက်မှ သင်္ဘောတစ်စု သည် ချောင်ချောင်ဘက်သို့ လက်နက်ချရန် ပြောဆိုချဉ်းကပ်လာသည်၊ ထို့နောက်နီးလာသောအခါ လောင်စာအပြည့်ပါသည့် ထိုသင်္ဘောများကို မီးရှို့ကာ ရွက်ကုန်ဖွင့်လျက် လွှတ်လိုက်ပြီးနောက် သင်္ဘောသားများက သင်္ဘောများနောက်တွင် ချိတ်ပါလာသည့် လှေငယ်များအပေါ် တက်ကျန်ကာ ပြန်ဆုတ်ကြသည်။ ချောင်ချောင်၏ သင်္ဘောများအားလုံး မီးလောင်ကုန်သည်သာမက ကုန်းပေါ်ရှိ စခန်းနေရာများကိုပါ မီးစွဲလောင်သည် ဟု ဆိုသည်။ ချောင်ချောင် အကြီးအကျယ် ရှုံးနိမ့်ပြီး မြောက်ပိုင်းသို့ ပြန်ဆုတ်ရသည်။
● ကမ်းပါးနီတိုက်ပွဲအား ချောင်ချောင်ရှုံးနိမ့်သွားသည့်အတွက် တရုတ်ပြည် တပြည်လုံးအဖြစ် ပေါင်းစည်းနိုင်ရေးမှာ ချောင်ချောင်လက်ထက် ပြီးစီးအောင် မလုပ်နိုင်တော့ချေ။ တရုတ်အနောက်တောင်ပိုင်းတွင် လျူပေ့ ဦးဆောင်သော ရှုနိုင်ငံ ဖြစ်လာပြီး အရှေ့တောင်ပိုင်းတွင် စွန်းချွမ် ဦးဆောင်သော ဝူနိုင်ငံဖြစ်လာသည်။ ထိုနှစ်နိုင်ငံစလုံး၏ မြောက်ဘက်တွင် ဝေနိုင်ငံအဖြစ်ထူထောင်ပြီး ချောင်ချောင်က ဝေနိုင်ငံမင်းကြီးအဖြစ် ဧကရာဇ် ဟန့်ရှန်းတိ လက်အောက်၌ ဘွဲ့ခံသည်။ ချောင်ချောင်လက်ထက်၌ တရုတ်ပြည်အား တစ်နိုင်ငံတည်းအဖြစ် မပေါင်းစည်းနိုင်ခဲ့သော်လည်း ချောင်ချောင်၏ ဝေနိုင်ငံကို ဆက်ခံသူများသည် ဆယ်စုနှစ်များစွာမကြာမီ ကျန်နှစ်နိုင်ငံအား သိမ်းပိုက် သွတ်သွင်း ပေါင်းစည်းနိုင်ခဲ့သည်။
KZO
(၁-၀၉-၂၀၂၁)
[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၂၀)]
ShortNotesOnPoliticsForYouth
KyawZawOo
KZO
==========