တက္ကသိုလ်ဓမ္မာရုံများ

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု ဆိုနိုင်သော မလေးရှားနိုင်ငံတွင် လာမည့် ၂၀၂၂-ခုနှစ် ဘက်ဂျက်အတွက် အစ္စလမ်ဘာသာရေးရာကိစ္စများ တိုးတက်ရေးအတွက် မလေးရှားရင်းဂစ် ၁.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၃ သုံးသန်းကျော်) သုံးစွဲရန် ဘက်ဂျက်လျာထားပြီးဖြစ်လေသည်။ မလေးရှားနိုင်ငံထဲရှိ တက္ကသိုလ်ဝင်းများ အားလုံးကို လွှမ်းခြုံသော မလေးရှားတစ်နိုင်ငံလုံးတွင် ထိုနိုင်ငံပိုင်ငွေများကို ဖြန့်ကျက်သုံးစွဲမည် ဖြစ်လေသည်။ နှစ်စဉ်နှစ်တိုင်းလည်း ထိုကဲ့သို့ သုံးစွဲနေကျ ဖြစ်လေသည်။

အာရပ်နိုင်ငံများကဲ့သို့ အခြားဘာသာများအပေါ်တွင် တင်းကျပ်မှု အလွန်အကျွံ လုပ်ဆောင်ခြင်းတို့အား သတင်း မျက်မြင်မတွေ့ရသော်လည်း မလေးရှားနိုင်ငံတွင် အစ္စလမ်ဘာသာကို မလေးဖက်ဒရေးရှင်းပြည်ထောင်စု၏ ကိုးကွယ်ရာဘာသာ အဖြစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် သတ်မှတ်ထားပါသည်။

လောလောလတ်လတ် ခေတ်ပြိုင် ကမ္ဘာအရပ်ရပ်အတက္ကသိုလ်များတွင် ကျောင်းသားအများစုတို့ ကိုးကွယ်ကြသည့် သက်ဆိုင်သည့် သာသာရေး ဝတ်ကျောင်းများ ထိုက်သင့်သလို ထားရှိကြကြောင်း သိရပါသည်။

ဘင်္ဂလာဒေ့ရှ်နှင့် ကပ်လျက်ရှိနေသော နယ်မြေတစ်ခုအနေဖြင့် လာမည့် နှစ်ငါးဆယ်တစ်ရာ အတွင်း မည်ကဲ့သို့ ပြောင်းလဲလာနိုင်သည်ကို ကြိုတင်ရှုမြင်ထားချက်များ ရှိနေကြပါသည်။ ဓမ္မာရုံရှိသည့်အဆင့်၊ ဓမ္ဓာရုံ အပါအဝင် မည်သည့် ဘာသာရေး အဆောက်အဦးမှ ထားခွင့်မရှိကြောင်း ပြောကြသည့် အဆင့်၊ ရှိပြီးသား ဓမ္မာရုံများကို ဖျက်သိမ်းသည့် အဆင့်၊ နောက် . . နောက် . . . စသည်ဖြင့် စသည်ဖြင့် အဆင့်ဆင့်ရှိလာနိုင်သည် ဟု ပြောကြပါက အဆိုးမြင်ဝါဒီ၊ အစွန်းရောက် အစရှိသည့် တံဆိပ်အမျိုးမျိုးကို အကပ်ခံရနိုင်လေသည်။

လက်ရှိ ရခိုင်ပြည်တွင် အမြင်မဆိုးသော အနေအထားဖြစ်စေရန်ကို ရည်ရွယ်ချက်ထားသည် ဆိုလျှင် – ဘာသာခြားများကို မဖိနှိပ်သည့် ပုံစံရှိနေဖို့အား ဦးတည်ရပေမည်။ မိမိ ဒူးဆစ်များကို ရိုက်ချိုးရန် ဦးတည်ရမည် မဟုတ်။ တစ်ဘက်လူအုပ်စုအား ဌာနေတိုင်းရင်းသားဖြစ်သူ ရခိုင်တို့နှင့် တန်းတူဖြစ်စေရေးကို စိတ်ထဲမှာထားရှိလျက် ရခိုင်တို့အား ရခိုင်ဟု မခေါ်စေဘဲ “ရခိုင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် လူ့အသိုက်အဝန်း” ဟု ခေါ်ဆိုစေရန် တလွဲတချော် ကြံစည်အားထုတ်မှုမှာ ချက်ချင်းနောက်ဆုတ်ခဲ့ရသောာ အဖြစ်သနစ်တို့အား အမှတ်ရသင့်ပေသည်။

၂၀၂၁ နိုဝင်ဘာလ (၂၆) ရက်

==========

blog post number – 223

short link to the post =>

==========

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s