ဗျူရိုကရေစီ အား လေ့လာသုံးသပ်သူ မက်ခ်စ်ဗေးဘာ (Max Weber) အကြောင်း မိတ်ဆက်

[ Zawgyi font First / Unicode below ]

ဗ်ဴရိုကေရစီ အား ေလ့လာသံုးသပ္သူ မက္ခ္စ္ေဗးဘာ (Max Weber) အေၾကာင္း မိတ္ဆက္
==========

ဗ်ဴရိုကေရစီယႏၱရား၏ အလုပ္လုပ္ပံုအား ေလ့လာသံုးသပ္လ်က္ စာအုပ္မ်ား အက္ေဆးမ်ား အေစာင္ေစာင္ ေရးသားခဲ့သူ၊ ဗ်ဴရိုကေရစီ ဟူေသာ စကားလံုးအား ပထမဦးဆံုးတြင္တြင္က်ယ္က်ယ္ သံုးစြဲခဲ့သူ မက္ခ္စ္ေဗးဘာ (၁၈၆၄-၁၉၂၀) သည္ ဂ်ာမန္လူမ်ိဳး လူမႈေရးေဗဒပညာရွင္၊ ႏိုင္ငံေရးေဘာဂေဗဒပညာရွင္၊ အေတြးအေခၚပညာရွင္ တစ္ဦးျဖစ္ေလသည္။ ၎ေရးသားခဲ့ေသာ ဗ်ဴရိုကေရစီယႏၱရားဆိုင္ရာ ပညာရပ္ေဆာင္းပါးမ်ား စာအုပ္မ်ားမွာ လူမႈေရးေဗဒ (sociology) ေလ့လာသူမ်ားအတြက္ ဖတ္ကိုဖတ္ရမည့္ စာတမ္းမ်ား ျဖစ္ၾကပါသည္။

လူမႈေရးေဗဒ (sociology) ဟူသည့္ ဘာသာရပ္ႀကီးတစ္ခုအား ကားလ္မာ့ခ္စ္၊ Emile Durkheim တို႔ႏွင့္ တန္းတူ ေဖာ္ထုတ္တည္ေထာင္ေပးခဲ့သူ ဘာသာရပ္ဖခင္ႀကီး တစ္ဦးအျဖစ္ ၎အား မွတ္ယူၾကသည္။ ထိုဘာသာရပ္တြင္ သူ၏ သေဘာတရားပိုင္း ျဖည့္ဆည္းေပးခဲ့မႈမ်ားမွာ အဓိကအားျဖင့္ သံုးရပ္ရွိသည္ ဟု သတ္မွတ္ၾကသည္။ (တစ္) လူ႔အဖြဲ႕အစည္း၏ ယဥ္ေက်းမႈႏွင့္ စီးပြားေရး အလံုးအထည္ (economy) အၾကား ဆက္ႏြယ္မႈအား သံုးသပ္ေဖာ္ျမဴလာထုတ္ျခင္း၊ (ႏွစ္) လူပုဂၢိဳလ္မ်ား ႏွင့္ အဖြဲ႕အစည္းမ်ား အာဏာရရွိလာပံုႏွင့္ အာဏာကိုထိန္းထားရန္ အားထုတ္ပံုတို႔အား သံုးသပ္ျခင္း၊ (သံုး) ဗ်ဳရိုကေရစီ ၏ “သံေလွာင္ၿခိဳင့္” ေခၚ “သံမဏိစြပ္ခြံ” (shell as hard as steel) ႏွင့္ ယင္းက ကၽြႏ္ုပ္တို႔၏ဘ၀မ်ားအား မည္ကဲ့သို႔ သက္ေရာက္ပံုေဖာ္သနည္း – ဆိုသည့္ အေၾကာင္းအရာမ်ား ျဖစ္ၾကသည္။

ႏိုင္ငံေတာ္ (the state) အား မက္ခ္စ္ေဗးဘာ က ဖြင့္ဆိုပံု
●  ေဗးဘာ၏ သတ္မွတ္ခ်က္အရ ႏုိင္ငံေတာ္ (the state) ဆိုသည္မွာ – “သတ္မွတ္နယ္ေျမတစ္ခုအတြင္း ရုပ္ပိုင္းဆိုင္ရာအင္အား တရား၀င္အသံုးျပဳမႈကို လက္၀ါးႀကီးအုပ္ခြင့္အား (ေအာင္ျမင္စြာ) ရယူသြားသည့္ လူ႔အသိုက္အ၀န္း” – a human community that (successfully) claims the monopoly of the legitimate use of physical force within a given territory – ဟု သတ္မွတ္ဖြင့္ဆိုသည္။ ဒီမိုကေရစီႏိုင္ငံ၊ ဒီမိုကေရစီအစိုးရ၊ အာဏာရွင္အစိုးရ စသည္အားျဖင့္ ခြဲျခားေျပာေနစရာမလိုဘဲ အလံုးစံုေသာ “ႏိုင္ငံေတာ္” တို႔သည္ ဤအဓိပၸါယ္ဖြင့္ဆိုမႈ ေအာက္တြင္ ၿခံဳငံုမိသည္ ဟု ေဗးဘာ က သတ္မွတ္သည္။ ႏိုင္ငံေတာ္တို႔သည္ အုပ္ခ်ဳပ္ရေသာ လူဦးေရမ်ားလာသည့္အခါ ထိထိေရာက္ေရာက္အုပ္ခ်ဳပ္ႏိုင္ရန္အတြက္ ဗ်ဴရိုကေရစီ ယႏၱရားမ်ားကို တည္ေဆာက္ လည္ပတ္ေစၾကရသည္။

ဗ်ဴရိုကေရစီ အား ေလ့လာခ်က္
● ဗ်ဴရိုကေရစီ အား အလြယ္ဆံုးနားလည္ေအာင္ေျပာရလွ်င္ – အေရးအႀကီးဆံုး ဆံုးျဖတ္ခ်က္မ်ားကို (ေရြးေကာက္ခံ မဟုတ္ေသာ) ႏိုင္ငံေတာ္ခန္႔ အရာရွိမ်ားက ဆံုးျဖတ္လုပ္ကိုင္ၾကသည့္ အစိုးရလက္တံ ယႏၱရားမ်ား – ဟု ဆိုႏိုင္မည္ ထင္ပါသည္။ ဗ်ဴရိုကေရစီ ယႏၱရားအား အစိုးရလုပ္ေဆာင္ဖြယ္ရာမ်ားကို အေကာင္အထည္ေဖာ္သည့္ လက္ေအာက္ခံအဖြဲ႕အစည္းမ်ားတြင္သာ အမ်ားဆံုး အသံုးျပဳၾကေသာ္လည္း ႀကီးမားေသာ စီးပြားေရး အဖြဲ႕အစည္းမ်ား ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားတြင္လည္း ဗ်ဴရုိကေရစီ ယႏၱရားမ်ား ရွိေနႏိုင္သည္။ မက္ခ္စ္ေဗးဘာ က ဗ်ဴရိုကေရစီ အား ေဆြးေႏြးသည့္အခါ အစိုးရမဟုတ္ေသာ ယႏၱရားမ်ားကိုပါ ၿခံဳငံုမိေအာင္ တင္ျပေဆြးေႏြးသည္ကို ေတြ႕ရသည္။

● ဗ်ဴရိုကေရစီပံုစံ (ေမာ္ဒယ္) အနည္းဆံုး သံုးမ်ိဳးခန္႔တို႔ ရွိသည့္အနက္ – မတ္ခ္စ္ေဗးဘာ တင္ျပေသာ ဗ်ဴရိုကေရစီ အမ်ိဳးအစားကို rational ေမာ္ဒယ္ (သို႔မဟုတ္) ၀တ္ဘာရီယန္ (Weberian) ေမာ္ဒယ္ ဟု ေခၚၾကသည္။ ဗ်ဴရိုကေရစီမ်ား၏ ႀကံအင္လကၡဏာ ေျခာက္မ်ိဳးကို ေဗးဘာ က ခြဲျခမ္းတင္ျပသည္။
◊ “A formal hierarchical structure” ။ ဗ်ဴရိုကေရစီ ယႏၱရားမ်ားတြင္ အထက္ေအာက္ ဖြဲ႕စည္းပံုရွိသည္။ အထက္အဆင့္က ေအာက္အဆင့္ကို ထိန္းခ်ဳပ္သည္။ ဗဟိုအဆင့္က စီမံေရးဆြဲျခင္း ႏွင့္ ဗဟိုအဆင့္ ဆံုးျဖတ္ခ်က္မ်ားခ်မွတ္ျခင္းတို႔ လုပ္ေဆာင္ႏိုင္ရန္ ႏွင့္ ယင္းတို႔ကို ေအာက္ေျခတြင္ အေကာင္အထည္ ေဖာ္ႏိုင္ရန္အတြက္ အထက္ေအာက္ ဖြဲ႕စည္းပံုသည္ အေျခခံအုတ္ျမစ္ ျဖစ္သည္။
◊ “Rules-based management” ။ ထိန္းခ်ဳပ္မႈကို သက္ေရာက္ေစႏိုင္ရန္အတြက္ အဖြဲ႕အစည္းသည္ စည္းမ်ဥ္းမ်ားကို ခ်မွတ္အသံုးျပဳသည္။ မည္သည့္အေျခအေနတြင္ မည္ကဲ့သို႔လုပ္ရမည္ ဟူေသာ စည္းမ်ဥ္းတို႔အားျဖင့္ တသမတ္တည္းျဖစ္မႈ (uniformity) ႏွင့္ ေကာင္းစြာခ်ိတ္ဆက္လုပ္ေဆာင္မႈ (coordination) တို႔ကို ျဖစ္ေပၚေစသည္။ အားလံုးေသာ အုပ္ခ်ဳပ္ေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ားအား တရား၀င္ စည္းမ်ဥ္းမ်ားအရ သတ္မွတ္ လုပ္ေဆာင္ေစျခင္း ျဖစ္သည္။ ဤနည္းအားျဖင့္   ထိုစည္းမ်ဥ္းမ်ားႏွင့္ခ်ိတ္ဆက္ထားသည့္အတြက္ အထက္အဆင့္မ်ားမွ ခ်မွတ္လုိက္ေသာ ဆံုးျဖတ္ခ်က္မ်ားသည္ အဆင့္အဆင့္ အထစ္အေငါ့မရွိ ေအာက္ေျခသို႔ေရာက္ရွိ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၾကသည္။
◊ “Functional specialty organization” ။ အဖြဲ႕အစည္းမ်ားကို ကၽြမ္းက်င္မႈအလိုက္ သီးျခားခြဲျခား ေဆာင္ရြက္ေစသည္။ လူ၀င္မႈႀကီးၾကပ္ေရး လုပ္ငန္း၊ အခြန္ေကာက္ခံျခင္းလုပ္ငန္း စသည္ျဖင့္ အဖြဲ႕အစည္း၏ အထူးကၽြမ္းက်င္မႈအလိုက္ ခြဲျခားေဆာင္ရြက္ေစသကဲ့သို႔ ၀န္ထမ္းတစ္ဦးခ်င္းအလိုက္ ကၽြမ္းက်င္မႈ သီးျခားနယ္ပယ္မ်ားအလိုက္ တာ၀န္ထမ္းေဆာင္ေစသည္။
◊ “Up-focused or in-focused mission” ။ အဖြဲ႕အစည္းအား လုပ္ပိုင္ခြင့္အပ္ႏွင္းေသာ ႏုိင္ငံအစိုးရ သို႔မဟုတ္ အစုရွယ္ရာရွင္မ်ား သို႔မဟုတ္ ဘုတ္အဖြဲ႕၀င္မ်ား သို႔မဟုတ္ အေပၚအာဏာပိုင္အဖြဲ႕တစ္ဖြဲ႕ကို တာ၀န္ထမ္းေဆာင္ေသာ လုပ္ငန္းေဆာင္တာျဖစ္လွ်င္ up-focused mission ျဖစ္ၿပီး မိမိတို႔အဖြဲ႕အစည္းသက္သက္ ကိုေသာ္လည္းေကာင္း အဖြဲ႕အစည္း၀င္မ်ားကိုသာလွ်င္လည္းေကာင္း တာ၀န္ထမ္းေဆာင္ေသာ လုပ္ငန္းေဆာင္တာ ျဖစ္လွ်င္ in-focused mission ျဖစ္သည္။ တျပည္ေထာင္စနစ္တြင္ ျပည္သူ႔၀န္ေဆာင္မႈ လုပ္ငန္းအားလံုးလိုလို အစိုးရ ဌာနဆိုင္ရာလုပ္ငန္းအားလံုးလိုလို တို႔သည္ up-focused အေပၚသို႔ တနည္းအားျဖင့္ အစိုးရကို တာ၀န္ခံရေလ့ရွိသည္။ ဖြဲ႕စည္းပံုပ်က္ေနျခင္း အက်င့္ပ်က္ျခစားမႈလြန္ကဲေနျခင္း တို႔ ျဖစ္လာပါက up-focused ျဖစ္ရမည့္ အဖြဲ႕အစည္းမ်ားသည္ in-focused ဆန္ဆန္ျဖစ္လာတတ္သည္။ self-serving ျဖစ္လာတတ္သည္။ စစ္ေတြကန္ေတာ္ႀကီးမွ တစ္ႏွစ္ပတ္လံုး လံုေလာက္စြာ ေရေပးေ၀ႏိုင္ရန္အတြက္ ဘက္ဂ်က္ သိန္းေထာင္ေပါင္းမ်ားစြာ အခါခါထည့္ေသာ္လည္း ထည့္မ်ိဳးထည့္ မေလာက္ ျဖစ္လာသည္။
◊ “impersonal” ။ အဖြဲ႕အစည္းက မိမိ၀န္ထမ္းမ်ားကို ဆက္ဆံသည့္အခါ ခံစားေရွ႕မထား ခြဲျခားမႈမပါ တူညီစြာဆက္ဆံသကဲ့သို႔ အဖြဲ႕အစည္းက ျပည္သူမ်ားကို (သို႔မဟုတ္ စားသံုးသူမ်ားကို) ဆက္ဆံသည့္အခါ တြင္လည္း ခံစားမႈေရွ႕မထား ခြဲျခားမႈမပါ တူညီစြာဆက္ဆံသည္။ ဤနည္းအားျဖင့္  nepotism ေခၚ ေဆြမ်ိဳးေကာင္းစားေရး၀ါဒ သို႔မဟုတ္ အျပင္လူမ်ားစြက္ဖက္မႈ သို႔မဟုတ္ ႏိုင္ငံေရး ၀င္စြက္မႈ မ်ားမွ ကင္းလြတ္ေစသည္။ I am just doing my job. တို႔ – တာ၀န္အရ ဖမ္းရတာပါ တို႔ – စသည့္ စသည့္ စကားတို႔သည္ ဗ်ဴရိုကေရစီ ယႏၱရား၏ သရုပ္သ႑ာန္ကို ေပၚလြင္ေစသည့္ စကားမ်ား ျဖစ္ၾကသည္။ ဆံုးျဖတ္ခ်က္မ်ားကို က်ိဳးေၾကာင္းဆီေလ်ာ္မႈ အျခင္းအရာမ်ား (rational factors) သက္သက္ကို အေျခခံ ဆံုးျဖတ္သည္၊ လူပုဂၢိဳလ္ အျခင္းအရာမ်ား (personal factors) ကို အေျခခံ ဆံုးျဖတ္ျခင္းမျပဳ။
◊ “Employment based on technical qualifications” ။  ဌာနအလိုက္၊ ရာထူးေနရာအလိုက္ ခန္႔အပ္ျခင္း ရာထူးတိုးျခင္းတို႔တြင္ သက္ဆိုင္ရာကၽြမ္းက်င္မႈနယ္ပယ္ကို အေျခခံကာ လုပ္ေဆာင္ရသည္။ ဆရာ၀န္ေနရာကို ဆရာ၀န္ခန္႔အပ္ရသည္။ အင္ဂ်င္နီယာေနရာတြင္ အင္ဂ်င္နီယာခန္႔ရသည္။

အုပ္ခ်ဳပ္သည့္အာဏာ၏ တရား၀င္မႈ (legitimacy) သံုးမ်ိဳး
● အုပ္ခ်ဳပ္သည့္အာဏာ သို႔မဟုတ္ အုပ္ခ်ဳပ္ျခင္း သေဘာ သံုးသည့္စကားလံုးကို ေဗးဘာ၏ မူရင္း ဂ်ာမန္ဘာသာ ေရးသားခ်က္မ်ားတြင္ Herrschaft ဟု ေရးသားထားရာ ယင္းမွာ တိုက္ရိုက္အဓိပၸါယ္အားျဖင့္ “lordhip” ဟု အဓိပၸါယ္ရၿပီး ယင္းကို အဂၤလိပ္ဘာသာျပန္သူအခ်ိဳ႕ authority ဟု ဘာသာျပန္လ်က္ အခ်ိဳ႕က domination ဟု ဘာသာျပန္ၾကေလသည္။

● မည္သည့္အုပ္ခ်ဳပ္သူမဆို မိမိတို႔၏ အုပ္ခ်ဳပ္ခြင့္ရွိမႈအတြက္ ေကာင္းမြန္ျပတ္သားေသာ ရွင္းလင္းခ်က္လိုအပ္ေလသည္။ ထိုရွင္းလင္းခ်က္ကို သာမန္အခ်ိန္မ်ိဳးတြင္ ေယဘုယ်အားျဖင့္ အုပ္ခ်ဳပ္ခံ လူအမ်ားက သာမန္အားျဖင့္ ၿပီးစလြယ္လက္ခံထားတတ္ၾကေလ့ရွိေသာ္လည္း၊ တိုင္းျပည္၏ အၾကပ္အတည္းကာလမ်ားတြင္မူကား အုပ္ခ်ဳပ္ခြင့္ရွိမႈ (တစ္နည္း အုပ္ခ်ဳပ္သူ၏ တရား၀င္မႈ/legitimacy) အား ေမးခြန္းထုတ္တတ္ၾကေလသည္။ ဥပမာအားျဖင့္ – လက္ရွိ အက်ပ္အတည္းကာလတြင္ စစ္တပ္ဦးေဆာင္ေသာ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးေကာင္စီ (စကစ) ၏ တရား၀င္မႈ/legitimacy ကို NUG ကျငင္းပယ္ၿပီး NUG ၏ တရား၀င္မႈကို စကစ ဘက္မွ လက္စတံုး ျငင္းပယ္ေခ်မႈန္းရန္ ႀကိဳးစားေနသည္ကို ေတြ႕ရမည္ ျဖစ္ေလသည္။

●  မက္ခ္စ္ေဗးဘာ ၏ အဆိုအရ – အုပ္ခ်ဳပ္သည့္အာဏာ (domination or authority) ၏ တရား၀င္မႈ (legitimacy) မွာ သံုးမ်ိဳးအစင္ ရွိသည္ ဟု ဆိုေလသည္။ သံုးမ်ိဳးအစင္ ဆိုသည့္သေဘာကား အေရာအေႏွာအမ်ိဳးအစားမ်ား ရွိေနႏိုင္သည္ ဟု ဆိုလိုသည္။ ထိုသံုးမ်ိဳးအစင္တို႔မွာ – (တစ္) Charisma ၊ (ႏွစ္) tradition ႏွင့္ (သံုး) legality သို႔မဟုတ္ legal-rationality တို႔ ျဖစ္ၾကသည္ ဟု ဆိုေလသည္။

● ပထမအမ်ိဳးအစားတြင္ charisma ေခၚ လူအမ်ားႏွစ္လိုလက္ခံေသာ ထူးကဲေခါင္းေဆာင္ အရည္အေသြး မ်ားအား လူထုအားသိေစလ်က္ ထိုထူးကဲေခါင္းေဆာင္၏ အုပ္ခ်ဳပ္မႈျဖစ္ထြန္းေစျခင္းျဖစ္ေလသည္။ ဒုတိယအမ်ိဳးအစား tradition ေခၚ ဓေလ့ထံုးတမ္း အရ အုပ္ခ်ဳပ္မႈ တရား၀င္ျခင္းဟူသည္ကား ကာလၾကာျမင့္စြာ မိမိတို႔ လူအစုအေ၀း၏ အေလ့အထ က်င့္ထံုးျဖစ္ေနေသာ သတ္မွတ္ခ်က္မ်ားအရ အုပ္ခ်ဳပ္ျခင္း ျဖစ္ေလသည္။ ဥပမာအားျဖင့္ – ဘုရင္စနစ္ ျဖစ္ေလသည္။ တတိယအမ်ိဳးအစားမွာကား – သင့္ေလ်ာ္ေသာ ဥပေဒေရးရာ-က်ိဳးေၾကာင္းဆီေလ်ာ္မႈ ဆိုင္ရာ ဆင္ျခင္သံုးသပ္မႈ (legal-rationality resoning) တို႔အားျဖင့္ တည္ေဆာက္ေရးဆြဲေသာ – impersonal လူပုဂၢိဳလ္ကို အေျခမခံသည့္ စည္းမ်ဥ္းမ်ား universal အားလံုးႏွင့္အႀကံဳး၀င္သည့္ မူ၀ါဒတို႔အားျဖင့္ တည္ေဆာက္အပ္ေသာ အုပ္ခ်ဳပ္လႊမ္းမိုးမႈ ျဖစ္သည္ ဟု ဆိုေလသည္။

● Charisma ကို အေျခခံသည့္ ပထမအမ်ိဳးအစားတြင္ ထူးကဲေခါင္းေဆာင္ ေသလြန္သည့္အခါ ထိုအုပ္ခ်ဳပ္လႊမ္းမိုးမႈသည္ ဆက္လက္မတည္တံ့ဘဲ ၿပိဳလဲတတ္သည္ ဟု ဆိုေလသည္။ tradition ကို အေျခခံသည့္ ဒုတိယအမ်ိဳးအစား သည္ကား လူတို႔သည္ rationality က်ိဳးေၾကာင္းဆင္ျခင္ လုပ္ေဆာင္မႈမ်ားကို ပိုမို လုပ္ေဆာင္သထက္ လုပ္ေဆာင္လာၾကၿပီး ဓေလ့ထံုးတမ္းမ်ားကို စြန္႔ပယ္သထက္ စြန္႔ပယ္လာၾက သည္ႏွင့္အမွ် လဲၿပိဳက် တတ္ၾကေလသည္ ဟု ဆိုသည္။

KZO
(၂၁-၀၉-၂၀၂၁)

[လူငယ္မ်ားအတြက္ ႏိုင္ငံေရးမွတ္စုတိုမ်ား (၂၂)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========

[ Unicode hee ]

ဗျူရိုကရေစီ အား လေ့လာသုံးသပ်သူ မက်ခ်စ်ဗေးဘာ (Max Weber) အကြောင်း မိတ်ဆက်

ဗျူရိုကရေစီယန္တရား၏ အလုပ်လုပ်ပုံအား လေ့လာသုံးသပ်လျက် စာအုပ်များ အက်ဆေးများ အစောင်စောင် ရေးသားခဲ့သူ၊ ဗျူရိုကရေစီ ဟူသော စကားလုံးအား ပထမဦးဆုံးတွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့သူ မက်ခ်စ်ဗေးဘာ (၁၈၆၄-၁၉၂၀) သည် ဂျာမန်လူမျိုး လူမှုရေးဗေဒပညာရှင်၊ နိုင်ငံရေးဘောဂဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင် တစ်ဦးဖြစ်လေသည်။ ၎င်းရေးသားခဲ့သော ဗျူရိုကရေစီယန္တရားဆိုင်ရာ ပညာရပ်ဆောင်းပါးများ စာအုပ်များမှာ လူမှုရေးဗေဒ (sociology) လေ့လာသူများအတွက် ဖတ်ကိုဖတ်ရမည့် စာတမ်းများ ဖြစ်ကြပါသည်။

လူမှုရေးဗေဒ (sociology) ဟူသည့် ဘာသာရပ်ကြီးတစ်ခုအား ကားလ်မာ့ခ်စ်၊ Emile Durkheim တို့နှင့် တန်းတူ ဖော်ထုတ်တည်ထောင်ပေးခဲ့သူ ဘာသာရပ်ဖခင်ကြီး တစ်ဦးအဖြစ် ၎င်းအား မှတ်ယူကြသည်။ ထိုဘာသာရပ်တွင် သူ၏ သဘောတရားပိုင်း ဖြည့်ဆည်းပေးခဲ့မှုများမှာ အဓိကအားဖြင့် သုံးရပ်ရှိသည် ဟု သတ်မှတ်ကြသည်။ (တစ်) လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် စီးပွားရေး အလုံးအထည် (economy) အကြား ဆက်နွယ်မှုအား သုံးသပ်ဖော်မြူလာထုတ်ခြင်း၊ (နှစ်) လူပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများ အာဏာရရှိလာပုံနှင့် အာဏာကိုထိန်းထားရန် အားထုတ်ပုံတို့အား သုံးသပ်ခြင်း၊ (သုံး) ဗျုရိုကရေစီ ၏ “သံလှောင်ခြိုင့်” ခေါ် “သံမဏိစွပ်ခွံ” (shell as hard as steel) နှင့် ယင်းက ကျွန်ုပ်တို့၏ဘ၀များအား မည်ကဲ့သို့ သက်ရောက်ပုံဖော်သနည်း – ဆိုသည့် အကြောင်းအရာများ ဖြစ်ကြသည်။

နိုင်ငံတော် (the state) အား မက်ခ်စ်ဗေးဘာ က ဖွင့်ဆိုပုံ
●  ဗေးဘာ၏ သတ်မှတ်ချက်အရ နိုင်ငံတော် (the state) ဆိုသည်မှာ – “သတ်မှတ်နယ်မြေတစ်ခုအတွင်း ရုပ်ပိုင်းဆိုင်ရာအင်အား တရား၀င်အသုံးပြုမှုကို လက်ဝါးကြီးအုပ်ခွင့်အား (အောင်မြင်စွာ) ရယူသွားသည့် လူ့အသိုက်အ၀န်း” – a human community that (successfully) claims the monopoly of the legitimate use of physical force within a given territory – ဟု သတ်မှတ်ဖွင့်ဆိုသည်။ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီအစိုးရ၊ အာဏာရှင်အစိုးရ စသည်အားဖြင့် ခွဲခြားပြောနေစရာမလိုဘဲ အလုံးစုံသော “နိုင်ငံတော်” တို့သည် ဤအဓိပ္ပါယ်ဖွင့်ဆိုမှု အောက်တွင် ခြုံငုံမိသည် ဟု ဗေးဘာ က သတ်မှတ်သည်။ နိုင်ငံတော်တို့သည် အုပ်ချုပ်ရသော လူဦးရေများလာသည့်အခါ ထိထိရောက်ရောက်အုပ်ချုပ်နိုင်ရန်အတွက် ဗျူရိုကရေစီ ယန္တရားများကို တည်ဆောက် လည်ပတ်စေကြရသည်။

ဗျူရိုကရေစီ အား လေ့လာချက်
● ဗျူရိုကရေစီ အား အလွယ်ဆုံးနားလည်အောင်ပြောရလျှင် – အရေးအကြီးဆုံး ဆုံးဖြတ်ချက်များကို (ရွေးကောက်ခံ မဟုတ်သော) နိုင်ငံတော်ခန့် အရာရှိများက ဆုံးဖြတ်လုပ်ကိုင်ကြသည့် အစိုးရလက်တံ ယန္တရားများ – ဟု ဆိုနိုင်မည် ထင်ပါသည်။ ဗျူရိုကရေစီ ယန္တရားအား အစိုးရလုပ်ဆောင်ဖွယ်ရာများကို အကောင်အထည်ဖော်သည့် လက်အောက်ခံအဖွဲ့အစည်းများတွင်သာ အများဆုံး အသုံးပြုကြသော်လည်း ကြီးမားသော စီးပွားရေး အဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း ဗျူရိုကရေစီ ယန္တရားများ ရှိနေနိုင်သည်။ မက်ခ်စ်ဗေးဘာ က ဗျူရိုကရေစီ အား ဆွေးနွေးသည့်အခါ အစိုးရမဟုတ်သော ယန္တရားများကိုပါ ခြုံငုံမိအောင် တင်ပြဆွေးနွေးသည်ကို တွေ့ရသည်။

● ဗျူရိုကရေစီပုံစံ (မော်ဒယ်) အနည်းဆုံး သုံးမျိုးခန့်တို့ ရှိသည့်အနက် – မတ်ခ်စ်ဗေးဘာ တင်ပြသော ဗျူရိုကရေစီ အမျိုးအစားကို rational မော်ဒယ် (သို့မဟုတ်) ၀တ်ဘာရီယန် (Weberian) မော်ဒယ် ဟု ခေါ်ကြသည်။ ဗျူရိုကရေစီများ၏ ကြံအင်လက္ခဏာ ခြောက်မျိုးကို ဗေးဘာ က ခွဲခြမ်းတင်ပြသည်။
◊ “A formal hierarchical structure” ။ ဗျူရိုကရေစီ ယန္တရားများတွင် အထက်အောက် ဖွဲ့စည်းပုံရှိသည်။ အထက်အဆင့်က အောက်အဆင့်ကို ထိန်းချုပ်သည်။ ဗဟိုအဆင့်က စီမံရေးဆွဲခြင်း နှင့် ဗဟိုအဆင့် ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ လုပ်ဆောင်နိုင်ရန် နှင့် ယင်းတို့ကို အောက်ခြေတွင် အကောင်အထည် ဖော်နိုင်ရန်အတွက် အထက်အောက် ဖွဲ့စည်းပုံသည် အခြေခံအုတ်မြစ် ဖြစ်သည်။
◊ “Rules-based management” ။ ထိန်းချုပ်မှုကို သက်ရောက်စေနိုင်ရန်အတွက် အဖွဲ့အစည်းသည် စည်းမျဉ်းများကို ချမှတ်အသုံးပြုသည်။ မည်သည့်အခြေအနေတွင် မည်ကဲ့သို့လုပ်ရမည် ဟူသော စည်းမျဉ်းတို့အားဖြင့် တသမတ်တည်းဖြစ်မှု (uniformity) နှင့် ကောင်းစွာချိတ်ဆက်လုပ်ဆောင်မှု (coordination) တို့ကို ဖြစ်ပေါ်စေသည်။ အားလုံးသော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား တရား၀င် စည်းမျဉ်းများအရ သတ်မှတ် လုပ်ဆောင်စေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်   ထိုစည်းမျဉ်းများနှင့်ချိတ်ဆက်ထားသည့်အတွက် အထက်အဆင့်များမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များသည် အဆင့်အဆင့် အထစ်အငေါ့မရှိ အောက်ခြေသို့ရောက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်ကြသည်။
◊ “Functional specialty organization” ။ အဖွဲ့အစည်းများကို ကျွမ်းကျင်မှုအလိုက် သီးခြားခွဲခြား ဆောင်ရွက်စေသည်။ လူ၀င်မှုကြီးကြပ်ရေး လုပ်ငန်း၊ အခွန်ကောက်ခံခြင်းလုပ်ငန်း စသည်ဖြင့် အဖွဲ့အစည်း၏ အထူးကျွမ်းကျင်မှုအလိုက် ခွဲခြားဆောင်ရွက်စေသကဲ့သို့ ၀န်ထမ်းတစ်ဦးချင်းအလိုက် ကျွမ်းကျင်မှု သီးခြားနယ်ပယ်များအလိုက် တာ၀န်ထမ်းဆောင်စေသည်။
◊ “Up-focused or in-focused mission” ။ အဖွဲ့အစည်းအား လုပ်ပိုင်ခွင့်အပ်နှင်းသော နိုင်ငံအစိုးရ သို့မဟုတ် အစုရှယ်ရာရှင်များ သို့မဟုတ် ဘုတ်အဖွဲ့၀င်များ သို့မဟုတ် အပေါ်အာဏာပိုင်အဖွဲ့တစ်ဖွဲ့ကို တာ၀န်ထမ်းဆောင်သော လုပ်ငန်းဆောင်တာဖြစ်လျှင် up-focused mission ဖြစ်ပြီး မိမိတို့အဖွဲ့အစည်းသက်သက် ကိုသော်လည်းကောင်း အဖွဲ့အစည်း၀င်များကိုသာလျှင်လည်းကောင်း တာ၀န်ထမ်းဆောင်သော လုပ်ငန်းဆောင်တာ ဖြစ်လျှင် in-focused mission ဖြစ်သည်။ တပြည်ထောင်စနစ်တွင် ပြည်သူ့၀န်ဆောင်မှု လုပ်ငန်းအားလုံးလိုလို အစိုးရ ဌာနဆိုင်ရာလုပ်ငန်းအားလုံးလိုလို တို့သည် up-focused အပေါ်သို့ တနည်းအားဖြင့် အစိုးရကို တာ၀န်ခံရလေ့ရှိသည်။ ဖွဲ့စည်းပုံပျက်နေခြင်း အကျင့်ပျက်ခြစားမှုလွန်ကဲနေခြင်း တို့ ဖြစ်လာပါက up-focused ဖြစ်ရမည့် အဖွဲ့အစည်းများသည် in-focused ဆန်ဆန်ဖြစ်လာတတ်သည်။ self-serving ဖြစ်လာတတ်သည်။ စစ်တွေကန်တော်ကြီးမှ တစ်နှစ်ပတ်လုံး လုံလောက်စွာ ရေပေးဝေနိုင်ရန်အတွက် ဘက်ဂျက် သိန်းထောင်ပေါင်းများစွာ အခါခါထည့်သော်လည်း ထည့်မျိုးထည့် မလောက် ဖြစ်လာသည်။
◊ “impersonal” ။ အဖွဲ့အစည်းက မိမိ၀န်ထမ်းများကို ဆက်ဆံသည့်အခါ ခံစားရှေ့မထား ခွဲခြားမှုမပါ တူညီစွာဆက်ဆံသကဲ့သို့ အဖွဲ့အစည်းက ပြည်သူများကို (သို့မဟုတ် စားသုံးသူများကို) ဆက်ဆံသည့်အခါ တွင်လည်း ခံစားမှုရှေ့မထား ခွဲခြားမှုမပါ တူညီစွာဆက်ဆံသည်။ ဤနည်းအားဖြင့်  nepotism ခေါ် ဆွေမျိုးကောင်းစားရေးဝါဒ သို့မဟုတ် အပြင်လူများစွက်ဖက်မှု သို့မဟုတ် နိုင်ငံရေး ၀င်စွက်မှု များမှ ကင်းလွတ်စေသည်။ I am just doing my job. တို့ – တာ၀န်အရ ဖမ်းရတာပါ တို့ – စသည့် စသည့် စကားတို့သည် ဗျူရိုကရေစီ ယန္တရား၏ သရုပ်သဏ္ဍာန်ကို ပေါ်လွင်စေသည့် စကားများ ဖြစ်ကြသည်။ ဆုံးဖြတ်ချက်များကို ကျိုးကြောင်းဆီလျော်မှု အခြင်းအရာများ (rational factors) သက်သက်ကို အခြေခံ ဆုံးဖြတ်သည်၊ လူပုဂ္ဂိုလ် အခြင်းအရာများ (personal factors) ကို အခြေခံ ဆုံးဖြတ်ခြင်းမပြု။
◊ “Employment based on technical qualifications” ။  ဌာနအလိုက်၊ ရာထူးနေရာအလိုက် ခန့်အပ်ခြင်း ရာထူးတိုးခြင်းတို့တွင် သက်ဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်ကို အခြေခံကာ လုပ်ဆောင်ရသည်။ ဆရာ၀န်နေရာကို ဆရာ၀န်ခန့်အပ်ရသည်။ အင်ဂျင်နီယာနေရာတွင် အင်ဂျင်နီယာခန့်ရသည်။

အုပ်ချုပ်သည့်အာဏာ၏ တရား၀င်မှု (legitimacy) သုံးမျိုး
● အုပ်ချုပ်သည့်အာဏာ သို့မဟုတ် အုပ်ချုပ်ခြင်း သဘော သုံးသည့်စကားလုံးကို ဗေးဘာ၏ မူရင်း ဂျာမန်ဘာသာ ရေးသားချက်များတွင် Herrschaft ဟု ရေးသားထားရာ ယင်းမှာ တိုက်ရိုက်အဓိပ္ပါယ်အားဖြင့် “lordhip” ဟု အဓိပ္ပါယ်ရပြီး ယင်းကို အင်္ဂလိပ်ဘာသာပြန်သူအချို့ authority ဟု ဘာသာပြန်လျက် အချို့က domination ဟု ဘာသာပြန်ကြလေသည်။

● မည်သည့်အုပ်ချုပ်သူမဆို မိမိတို့၏ အုပ်ချုပ်ခွင့်ရှိမှုအတွက် ကောင်းမွန်ပြတ်သားသော ရှင်းလင်းချက်လိုအပ်လေသည်။ ထိုရှင်းလင်းချက်ကို သာမန်အချိန်မျိုးတွင် ယေဘုယျအားဖြင့် အုပ်ချုပ်ခံ လူအများက သာမန်အားဖြင့် ပြီးစလွယ်လက်ခံထားတတ်ကြလေ့ရှိသော်လည်း၊ တိုင်းပြည်၏ အကြပ်အတည်းကာလများတွင်မူကား အုပ်ချုပ်ခွင့်ရှိမှု (တစ်နည်း အုပ်ချုပ်သူ၏ တရား၀င်မှု/legitimacy) အား မေးခွန်းထုတ်တတ်ကြလေသည်။ ဥပမာအားဖြင့် – လက်ရှိ အကျပ်အတည်းကာလတွင် စစ်တပ်ဦးဆောင်သော နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (စကစ) ၏ တရား၀င်မှု/legitimacy ကို NUG ကငြင်းပယ်ပြီး NUG ၏ တရား၀င်မှုကို စကစ ဘက်မှ လက်စတုံး ငြင်းပယ်ချေမှုန်းရန် ကြိုးစားနေသည်ကို တွေ့ရမည် ဖြစ်လေသည်။

●  မက်ခ်စ်ဗေးဘာ ၏ အဆိုအရ – အုပ်ချုပ်သည့်အာဏာ (domination or authority) ၏ တရား၀င်မှု (legitimacy) မှာ သုံးမျိုးအစင် ရှိသည် ဟု ဆိုလေသည်။ သုံးမျိုးအစင် ဆိုသည့်သဘောကား အရောအနှောအမျိုးအစားများ ရှိနေနိုင်သည် ဟု ဆိုလိုသည်။ ထိုသုံးမျိုးအစင်တို့မှာ – (တစ်) Charisma ၊ (နှစ်) tradition နှင့် (သုံး) legality သို့မဟုတ် legal-rationality တို့ ဖြစ်ကြသည် ဟု ဆိုလေသည်။

● ပထမအမျိုးအစားတွင် charisma ခေါ် လူအများနှစ်လိုလက်ခံသော ထူးကဲခေါင်းဆောင် အရည်အသွေး များအား လူထုအားသိစေလျက် ထိုထူးကဲခေါင်းဆောင်၏ အုပ်ချုပ်မှုဖြစ်ထွန်းစေခြင်းဖြစ်လေသည်။ ဒုတိယအမျိုးအစား tradition ခေါ် ဓလေ့ထုံးတမ်း အရ အုပ်ချုပ်မှု တရား၀င်ခြင်းဟူသည်ကား ကာလကြာမြင့်စွာ မိမိတို့ လူအစုအဝေး၏ အလေ့အထ ကျင့်ထုံးဖြစ်နေသော သတ်မှတ်ချက်များအရ အုပ်ချုပ်ခြင်း ဖြစ်လေသည်။ ဥပမာအားဖြင့် – ဘုရင်စနစ် ဖြစ်လေသည်။ တတိယအမျိုးအစားမှာကား – သင့်လျော်သော ဥပဒေရေးရာ-ကျိုးကြောင်းဆီလျော်မှု ဆိုင်ရာ ဆင်ခြင်သုံးသပ်မှု (legal-rationality resoning) တို့အားဖြင့် တည်ဆောက်ရေးဆွဲသော – impersonal လူပုဂ္ဂိုလ်ကို အခြေမခံသည့် စည်းမျဉ်းများ universal အားလုံးနှင့်အကြုံး၀င်သည့် မူဝါဒတို့အားဖြင့် တည်ဆောက်အပ်သော အုပ်ချုပ်လွှမ်းမိုးမှု ဖြစ်သည် ဟု ဆိုလေသည်။

● Charisma ကို အခြေခံသည့် ပထမအမျိုးအစားတွင် ထူးကဲခေါင်းဆောင် သေလွန်သည့်အခါ ထိုအုပ်ချုပ်လွှမ်းမိုးမှုသည် ဆက်လက်မတည်တံ့ဘဲ ပြိုလဲတတ်သည် ဟု ဆိုလေသည်။ tradition ကို အခြေခံသည့် ဒုတိယအမျိုးအစား သည်ကား လူတို့သည် rationality ကျိုးကြောင်းဆင်ခြင် လုပ်ဆောင်မှုများကို ပိုမို လုပ်ဆောင်သထက် လုပ်ဆောင်လာကြပြီး ဓလေ့ထုံးတမ်းများကို စွန့်ပယ်သထက် စွန့်ပယ်လာကြ သည်နှင့်အမျှ လဲပြိုကျ တတ်ကြလေသည် ဟု ဆိုသည်။

KZO
(၂၁-၀၉-၂၀၂၁)

[လူငယ်များအတွက် နိုင်ငံရေးမှတ်စုတိုများ (၂၂)]

#ShortNotesOnPoliticsForYouth

#KyawZawOo

#KZO

==========


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s