ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)

[ Zawgyi Font first / Unicode below ]

ကိုယ္နဲ႔ကိုေရႊသာၾကားမွာ ဘယ္လိုမွေျပလည္ေအာင္ ေျဖရွင္း လို႔မရနိုင္တဲ့ ျပႆနာတစ္ခုျဖစ္လာတယ္။ အဲဒီျပႆနာက ကိုေရႊသာ လူႏွစ္ေယာက္သတ္တဲ့ကိစၥပဲ။ ေက်ာက္ေတာ္ၿမိဳ႕နယ္က ဗဟိုေကာ္မတီ ဝင္ ဦးေစာေမာင္အသတ္ခံရတာဟာ ကိုေရႊသာရဲ့ညႊန္ၾကားခ်က္နဲ႔ လုပ္ တာလို႔ ကိုယ္သံသယရွိတယ္။ သူသတ္တဲ့ ေနာက္တစ္ေယာက္ကေတာ့ ဌာနာ ရဲလွေအာင္။ ကိုရဲလွေအာင္ကိုေတာ့ ကိုေရႊသာကိုယ္တိုင္ကိုယ္က် သတ္တာ။ ကိုရဲလွေအာင္ကို သတ္လိုက္တဲ့အတြက္ ကိုေရႊသာနဲ႔ကိုယ္နဲ႔ ၾကားမွာ ဘယ္လိုမွရင္ၾကားေစ့လို႔မရနိုင္ေတာ့ဘူး။

          ကိုရဲလွေအာင္ဟာ ေျမာက္ဦး(ၿမိဳ႕ေဟာင္း)က ဒုရဲအုပ္ေဟာင္း တစ္ေယာက္ျဖစ္တယ္။ သူနဲ႔သူ႔မိတ္ေဆြေတြေပါင္းၿပီး နဆရလ (နယ္ခ်ဲ႕ ဆန႔္က်င္ေရးႏွင့္ ရခိုင္ျပည္သူ႔လြတ္ေျမာက္ေရးအဖြဲ႕) ဆိုတာကို ဖြဲ႕စည္း ၿပီး လႈပ္ရွားၾကဖူးတယ္။ အဲသည္အဖြဲ႕က ျပည္တြင္းမွာ ယူဂ်ီအေနနဲ႔ ရပ္တည္လႈပ္ရွားေနစဥ္အေတာအတြင္းမွာ ေဒသခံလမ္းစဥ္ပါတီက ေဖာ္ထုတ္အေရးယူလို႔ ၿပိဳကြဲသြားတယ္။ကိုရဲလွေအာင္ကေတာ့ ဒုရဲအုပ္ ဘ၀မွာ သူ႔စခန္းေတြကို ေျပာက္က်ားေတြက သိမ္းသြားလိုက္၊ လက္ နက္ေတြ ပါသြားလိုက္ ျဖစ္ျဖစ္ေနေတာ့ မသကၤာတာနဲ႔ အလုပ္ျဖဳတ္ ခံရတယ္။ ေနာက္ပိုင္းမွာ ကိုယ္နဲ႔ရဲေဘာ္ေမာင္ဟန္ကတစ္ဆင့္ ရကပ မွာ ပါတီဝင္အျဖစ္ လက္ခံဖို႔ေလၽွာက္ထားတာ ရွိတယ္။ ပါတီဝင္မဟုတ္ ေသးေပမယ့္ ပါတီက သူ႔ကိုယုံယုံၾကည္ၾကည္နဲ႔ တာဝန္ေပးထားတာ ေတြရွိေနၿပီ။ ဥပမာအားျဖင့္ ခ်န္ဒီဘာရနီ (ဘဂၤလားေဒ့ရွ္က သက္ သူပုန္ေတြ – ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕လို႔အမည္ရတယ္) နဲ႔ေဆြးေႏြးညႇိႏွိုင္း တာေတြအတြက္ ကိုရဲလွေအာင္က ပင္တိုင္တာဝန္ယူခရီးသြားရ တယ္။ ကိုယ္တို႔ဆီမွာက အဂၤလိပ္လို ေကာင္းေကာင္းကန္းကန္း စကားေျပာ နိုင္တာ ကိုယ္နဲ႔ကိုရဲလွေအာင္ႏွစ္ေယာက္ပဲရွိေတာ့ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္တပ္မႉးေတြနဲ႔ စကားသြားေျပာဖို႔ လိုလာရင္ ကိုယ္တို႔ ႏွစ္ေယာက္ပဲသြားၾကတယ္။ ဒုရဲအုပ္ေဟာင္းမို႔လို႔ “ဌာနာ” ၊ဒါမွမဟုတ္၊ “ဌာနာရဲလွေအာင္” လို႔ သူ႔ကိုေခၚၾကတယ္။

          ျပႆနာရဲ့အစက ကိုယ္ကိုင္တဲ့ ပစၥတိုေပ်ာက္သြားရာကေန စတာ။ ကိုယ့္ပစၥတိုဆိုေပမယ့္ ကိုယ္ကၿမိဳ႕ေပၚမွာ ယူဂ်ီအေနနဲ႔ အျမဲရွိ ေနေလေတာ့ ကိုယ့္ပစၥတိုကို ပါတီစခန္းမွာထားခဲ့တယ္။ (ဒူးရွည္ ကိုေအာင္စိန္သာက စပါးက်ီေတြကို ဝင္စီးဖို႔ အလုပ္ေတြရွိလို႔ ေသနတ္အတို ေတြလိုတယ္ဆိုေတာ့ ကိုယ့္ပစၥတိုကို ေပးငွားလိုက္တာ။ အဲသည္ကိစၥေတြ ၿပီးသြားေတာ့ ကိုယ့္ပစၥတိုကို ပါတီစခန္းမွာပဲထားလိုက္ေတာ့လို႔ ကိုယ္မွာ ထားခဲ့တယ္။ ဒီလိုနဲ႔ ေသနတ္က အဲသည္မွာ ေရာက္ေနတာ။) ပစၥတိုဟာ ေပ်ာက္သြားတဲ့ေန႔က ရဲေဘာ္ေမာင္ဟန္ရဲ့ အိတ္ထဲမွာ ရွိေနခဲ့ တယ္လို႔ ဆိုၾကတယ္။ အဲသည္အိတ္ထဲမွာ ပစၥတိုအျပင္ ပါတီဗဟိုေကာ္မတီ အစည္းအေဝးမွတ္တမ္း စာရြက္စာတမ္းေတြ ပါရွိေနခဲ့တယ္။ အစည္း အေဝးမွာ ကိုေရႊသာ ေျပာတဲ့စကားတစ္ခြန္းရွိတယ္။ “နဆရလ ေတြဟာ ရပကကိုတြယ္ကပ္ေနၾကတာ . . . အုန္းေဘာင္ကို သျပာကပ္တာ က် ေနတာပဲ၊ ခြာခ်လို႔ေတာင္မရဘူး” လို႔ေျပာခဲ့တယ္။ အဲသလို ေျပာတာကို ေျပာတဲ့အတိုင္း အစည္းအေဝးမွတ္တမ္းမွာ ေရးမွတ္ထားတာရွိတယ္။

          တစ္ေန႔ေတာ့ ကိုရဲလွေအာင္က (အမွတ္တမဲ့လား၊ ဘာလား) ေျပာတယ္တဲ့။ ကိုေရႊသာက ေျပာတယ္ဆိုပါလား၊ နဆရလေတြဟာ ပါတီမွာ ျဂင္းကပ္သလို ကပ္ေနၾကတယ္ဆိုပါလားတဲ့။ ဒါနဲ႔ကိုေရႊသာ တို႔အုပ္စုက သူ႔ကိုသံသယဝင္ၾကေတာ့တာပဲ။ ဒီအေၾကာင္းကို ဗဟို ေကာ္မတီဝင္ေတြကလြဲလို႔ ဘယ္သူမွာသိတာမဟုတ္ဘူး။ ကိုရဲလွေအာင္ သိေနတာ အစည္းအေဝးမွတ္တမ္းကို ဖတ္မိလို႔ပဲျဖစ္ရမယ္။ ကိုေမာင္ဟန္ရဲ့ အိတ္ကိုေမႊၿပီး ပစၥတိုယူသြားတာ ကိုရဲလွေအာင္ ျဖစ္ရမယ္ လို႔အေတြးဝင္ၾကပါေလေရာ။

          ဒါနဲ႔ ကိုေရႊသာတို႔အုပ္စုက ေတာပစ္သြားၾကမယ္ ဘာညာေျပာ ၿပီး ကိုရဲလွေအာင္ကို ေတာထဲကိုေခၚသြားတယ္၊ ေတာထဲမေရာက္ခင္ ေတာင္ယာတစ္ခုမွာပဲ ကိုရဲလွေအာင္ကို ဖမ္းခ်ည္ၾကတယ္ လို႔ဆိုတယ္။ ပစၥတိုကို မင္းယူသြားတယ္မဟုတ္လား ဆိုၿပီးစစ္ေမးေတာ့ သူက ယူမိပါ တယ္လို႔ ဝန္ခံတယ္။ ဒါေပမဲ့ လက္နက္က အခုဒီမွာမရွိဘူး၊ အေဝးကို ေရာက္ေနတယ္၊ (အက္ဒမန္ကၽြန္းမွာ ေအအယ္ပီေတြနဲ႔အတူ က်ဆုံး သြားတဲ့) ကိုေစာထြန္းကိုေပးလိုက္တယ္လို႔ ကိုရဲလွေအာင္က ထြက္ဆို တယ္။ ေသနတ္တန္ဖိုးကို ကၽြန္ေတာ္ေပးေလ်ာ္ပါ့မယ္လို႔ ကိုရဲလွေအာင္ က ေတာင္းပန္ေသးတယ္ လို႔ဆိုတယ္။ ဒါေပမဲ့ ကိုေရႊသာတို႔အုပ္စုက လက္မခံပဲ ကိုရဲလွေအာင္ကို သတ္ပစ္လိုက္ၾကတယ္။

          ပိုဆိုးတာက ကိုရဲလွေအာင္ကိုသတ္ပစ္လိုက္ၾကေၾကာင္းကို ဗဟိုေကာ္မတီဝင္အခ်င္းခ်င္းျဖစ္တဲ့ ကိုယ္မသိေအာင္ သူတို႔ဖုံးထားၾကတာပဲ။ ပါတီကို ကိုယ္ျပန္ေရာက္လို႔ ကိုရဲလွေအာင္ဘယ္မွာလဲလို႔ ေမး ရင္ ခရီးထြက္ေနတယ္လို႔ ေျဖၾကတယ္။ သူ႔မွာက ခ်န္ဒီဘာရနီနဲ႔ ဆက္သြယ္ေရး တာဝန္ရွိတယ္ေလ။ ေနာက္တစ္ခါပါတီကိုေရာက္လို႔ ေမးေတာ့လည္း ခရီးထြက္ေနတယ္လို႔ ေျပာတာၾကားရျပန္တယ္။ရဲလွေအာင္တစ္ေယာက္ ခရီးထြက္ေနတာ ၾကာလွခ်ည္လားလို႔ ကိုယ္ သံယဝင္လာတယ္။ (စစ္ေတြေက်းပင္ႀကီးရပ္ကြက္ဇာတိျဖစ္ၿပီး၊ ရေနာင္းမွာ က်ဆုံးသြားတဲ့) ဒူးရွည္လို႔ေခၚၾကတဲ့ ရဲေဘာ္ေအာင္စိန္သာ တစ္ရက္ စစ္ေတြကို ေရာက္လာေတာ့ ကိုယ္နဲ႔အရက္ေသာက္ရေအာင္ ဆိုၿပီး ကိုယ့္ကိုလိုက္ရွာတယ္။ ပါတီစခန္းမွာက အရက္မေသာက္ရဘူး ေလ။ အျပင္ၿမိဳ႕ေပၚေရာက္မွ အရက္ေလးဘာေလးေသာက္ရတာ။

          ဒါနဲ႔အရက္အတူေသာက္ၾကရင္း ကိုေအာင္စိန္သာကို ကိုယ္ ေမးမိတယ္။ ရဲလွေအာင္တစ္ေယာက္ခရီးထြက္ေနတာ ၾကာလွခ်ည္ လား။ အခုထက္ထိျပန္မေရာက္ေသးဘူးလားလို႔ေမးေတာ့ ဟာ . . . အစ္ကို ညံ့လွခ်ည္လား။ အခုထက္ထိမသိေသးဘူးလား။ ပစၥတိုခိုးလို႔ ဆိုၿပီး ရဲလွေအာင္ကိုရွင္းပစ္လိုက္ၾကၿပီေလလို႔ ကိုေအာင္စိန္သာ ရွင္းၿပ ေတာ့မွ အေၾကာင္းစုံကိုကိုယ္သိတာ။

          ကိုရဲလွေအာင္ရဲ့အစ္ကိုနဲ႔ ကိုယ္နဲ႔က သူငယ္ခ်င္းအရင္း ေခါက္ ေခါက္။ ကိုယ့္သူငယ္ခ်င္းရဲ့ညီဆိုေတာ့ ကိုယ့္ညီလိုပဲ သူ႔ကိုသေဘာ ထားတာ။ သူအသတ္ခံရတဲ့သတင္းကိုၾကားေတာ့ ကိုယ္အကုန္လုံး ေဖါက္ခြဲပစ္လိုက္ခ်င္စိတ္ေတာင္ ေပါက္လာတယ္။

          ပါတီကိုကိုယ္ခ်က္ခ်င္းျပန္သြားၿပီး ဗဟိုေကာ္မတီ အေရးေပၚ အစည္းအေဝးေခၚတယ္။ ကိုယ္လည္း ရွင္းစရာရွိတာကိုရွင္းမယ္ဆိုၿပီး အဆင္သင္လုပ္ၿပီး အစည္းအေဝးတက္လာတာပဲ။ ရဲလွေအာင္ တစ္ ေယာက္ ဘာေၾကာင့္ ဒီေလာက္အၾကာႀကီး ေပ်ာက္ေနရတာလဲလို႔ ကိုယ္ ေမးတာနဲ႔ ကိုေမာင္ဟန္က ကိုေရႊသာဘက္ကိုလွည့္ၾကည့္ၿပီး ေျပာေတာ့ တာပဲ။ ကိုေရႊသာ၊ ခင္ဗ်ားကိစၥ ခင္ဗ်ားပဲ ရွင္းေတာ့ တဲ့။ 

          ကိုရဲလွေအာင္ အသတ္ခံရတဲ့ ကိစၥကိုရွင္းျပဖို႔ ကိုယ္ေတာင္းဆို တယ္။ ခင္ဗ်ားတို႔ ရဲလွေအာင္အသတ္ဖို႔ ဆုံးျဖတ္ၾက ေတာ့ ခုံ႐ုံးဖြဲ႕ၿပီး ဆုံးျဖတ္ၾကတာလားလို႔ ကိုယ္ေမးတယ္။

          ခုံ႐ုံးမဖြဲ႕လိုက္ဘူး တဲ့။

          သူ႔ကိုစစ္ေမးလို႔ရရွိတဲ့ထြက္ခ်က္ေတြကို မွတ္တမ္းတင္ထား လိုက္ေသးလားလို႔ ကိုယ္ကေမးတယ္။

          မွတ္တမ္းမတင္လိုက္ဘူးတဲ့။

          ဒီမွာ . . . ကိုေရႊသာ ခင္ဗ်ားလူသတ္တာ ႏွစ္ေယာက္ရွိၿပီ။ အရင္တစ္ခါ ဦးေစာေမာင္ကိုသတ္တုန္းက ခင္ဗ်ား ညႊန္ၾကားခ်က္နဲ႔ သတ္တာ။ အခုတစ္ခါက ခင္ဗ်ားကိုယ္တိုင္ကိုယ္က်ပါဝင္သတ္တာ။ ခင္ဗ်ား ေနာင္လည္းလူသတ္ဦးမွာပဲလို႔ ကိုယ္ေျပာပစ္လိုက္တယ္။

          မၾကာေသးခင္က ဗဟိုေကာ္မတီ ဦးေစာေမာင္ကို ေက်ာက္ ေတာ္ၿမိဳ႕နယ္ ေကာ္မတီဝင္တစ္ေယာက္က ပစ္သတ္လိုက္တယ္။ အဲသည္ကိစၥကို ခုံ႐ုံးဖြဲ႕လို႔ စစ္ေဆးပါဆိုေတာ့ ထားလိုက္ပါေတာ့ဗ်ာ၊ ရွည္တယ္ . . . ဘာညာနဲ႔ သည္အတိုင္းပဲ မတင္မက်ရွိေနခဲ့တယ္။ ကိုယ္ က အဲသည္လူသတ္မႈကို ရည္ညႊန္းလို႔ေျပာတာ။

          က်ဳပ္တို႔ ဗိုလ္ခ်ဳပ္ေနဝင္းအစိုးရကို ေတာ္လွန္ေအာင္ျမင္လို႔ ေအာင္ပြဲခံၿပီး ျပည္ေတာ္ျပန္ဝင္လာၿပီဆိုပါစို႔။ သတင္းစာရွင္းလင္းပြဲ လုပ္ေတာ့ သတင္းေထာက္ေတြက ေမးမယ္ဗ်ာ။ ရဲလွေအာင္ကို ဘာလို႔ သတ္လိုက္တာလဲလို႔ ။ ကၽြန္ေတာ္အခုေမးသလို ခု႐ုံးဖြဲ႕လိုက္သလား ထြက္ခ်က္ေတြကိုမွတ္တမ္းတင္လိုက္လားလို႔ ေမးမယ္ဗ်ာ။ အဲဒီအခ်ိန္ က်ရင္ ခင္ဗ်ားဘယ္လိုေျဖမလဲ။ ေျပာစမ္း။ ကၽြန္ေတာ္တို႔က စနစ္ တက်ဖြဲ႕စည္းထားတဲ့ေတာ္လွန္ေရးပါတီဗ်။ သူခိုးဓါးျပအဖြဲ႕မဟုတ္ဘူး။ လူသတ္ခ်င္တိုင္းေလၽွာက္သတ္ေနလို႔မရဘူး။ 

          စသည္ျဖင့္ ဝါးလုံးထိုးေရသြန္က်လာသလို ကိုယ္ေျပာပစ္လိုက္ တယ္။

          ဒီလိုနဲ႔သည္အစည္းအေဝးေနာက္ပိုင္းမွာ ပါတီရဲ့ေခါင္းေဆာင္ ပိုင္းမွာ အုပ္စုသုံးစုကြဲသြားတယ္။ ကြဲေနပါတယ္လို႔ ဆိုင္းဘုတ္မတင္ ေပမယ့္အကြဲက သူ႔အလိုလိုျဖစ္ေနၾကတာေပါ့။ ကိုယ္နဲ႔ ကိုေမာင္ဟန္က တစ္အုပ္စု။ ကိုသိန္းေဖနဲ႔ ကိုေမာင္စိန္ျမက တစ္အုပ္စု။ ကိုေရႊသာက တစ္ေယာက္တည္းတစ္အုပ္စုျဖစ္သြားတယ္။ ကိုေရႊသာက တစ္ေယာက္ တည္းဆိုေပမယ့္ ေအာက္ေျခကလူေတြကို လက္တို႔စည္း႐ုံးတယ္။ ဗဟို ေကာ္မတီဝင္ လူႀကီးေတြဟာျဖင့္ ဘယ္သူကဘယ္လို အားနည္းခ်က္ ေတြရွိေနပါတယ္ဆိုၿပီး ကြယ္ရာမွာသိကၡာခ်ၿပီး စည္း႐ုံးေရးလုပ္တာ။

          ဒီလိုကစင့္ကရဲျဖစ္ေနတဲ့ အေျခအေနကိုျပန္လည္ ထိန္းသိမ္းဖို႔ ကေတာ့ ကိုေရႊသာကိုဖမ္းၿပီး ခု႐ုံးတင္မွပဲရေတာ့မယ္လို႔ ကိုယ္ျမင္လာ တယ္။ ခုံ႐ုံးတင္ရင္ေတာ့ သူ႔ကို သတ္ရကိန္းကို ဆိုက္ေတာ့မွာပဲလို႔ စဥ္းစားမိျပန္တယ္။ ကိုယ္ေတာ့ သူ႔ကိုသတ္တာမ်ိဳးေတာ့ မလုပ္ခ်င္ဘူး။ ပါတီကထုတ္လိုက္ျပန္ရင္လည္း ပါတီျပင္ပကေန ကိုယ့္တို႔ကို အမ်ိဳးမ်ိဳး အေႏွာင့္အယွက္ေပးေနဦးမွာ။

          ပိုဆိုးတာက ကိုေမာင္ဟန္က ကိုယ့္ကိုေျပာတဲ့စကားေတြ ေၾကာင့္ ကိုယ္စိတ္ဓါတ္ပိုက်ရတယ္။

          ကိုေမာင္ဟန္ ကေျပာတယ္။ ကိုယ့္လူေရ . . . ကိုယ္ေတာ့ သြားေတာ့မယ္စိတ္ကူးေနတယ္တဲ့။ ကိုခိုင္စိုးကို ပါတီနယ္ေျမထဲ ျပန္ လာဖို႔ အစ္ကိုလွမ္းေခၚလိုက္ပါတဲ့။ ကိုခိုင္စိုးနဲ႔ပူးေပါင္းၿပီး ပါတီကို အစ္ကိုရဲ့ ေခါင္းေဆာင္မႈေအာက္မွာ ျပန္လည္ဖြဲ႕စည္းေပါ့ . . . တဲ့။

          ကိုယ့္ေခါင္းေဆာင္မႈရေအာင္တိုက္ပြဲဝင္မယ္ဆိုရင္ ကိုခိုင္စိုးကို သာမက ကိုေမာင္ဟန္ကိုလည္း ကိုယ္လိုအပ္တယ္။ ကိုေမာင္ဟန္က သြားေတာ့မယ္ဆိုေတာ့ ကိုေရႊသာနဲ႔ကိုယ္နဲ႔ ႏွစ္ေယာက္ တစ္ေယာက္ ကိုတစ္ေယာက္ ဘယ္သူလက္ဦး သြားမလဲဆိုၿပီး ရင္တထိတ္ထိတ္နဲ႔ ေစာင္ေနရတဲ့ အေျခအေနကိုေရာက္ေနတယ္။

          အဲသည္အခ်ိန္မွာ ဖူးစာဖက္ မကြန္ေမနဲ႔ ကိုယ္အိမ္ေထာင္က်ၿပီးလို႔ ကေလးေတာင္တစ္ေယာက္ရေနၿပီ။ သမီး ေစာသၽွင္ေမ တစ္ႏွစ္သမီးအရြယ္ပဲရွိေသးတယ္။ ကေလးအေမကို ကိုယ္ ေျပာတယ္။ “အမိသယ္၊ ငါေတာ့ ဒီမွာအေျခအေနမေကာင္းေတာ့ဘူး။ ဒီကထြက္သြားမွရေတာ့မယ္”  လို႔ေျပာျပတယ္။

          “ဟိုဘက္မွာေကာ အေျခအေန ေကာင္းပါ့မလား၊ အဖသယ္”

          “ပစ္သတ္ခံရတဲ့အထိ မျဖစ္ေလာက္ဘူးထင္တာပဲ။ ေထာင္ တန္းက်တာတို႔ ဘာတို႔ ျဖစ္ရင္ေတာ့ျဖစ္နိုင္တယ္”

          ဒီလိုနဲ႔  ၁၉၈၆ ခုႏွစ္ ေဖာ္ဝါရီလ (၁၂)ရက္ေန႔မွာ ကိုယ္နဲ႔ ကိုယ့္မိသားစုဟာ ပါတီကိုစြန႔္ခြာၿပီးေတာ့ ရခိုင္ျပည္နယ္ ေမာင္ေတာ ၿမိဳ႕မွာ လက္နက္ခ်တယ္။ စစ္ေတြၿမိဳ႕မွာ ကိုယ့္ကို စစ္ေၾကာေရးကိစၥ ေတြၿပီးတာနဲ႔ စစ္တပ္ကေတာ့ ျပန္လည္ေနရာခ်ထားေရး စီစဥ္ေပးခ်င္ ခဲ့တယ္။ ဒါေပမဲ့ စစ္ေၾကာေရးကိစၥေတြအၿပီး ကိုယ္ ဘူးသီးေတာင္ကို ျပန္ေရာက္တယ္ဆိုတာနဲ႔ ရဲၿမိဳ႕နယ္မႉး ဦးေမာင္ေမာင္မွ တရားလိုလုပ္ၿပီး  မတရားအသင္းပုဒ္မေတြျဖစ္တဲ့ ၁၇(၁)(၂)နဲ႔စြဲဆိုတာကိုခံရတယ္။ တပ္ ဘက္နဲ႔ ရဲဘက္ပုဂၢိဳလ္ေတြ အေခ်အတင္စကားေျပာခဲ့ၾကတယ္လို႔ သိရ တယ္။ ၁၉၈၈ ခုႏွစ္ ေအာက္တိုဘာလ (၂၁)ရက္ေန႔မွာ ေျပၿငိမ္းခြင့္နဲ႔ လြတ္ေျမာက္လာခဲ့တယ္။

          ကိုယ္ထြက္လာေတာ့ ပါတီမွာ လူအင္အား ငါးဆယ္ ေျခာက္ ဆယ္ ဝန္းက်င္က်န္ခဲ့ေသးတယ္။ ပါတီနဲ႔သက္ဆိုင္တဲ့ စာရြက္ စာတမ္း ေတြ အကုန္လုံးကိုယ္ထားရစ္ခဲ့တယ္။ ေသနတ္တိုတစ္လက္၊ က်ည္တစ္ ေတာင့္ေတာင္ ကိုယ္ယူမလာခဲ့ဘူး။

          အလင္းဝင္ၿပီးေနာက္ပိုင္းမွာ ကိုယ့္ရဲေဘာ္ရဲဘက္ ဘယ္ရခိုင္ အမ်ိဳးသားမွ ဒုကၡေရာက္ေအာင္ သတင္းေပးျခင္း၊ ေခ်ာက္တြန္းျခင္း  ထြက္ခ်က္ေပးျခင္း အစရွိတာေတြ ကိုယ္မလုပ္ခဲ့ဘူး။ ရန္သူ႔ဆီမွာ လက္ နက္ခ်တာ မွန္ကန္တယ္လို႔ ကိုယ္ေျပာေနတာမဟုတ္ဘူးေနာ္။အေၾကာင္းအမ်ိဳးမ်ိဳးကို အေၾကာင္းျပဳၿပီးသကာလ လက္နက္ခ်ရသည့္ တိုင္ေအာင္ ဒါဟာ မွန္ကန္တယ္လို႔ ကိုယ္မဆိုလိုဘူး။

          ဘာဘဲေျပာေျပာ ကိုယ္ဟာအရႈံးနဲ႔ အၿငိမ္းစားယူခဲ့ရတဲ့ သူပုန္ တပ္မႉးတစ္ေယာက္ပါ။

=                           =                           =

          ဦးရဲလွေအာင္တစ္ေယာက္ ေတာတြင္းမွာအသတ္ခံရသည့္ ကိစၥႏွင့္ ပတ္သက္၍ စာေရးသူအေနျဖင့္ တျခားတိုက္ညႇိေမးျမန္းစရာ ေခတ္ၿပိဳင္ပုဂၢိဳလ္ေတြ မရနိုင္သည့္အေလ်ာက္ ဦးစံေရႊေမာင္ေျပာျပသည့္ အတိုင္းသာ တင္ျပေပးလိုက္ရသည္ဟု ဆိုရပါမည္။

          ဦးစံေရႊေမာင္၏ေျပာျပခ်က္မွာလည္း အဓိကအားျဖင့္ (ဒူးရွည္) ဦေအာင္စိန္သာ၏ ေျပာၾကားခ်က္ကို အေျခခံထားသည္ကို ေတြ႕ရသည္။ ဦးစံေရႊေမာင္ႏွင့္ ကိုယ္ေတြ႕အင္တာဗ်ဴးၿပီးေနာက္ပိုင္းက်မွ ဤကိစၥႏွင့္ပတ္သက္၍ စာေရးသူက ထပ္ဆင့္ေမးခြန္းတစ္ခုေရးသား ေပးပို႔ ေမးျမန္းခဲ့သည္။ ဦးရဲလွေအာင္ အသတ္ခံရခ်ိန္က ရကပဥကၠဌမွာ ဦးေမာင္ဟန္ ျဖစ္သည့္အေလ်ာက္ ဦးေမာင္ဟန္ေကာ တာဝန္မရွိေပ ဘူးလား ဆိုသည့္ ေမးခြန္းကို စာေရးသူက ေမးသည္။ ဦးစံေရႊေမာင္က ေအာက္ပါအတိုင္း စာေရး၍ေျဖဆိုသည္။

          “ဦးရဲလွေအာင္အသတ္ခံရသည့္ကိစၥတြင္ ကိုေမာင္ဟန္သည္ ဥကၠဌျဖစ္သည့္အေလ်ာက္ တာဝန္ရွိသည္ဟု ဆိုလၽွင္ဆိုနိုင္သည္။ ကို ေမာင္ဟန္သာလၽွင္မဟုတ္ပါ။ ဗဟိုအဖြဲ႕တစ္ခုလုံးမွာလည္းတာဝန္ရွိ ပါသည္။ ထို႔ေၾကာင့္ မွန္ကန္ေသာေကာက္ခ်က္ခ်နိုင္ရန္ အျဖစ္မွန္ကို ေဖာ္ျပပါမည္။

          LLAMA အမ်ိဳးအစား အီတလီလုပ္ .၃၈ ပစၥတိုသည္ မိမိ ကိုင္ေဆာင္သည့္ ေသနတ္ျဖစ္သည္။ ၿမိဳ႕တြင္းမွာ မိမိကိုင္ေဆာင္ၿပီး ၿမိဳ႕တြင္းမွာပဲ မိမိထားခဲ့တတ္သည္။ တစ္ေန႔ ေအာင္စိန္သာ(စစ္ေတြၿမိဳ႕-ေက်းပင္ႀကီး)ေရာက္လာၿပီး ေမာင္ဟန္၏စာကိုျပကာ ေသနတ္ယူသြား သည္။ အေၾကာင္းျပခ်က္က လက္နက္တိုမ်ားစုကာ ေဆာင္ရြက္မႈ တစ္ရပ္လုပ္ရန္ျဖစ္သည္။ ေသနတ္ကိုယူသြားခဲ့ေသာ္လည္း အလုပ္ မျဖစ္သျဖင့္ ကိုေမာင္ဟန္ကပဲ ဆက္လက္သိမ္းဆည္းထားခဲ့သည္။ သူ႔ေက်ာပိုး အိတ္ထဲတြင္ထည့္ၿပီးသိမ္းခဲ့သည္။ ထိုအိတ္ထဲတြင္ ဗဟို အဖြဲ႕၏ အစည္းအေဝးမွတ္တမ္းမ်ားလည္းရွိေနသည္။ ကိုေမာင္ဟန္ သည္ တဲတစ္လုံးထဲတြင္ သူတစ္ေယာက္တည္း ေနတတ္ၿပီး ႏွစ္ရက္ သုံးရက္ၾကာ အမဲပစ္ထြက္တတ္ပါသည္။ အမဲပစ္ထြက္စဥ္ အိတ္ကို တဲထဲတြင္ထားခဲ့တတ္ပါသည္။ တစ္ရက္ ကိုေမာင္ဟန္ ျပန္ေရာက္လာ စဥ္ ေသနတ္ေပ်ာက္ဆုံးေနေၾကာင္းေတြ႕ရသျဖင့္ အခ်င္းခ်င္း သတိေပး ခဲ့သည္။ ဗဟိုအဖြဲ႕အစည္းအေဝးမွာ ကိုေရႊသာေျပာခဲ့သည့္ စကား တစ္ခြန္းကို မေက်မနပ္ျဖင့္ ရဲလွေအာင္ႏွင့္ ဦးခင္ေမာင္(ေပါက္ေတာ)တို႔ ကေျပာဆိုေနၾကသည္ကို အျခားရဲေဘာ္မ်ားၾကား၍ ကိုေရႊသာထံ သတင္းပို႔ခဲ့ၾကသည္။ ကိုေရႊသာ့စကားက “နဆရလ လက္က်န္(ရဲလွ ေအာင္ႏွင့္ဦးခင္ေမာင္ကို ဆိုလိုသည္)မ်ား အုန္းေဘာင္မွာ သျပာကပ္ သလို ဗဃဏ မွာကပ္ေနၾကသည္ကို သတိထားၾကရမည္” ဆိုၿပီး ေျပာခဲ့ ျခင္းျဖစ္သည္။ ဤစကားကို သိရွိနိုင္သည္မွာ အိတ္ထဲမွ မွတ္တမ္းမ်ားကို ၾကည့္မွ သိနိုင္မည္။ ထို႔ေၾကာင့္ ရဲလွေအာင္ယူနိုင္သည္ဟု ေရႊသာ ေကာက္ ခ်က္ဆြဲသည္။

          သတ္မည့္ကိစၥကို ဗဟိုအဖြဲ႕တြင္ တင္ျပေဆြးေႏြးျခင္းမရွိခဲ့ပါ။ တစ္ေန႔ ေမာင္ဟန္ႏွင့္ သိန္းေဖမရွိစဥ္ ေရႊသာႏွင့္ စိန္ျမတို႔သည္ ရဲေဘာ္ မ်ားကိုညႇိႏွိုင္းၿပီး ရဲလွေအာင္ကို ေတာင္ယာသို႔ ေခၚသြားၿပီး စစ္ေဆးခဲ့ၾက သည္ ဟုဆိုသည္။ သူက ဝန္ခံခဲ့သည္ဟုဆိုသည္။ ထို႔ေနာက္ ထိုေတာင္ ယာတြင္ ပစ္သတ္လိုက္ၾကသည္ဟုဆိုသည္။ ဤကိစၥမွာ ေရႊသာတစ္ဦး တည္း၏ သေဘာျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။ ထို႔ေၾကာင့္မည္သူ႔တြင္ တာဝန္ရွိသည္ကို ခ်င့္ခ်ိန္ၿပီး ေကာက္ခ်က္ဆြဲၾကည့္ပါ။”

          ဆိုလိုသည္မွာ ဦးေရႊသာ တာဝန္ရွိသည္ ဟူ၍ျဖစ္သည္။

          ဦးစံေရႊေမာင္ႏွင့္ ဦးေရႊသာတို႔ႏွစ္ဦးအၾကား ပုဂၢိဳလ္ေရးအၿငိဳး အေတးရွိၾကသေလာ။ ရွိသည္ဆိုပါက မည္သို႔မည္ပုံ ေက်ာင္းေတာ္က ရန္စ အစတည္လာသည္ဆိုသည္ကို ကာယကံရွင္ႏွစ္ဦးသာလၽွင္ သိနိုင္ ၾကမည္ျဖစ္သည္။ ဦးေရႊသာကလည္း မီးခိုးမဆုံး မိုးမဆုံး ဦးစံေရႊေမာင္ ကို သုတ္သင္နိုင္ရန္ တတ္အားသမၽွ ႀကိဳးစားခဲ့သည္ဟု ဦးစံေရႊေမာင္က ဆက္လက္ေျပာျပခဲ့သည္။

ေက်ာ္ေဇာဦး ေမးျမန္းေရးသားသည္။

(ရကပလက္ေဟာင္း ရဲနီစံေရႊေမာင္ အပုိင္း-တစ္ဆယ္ အား ဆက္လက္ဖတ္ရႈပါရန္။)

==========

[ Unicode below ]

ကိုယ်နဲ့ကိုရွှေသာကြားမှာ ဘယ်လိုမှပြေလည်အောင် ဖြေရှင်း လို့မရနိုင်တဲ့ ပြဿနာတစ်ခုဖြစ်လာတယ်။ အဲဒီပြဿနာက ကိုရွှေသာ လူနှစ်ယောက်သတ်တဲ့ကိစ္စပဲ။ ကျောက်တော်မြို့နယ်က ဗဟိုကော်မတီ ဝင် ဦးစောမောင်အသတ်ခံရတာဟာ ကိုရွှေသာရဲ့ညွှန်ကြားချက်နဲ့ လုပ် တာလို့ ကိုယ်သံသယရှိတယ်။ သူသတ်တဲ့ နောက်တစ်ယောက်ကတော့ ဌာနာ ရဲလှအောင်။ ကိုရဲလှအောင်ကိုတော့ ကိုရွှေသာကိုယ်တိုင်ကိုယ်ကျ သတ်တာ။ ကိုရဲလှအောင်ကို သတ်လိုက်တဲ့အတွက် ကိုရွှေသာနဲ့ကိုယ်နဲ့ ကြားမှာ ဘယ်လိုမှရင်ကြားစေ့လို့မရနိုင်တော့ဘူး။

            ကိုရဲလှအောင်ဟာ မြောက်ဦး(မြို့ဟောင်း)က ဒုရဲအုပ်ဟောင်း တစ်ယောက်ဖြစ်တယ်။ သူနဲ့သူ့မိတ်ဆွေတွေပေါင်းပြီး နဆရလ (နယ်ချဲ့ ဆန့်ကျင်ရေးနှင့် ရခိုင်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့) ဆိုတာကို ဖွဲ့စည်း ပြီး လှုပ်ရှားကြဖူးတယ်။ အဲသည်အဖွဲ့က ပြည်တွင်းမှာ ယူဂျီအနေနဲ့ ရပ်တည်လှုပ်ရှားနေစဉ်အတောအတွင်းမှာ ဒေသခံလမ်းစဉ်ပါတီက ဖော်ထုတ်အရေးယူလို့ ပြိုကွဲသွားတယ်။ကိုရဲလှအောင်ကတော့ ဒုရဲအုပ် ဘ၀မှာ သူ့စခန်းတွေကို ပြောက်ကျားတွေက သိမ်းသွားလိုက်၊ လက် နက်တွေ ပါသွားလိုက် ဖြစ်ဖြစ်နေတော့ မသင်္ကာတာနဲ့ အလုပ်ဖြုတ် ခံရတယ်။ နောက်ပိုင်းမှာ ကိုယ်နဲ့ရဲဘော်မောင်ဟန်ကတစ်ဆင့် ရကပ မှာ ပါတီဝင်အဖြစ် လက်ခံဖို့လျှောက်ထားတာ ရှိတယ်။ ပါတီဝင်မဟုတ် သေးပေမယ့် ပါတီက သူ့ကိုယုံယုံကြည်ကြည်နဲ့ တာဝန်ပေးထားတာ တွေရှိနေပြီ။ ဥပမာအားဖြင့် ချန်ဒီဘာရနီ (ဘင်္ဂလားဒေ့ရှ်က သက် သူပုန်တွေ – ငြိမ်းချမ်းရေးတပ်ဖွဲ့လို့အမည်ရတယ်) နဲ့ဆွေးနွေးညှိနှိုင်း တာတွေအတွက် ကိုရဲလှအောင်က ပင်တိုင်တာဝန်ယူခရီးသွားရ တယ်။ ကိုယ်တို့ဆီမှာက အင်္ဂလိပ်လို ကောင်းကောင်းကန်းကန်း စကားပြော နိုင်တာ ကိုယ်နဲ့ကိုရဲလှအောင်နှစ်ယောက်ပဲရှိတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တပ်မှူးတွေနဲ့ စကားသွားပြောဖို့ လိုလာရင် ကိုယ်တို့ နှစ်ယောက်ပဲသွားကြတယ်။ ဒုရဲအုပ်ဟောင်းမို့လို့ “ဌာနာ” ၊ဒါမှမဟုတ်၊ “ဌာနာရဲလှအောင်” လို့ သူ့ကိုခေါ်ကြတယ်။

            ပြဿနာရဲ့အစက ကိုယ်ကိုင်တဲ့ ပစ္စတိုပျောက်သွားရာကနေ စတာ။ ကိုယ့်ပစ္စတိုဆိုပေမယ့် ကိုယ်ကမြို့ပေါ်မှာ ယူဂျီအနေနဲ့ အမြဲရှိ နေလေတော့ ကိုယ့်ပစ္စတိုကို ပါတီစခန်းမှာထားခဲ့တယ်။ (ဒူးရှည် ကိုအောင်စိန်သာက စပါးကျီတွေကို ဝင်စီးဖို့ အလုပ်တွေရှိလို့ သေနတ်အတို တွေလိုတယ်ဆိုတော့ ကိုယ့်ပစ္စတိုကို ပေးငှားလိုက်တာ။ အဲသည်ကိစ္စတွေ ပြီးသွားတော့ ကိုယ့်ပစ္စတိုကို ပါတီစခန်းမှာပဲထားလိုက်တော့လို့ ကိုယ်မှာ ထားခဲ့တယ်။ ဒီလိုနဲ့ သေနတ်က အဲသည်မှာ ရောက်နေတာ။) ပစ္စတိုဟာ ပျောက်သွားတဲ့နေ့က ရဲဘော်မောင်ဟန်ရဲ့ အိတ်ထဲမှာ ရှိနေခဲ့ တယ်လို့ ဆိုကြတယ်။ အဲသည်အိတ်ထဲမှာ ပစ္စတိုအပြင် ပါတီဗဟိုကော်မတီ အစည်းအဝေးမှတ်တမ်း စာရွက်စာတမ်းတွေ ပါရှိနေခဲ့တယ်။ အစည်း အဝေးမှာ ကိုရွှေသာ ပြောတဲ့စကားတစ်ခွန်းရှိတယ်။ “နဆရလ တွေဟာ ရပကကိုတွယ်ကပ်နေကြတာ . . . အုန်းဘောင်ကို သပြာကပ်တာ ကျ နေတာပဲ၊ ခွာချလို့တောင်မရဘူး” လို့ပြောခဲ့တယ်။ အဲသလို ပြောတာကို ပြောတဲ့အတိုင်း အစည်းအဝေးမှတ်တမ်းမှာ ရေးမှတ်ထားတာရှိတယ်။

            တစ်နေ့တော့ ကိုရဲလှအောင်က (အမှတ်တမဲ့လား၊ ဘာလား) ပြောတယ်တဲ့။ ကိုရွှေသာက ပြောတယ်ဆိုပါလား၊ နဆရလတွေဟာ ပါတီမှာ ဂြင်းကပ်သလို ကပ်နေကြတယ်ဆိုပါလားတဲ့။ ဒါနဲ့ကိုရွှေသာ တို့အုပ်စုက သူ့ကိုသံသယဝင်ကြတော့တာပဲ။ ဒီအကြောင်းကို ဗဟို ကော်မတီဝင်တွေကလွဲလို့ ဘယ်သူမှာသိတာမဟုတ်ဘူး။ ကိုရဲလှအောင် သိနေတာ အစည်းအဝေးမှတ်တမ်းကို ဖတ်မိလို့ပဲဖြစ်ရမယ်။ ကိုမောင်ဟန်ရဲ့ အိတ်ကိုမွှေပြီး ပစ္စတိုယူသွားတာ ကိုရဲလှအောင် ဖြစ်ရမယ် လို့အတွေးဝင်ကြပါလေရော။

            ဒါနဲ့ ကိုရွှေသာတို့အုပ်စုက တောပစ်သွားကြမယ် ဘာညာပြော ပြီး ကိုရဲလှအောင်ကို တောထဲကိုခေါ်သွားတယ်၊ တောထဲမရောက်ခင် တောင်ယာတစ်ခုမှာပဲ ကိုရဲလှအောင်ကို ဖမ်းချည်ကြတယ် လို့ဆိုတယ်။ ပစ္စတိုကို မင်းယူသွားတယ်မဟုတ်လား ဆိုပြီးစစ်မေးတော့ သူက ယူမိပါ တယ်လို့ ဝန်ခံတယ်။ ဒါပေမဲ့ လက်နက်က အခုဒီမှာမရှိဘူး၊ အဝေးကို ရောက်နေတယ်၊ (အက်ဒမန်ကျွန်းမှာ အေအယ်ပီတွေနဲ့အတူ ကျဆုံး သွားတဲ့) ကိုစောထွန်းကိုပေးလိုက်တယ်လို့ ကိုရဲလှအောင်က ထွက်ဆို တယ်။ သေနတ်တန်ဖိုးကို ကျွန်တော်ပေးလျော်ပါ့မယ်လို့ ကိုရဲလှအောင် က တောင်းပန်သေးတယ် လို့ဆိုတယ်။ ဒါပေမဲ့ ကိုရွှေသာတို့အုပ်စုက လက်မခံပဲ ကိုရဲလှအောင်ကို သတ်ပစ်လိုက်ကြတယ်။

            ပိုဆိုးတာက ကိုရဲလှအောင်ကိုသတ်ပစ်လိုက်ကြကြောင်းကို ဗဟိုကော်မတီဝင်အချင်းချင်းဖြစ်တဲ့ ကိုယ်မသိအောင် သူတို့ဖုံးထားကြတာပဲ။ ပါတီကို ကိုယ်ပြန်ရောက်လို့ ကိုရဲလှအောင်ဘယ်မှာလဲလို့ မေး ရင် ခရီးထွက်နေတယ်လို့ ဖြေကြတယ်။ သူ့မှာက ချန်ဒီဘာရနီနဲ့ ဆက်သွယ်ရေး တာဝန်ရှိတယ်လေ။ နောက်တစ်ခါပါတီကိုရောက်လို့ မေးတော့လည်း ခရီးထွက်နေတယ်လို့ ပြောတာကြားရပြန်တယ်။ရဲလှအောင်တစ်ယောက် ခရီးထွက်နေတာ ကြာလှချည်လားလို့ ကိုယ် သံယဝင်လာတယ်။ (စစ်တွေကျေးပင်ကြီးရပ်ကွက်ဇာတိဖြစ်ပြီး၊ ရနောင်းမှာ ကျဆုံးသွားတဲ့) ဒူးရှည်လို့ခေါ်ကြတဲ့ ရဲဘော်အောင်စိန်သာ တစ်ရက် စစ်တွေကို ရောက်လာတော့ ကိုယ်နဲ့အရက်သောက်ရအောင် ဆိုပြီး ကိုယ့်ကိုလိုက်ရှာတယ်။ ပါတီစခန်းမှာက အရက်မသောက်ရဘူး လေ။ အပြင်မြို့ပေါ်ရောက်မှ အရက်လေးဘာလေးသောက်ရတာ။

            ဒါနဲ့အရက်အတူသောက်ကြရင်း ကိုအောင်စိန်သာကို ကိုယ် မေးမိတယ်။ ရဲလှအောင်တစ်ယောက်ခရီးထွက်နေတာ ကြာလှချည် လား။ အခုထက်ထိပြန်မရောက်သေးဘူးလားလို့မေးတော့ ဟာ . . . အစ်ကို ညံ့လှချည်လား။ အခုထက်ထိမသိသေးဘူးလား။ ပစ္စတိုခိုးလို့ ဆိုပြီး ရဲလှအောင်ကိုရှင်းပစ်လိုက်ကြပြီလေလို့ ကိုအောင်စိန်သာ ရှင်းပြ တော့မှ အကြောင်းစုံကိုကိုယ်သိတာ။

            ကိုရဲလှအောင်ရဲ့အစ်ကိုနဲ့ ကိုယ်နဲ့က သူငယ်ချင်းအရင်း ခေါက် ခေါက်။ ကိုယ့်သူငယ်ချင်းရဲ့ညီဆိုတော့ ကိုယ့်ညီလိုပဲ သူ့ကိုသဘော ထားတာ။ သူအသတ်ခံရတဲ့သတင်းကိုကြားတော့ ကိုယ်အကုန်လုံး ဖေါက်ခွဲပစ်လိုက်ချင်စိတ်တောင် ပေါက်လာတယ်။

            ပါတီကိုကိုယ်ချက်ချင်းပြန်သွားပြီး ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးခေါ်တယ်။ ကိုယ်လည်း ရှင်းစရာရှိတာကိုရှင်းမယ်ဆိုပြီး အဆင်သင်လုပ်ပြီး အစည်းအဝေးတက်လာတာပဲ။ ရဲလှအောင် တစ် ယောက် ဘာကြောင့် ဒီလောက်အကြာကြီး ပျောက်နေရတာလဲလို့ ကိုယ် မေးတာနဲ့ ကိုမောင်ဟန်က ကိုရွှေသာဘက်ကိုလှည့်ကြည့်ပြီး ပြောတော့ တာပဲ။ ကိုရွှေသာ၊ ခင်ဗျားကိစ္စ ခင်ဗျားပဲ ရှင်းတော့ တဲ့။ 

            ကိုရဲလှအောင် အသတ်ခံရတဲ့ ကိစ္စကိုရှင်းပြဖို့ ကိုယ်တောင်းဆို တယ်။ ခင်ဗျားတို့ ရဲလှအောင်အသတ်ဖို့ ဆုံးဖြတ်ကြ တော့ ခုံရုံးဖွဲ့ပြီး ဆုံးဖြတ်ကြတာလားလို့ ကိုယ်မေးတယ်။

            ခုံရုံးမဖွဲ့လိုက်ဘူး တဲ့။

            သူ့ကိုစစ်မေးလို့ရရှိတဲ့ထွက်ချက်တွေကို မှတ်တမ်းတင်ထား လိုက်သေးလားလို့ ကိုယ်ကမေးတယ်။

            မှတ်တမ်းမတင်လိုက်ဘူးတဲ့။

            ဒီမှာ . . . ကိုရွှေသာ ခင်ဗျားလူသတ်တာ နှစ်ယောက်ရှိပြီ။ အရင်တစ်ခါ ဦးစောမောင်ကိုသတ်တုန်းက ခင်ဗျား ညွှန်ကြားချက်နဲ့ သတ်တာ။ အခုတစ်ခါက ခင်ဗျားကိုယ်တိုင်ကိုယ်ကျပါဝင်သတ်တာ။ ခင်ဗျား နောင်လည်းလူသတ်ဦးမှာပဲလို့ ကိုယ်ပြောပစ်လိုက်တယ်။

            မကြာသေးခင်က ဗဟိုကော်မတီ ဦးစောမောင်ကို ကျောက် တော်မြို့နယ် ကော်မတီဝင်တစ်ယောက်က ပစ်သတ်လိုက်တယ်။ အဲသည်ကိစ္စကို ခုံရုံးဖွဲ့လို့ စစ်ဆေးပါဆိုတော့ ထားလိုက်ပါတော့ဗျာ၊ ရှည်တယ် . . . ဘာညာနဲ့ သည်အတိုင်းပဲ မတင်မကျရှိနေခဲ့တယ်။ ကိုယ် က အဲသည်လူသတ်မှုကို ရည်ညွှန်းလို့ပြောတာ။

            ကျုပ်တို့ ဗိုလ်ချုပ်နေဝင်းအစိုးရကို တော်လှန်အောင်မြင်လို့ အောင်ပွဲခံပြီး ပြည်တော်ပြန်ဝင်လာပြီဆိုပါစို့။ သတင်းစာရှင်းလင်းပွဲ လုပ်တော့ သတင်းထောက်တွေက မေးမယ်ဗျာ။ ရဲလှအောင်ကို ဘာလို့ သတ်လိုက်တာလဲလို့ ။ ကျွန်တော်အခုမေးသလို ခုရုံးဖွဲ့လိုက်သလား ထွက်ချက်တွေကိုမှတ်တမ်းတင်လိုက်လားလို့ မေးမယ်ဗျာ။ အဲဒီအချိန် ကျရင် ခင်ဗျားဘယ်လိုဖြေမလဲ။ ပြောစမ်း။ ကျွန်တော်တို့က စနစ် တကျဖွဲ့စည်းထားတဲ့တော်လှန်ရေးပါတီဗျ။ သူခိုးဓါးပြအဖွဲ့မဟုတ်ဘူး။ လူသတ်ချင်တိုင်းလျှောက်သတ်နေလို့မရဘူး။ 

            စသည်ဖြင့် ဝါးလုံးထိုးရေသွန်ကျလာသလို ကိုယ်ပြောပစ်လိုက် တယ်။

            ဒီလိုနဲ့သည်အစည်းအဝေးနောက်ပိုင်းမှာ ပါတီရဲ့ခေါင်းဆောင် ပိုင်းမှာ အုပ်စုသုံးစုကွဲသွားတယ်။ ကွဲနေပါတယ်လို့ ဆိုင်းဘုတ်မတင် ပေမယ့်အကွဲက သူ့အလိုလိုဖြစ်နေကြတာပေါ့။ ကိုယ်နဲ့ ကိုမောင်ဟန်က တစ်အုပ်စု။ ကိုသိန်းဖေနဲ့ ကိုမောင်စိန်မြက တစ်အုပ်စု။ ကိုရွှေသာက တစ်ယောက်တည်းတစ်အုပ်စုဖြစ်သွားတယ်။ ကိုရွှေသာက တစ်ယောက် တည်းဆိုပေမယ့် အောက်ခြေကလူတွေကို လက်တို့စည်းရုံးတယ်။ ဗဟို ကော်မတီဝင် လူကြီးတွေဟာဖြင့် ဘယ်သူကဘယ်လို အားနည်းချက် တွေရှိနေပါတယ်ဆိုပြီး ကွယ်ရာမှာသိက္ခာချပြီး စည်းရုံးရေးလုပ်တာ။

            ဒီလိုကစင့်ကရဲဖြစ်နေတဲ့ အခြေအနေကိုပြန်လည် ထိန်းသိမ်းဖို့ ကတော့ ကိုရွှေသာကိုဖမ်းပြီး ခုရုံးတင်မှပဲရတော့မယ်လို့ ကိုယ်မြင်လာ တယ်။ ခုံရုံးတင်ရင်တော့ သူ့ကို သတ်ရကိန်းကို ဆိုက်တော့မှာပဲလို့ စဉ်းစားမိပြန်တယ်။ ကိုယ်တော့ သူ့ကိုသတ်တာမျိုးတော့ မလုပ်ချင်ဘူး။ ပါတီကထုတ်လိုက်ပြန်ရင်လည်း ပါတီပြင်ပကနေ ကိုယ့်တို့ကို အမျိုးမျိုး အနှောင့်အယှက်ပေးနေဦးမှာ။

            ပိုဆိုးတာက ကိုမောင်ဟန်က ကိုယ့်ကိုပြောတဲ့စကားတွေ ကြောင့် ကိုယ်စိတ်ဓါတ်ပိုကျရတယ်။

            ကိုမောင်ဟန် ကပြောတယ်။ ကိုယ့်လူရေ . . . ကိုယ်တော့ သွားတော့မယ်စိတ်ကူးနေတယ်တဲ့။ ကိုခိုင်စိုးကို ပါတီနယ်မြေထဲ ပြန် လာဖို့ အစ်ကိုလှမ်းခေါ်လိုက်ပါတဲ့။ ကိုခိုင်စိုးနဲ့ပူးပေါင်းပြီး ပါတီကို အစ်ကိုရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြန်လည်ဖွဲ့စည်းပေါ့ . . . တဲ့။

            ကိုယ့်ခေါင်းဆောင်မှုရအောင်တိုက်ပွဲဝင်မယ်ဆိုရင် ကိုခိုင်စိုးကို သာမက ကိုမောင်ဟန်ကိုလည်း ကိုယ်လိုအပ်တယ်။ ကိုမောင်ဟန်က သွားတော့မယ်ဆိုတော့ ကိုရွှေသာနဲ့ကိုယ်နဲ့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် ဘယ်သူလက်ဦး သွားမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင်နေရတဲ့ အခြေအနေကိုရောက်နေတယ်။

            အဲသည်အချိန်မှာ ဖူးစာဖက် မကွန်မေနဲ့ ကိုယ်အိမ်ထောင်ကျပြီးလို့ ကလေးတောင်တစ်ယောက်ရနေပြီ။ သမီး စောသျှင်မေ တစ်နှစ်သမီးအရွယ်ပဲရှိသေးတယ်။ ကလေးအမေကို ကိုယ် ပြောတယ်။ “အမိသယ်၊ ငါတော့ ဒီမှာအခြေအနေမကောင်းတော့ဘူး။ ဒီကထွက်သွားမှရတော့မယ်”  လို့ပြောပြတယ်။

            “ဟိုဘက်မှာကော အခြေအနေ ကောင်းပါ့မလား၊ အဖသယ်”

            “ပစ်သတ်ခံရတဲ့အထိ မဖြစ်လောက်ဘူးထင်တာပဲ။ ထောင် တန်းကျတာတို့ ဘာတို့ ဖြစ်ရင်တော့ဖြစ်နိုင်တယ်”

            ဒီလိုနဲ့  ၁၉၈၆ ခုနှစ် ဖော်ဝါရီလ (၁၂)ရက်နေ့မှာ ကိုယ်နဲ့ ကိုယ့်မိသားစုဟာ ပါတီကိုစွန့်ခွာပြီးတော့ ရခိုင်ပြည်နယ် မောင်တော မြို့မှာ လက်နက်ချတယ်။ စစ်တွေမြို့မှာ ကိုယ့်ကို စစ်ကြောရေးကိစ္စ တွေပြီးတာနဲ့ စစ်တပ်ကတော့ ပြန်လည်နေရာချထားရေး စီစဉ်ပေးချင် ခဲ့တယ်။ ဒါပေမဲ့ စစ်ကြောရေးကိစ္စတွေအပြီး ကိုယ် ဘူးသီးတောင်ကို ပြန်ရောက်တယ်ဆိုတာနဲ့ ရဲမြို့နယ်မှူး ဦးမောင်မောင်မှ တရားလိုလုပ်ပြီး  မတရားအသင်းပုဒ်မတွေဖြစ်တဲ့ ၁၇(၁)(၂)နဲ့စွဲဆိုတာကိုခံရတယ်။ တပ် ဘက်နဲ့ ရဲဘက်ပုဂ္ဂိုလ်တွေ အချေအတင်စကားပြောခဲ့ကြတယ်လို့ သိရ တယ်။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့မှာ ပြေငြိမ်းခွင့်နဲ့ လွတ်မြောက်လာခဲ့တယ်။

            ကိုယ်ထွက်လာတော့ ပါတီမှာ လူအင်အား ငါးဆယ် ခြောက် ဆယ် ဝန်းကျင်ကျန်ခဲ့သေးတယ်။ ပါတီနဲ့သက်ဆိုင်တဲ့ စာရွက် စာတမ်း တွေ အကုန်လုံးကိုယ်ထားရစ်ခဲ့တယ်။ သေနတ်တိုတစ်လက်၊ ကျည်တစ် တောင့်တောင် ကိုယ်ယူမလာခဲ့ဘူး။

            အလင်းဝင်ပြီးနောက်ပိုင်းမှာ ကိုယ့်ရဲဘော်ရဲဘက် ဘယ်ရခိုင် အမျိုးသားမှ ဒုက္ခရောက်အောင် သတင်းပေးခြင်း၊ ချောက်တွန်းခြင်း  ထွက်ချက်ပေးခြင်း အစရှိတာတွေ ကိုယ်မလုပ်ခဲ့ဘူး။ ရန်သူ့ဆီမှာ လက် နက်ချတာ မှန်ကန်တယ်လို့ ကိုယ်ပြောနေတာမဟုတ်ဘူးနော်။အကြောင်းအမျိုးမျိုးကို အကြောင်းပြုပြီးသကာလ လက်နက်ချရသည့် တိုင်အောင် ဒါဟာ မှန်ကန်တယ်လို့ ကိုယ်မဆိုလိုဘူး။

            ဘာဘဲပြောပြော ကိုယ်ဟာအရှုံးနဲ့ အငြိမ်းစားယူခဲ့ရတဲ့ သူပုန် တပ်မှူးတစ်ယောက်ပါ။

=                                  =                                  =

            ဦးရဲလှအောင်တစ်ယောက် တောတွင်းမှာအသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ စာရေးသူအနေဖြင့် တခြားတိုက်ညှိမေးမြန်းစရာ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေ မရနိုင်သည့်အလျောက် ဦးစံရွှေမောင်ပြောပြသည့် အတိုင်းသာ တင်ပြပေးလိုက်ရသည်ဟု ဆိုရပါမည်။

            ဦးစံရွှေမောင်၏ပြောပြချက်မှာလည်း အဓိကအားဖြင့် (ဒူးရှည်) ဦအောင်စိန်သာ၏ ပြောကြားချက်ကို အခြေခံထားသည်ကို တွေ့ရသည်။ ဦးစံရွှေမောင်နှင့် ကိုယ်တွေ့အင်တာဗျူးပြီးနောက်ပိုင်းကျမှ ဤကိစ္စနှင့်ပတ်သက်၍ စာရေးသူက ထပ်ဆင့်မေးခွန်းတစ်ခုရေးသား ပေးပို့ မေးမြန်းခဲ့သည်။ ဦးရဲလှအောင် အသတ်ခံရချိန်က ရကပဥက္ကဌမှာ ဦးမောင်ဟန် ဖြစ်သည့်အလျောက် ဦးမောင်ဟန်ကော တာဝန်မရှိပေ ဘူးလား ဆိုသည့် မေးခွန်းကို စာရေးသူက မေးသည်။ ဦးစံရွှေမောင်က အောက်ပါအတိုင်း စာရေး၍ဖြေဆိုသည်။

            “ဦးရဲလှအောင်အသတ်ခံရသည့်ကိစ္စတွင် ကိုမောင်ဟန်သည် ဥက္ကဌဖြစ်သည့်အလျောက် တာဝန်ရှိသည်ဟု ဆိုလျှင်ဆိုနိုင်သည်။ ကို မောင်ဟန်သာလျှင်မဟုတ်ပါ။ ဗဟိုအဖွဲ့တစ်ခုလုံးမှာလည်းတာဝန်ရှိ ပါသည်။ ထို့ကြောင့် မှန်ကန်သောကောက်ချက်ချနိုင်ရန် အဖြစ်မှန်ကို ဖော်ပြပါမည်။

            LLAMA အမျိုးအစား အီတလီလုပ် .၃၈ ပစ္စတိုသည် မိမိ ကိုင်ဆောင်သည့် သေနတ်ဖြစ်သည်။ မြို့တွင်းမှာ မိမိကိုင်ဆောင်ပြီး မြို့တွင်းမှာပဲ မိမိထားခဲ့တတ်သည်။ တစ်နေ့ အောင်စိန်သာ(စစ်တွေမြို့-ကျေးပင်ကြီး)ရောက်လာပြီး မောင်ဟန်၏စာကိုပြကာ သေနတ်ယူသွား သည်။ အကြောင်းပြချက်က လက်နက်တိုများစုကာ ဆောင်ရွက်မှု တစ်ရပ်လုပ်ရန်ဖြစ်သည်။ သေနတ်ကိုယူသွားခဲ့သော်လည်း အလုပ် မဖြစ်သဖြင့် ကိုမောင်ဟန်ကပဲ ဆက်လက်သိမ်းဆည်းထားခဲ့သည်။ သူ့ကျောပိုး အိတ်ထဲတွင်ထည့်ပြီးသိမ်းခဲ့သည်။ ထိုအိတ်ထဲတွင် ဗဟို အဖွဲ့၏ အစည်းအဝေးမှတ်တမ်းများလည်းရှိနေသည်။ ကိုမောင်ဟန် သည် တဲတစ်လုံးထဲတွင် သူတစ်ယောက်တည်း နေတတ်ပြီး နှစ်ရက် သုံးရက်ကြာ အမဲပစ်ထွက်တတ်ပါသည်။ အမဲပစ်ထွက်စဉ် အိတ်ကို တဲထဲတွင်ထားခဲ့တတ်ပါသည်။ တစ်ရက် ကိုမောင်ဟန် ပြန်ရောက်လာ စဉ် သေနတ်ပျောက်ဆုံးနေကြောင်းတွေ့ရသဖြင့် အချင်းချင်း သတိပေး ခဲ့သည်။ ဗဟိုအဖွဲ့အစည်းအဝေးမှာ ကိုရွှေသာပြောခဲ့သည့် စကား တစ်ခွန်းကို မကျေမနပ်ဖြင့် ရဲလှအောင်နှင့် ဦးခင်မောင်(ပေါက်တော)တို့ ကပြောဆိုနေကြသည်ကို အခြားရဲဘော်များကြား၍ ကိုရွှေသာထံ သတင်းပို့ခဲ့ကြသည်။ ကိုရွှေသာ့စကားက “နဆရလ လက်ကျန်(ရဲလှ အောင်နှင့်ဦးခင်မောင်ကို ဆိုလိုသည်)များ အုန်းဘောင်မှာ သပြာကပ် သလို ဗဃဏ မှာကပ်နေကြသည်ကို သတိထားကြရမည်” ဆိုပြီး ပြောခဲ့ ခြင်းဖြစ်သည်။ ဤစကားကို သိရှိနိုင်သည်မှာ အိတ်ထဲမှ မှတ်တမ်းများကို ကြည့်မှ သိနိုင်မည်။ ထို့ကြောင့် ရဲလှအောင်ယူနိုင်သည်ဟု ရွှေသာ ကောက် ချက်ဆွဲသည်။

            သတ်မည့်ကိစ္စကို ဗဟိုအဖွဲ့တွင် တင်ပြဆွေးနွေးခြင်းမရှိခဲ့ပါ။ တစ်နေ့ မောင်ဟန်နှင့် သိန်းဖေမရှိစဉ် ရွှေသာနှင့် စိန်မြတို့သည် ရဲဘော် များကိုညှိနှိုင်းပြီး ရဲလှအောင်ကို တောင်ယာသို့ ခေါ်သွားပြီး စစ်ဆေးခဲ့ကြ သည် ဟုဆိုသည်။ သူက ဝန်ခံခဲ့သည်ဟုဆိုသည်။ ထို့နောက် ထိုတောင် ယာတွင် ပစ်သတ်လိုက်ကြသည်ဟုဆိုသည်။ ဤကိစ္စမှာ ရွှေသာတစ်ဦး တည်း၏ သဘောဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်မည်သူ့တွင် တာဝန်ရှိသည်ကို ချင့်ချိန်ပြီး ကောက်ချက်ဆွဲကြည့်ပါ။”

            ဆိုလိုသည်မှာ ဦးရွှေသာ တာဝန်ရှိသည် ဟူ၍ဖြစ်သည်။

            ဦးစံရွှေမောင်နှင့် ဦးရွှေသာတို့နှစ်ဦးအကြား ပုဂ္ဂိုလ်ရေးအငြိုး အတေးရှိကြသလော။ ရှိသည်ဆိုပါက မည်သို့မည်ပုံ ကျောင်းတော်က ရန်စ အစတည်လာသည်ဆိုသည်ကို ကာယကံရှင်နှစ်ဦးသာလျှင် သိနိုင် ကြမည်ဖြစ်သည်။ ဦးရွှေသာကလည်း မီးခိုးမဆုံး မိုးမဆုံး ဦးစံရွှေမောင် ကို သုတ်သင်နိုင်ရန် တတ်အားသမျှ ကြိုးစားခဲ့သည်ဟု ဦးစံရွှေမောင်က ဆက်လက်ပြောပြခဲ့သည်။

ကျော်ဇောဦး မေးမြန်းရေးသားသည်။

(ရကပလက်ဟောင်း ရဲနီစံရွှေမောင် အပိုင်း-တစ်ဆယ် အား ဆက်လက်ဖတ်ရှုပါရန်။)

==========

(intro) ရဲနီ စံရွှေမောင် ၏ ဖြတ်သန်းမှုများ
၁။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-တစ်)
၂။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-နှစ်)
၃။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-သုံး)
၄။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-လေး)
၅။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ငါး)
၆။ ရကပလက်ဟောင်း ရဲနီ စံရွှေမောင် (အပိုင်း-ခြောက်)
၇။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ခုနစ်)
၈။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ရှစ်)
၉။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-ကိုး)
၁၀။ ရကပလက်ဟောင်း ရဲနီစံရွှေမောင် (အပိုင်း-တစ်ဆယ်)
၁၁။ ရိုဟင်ဂျာမျက်နှာဖုံးအောက်မှ “အာကစ္စတန်”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s